SUZUKI က သီလဝါတွင် ကားစက်ရုံအသစ်တည်ဆောက်မည်ဟု ထုတ်ပြန်

SUZUKI က သီလဝါတွင် ကားစက်ရုံအသစ်တည်ဆောက်မည်ဟု ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
26 Mar 2020 10:21 am တွင် တင်ခဲ့သည်
1699 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ဂျပန်ကားကုမ္ပဏီ Suzuki က သီလဝါအထူးစီးပွားရေးဇုန်တွင် ယန်းငွေ ၁၂ ဘီလီယံ(ကျပ်ဘီလီယံ ၁၅၀ ကျော်)ရှိကား ထုတ်လုပ်မည့် စက်ရုံသစ်ကိုတည်ဆောက်မည်ဟု သတင်းထုတ်ပြန်သည်။

၂၀၂၁ တွင် စက်ရုံသစ်၏ လုပ်ငန်းများလည်ပတ်ရန်ရည်မှန်းထားပြီး တစ်နှစ်လျှင် အစီးရေ လေးသောင်းထုတ်လုပ်ရန် Suzuki က ခန့်မှန်းသည်။ အလုံးစုံတပ်ဆင်ထုတ်လုပ်သည့် စနစ် CKD ဖြင့် ဂဟေဆော်ခြင်းကစ၍ ကားအစိတ်အပိုင်းများ အသေးစိတ်တပ်ဆင်သည်အထိ ပါဝင်မည် ဖြစ်သည်။

Suzuki ကုမ္ပဏီက ပြည်တွင်းမော်တော်ယာဉ် ဈေးကွက်တွင် ၎င်းတို့၏ ထုတ်ကုန်များအပေါ် ဝယ်ယူမှု သိသာစွာတိုးလာကြောင်း ၂၀၁၈ ကတည်းက ကြေညာထားပြီး ထုတ်ပြန်ချက်များအရ ၂၀၁၉ တစ်နှစ်လုံး၌ မြန်မာနိုင်ငံတွင် ကားအစီးရေ ၁၃,၃၀၀ ထုတ်လုပ်ပြီး ၁၃,၂၀၆ စီး ရောင်းချနိုင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ထုတ်လုပ်မှုနှင့် ရောင်းချနိုင်သည့် အရေအတွက်သည် ၂၀၁၈ ထက် တစ်ဆခွဲခန့်မြင့်တက်ခဲ့ကြောင်း Suzuki ၏ ထုတ်ပြန်ချက်၌ ပါဝင်သည်။

လက်ရှိတွင် Suzuki Motor Corporation က တောင်ဒဂုံစက်မှုဇုန်နှင့် သီလဝါစက်ရုံတို့၌ ၎င်းတို့အမှတ်တံဆိပ်များဖြစ်သည့် Carry၊ Ciaz၊ Ertiga နှင့် Swift တို့ကို တစ်စိတ်တစ်ပိုင်းတပ်ဆင်ထုတ်လုပ်သော စနစ် (SKD)ဖြင့် ထုတ်လုပ်နေပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃၅ သန်းရှိကြောင်း ကြေညာသည်။

‘‘သတ်မှတ်တဲ့ ပမာဏထက် ရောင်းအားတက်လာရင် အလုံးစုံထုတ်လုပ်တဲ့အဆင့်ကို တက်ရ တယ်။ Suzuki ရဲ့ စက်ရုံသစ်ကလည်း ဖြစ်သင့်တဲ့ လုပ်ငန်းစဉ်ပဲ။ အခု Hyundai တို့ဆိုလည်း ရောင်းအားတက်လာတယ်။ သူတို့အပါအဝင် တခြားရောင်းအားတက်လာတဲ့ မော်တော်ယာဉ်ကုမ္ပဏီတွေက အလုံးစုံတပ်ဆင် ထုတ်လုပ်တဲ့စနစ်ကို သွားရတော့မယ်’’ ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရေးအသင်း ဒုဥက္ကဋ္ဌ ဦးဇော်ထိုက်အေးက ပြောသည်။

ပြည်တွင်းထုတ် နိုင်ငံခြားမော်တော်ယာဉ်ကုမ္ပဏီများ၏ ရောင်းအားသည် နှစ်စဉ်တိုးတက်လာနေပြီး ၂၀၁၉ တစ်နှစ်လုံးတွင် အစီးရေ နှစ်သောင်း ရောင်းချရပြီး လာမည့်နှစ်များ၌ အစီးရေ သုံးသောင်းအထိတိုးလာမည်ဟု ၎င်းကဆိုသည်။

ဂျပန်ကားကုမ္ပဏီ Toyota ကလည်း သီလဝါစက်မှုဇုန်၌ မော်တော်ကားကုမ္ပဏီ တည်ဆောက်မည်ဟု ယခု နှစ်ဆန်းပိုင်းက အသိပေးထားရာ ယင်းသို့ မော်တော်ယာဉ် ကုမ္ပဏီကြီးများ ဝင်ရောက်ခြင်းမှအစပြု၍ မြန်မာနိုင်ငံတွင် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်မှု တစ်နှစ်ထက်တစ်နှစ် တိုးလာနိုင်ကြောင်း Asian Auto-motive Federation က ခန့်မှန်းသည်။ ယင်းအပြင် သီလဝါစက်မှုဇုန်ကို အရှေ့တောင်အာရှ၏ မော်တော်ယာဉ်ဖွံ့ဖြိုးမှုဆိုင်ရာ ဇုန်တစ်ခုနှင့် စမတ်စီးတီးဖြစ်လာရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)က ပြောကြားထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###

SUZUKI က သီလဝါတြင္ ကားစက္႐ုံအသစ္တည္​ေဆာက္မည္ဟု ထုတ္ျပန္

ဂ်ပန္ကားကုမၸဏီ Suzuki က သီလဝါအထူးစီးပြားေရးဇုန္တြင္ ယန္းေငြ ၁၂ ဘီလီယံ(က်ပ္ဘီလီယံ ၁၅၀ ေက်ာ္)ရွိကား ထုတ္လုပ္မည့္ စက္႐ုံသစ္ကိုတည္ေဆာက္မည္ဟု သတင္းထုတ္ျပန္သည္။

၂၀၂၁ တြင္ စက္႐ုံသစ္၏ လုပ္ငန္းမ်ားလည္ပတ္ရန္ရည္မွန္းထားၿပီး တစ္ႏွစ္လွ်င္ အစီးေရ ေလးေသာင္းထုတ္လုပ္ရန္ Suzuki က ခန႔္မွန္းသည္။ အလုံးစုံတပ္ဆင္ထုတ္လုပ္သည့္ စနစ္ CKD ျဖင့္ ဂေဟေဆာ္ျခင္းကစ၍ ကားအစိတ္အပိုင္းမ်ား အေသးစိတ္တပ္ဆင္သည္အထိ ပါဝင္မည္ ျဖစ္သည္။

Suzuki ကုမၸဏီက ျပည္တြင္းေမာ္ေတာ္ယာဥ္ ေဈးကြက္တြင္ ၎တို႔၏ ထုတ္ကုန္မ်ားအေပၚ ဝယ္ယူမႈ သိသာစြာတိုးလာေၾကာင္း ၂၀၁၈ ကတည္းက ေၾကညာထားၿပီး ထုတ္ျပန္ခ်က္မ်ားအရ ၂၀၁၉ တစ္ႏွစ္လုံး၌ ျမန္မာႏိုင္ငံတြင္ ကားအစီးေရ ၁၃,၃၀၀ ထုတ္လုပ္ၿပီး ၁၃,၂၀၆ စီး ေရာင္းခ်ႏိုင္ခဲ့သည္ဟု ဆိုသည္။ အဆိုပါ ထုတ္လုပ္မႈႏွင့္ ေရာင္းခ်ႏိုင္သည့္ အေရအတြက္သည္ ၂၀၁၈ ထက္ တစ္ဆခြဲခန႔္ျမင့္တက္ခဲ့ေၾကာင္း Suzuki ၏ ထုတ္ျပန္ခ်က္၌ ပါဝင္သည္။

လက္ရွိတြင္ Suzuki Motor Corporation က ေတာင္ဒဂုံစက္မႈဇုန္ႏွင့္ သီလဝါစက္႐ုံတို႔၌ ၎တို႔အမွတ္တံဆိပ္မ်ားျဖစ္သည့္ Carry၊ Ciaz၊ Ertiga ႏွင့္ Swift တို႔ကို တစ္စိတ္တစ္ပိုင္းတပ္ဆင္ထုတ္လုပ္ေသာ စနစ္ (SKD)ျဖင့္ ထုတ္လုပ္ေနၿပီး စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ ကန္ေဒၚလာ ၃၅ သန္းရွိေၾကာင္း ေၾကညာသည္။

‘‘သတ္မွတ္တဲ့ ပမာဏထက္ ေရာင္းအားတက္လာရင္ အလုံးစုံထုတ္လုပ္တဲ့အဆင့္ကို တက္ရတယ္။ Suzuki ရဲ႕ စက္႐ုံသစ္ကလည္း ျဖစ္သင့္တဲ့ လုပ္ငန္းစဥ္ပဲ။ အခု Hyundai တို႔ဆိုလည္း ေရာင္းအားတက္လာတယ္။ သူတို႔အပါအဝင္ တျခားေရာင္းအားတက္လာတဲ့ ေမာ္ေတာ္ယာဥ္ကုမၸဏီေတြက အလုံးစုံတပ္ဆင္ ထုတ္လုပ္တဲ့စနစ္ကို သြားရေတာ့မယ္’’ ဟု ျမန္မာႏိုင္ငံ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ျဖန႔္ျဖဴး ေရာင္းခ်ေရးအသင္း ဒုဥကၠ႒ ဦးေဇာ္ထိုက္ေအးက ေျပာသည္။

ျပည္တြင္းထုတ္ ႏိုင္ငံျခားေမာ္ေတာ္ယာဥ္ကုမၸဏီမ်ား၏ ေရာင္းအားသည္ ႏွစ္စဥ္တိုးတက္လာေနၿပီး ၂၀၁၉ တစ္ႏွစ္လုံးတြင္ အစီးေရ ႏွစ္ေသာင္း ေရာင္းခ်ရၿပီး လာမည့္ႏွစ္မ်ား၌ အစီးေရ သုံးေသာင္းအထိတိုးလာမည္ဟု ၎ကဆိုသည္။

ဂ်ပန္ကားကုမၸဏီ Toyota ကလည္း သီလဝါစက္မႈဇုန္၌ ေမာ္ေတာ္ကားကုမၸဏီ တည္ေဆာက္မည္ဟု ယခု ႏွစ္ဆန္းပိုင္းက အသိေပးထားရာ ယင္းသို႔ ေမာ္ေတာ္ယာဥ္ ကုမၸဏီႀကီးမ်ား ဝင္ေရာက္ျခင္းမွအစျပဳ၍ ျမန္မာႏိုင္ငံတြင္ ေမာ္ေတာ္ယာဥ္ တပ္ဆင္ထုတ္လုပ္မႈ တစ္ႏွစ္ထက္တစ္ႏွစ္ တိုးလာႏိုင္ေၾကာင္း Asian Auto-motive Federation က ခန႔္မွန္းသည္။ ယင္းအျပင္ သီလဝါစက္မႈဇုန္ကို အေရွ႕ေတာင္အာရွ၏ ေမာ္ေတာ္ယာဥ္ဖြံ႕ၿဖိဳးမႈဆိုင္ရာ ဇုန္တစ္ခုႏွင့္ စမတ္စီးတီးျဖစ္လာရန္ ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ(JICA)က ေျပာၾကားထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service