အမေရိကန် ကျေးလက်ဂီတအဆိုတော် ဒါ့စ်ဘန့်တ်လေက ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားလာမှုကြောင့် ၎င်းဖွင့်လှစ်ထားသည့် စားသောက်ဆိုင်ကို ခေတ္တပိတ်သိမ်းလိုက်ပြီး ဝန်ထမ်း ၉၀ ဦးကို တစ်ဦးလျှင် ဒေါ်လာ ၁၀၀၀ ပေး

အမေရိကန် ကျေးလက်ဂီတအဆိုတော် ဒါ့စ်ဘန့်တ်လေက ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားလာမှုကြောင့် ၎င်းဖွင့်လှစ်ထားသည့် စားသောက်ဆိုင်ကို ခေတ္တပိတ်သိမ်းလိုက်ပြီး ဝန်ထမ်း ၉၀ ဦးကို တစ်ဦးလျှင် ဒေါ်လာ ၁၀၀၀ ပေး - Property News in Myanmar from iMyanmarHouse.com
26 Mar 2020 11:52 am တွင် တင်ခဲ့သည်
698 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

အမေရိကန် ကျေးလက်ဂီတအဆိုတော် ဒါ့စ်ဘန့်တ်လေသည် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားလာမှုကြောင့် ၎င်းဖွင့်လှစ်ထားသည့် စားသောက်ဆိုင်ကို ခေတ္တပိတ်သိမ်းလိုက်ပြီး ဝန်ထမ်း ၉၀ ဦးကို ထောက်ပံ့ကူညီသည့်အနေဖြင့် တစ်ဦးလျှင် ဒေါ်လာ ၁၀၀၀ စီ ပေးအပ်ခဲ့ကြောင်း USATODAY သတင်းတစ်ရပ်တွင် ဖော်ပြသည်။

သူ၏ စားသောက်ဆိုင်မှာ တင်နက်ဆီပြည်နယ်၏ မြို့တော် နက်ရှ်ဗီးမြို့၏ နာမည်ကျော် ဘရော့ဒ်ဝေးလမ်းပေါ်တွင် တည်ရှိပြီး ဆိုင်အမည်မှာ Whiskey Row ဖြစ်သည်။

ဒါ့စ် ဘန့်တ်လေက သူ၏ တွစ်တာစာမျက်နှာတွင် ရေးသားခဲ့ရာ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရတက်မအေးဖြစ်ရမှုများ ကြီးထွားလာနေချိန်အတွင်း ဆိုင်ကို ခေတ္တပိတ်ထားချိန်တွင် အချိန်ပိုင်းဝန်ထမ်း ၉၀ ဦးကို ကူညီရန်အတွက် ငွေထုတ်ပေးခဲ့ကြောင်း ရေးသားထားသည်။

“ကျွန်တော့်နှလုံးသားဟာ ဘရော့ဒ်ဝေးလမ်းမှာရှိတဲ့ ယောကျ်ားလေး၊ မိန်းကလေးအားလုံးဆီကို ပျံသန်းသွားရောက်နေပါတယ်။ မနေ့ကလို ခံစားနေရပါတယ်။ မနေ့ကတော့ ကျွန်တော်ဟာ အဲ့မှာထိုင်ပြီး ဆုကြေးငွေပေးဖို့ အလုပ်လုပ်နေခဲ့တယ်။”

ဒါ့စ် ဘန့်တ်လေသည် ဝန်ထမ်းများကို ဆုကြေးငွေပေးရန် ဒေါ်လာ ၉၀၀၀၀ ခန့် သုံးစွဲခဲ့ရသည်။

ဘန့်တ်လေက အခြားသော စီးပွားရေးလုပ်ငန်းရှင်များကိုလည်း အလားတူ ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

စားသောက်ဆိုင်များနှင့် အရက်ဘားများ ခေတ္တပိတ်ထားချိန်တွင် ၎င်းတို့၏အလုပ်သမားများကို ကူညီရန် တိုက်တွန်းထားသည်။

နက်ရှ်ဗီး မြို့တော်ဝန် ဂျွန် ကူးပါးက ဒေးဗစ်ဆင်ခရိုင်တစ်လွှားရှိ အရက်ဘားများ ပိတ်သိမ်းစေခြင်းနှင့် စားသောက်ဆိုင်တို့၏ ဝန်ဆောင်မှုကို ကန့်သတ်လိုက်ခြင်းများ ပြုလုပ်ပြီးတစ်ရက်အကြာတွင် ဘန့်တ်လေ၏ အရက်ဘားပါသော စားသောက်ဆိုင် ပိတ်သိမ်းလိုက်ရခြင်း ဖြစ်သည်။

“ဘရော့ဝေးလမ်းမှာရှိတဲ့ အရက်ဘားဆိုင်ရှင်တွေအားလုံးကို ကျွန်တော်တိုက်တွန်းလိုတာကတော့ မိမိတို့ဆိုင်က အရက်ဖျော်စပ်သူတွေ၊ သူတို့ရဲ့ လက်ထောက်တွေ၊ စားပွဲထိုးတွေ၊ လုံခြုံရေးတွေ၊ ပန်းကန်ဆေးသမားတွေ အစရှှိတဲ့ ဝန်ထမ်းတွေကို စွမ်းနိုင်သမျှ အကောင်းဆုံး စောင့်ရှောက်မှုပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ ဘရော့ဝေးဟာ နက်ရှ်ဗီးရဲ့ နှလုံးသည်းပွတ်ပါပဲ” ဟု ဘန့်တ်လေက ပြောကြားသည်။

ဘန့်တ်လေသည် နက်ရှ်ဗီးရှိ အဆိုပါဆိုင်ကို ၂၀၁၈ ခုနှစ်အတွင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Whiskey Row ဆိုင်များအနက် စတုတ္ထမြောက်ဖွင့်ခဲ့သည့်ဆိုင်လည်းဖြစ်ပြီး ကျန် ၃ ဆိုင်မှာ ဘန့်တ်လေ၏ ဇာတိမြေ အရီဇိုးနားပြည်နယ်ရှိ စကော့ဒေးလ်၊ တမ်ပီနှင့် ဂီးလ်ဘတ်မြို့များတွင် တည်ရှိသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

အေမရိကန္ ေက်းလက္ဂီတအဆိုေတာ္ ဒါ့စ္ဘန္႔တ္ေလက ကိုရိုနာဗိုင္းရပ္စ္ျပန္႔ပြားလာမႈေၾကာင့္ ၎ဖြင့္လွစ္ထားသည့္ စားေသာက္ဆိုင္ကို ေခတၱပိတ္သိမ္းလိုက္ျပီး ဝန္ထမ္း ၉၀ ဦးကို တစ္ဦးလွ်င္ ေဒၚလာ ၁၀၀၀ ေပး

အေမရိကန္ ေက်းလက္ဂီတအဆိုေတာ္ ဒါ့စ္ဘန္႔တ္ေလသည္ ကိုရိုနာဗိုင္းရပ္စ္ျပန္႔ပြားလာမႈေၾကာင့္ ၎ဖြင့္လွစ္ထားသည့္ စားေသာက္ဆိုင္ကို ေခတၱပိတ္သိမ္းလိုက္ျပီး ဝန္ထမ္း ၉၀ ဦးကို ေထာက္ပံ့ကူညီသည့္အေနျဖင့္ တစ္ဦးလွ်င္ ေဒၚလာ ၁၀၀၀ စီ ေပးအပ္ခဲ့ေၾကာင္း USATODAY သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

သူ၏ စားေသာက္ဆိုင္မွာ တင္နက္ဆီျပည္နယ္၏ ျမိဳ႕ေတာ္ နက္ရွ္ဗီးျမိဳ႕၏ နာမည္ေက်ာ္ ဘေရာ့ဒ္ေဝးလမ္းေပၚတြင္ တည္ရွိျပီး ဆိုင္အမည္မွာ Whiskey Row ျဖစ္သည္။

ဒါ့စ္ ဘန္႔တ္ေလက သူ၏ တြစ္တာစာမ်က္ႏွာတြင္ ေရးသားခဲ့ရာ၌ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ရတက္မေအးျဖစ္ရမႈမ်ား ၾကီးထြားလာေနခ်ိန္အတြင္း ဆိုင္ကို ေခတၱပိတ္ထားခ်ိန္တြင္ အခ်ိန္ပိုင္းဝန္ထမ္း ၉၀ ဦးကို ကူညီရန္အတြက္ ေငြထုတ္ေပးခဲ့ေၾကာင္း ေရးသားထားသည္။

“ကၽြန္ေတာ့္ႏွလံုးသားဟာ ဘေရာ့ဒ္ေဝးလမ္းမွာရွိတဲ့ ေယာက်္ားေလး၊ မိန္းကေလးအားလံုးဆီကို ပ်ံသန္းသြားေရာက္ေနပါတယ္။ မေန႔ကလို ခံစားေနရပါတယ္။ မေန႔ကေတာ့ ကၽြန္ေတာ္ဟာ အဲ့မွာထိုင္ျပီး ဆုေၾကးေငြေပးဖို႔ အလုပ္လုပ္ေနခဲ့တယ္။”

ဒါ့စ္ ဘန္႔တ္ေလသည္ ဝန္ထမ္းမ်ားကို ဆုေၾကးေငြေပးရန္ ေဒၚလာ ၉၀၀၀၀ ခန္႔ သံုးစြဲခဲ့ရသည္။

ဘန္႔တ္ေလက အျခားေသာ စီးပြားေရးလုပ္ငန္းရွင္မ်ားကိုလည္း အလားတူ ေဆာင္ရြက္ၾကရန္ တိုက္တြန္းထားသည္။

စားေသာက္ဆိုင္မ်ားႏွင့္ အရက္ဘားမ်ား ေခတၱပိတ္ထားခ်ိန္တြင္ ၎တို႔၏အလုပ္သမားမ်ားကို ကူညီရန္ တိုက္တြန္းထားသည္။

နက္ရွ္ဗီး ျမိဳ႕ေတာ္ဝန္ ဂၽြန္ ကူးပါးက ေဒးဗစ္ဆင္ခရိုင္တစ္လႊားရွိ အရက္ဘားမ်ား ပိတ္သိမ္းေစျခင္းႏွင့္ စားေသာက္ဆိုင္တို႔၏ ဝန္ေဆာင္မႈကို ကန္႔သတ္လိုက္ျခင္းမ်ား ျပဳလုပ္ျပီးတစ္ရက္အၾကာတြင္ ဘန္႔တ္ေလ၏ အရက္ဘားပါေသာ စားေသာက္ဆိုင္ ပိတ္သိမ္းလိုက္ရျခင္း ျဖစ္သည္။ “ဘေရာ့ေဝးလမ္းမွာရွိတဲ့ အရက္ဘားဆိုင္ရွင္ေတြအားလံုးကို ကၽြန္ေတာ္တိုက္တြန္းလိုတာကေတာ့ မိမိတို႔ဆိုင္က အရက္ေဖ်ာ္စပ္သူေတြ၊ သူတို႔ရဲ႕ လက္ေထာက္ေတြ၊ စားပြဲထိုးေတြ၊ လံုျခံဳေရးေတြ၊ ပန္းကန္ေဆးသမားေတြ အစရွိွတဲ့ ဝန္ထမ္းေတြကို စြမ္းႏိုင္သမွ် အေကာင္းဆံုး ေစာင့္ေရွာက္မႈေပးၾကပါလို႔ တိုက္တြန္းလိုပါတယ္။ ဘေရာ့ေဝးဟာ နက္ရွ္ဗီးရဲ႕ ႏွလံုးသည္းပြတ္ပါပဲ” ဟု ဘန္႔တ္ေလက ေျပာၾကားသည္။

ဘန္႔တ္ေလသည္ နက္ရွ္ဗီးရွိ အဆိုပါဆိုင္ကို ၂၀၁၈ ခုႏွစ္အတြင္း ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

Whiskey Row ဆိုင္မ်ားအနက္ စတုတၳေျမာက္ဖြင့္ခဲ့သည့္ဆိုင္လည္းျဖစ္ျပီး က်န္ ၃ ဆိုင္မွာ ဘန္႔တ္ေလ၏ ဇာတိေျမ အရီဇိုးနားျပည္နယ္ရွိ စေကာ့ေဒးလ္၊ တမ္ပီႏွင့္ ဂီးလ္ဘတ္ျမိဳ႕မ်ားတြင္ တည္ရွိသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service