မိုက်ကယ်ဂျက်ဆင်၏ အငယ်ဆုံးသား ဘီဂျီ ဂျက်ဆင်က လော့စ်အိန်ဂျလိမြို့ ကာလာဘာဆက်အရပ်တွင် နေအိမ်ဝယ်ယူ
မိုက်ကယ်ဂျက်ဆင်၏ အငယ်ဆုံးသား ဘီဂျီ ဂျက်ဆင်က လော့စ်အိန်ဂျလိမြို့ ကာလာဘာဆက်အရပ်တွင် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
23 Mar 2020 1:25 pm တွင် တင်ခဲ့သည်
1561 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
ပေါ့ပ်ဂီတဘုရင်ဟု တင်စားခေါ်ဝေါ်ခြင်းခံရသူ မိုက်ကယ်ဂျက်ဆင်၏ အငယ်ဆုံးသား ဘီဂျီ ဂျက်ဆင်သည် လော့စ်အိန်ဂျလိမြို့၊ ကာလာဘာဆက်အရပ်တွင် နေအိမ်တစ်လုံးဝယ်ယူခဲ့ကြောင်း…..တွင် ဖော်ပြသည်။
မိုက်ကယ်ဂျက်ဆင်သည် သမိုင်းတစ်လျှောက် အရောင်းရဆုံး အဆိုတော်များတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၃၅၀ ကျော် ရောင်းချထားရပြီးဖြစ်သည်။
မိုက်ကယ်ဂျက်ဆင်သည် ဂီတသမိုင်းတွင် အခြားမည်သည့်အဆိုတော်ထက်မဆို ဆုတံဆိပ်များစွာရရှိထားသည့် အဆိုတော်လည်း ဖြစ်ပြီး ဂင်းနက်စ်စံချိန်ပေါင်း ၃၉ ခု စံချိန်တင်ထားခြင်းလည်း အပါအဝင်ဖြစ်သည်။
ယခုအခါ မိုက်ကယ်ဂျက်ဆင်၏ အငယ်ဆုံးသား ပရင့်စ် မိုက်ကယ် ဘီဂျီ ဂျက်ဆင်သည် အသက် ၁၈ နှစ်ပြည့်မွေးနေ့ကို ကျင်းပပြီး မကြာမီတွင်ပင် လော့စ်အိန်ဂျလိမြို့တွင် ကန်ဒေါ်လာ ၂ ဒသမ ၆၂ သန်းဖြင့် နေအိမ်တစ်လုံး ဝယ်ယူလိုက်၏။
မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အဆိုပါစံအိမ်သည် ပိုင်ရှင်ဖြစ်လာမည့် ဘီဂျီအတွက် ပြီးပြည့်စုံသော နေရာတစ်ခု ဖြစ်သည်။
Cheetah girls အမည်ရှိ ဂီတရုပ်ရှင်ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ အေဒရီယန်နီ ဘိုင်လွန်က ကာလာဘာဆက်အရပ်တွင် နေအိမ်တစ်လုံးဝယ်ယူခဲ့သည့်နောက်ပိုင်းမှ စတင်ပြီး အဆိုပါ ဒေသသည် အကျော်အမော်တို့အကြား ရေပန်းစားသည့်နေရာတစ်ခု ဖြစ်လာသည်။
ဘိုင်လွန် ဝယ်ယူခဲ့သည့်နေအိမ်နှင့် ဘီဂျီဝယ်ယူလိုက်သောနေအိမ်အကြား ခြားနားမှု အနည်းငယ်ရှိသည်။
ဘီဂျီ၏ နေအိမ်မှာ တစ်ကိုယ်ရည်လုံခြုံမှုကောင်းမွန်သည့်နေရာတွင် တည်ရှိသည်။
စတုရန်းပေ ၆၃၈၂ ကျယ်ဝန်းသော နေအိမ်အတွင်းပိုင်းအားလုံးကို ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားပြီး ဂန္ထဝင်ဇိမ်ခံစံအိမ်တစ်လုံး ကဲ့သို့ ခံစားရစေသည်။
ဘီဂျီကဲ့သို့ ဆယ်ကျော်သက်အိမ်ပိုင်ရှင်တစ်ဦးအနေဖြင့် ရိုးရာဟန်ကို အဆင့်မြှင့်ဖွယ်ရှိရာ သုတ်ဆေး၊ ပရိဘောဂများတွင် အဆင့်မြှင့်မှုများ ပြုလုပ်လာနိုင်သည်။
ခမ်းနားသော အဝင်ဝမှသည် ပျော်ရွှင်ဖွယ်များပြည့်နှက်နေသော ခြံဝန်းနောက်ဘက်အထိ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၇ ခန်း ပါဝင်သော စံအိမ်တွင် မျက်စိကျဖွယ်များ ပြည့်နှက်နေသည်။
ပထမထပ်တွင် နည်းပညာမြင့် မီးဖိုဆောင်ပစ္စည်းများ ထည့်သွင်းထားသည့် မီးဖိုဆောင်နှင့် အရက်ဘားတို့ပါဝင်သည်။
မျက်နှာကြက်များမှာ ပုံမှန်ထက်မြင့်မားပြီး ကျယ်ပြောသောလှေကားသည် အပေါ်ထပ် အိပ်ခန်းများဆီ ဦးတည်သွားသည်။
နေအိမ်အတွင်း မီးလင်းဖို ၃ ခုပါဝင်သည့်အနက် master bedroom တွင် တစ်ခု ဖြစ်သည်။ မှန်တံခါးများကို ဖွင့်လိုက်လျှင် ရေကန်ဘေး ပါတီပွဲကျင်းပရာနေရာက စောင့်ကြိုနေသည်။
ဈေးကွက်တင်ပေးသည်မှာ Compass မှ အကျိုးဆောင်ဖြစ်သော ဒေးဗစ် အီမန်ညူရယ်ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
INNO CITY
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service