ဗိုင်းရပ်စ်ပြန့်ပွားစဉ်ကာလအတွင်း အိမ်လခမပေးနိုင်သည့် အိမ်ငှားများကို နှင်ထုတ်မခံရစေရဟု ဗြိတိန်ဝန်ကြီးချုပ် ကတိပြု

ဗိုင်းရပ်စ်ပြန့်ပွားစဉ်ကာလအတွင်း အိမ်လခမပေးနိုင်သည့် အိမ်ငှားများကို နှင်ထုတ်မခံရစေရဟု ဗြိတိန်ဝန်ကြီးချုပ် ကတိပြု - Property News in Myanmar from iMyanmarHouse.com
19 Mar 2020 12:02 pm တွင် တင်ခဲ့သည်
863 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ဗြိတိန်တွင် အရေးပေါ် ကိုရိုနာဗိုင်းရပ်စ်ဥပဒေတစ်ရပ် ပြဌာန်းလိုက်ရာ ဗိုင်းရပ်စ်ပြန့်ပွားနေစဉ်ကာလအတွင်း အိမ်ခြံမြေချေးငွေများ ပြန်လည်ပေးဆပ်ရမှုကို ဆိုင်းငံ့ပေးထားမှုလည်း ပါဝင်သည်။

ထို့အပြင် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလအတွင်း အိမ်ငှားများကို နှင်ထုတ်ခံရခြင်းမှလည်း ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကတိပြုလိုက်သည်။

အတိုက်အခံပါတီဖြစ်သော လေဘာပါတီ၏ ခေါင်းဆောင် ဂျရမီ ကော်ဘင်းက ထောက်ပြရာတွင် အရေးပေါ် ကိုရိုနာဗိုင်းရပ်စ် ဥပဒေသည် အိမ်ငှားများအပေါ် အကာအကွယ်ပေးမထားကြောင်း၊ အိမ်ခြံမြေချေးငွေ ပြန်လည်ပေးဆပ်ရမှု ဆိုင်းငံ့ပေးထားခြင်းသာမက အိမ်ငှားတို့၏ အိမ်လခပေးရမှုကိုလည်း ဆိုင်းငံ့ပေးထားသင့်ကြောင်း ထောက်ပြခဲ့သည်။

ဂျရမီကော်ဘင်း၏ ထောက်ပြချက်ကို တုံ့ပြန်သည့်အနေဖြင့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က “ကျွန်တော်တို့အနေနဲ့ အိမ်ငှားတွေကို နှင်ထုတ်ခံရခြင်းကနေ အကာအကွယ်ပေးဖို့ ဥပဒေဆက်လက်ပြဌာန်းသွားမယ်လို့ အတည်ပြုပါတယ်” ဟု ပြောကြားသည်။

ထိုသို့ ပြောကြားချက်အပေါ် ဂျရမီ ကော်ဘင်းက အသေးစိတ်အချက်အလက်များ အဆောတလျင် ထုတ်ပြန်ပေးရန် တိုက်တွန်းခဲ့ပြီး အိမ်ငှားတို့သည် အကူအညီများ ချက်ချင်းလိုအပ်နေခြင်းဖြစ်ကြောင်းနှင့် ယနေ့ပင် ကိုင်တွယ်ဖြေရှင်းပေးသင့်ကြောင်း ပြောကြားသည်။ ဂျရမီ ကော်ဘင်းက အထက်ပါ အချက်များကို Prime Minister’s Questions ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

(မှတ်ချက်- Prime Minister’s Questions ဟူသည်မှာ ဗြိတိန်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြုလုပ်ရသည့် အစည်းအဝေးဖြစ်သည်။ လက်ရှိအားဖြင့် ဗုဒ္ဓဟူးနေ့တိုင်း မွန်းတည့်ချိန်တွင် ဗြိတိန်အောက်လွှတ်တော်၌ ကျင်းပသည်။ အဆိုပါ အစည်းအဝေးတွင် လွှတ်တော်အမတ်များ၏ မေးမြန်းချက်များကို ဝန်ကြီးချုပ်က ဖြေကြားရခြင်း ဖြစ်သည်)

ဂျရမီ ကော်ဘင်းက Prime Minister’s Questions တွင် ပြောကြားခဲ့မှုတစ်ခုမှာ “မနေ့က ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်မှာ အိမ်ငှားနေရ တဲ့ သန်း ၂၀ သော ပြည်သူတွေနဲ့အတူ သားသမီးရှိတဲ့ အိမ်ထောင်စု ၃ သန်းအတွက် ဘယ်လိုအကူအညီပေးမယ်လို့မှ ပြောမသွားပါ ဘူး။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နာမကျန်းဖြစ်ချိန် (ဒါမှမဟုတ်) တစ်ကိုယ်တည်း သီးသန့်နေရချိန်မျိုးမှာ အိမ်ငှားခ မပေးနိုင်မှာကို သူတို့ တွေ စိုးရိမ်နေကြပါတယ်။” ဟု ပြောကြားသည်။

ပြည်သူများအနေဖြင့် နေအိမ်မှ နှင်ထုတ်ခံရမည်ကို စိုးရွံ့သောကြောင့် အလုပ်သို့ မဖြစ်မနေ သွားနေရခြင်းမျိုးမှာလည်း အများပြည်သူ၏ ကျန်းမာရေးကို ထိပါးစေနိုင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် အိမ်ငှားနေထိုင်ရသူများကို အကူအညီများ ပိုမိုပေးအပ်သင့်ကြောင်းလည်း ဂျရမီ ကော်ဘင်းက တောင်းဆိုသွားခဲ့သည်။

“ဗြိတိန်မှာ အိမ်ငှားနေရတဲ့သူ သန်းပေါင်းများစွာရှိပါတယ်။ သူတို့ကို အိမ်ငှားခတွေ ဆိုင်းငံ့ထားနိုင်ခွင့် ပေးအပ်ပါ။ နေအိမ်က နှင်ထုတ်ခြင်းတွေ တားမြစ်ပေးပါ။”

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ရီရှီ ဆူနက်ခ်ကလည်း အိမ်ခြံမြေချေးငွေ ပြန်လည်ပေးဆပ်ရမှုကို ၃ လဆိုင်းငံ့ပေးထားမည့်အပြင် စီးပွားရေးလုပ်ငန်းများကို ချေးငွေ ပေါင် ၃၃၀ ဘီလီယံ ပေးအပ်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ဗြိတိန် အိမ်ငှားများသမဂ္ဂ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ယမန်နေ့တွင် ပြောကြားခဲ့ရာ၌ အိမ်ငှားများအတွက် အကူအညီမရှိခြင်းမှာ စိတ်ပျက်ဖွယ်ရာကောင်းကြောင်း ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

ဗိုင္းရပ္စ္ျပန႔္ပြားစဥ္ကာလအတြင္း အိမ္လခမေပးႏိုင္သည့္ အိမ္ငွားမ်ားကို ႏွင္ထုတ္မခံရေစရဟု ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ကတိျပဳ

ၿဗိတိန္တြင္ အေရးေပၚ ကို႐ိုနာဗိုင္းရပ္စ္ဥပေဒတစ္ရပ္ ျပဌာန္းလိုက္ရာ ဗိုင္းရပ္စ္ျပန႔္ပြားေနစဥ္ကာလအတြင္း အိမ္ၿခံေျမေခ်းေငြမ်ား ျပန္လည္ေပးဆပ္ရမႈကို ဆိုင္းငံ့ေပးထားမႈလည္း ပါဝင္သည္။

ထို႔အျပင္ ကို႐ိုနာဗိုင္းရပ္စ္ အက်ပ္အတည္းကာလအတြင္း အိမ္ငွားမ်ားကို ႏွင္ထုတ္ခံရျခင္းမွလည္း ကာကြယ္ေပးသြားမည္ျဖစ္ေၾကာင္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္က ကတိျပဳလိုက္သည္။

အတိုက္အခံပါတီျဖစ္ေသာ ေလဘာပါတီ၏ ေခါင္းေဆာင္ ဂ်ရမီ ေကာ္ဘင္းက ေထာက္ျပရာတြင္ အေရးေပၚ ကို႐ိုနာဗိုင္းရပ္စ္ ဥပေဒသည္ အိမ္ငွားမ်ားအေပၚ အကာအကြယ္ေပးမထားေၾကာင္း၊ အိမ္ၿခံေျမေခ်းေငြ ျပန္လည္ေပးဆပ္ရမႈ ဆိုင္းငံ့ေပးထားျခင္းသာမက အိမ္ငွားတို႔၏ အိမ္လခေပးရမႈကိုလည္း ဆိုင္းငံ့ေပးထားသင့္ေၾကာင္း ေထာက္ျပခဲ့သည္။

ဂ်ရမီေကာ္ဘင္း၏ ေထာက္ျပခ်က္ကို တုံ႔ျပန္သည့္အေနျဖင့္ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္က “ကြၽန္ေတာ္တို႔အေနနဲ႔ အိမ္ငွားေတြကို ႏွင္ထုတ္ခံရျခင္းကေန အကာအကြယ္ေပးဖို႔ ဥပေဒဆက္လက္ျပဌာန္းသြားမယ္လို႔ အတည္ျပဳပါတယ္” ဟု ေျပာၾကားသည္။

ထိုသို႔ ေျပာၾကားခ်က္အေပၚ ဂ်ရမီ ေကာ္ဘင္းက အေသးစိတ္အခ်က္အလက္မ်ား အေဆာတလ်င္ ထုတ္ျပန္ေပးရန္ တိုက္တြန္းခဲ့ၿပီး အိမ္ငွားတို႔သည္ အကူအညီမ်ား ခ်က္ခ်င္းလိုအပ္ေနျခင္းျဖစ္ေၾကာင္းႏွင့္ ယေန႔ပင္ ကိုင္တြယ္ေျဖရွင္းေပးသင့္ေၾကာင္း ေျပာၾကားသည္။ ဂ်ရမီ ေကာ္ဘင္းက အထက္ပါ အခ်က္မ်ားကို Prime Minister’s Questions ေဆြးေႏြးပြဲတြင္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

(မွတ္ခ်က္- Prime Minister’s Questions ဟူသည္မွာ ၿဗိတိန္ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ျပဳလုပ္ရသည့္ အစည္းအေဝးျဖစ္သည္။ လက္ရွိအားျဖင့္ ဗုဒၶဟူးေန႔တိုင္း မြန္းတည့္ခ်ိန္တြင္ ၿဗိတိန္ေအာက္လႊတ္ေတာ္၌ က်င္းပသည္။ အဆိုပါ အစည္းအေဝးတြင္ လႊတ္ေတာ္အမတ္မ်ား၏ ေမးျမန္းခ်က္မ်ားကို ဝန္ႀကီးခ်ဳပ္က ေျဖၾကားရျခင္း ျဖစ္သည္)

ဂ်ရမီ ေကာ္ဘင္းက Prime Minister’s Questions တြင္ ေျပာၾကားခဲ့မႈတစ္ခုမွာ “မေန႔က ဝန္ႀကီးခ်ဳပ္ရဲ႕ ေျပာၾကားခ်က္မွာ အိမ္ငွားေနရ တဲ့ သန္း ၂၀ ေသာ ျပည္သူေတြနဲ႔အတူ သားသမီးရွိတဲ့ အိမ္ေထာင္စု ၃ သန္းအတြက္ ဘယ္လိုအကူအညီေပးမယ္လို႔မွ ေျပာမသြားပါ ဘူး။ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ နာမက်န္းျဖစ္ခ်ိန္ (ဒါမွမဟုတ္) တစ္ကိုယ္တည္း သီးသန႔္ေနရခ်ိန္မ်ိဳးမွာ အိမ္ငွားခ မေပးႏိုင္မွာကို သူတို႔ ေတြ စိုးရိမ္ေနၾကပါတယ္။” ဟု ေျပာၾကားသည္။

ျပည္သူမ်ားအေနျဖင့္ ေနအိမ္မွ ႏွင္ထုတ္ခံရမည္ကို စိုး႐ြံ႕ေသာေၾကာင့္ အလုပ္သို႔ မျဖစ္မေန သြားေနရျခင္းမ်ိဳးမွာလည္း အမ်ားျပည္သူ၏ က်န္းမာေရးကို ထိပါးေစႏိုင္ေၾကာင္းလည္း ၎က ဆက္လက္ေျပာၾကားသည္။

ထို႔အျပင္ အိမ္ငွားေနထိုင္ရသူမ်ားကို အကူအညီမ်ား ပိုမိုေပးအပ္သင့္ေၾကာင္းလည္း ဂ်ရမီ ေကာ္ဘင္းက ေတာင္းဆိုသြားခဲ့သည္။

“ၿဗိတိန္မွာ အိမ္ငွားေနရတဲ့သူ သန္းေပါင္းမ်ားစြာရွိပါတယ္။ သူတို႔ကို အိမ္ငွားခေတြ ဆိုင္းငံ့ထားႏိုင္ခြင့္ ေပးအပ္ပါ။ ေနအိမ္က ႏွင္ထုတ္ျခင္းေတြ တားျမစ္ေပးပါ။”

ၿဗိတိန္ဘ႑ာေရးဝန္ႀကီး ရီရွီ ဆူနက္ခ္ကလည္း အိမ္ၿခံေျမေခ်းေငြ ျပန္လည္ေပးဆပ္ရမႈကို ၃ လဆိုင္းငံ့ေပးထားမည့္အျပင္ စီးပြားေရးလုပ္ငန္းမ်ားကို ေခ်းေငြ ေပါင္ ၃၃၀ ဘီလီယံ ေပးအပ္သြားမည္ျဖစ္ေၾကာင္း ကတိျပဳခဲ့သည္။

ၿဗိတိန္ အိမ္ငွားမ်ားသမဂၢ၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က ယမန္ေန႔တြင္ ေျပာၾကားခဲ့ရာ၌ အိမ္ငွားမ်ားအတြက္ အကူအညီမရွိျခင္းမွာ စိတ္ပ်က္ဖြယ္ရာေကာင္းေၾကာင္း ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service