ကိုရိုနာဗိုင်းရပ်ဟာ သင့်ဖုန်းပေါ်မှာ ၉ ရက်အသက်ရှင်နိုင်၊ ဘယ်လို ဆေးကြောသုတ်သင်မလဲ
ကိုရိုနာဗိုင်းရပ်ဟာ သင့်ဖုန်းပေါ်မှာ ၉ ရက်အသက်ရှင်နိုင်၊ ဘယ်လို ဆေးကြောသုတ်သင်မလဲ - Property News in Myanmar from iMyanmarHouse.com
27 Mar 2020 3:17 pm တွင် တင်ခဲ့သည်
52951 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
သိပ္ပံပညာရှင်များ၏ ပြောကြားချက်အရ ကိုရိုနာဗိုင်းရပ်စ် အပါအဝင် ဗိုင်းရပ်စ်ပိုးများသည် လက်ကိုင်ဖုန်းများပေါ်တွင် ၉ ရက်ခန့်အထိ အသက်ရှင်နေနိုင်သည်ဟု နယူးယောက်ပို့စ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ထို့ကြောင့် သင့်ဖုန်းကို ကောက်ကိုင်ကာ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် သတင်းများကို မရှာဖွေမီပင် သင့်ကိုဗိုင်းရပ်စ်ကူးစက်နိုင်သည်ကို သတိပြုပါ။
ဂျာမာန်သုတေသနပညာရှင်တို့၏ ပြောကြားချက်အရ ဖုန်းကိုပြုလုပ်သည့် ပစ္စည်းများဖြစ်သော သတ္တု၊ ဖန်၊ ပလတ်စတစ်အစရှိသည့် သက်မဲ့ ပစ္စည်းအားလုံးအပေါ်တွင် ၉ ရက်တာ အသက်ရှင်နိုင်သည်ဟု ဆိုသည်။
ဂျာမန်သုတေသနာပညာရှင်တို့၏ လေ့လာတွေ့ရှိချက်ကို Journal of Hospital Infection တွင် ပုံနှိပ်ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယင်းလေ့လာချက်သည် ယခင်ဖြစ်ပွားခဲ့သည့်ရောဂါများဖြစ်သော ဆားစ်ရောဂါ (Severe Acute Respiratory Syndrome) ၊ မားစ် ရောဂါ (Middle East Respiratory Syndrome) နှင့် နိုင်ငံအလိုက်ပျံ့ပွားသော လူသားတို့တွင်ကူးစက်သည့် ကိုရိုနာဗိုင်းရပ်စ် (HcoV) ရောဂါများတွင် လေ့လာခဲ့သော လေ့လာချက် ၂၂ ရပ်အပေါ် အခြေခံထားခြင်း ဖြစ်သည်။
လေ့လာချက်များအရ ဆိုဒီယမ် ဟိုက်ပိုကလိုရိုက်ဒ် (အစွန်းချွတ်ဆေး) ၀ ဒသမ ၁ ရာခိုင်နှုန်းနှင့် အီသနော (လက်ဆေးရည် hand sanitizers) ၆၂ ရာခိုင်နှုန်းမှ ၇၁ ရာခိုင်နှုန်းအကြား ရောစပ်ကာ လက်ကိုင်ဖုန်းများကို တစ်မိနစ်ခန့် အချိန်ယူ သန့်ရှင်းပေးရမည် ဖြစ်သည်။
အဆိုပါ ရောစပ်ရည်ဖြင့် သန့်စင်ရာတွင် စပရေးဖြန်းသကဲ့သို့ ဖြန်းချခြင်းမပြုလုပ်ရပါ။ နူးညံ့သောအဝတ်စတွင် ဆွတ်ကာ ပွတ်ပေးရမည် ဖြစ်သည်။
တရုတ်ပြည်မှ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန၏ သုတေသနပညာရှင်များ တွေ့ရှိချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတို့၏ မစင်တွင် ဗိုင်းရပ်စ်များ ရှင်သန်ပေါက်ဖွားနေကြောင်း ပြောကြားသည်။
ထို့ကြောင့် ဗိုင်းရပ်စ်သည် နှာချေခြင်း၊ ချောင်းဆိုးခြင်းမှ ထွက်လာသည့်အမှုန်များတွင် တွေ့ရသည့်နည်းတူ မစင်တွင်လည်း ပေါက်ဖွားသည်ဟု ဆိုလိုသည်။
များစွာသောသူတို့သည် အိမ်သာသို့ ဖုန်းများယူဆောင်သွားကာ အချိန်ကြာမြင့်စွာ သုံးစွဲလေ့ရှိကြသည်။ အိမ်သာသည် ဗိုင်းရပ်စ်ပိုး မျိုးစုံပေါက်ဖွားရှင်သန်ရာအရပ်ဖြစ်ပြီး အထူးသဖြင့် ယခုကာလတွင် ကိုရိုနာဗိုင်းရပ်စ်များ ရှိနေနိုင်သည်။
အမေရိကန်ပြည်ထောင်စု ၊ အရီဇိုးနားတက္ကသိုလ်မှ အနုဇီဝဗေဒနှင့်ကိုယ်ခံအားစနစ်ဆိုင်ရာ ပါမောက္ခ ချားလ်စ် ဂါဘာက ပြောကြားရာတွင် လူတို့၏လက်သည် မသန့်ရှင်းသောနေရာများကို ထိကိုင်ပြီး ချက်ချင်းဆိုသလို ဖုန်းကို ကိုင်လေ့ရှိသဖြင့် ဖုန်းသည် အလွန်အန္တရာယ်ကြီးမားသည့် ပစ္စည်းတစ်ခုဖြစ်လာကြောင်း ပြောကြားသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Mingalar Market
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service