ရောဂါဘယ ကင်းဝေးဖို့ အွန်လိုင်းကနေ ရောင်းဝယ်စို့
ရောဂါဘယ ကင်းဝေးဖို့ အွန်လိုင်းကနေ ရောင်းဝယ်စို့ - Property News in Myanmar from iMyanmarHouse.com
24 Mar 2020 12:05 pm တွင် တင်ခဲ့သည်
614 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
ကိုရိုနာဗိုင်းရပ်စ်သည် အခြားလုပ်ငန်းနယ်ပယ်များကို ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့သော်လည်း အယ်လ်ဘားမားပြည်နယ်၊ မက်ဒီဆင်ခရိုင် ဟန့်စ်ဗေးလ်၏ အိမ်ခြံမြေဈေးကွက်ကိုမူ ထိခိုက်စေခြင်း မရှိချေ။
ဟန့်စ်ဗေးလ်မှ အိမ်ခြံမြေအကျိုးဆောင်များအသင်းနှင့် စကားပြောကြည့်ရာ မက်ဒီဆင်ခရိုင်တွင် အိမ်ခြံမြေဝယ်ယူမှုဖြစ်စဉ်မှာ ပြိုင်ဆိုင်မှု အားကောင်းနေဆဲဖြစ်ကြောင်း ပြောကြားကြသည်။ ဟန့်စ်ဗေးနှင့် မက်ဒီဆင်ခရိုင်တွင် နေအိမ်ဈေးနှုန်းများမှာ ၁၁ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း အဆိုပါအသင်းက ပြောကြားသည်။
ရောဂါကပ်ကြီးဖြစ်ပေါ်နေသော်လည်း ဒေသတွင်းအိမ်ခြံမြေဈေးကွက်မှာ အားကောင်းနေသည့် ကောင်းမွန်သော လက္ခဏာတစ်ရပ်ပင်။
နေအိမ်ကို အခုရှာသင့်သလား။ စောင့်ဆိုင်းသင့်လား?
သင့် ဆုံးဖြတ်ချက်သာဖြစ်၏။ “ကျွန်မတို့ရဲ့ ဖောက်သည်တွေဟာ တချို့ကိစ္စတွေမှာ ဆုံးဖြတ်ချက်ချဖို့ အချိန်အများကြီး မရပါဘူး” ဟု ဟန့်စ်ဗေး အိမ်ခြံမြေအကျိုးဆောင်များအသင်း ဥက္ကဌ ရှား ဂျာဘိုးက ပြောကြားသည်။
ဂျာဘိုးက ဆက်လက်ပြောကြားရာတွင် ဆုံးဖြတ်ချက်ချမှုများ ပိုမိုမြန်ဆန်လာကြပြီး အိမ်ခြံမြေဝယ်ယူရောင်းချမှုများကို အွန်လိုင်းမှတဆင့် ပြုလုပ်လာကြကြောင်း ပြောကြားသည်။
လူစုလူဝေးတွေ ရှောင်ရမယ်လို့ ပြောထားတာကကော ? ကျွန်တော်က ကျန်းမာရေး အန္တရာယ်ကျလာတာ မဖြစ်ချင်ဘူး?
ကိုရိုနာ ဗိုင်းရပ်စ်ပြန့်ပွားကူးစက်မှု ကျဆင်းစေရန်အတွက် လူစုလူဝေးများကို ရှောင်ကြဉ်ရန်နှင့် လက်ကို မကြာခဏ ဆေးကြောရန် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက လမ်းညွှွန်ထားသည်။ ပြီးခဲ့သော တနင်္ဂနွေနေ့ မနက်ပိုင်းစာရင်းများအရ အယ်လ်ဘားမားပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၃၀ ဦးကျော် ရှိသည်။
အိမ်ခြံမြေအကျိုးဆောင်များကလည်း နေအိမ်တွင်သာ နေထိုင်ကြရခြင်းကို ပိုမိုနှစ်သက်ကြောင်း ပြောကြသည်။
“လူစုလူဝေးတွေကို ရှောင်ဖို့အတွက် ဒီလိုကာလတွေမှာ ကျွန်မတို့ဟာ နည်းပညာကို အသုံးချလာကြရပါတယ်” ဟု ဂျာဘိုးက ဆိုသည်။
“ထုံးစံအရတော့ ရှင်တို့မှာ အိမ်ခြံမြေတွေပြဖို့ စာရင်းတွေရှိနေမယ်။ ကားထဲမှာ ဝယ်လက်တွေကို တင်ပြီး အိမ်ခြံမြေတွေဆီ ခေါ်သွားရမယ်။ အိမ်တံခါးတွေ ဖွင့်ပြရမယ်။ ဒါပေမယ့် ဒီလိုကာလတွေမှာတော့ ကျွန်မတို့ဟာ နည်းပညာကို ပိုသုံးလာကြရပါတယ်”
အွန်လိုင်းကနေဆို လူတွေ ကိုယ့်အိမ်ကို လူတွေများများတွေ့ပါ့မလား?
သိပ်ကို တွေ့ပါသည်။
လူအများက ၎င်းတို့ အိပ်မက်တောင့်တနေသည့် နေအိမ်ကို ရှာဖွေရာတွင် နည်းလမ်းမျိုးစုံ အသုံးပြုကြပါသည်။
အကယ်၍ သင့်တွင် အိုင်ဖုန်းရှိလျှင် video call ခေါ်သည့် app ဖြစ်သော FaceTime ကိုလည်းကောင်း၊ 3DVista ကဲ့သို့ app မျိုး (သို့မဟုတ်) video call ခေါ်ဆိုနိုင်သည့် Viber နှင့် ဖေ့စ်ဘုတ်မက်ဆန်ဂျာများကို သုံး၍လည်းရပါသည်။
ထိုသို့အားဖြင့် သမားရိုးကျနည်းလမ်းဖြစ်သော ဝယ်လက်ကို နေအိမ်အထိခေါ်သွားကာ လိုက်လံပြသနေရခြင်းမျိုးကို အစားထိုးနိုင်သည်။
“ဝက်ဘ်ဆိုက်တွေမှာ အိမ်ခြံမြေကြော်ငြာပမာဏ မြင့်မားလာတာတွေ တွေ့နေရတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီကနေ ကျွန်မတို့ ကြားနေရပါတယ်။ ဒီတော့ သင်တို့ရဲ့ အိမ်ခြံမြေကိုလည်း ကြည့်ရှုသူပိုများလာမယ်လို့ ဒီအချက်က ပြသနေတယ်”
အခြေအနေတို့က ပြောင်းလဲနေသည်။ ကြိုတင်မမှန်းဆနိုင်သည့်အရာများ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအန္တရာယ်များဖြင့် ရင်ဆိုင်နေရ၏။
ဂျာဘိုးက ပြောကြားရာတွင် လူအများစုမှာ နေအိမ်ကို အွန်လိုင်းမှသာ ရှာဖွေလာကြသည်ဟု ဆိုသည်။
အိမ်ခြံမြေဝယ်လက်တို့သည် အွန်လိုင်းမှ ရှာဖွေခြင်း၊ ဝယ်ယူရန်ကမ်းလှမ်းခြင်းများ ပြုလုပ်ခြင်းအားဖြင့် လူစုလူဝေးမှ ဝေးဝေးနေနိုင်သည် မဟုတ်ပါလော။
ထို့ကြောင့်ပင် ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုများကြားတွင် ဟန့်စ်ဗေးလ်၏ အိမ်ခြံမြေဈေးကွက်မှာ ကျဆင်းသွားခြင်း မရှိချေ။
အိမ်ခြံမြေအကျိုးဆောင်တို့သည် အိမ်တံခါးလက်ကိုင်များကို သန့်စင်ကာ ဝယ်လက်တို့နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံပြီး နေအိမ်ပြသမှုမျိုး မလုပ်တော့ဘဲ video call မှတဆင့် နေအိမ်ပြသမှုမျိုး ပြုလုပ်လာသည်။
နေအိမ်ရောင်းချမှုများကို အွန်လိုင်းမှတဆင့် မည်သို့ပြုလုပ်မည်နည်း?
iMyanmarHouse.com တွင် ရောင်းချလိုသော အိမ်ခြံမြေများကို အခမဲ့ဝင်ရောက်ကြော်ငြာနိုင်ပါသည်။ အိမ်ခြံမြေအကျိုးဆောင်များ၊ ဆောက်လုပ်ရေးကုမ္ပဏီများသည်လည်း အကျိုးဆောင်ကုမ္ပဏီ အကောင့် အခမဲ့ဖွင့်ကာ ကြော်ငြာနိုင်ပါသည်။ အခမဲ့ အကောင့်ဖွင့်ရန် - https://www.imyanmarhouse.com/login?r=dashboard iMyanmarHouse.com သည် အိမ်ခြံမြေရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များစွာ အသုံးပြုနေသည့် ဝက်ဘ်ဆိုက်ကြီးဖြစ်ရာ သင်၏ ကြော်ငြာကို အမှန်တကယ်ဝယ်ယူမည့်သူများစွာထံ ပို့ဆောင်ပေးနိုင်ပါသည်။
အိမ်ပိုင်ရှင်များ၊ အကျိုးဆောင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များသည် မိမိတို့ ရောင်းချလိုသော အိမ်ခြံမြေများကို iMyanmarHouse.com တွင် ဝင်ရောက်ကြော်ငြာပြီးနောက် ဝယ်ယူလိုသော ဝယ်လက်က iMyanmarHouse.com တွင် တွေ့ရှိသော ကြော်ငြာမှတဆင့် ဆက်သွယ်လာပါက သင့်အနေဖြင့် အဆိုပါနေအိမ်ကို viber call ဖြင့် ဗွီဒီယိုမှ ပြသနိုင်ပေသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံတွင် အိမ်ခြံမြေဝယ်ယူ၊ ရောင်းချလိုသူများ သုံးစွဲမှုအများဆုံး ဝက်ဘ်ဆိုက်ကြီးဖြစ်ပြီး ဝင်ရောက်ကြော်ငြာထားသည့် အိမ်ခြံမြေပေါင်း ၃၅၀၀၀၀ ကျော်ရှိကာ လစဉ်ဝင်ရောက်ကြည့်ရှုသူ ၃ သန်းကျော် ရှိပါသည်။ ။ iMyanmarHouse.com တွင် ကြော်ငြာတင်ပါက နေအိမ်ဝယ်ယူလိုသူများစွာက သင်၏နေအိမ်ကို တွေ့ရှိမည်ဖြစ်သောကြောင့် ကြီးမားသည့် အကျိုးကျေးဇူးများရှိပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
ကိုရိုနာ ဗိုင်းရပ်စ်ပြန့်ပွားကူးစက်မှု ကျဆင်းစေရန်အတွက် လူစုလူဝေးများကို ရှောင်ကြဉ်ရန်နှင့် လက်ကို မကြာခဏ ဆေးကြောရန် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက လမ်းညွှန်ထားသည်။
သိပ်ကို တွေ့ပါသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mingalar Market
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service