အချစ်အတွက် ထီးနန်းကို စွန့်လွှတ်ခဲ့သူ အက်ဒ်ဝါ့ဘုရင်နှင့် ကြင်ယာတော်အမေရိကန်သူ ဝေါလစ် ဆင်ပ်ဆင်တို့ နေထိုင်ခဲ့သည့် ဘဟားမားကျွန်းမှစံအိမ် အရောင်းဈေးကွက်ဝင်လာ
အချစ်အတွက် ထီးနန်းကို စွန့်လွှတ်ခဲ့သူ အက်ဒ်ဝါ့ဘုရင်နှင့် ကြင်ယာတော်အမေရိကန်သူ ဝေါလစ် ဆင်ပ်ဆင်တို့ နေထိုင်ခဲ့သည့် ဘဟားမားကျွန်းမှစံအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
23 Mar 2020 12:48 pm တွင် တင်ခဲ့သည်
1466 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
အက်ဒ်ဝါ့မင်းသား (Edward VIII) သည် ဗြိတိသျှအင်ပါယာ၏ ဧကရာဇ်အဖြစ် ၁၉၃၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်တွင် နန်းတက်ခဲ့ပြီး ထိုနှစ် ဒီဇင်ဘာတွင်ပင် အမေရိကန်သူ မုဆိုးမတစ်ဦးဖြစ်သူ ဝေါလစ် ဆင်ပ်ဆင်နှင့် လက်ထပ်ခွင့်ရရန် ထီးနန်းကို စွန့်လွှတ်သွားခဲ့သူ ဖြစ်သည်။
ထိုစဉ်က ဗြိတိန်အမတ်များသည် ရှေးရိုးစွဲဝါဒီတို့သာ များပြားပြီး သာမန်အရပ်သူနှင့် လက်ထပ်မည်ကို လက်မခံကြချေ။
အက်ဒ်ဝါ့ဘုရင်က မစ္စဆင်ပ်ဆင်ကို နိုင်ငံ့အခမ်းအနားများသို့ တက်ရောက်ရန် ခေါ်ယူခြင်းမပြုဟု ကတိပေးပြီး လက်ထပ်ခွင့် တောင်းခံသည့်တိုင် လက်မခံသောကြောင့် ထီးနန်းကို စွန့်လွှတ်လိုက်ခြင်းလည်း ဖြစ်သည်။
အက်ဒ်ဝါ့ဘုရင်သည် ထီးနန်းစွန့်လွှတ်ပြီးနောက်ပိုင်း မစ္စ ဆင့်ပ်ဆင်နှင့်အတူ ဘဟားမားကျွန်းနိုင်ငံ၏ မြို့တော် နာဆူးသို့ ရောက်ရှိနေထိုင်ခဲ့သည်။
ဘဟားမားနိုင်ငံသည် ကျွန်းစုများ စုပေါင်းထားသည့် နိုင်ငံငယ်တစ်ခုဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ မီယာမီကမ်းခြေ၏ အရှေ့တောင်ဘက်၊ ကျူးဘားနိုင်ငံ၏ မြောက်ဘက် မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်းတွင် တည်ရှိသည်။
ဘဟားမားကျွန်းစုများမှ new providence အမည်ရှိကျွန်းပေါ်တွင် နာဆူးမြို့တည်ရှိပြီး ဘဟားမာ၏ မြို့တော် ဖြစ်သည်။
အက်ဒ်ဝါ့ဘုရင်တို့စုံတွဲသည် နာဆူးမှ စံအိမ်တွင် ၃ လခန့် နေထိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အဆိုပါစံအိမ်သည် ကန်ဒေါ်လာ ၈ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
အက်ဒ်ဝါ့ဘုရင်သည် အင်္ဂလန်ထီးနန်းကို စွန့်လွှတ်ခဲ့သော်လည်း ဘဟားမား၏ ဘုရင်ခံအဖြစ် တာဝန်ထမ်းဆောင်ရန် ၁၉၃၉ ခုနှစ်တွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း Sotheby’s International Realty မှ ဈေးကွက်တင်ပေးသည့် အကျိုးဆောင် မာ့ခ် ဟက်ဆေက ပြောကြားသည်။
၎င်းတို့ နေထိုင်ရမည့် ဘဟားမားဘုရင်ခံအိမ်တော်မှာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေသဖြင့် Sigrist House ဟု အမည်ပေးထားသော ယခုရောင်းချမည့် စံအိမ်တွင် ၃ လခန့် နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။
Sigrist House စံအိမ်ကို ကနေဒါမှ သမိုင်းပညာရှင်များက စီမံမှုများပြုလုပ်နေသည်ဟု Sotheby’s International Realty မှ ပြောကြားသော်လည်း ပိုင်ရှင်အမည်အတိအကျကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိချေ။
နာဆူးမြို့ပြင်တွင် တည်ရှိပြီး ကေဘယ်ကမ်းခြေ၊ goodman’s ပင်လယ်ကွေ့နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ကို စီးမိုးတွေ့မြင်နေရသည့် နေရာတွင်တည်ရှိသည်။
ခြံဝန်းအကျယ် ၄ ဧကခန့်ရှိပြီး ကိုယ်ပိုင်ပန်းခြံများပါဝင်သည့် Sigrist House စံအိမ်သည် ဘဟားမား၏ အကောင်းဆုံးစံအိမ်များတွင် အပါအဝင်ဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်းများစွာကာလအတွင်း အဆိုပါစံအိမ်တွင် ဂုဏ်သရေရှိပုဂ္ဂိုလ်များစွာ နေထိုင်သွားခဲ့ကြဖူး ကြောင်း မစ္စတာ ဟက်ဆေးက ပြောကြားသည်။
ဗြိတိသျှလေကြောင်းနယ်ပယ်၏ ရှေ့ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ ဖရက်ဒရစ် ဆီးဂရစ်က ၁၉၃၀ ပြည့်လွန်ကာလများတွင် အဆိုပါစံအိမ်ကို ဆောက်လုပ်ခဲ့သည်။ ဆီးဂရစ်သည် မင်းသမီး ဖရက်ဒရစ်ကာ ဂူရေးနှင့် လက်ထပ်ခဲ့သည်။
ဆီးဂရစ်သည် ဂျိမ်းစ်ဘွန်းရုပ်ရှင်များနှင့် ၁၉၆၅ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သော Thunderball ဇာတ်ကားများဖြင့်လည်း နာမည်ကျော်သူ ဖြစ်သည်။
ယခုစံအိမ်ကြီးကို ဂျိမ်းစ်ဘွန်းရုပ်ရှင်များတွင် မကြာခဏထည့်သွင်းရိုက်ကူးခဲ့ဖူးသည်ဟု ဆိုသည်။
စပိန်ကိုလိုနီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် ပင်မစံအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၁၅၀၀၀ ခန့် ရှိပြီး အတွင်းပိုင်းမှာ ၁၉၃၀ ပြည့်လွန်ကာလက လက်ရာများဖြစ်သည်။
စံအိမ်အတွင်းရှိ မီးလင်းဖို ၄ ခုလုံးကို ဗြိတိန်မှ မှာယူတင်သွင်းခဲ့ခြင်းဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ### 
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
INNO CITY
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service