ကမ္ဘောဒီးယား၏ ဆောက်လုပ်ရေးကဏ္ဍ ပန်းပန်နေဆဲ

ကမ္ဘောဒီးယား၏ ဆောက်လုပ်ရေးကဏ္ဍ ပန်းပန်နေဆဲ - Property News in Myanmar from iMyanmarHouse.com
17 Mar 2020 12:40 pm တွင် တင်ခဲ့သည်
676 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးရှိ လုပ်ငန်းနယ်ပယ်များစွာ ကျဆင်းနေသော်လည်း ကမ္ဘောဒီးယားနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍမှာမူ တည်ငြိမ်နေဆဲဖြစ်ကြောင်း ကမ္ဘောဒီးယား မြေယာစီမံခန့်ခွဲရေး၊ မြို့ပြစီမံကိန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန (MLMUPC) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါအချက်မှာ လက်ရှိမှောင်မိုက်သောကာလများတွင် သတင်းကောင်းတစ်ခုလည်းဖြစ်ပြီး MLMUPC ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဆန်လော့က ပြောကြားရာတွင် ကမ္ဘောဒီးယားတွင် ဆောက်လုပ်ရေးစီမံကိန်းများ ဦးမော့နေကြောင်း ပြောကြားသည်။

“စီးပွားရေးသုတေသီအချို့ဆီက ကျွန်တော်ကြားသိရသလောက်တော့ ဒီနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှု ၅၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကမ္ဘောဒီးယားမှာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ထိခိုက်တာ မရှိသေးပါဘူး” ဟု ဆန်လော့က ပြောကြားသည်။

“ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ ဝန်ကြီးဌာနမှာ ဆောက်လုပ်ရေးစီမံကိန်း ပါမစ်လာတင်တာဆိုရင် စီမံကိန်း ၅၀၀ ကျော်ရှိပါတယ်။

၂၀၁၉ ခုနှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အဲဒီတုန်းက လျှောက်ထားမှု ၃၀၀ လောက်ပဲ ရှိခဲ့တာဖြစ်ပါတယ်။

ဒီအချက်ကို ကြည့်မယ်ဆိုရင် ဆောက်လုပ်ရေးကဏ္ဍအပေါ် ထိခိုက်မှုမရှိဘူးဆိုတာ တွေ့နိုင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

အဆိုပါစီမံကိန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ မည်မျှရှိသည်ကို ဆန်လော့က အတိအကျထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း ထိပ်တန်းရင်းနှီးမြှုပ်နှံသည့် နိုင်ငံ ၃ ခုမှာ ထိပ်ဆုံးတွင် တရုတ်ပြည်မှရပ်တည်နေပြီး ယင်းနောက်တွင် တောင်ကိုရီးယားနှင့် ဂျပန်တို့ ရပ်တည်နေကြောင်း ၎င်းက ပြောကြားသည်။

ဆောက်လုပ်ရေးလောကနှင့် ပတ်သက်သည့် အခြားသတင်းကောင်းတစ်ခုမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရမှုမှာ ယမန်နေ့အထိ ၁၂ ဦးရှိသော်လည်း အရေးပါသည့်ဆောက်လုပ်ရေးစီမံကိန်းကြီးများ ဆောက်လုပ်မှုကို ရွှေ့ဆိုင်းခြင်းမျိုးမရှိသေးခြင်း ဖြစ်သည်။

ကမ္ဘောဒီးယား ဆောက်လုပ်ရေးကဏ္ဍတွင် မကြာသေးမီနှစ်များအတွင်း ကြီးမားသည့် တိုးတက်မှုများကို တွေ့လာရသည်။

MLMUPC မှ ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ ၂၀၁၉ ခုနှစ်အတွင်း ဆောက်လုပ်ရေးကဏ္ဍ ရင်းနှီးမြှပ်နှံမှုမှာ ကန်ဒေါ်လာ ၁၁ ဘီလီယံဝန်းကျင်ရှိခဲ့ရာ ၂၀၁၈ ခုနှစ် ရင်းနှီးမြှုပ်နှံမှု ပမာဏဖြစ်သော ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံနှင့် နှိုင်းယှဉ်လျှင် ၉၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခြင်း ဖြစ်သည်။

အမေရိကန်အခြေစိုက် အိမ်ခြံမြေကုမ္ပဏီ၏ ကမ္ဘောဒီးယားကုမ္ပဏီခွဲဖြစ်သော Keller William Cambodia မှ အကြီးအကဲဖြစ်သူ ကင်မ်ဟီအန်က ပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ဖြစ်ပေါ်လာသည့် ရိုက်ခတ်မှုများသည် ပါးနပ်သော ဆောက်လုပ်ရေး ကုမ္ပဏီများအတွက် ရွှေအခွင့်အရေးကြီးတစ်ရပ်ဖြစ်လာနိုင်ကြောင်း ပြောကြားသည်။

“ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ လုပ်သားခဈေးနှုန်းတွေ ကျဆင်းသွားတယ်။ တချိန်တည်းမှာပဲ အိမ်ခြံမြေ developer တွေကလည်း အစိုးရဆီကနေ ၄ ရာခိုင်နှုန်း တံဆိပ်ခေါင်းခွန် ကင်းလွတ်ခွင့်ခံစားရမှု ရှိနေတယ်” ဟု ကင်မ်ဟီအန်က ပြောကြားသည်။

ကမ္ဘောဒီးယားအစိုးရက မကြာသေးမီက ထုတ်ပြန်ခဲ့သည်မှာ ယခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ တစ်နှစ်တာကာလအတွင်း ကန်ဒေါ်လာ ၇၀၀၀၀ အောက်တန်ကြေးရှိသော လူနေအိမ်ခြံမြေများအတွက် တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးမည်ဟု ကြေညာထားပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးရိုက်ခတ်မှုများကို လျော့ပါးစေရန် အကူအညီပေးခြင်းလည်း ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

ကေမၻာဒီးယား၏ ေဆာက္လုပ္ေရးက႑ ပန္းပန္ေနဆဲ

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ တစ္ကမၻာလံုးရွိ လုပ္ငန္းနယ္ပယ္မ်ားစြာ က်ဆင္းေနေသာ္လည္း ကေမၻာဒီးယားႏိုင္ငံ၏ ေဆာက္လုပ္ေရးက႑မွာမူ တည္ျငိမ္ေနဆဲျဖစ္ေၾကာင္း ကေမၻာဒီးယား ေျမယာစီမံခန္႔ခြဲေရး၊ ျမိဳ႕ျပစီမံကိန္းႏွင့္ ေဆာက္လုပ္ေရးဝန္ၾကီးဌာန (MLMUPC) ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

အဆိုပါအခ်က္မွာ လက္ရွိေမွာင္မိုက္ေသာကာလမ်ားတြင္ သတင္းေကာင္းတစ္ခုလည္းျဖစ္ျပီး MLMUPC ၏ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္ ဆန္ေလာ့က ေျပာၾကားရာတြင္ ကေမၻာဒီးယားတြင္ ေဆာက္လုပ္ေရးစီမံကိန္းမ်ား ဦးေမာ့ေနေၾကာင္း ေျပာၾကားသည္။

“စီးပြားေရးသုေတသီအခ်ဳိ႕ဆီက ကၽြန္ေတာ္ၾကားသိရသေလာက္ေတာ့ ဒီႏွစ္မွာ ကမၻာလံုးဆိုင္ရာ စီးပြားေရးဖြံ႔ျဖိဳးမႈ ၅၀ ရာခိုင္ႏႈန္းေလာက္အထိ က်ဆင္းသြားတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ကေမၻာဒီးယားမွာေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းေတြ ထိခိုက္တာ မရွိေသးပါဘူး” ဟု ဆန္ေလာ့က ေျပာၾကားသည္။

“ယခုႏွစ္ ေဖေဖာ္ဝါရီလကုန္အထိ ဝန္ၾကီးဌာနမွာ ေဆာက္လုပ္ေရးစီမံကိန္း ပါမစ္လာတင္တာဆိုရင္ စီမံကိန္း ၅၀၀ ေက်ာ္ရွိပါတယ္။

၂၀၁၉ ခုႏွစ္ အလားတူကာလနဲ႔ ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ အဲဒီတုန္းက ေလွ်ာက္ထားမႈ ၃၀၀ ေလာက္ပဲ ရွိခဲ့တာျဖစ္ပါတယ္။

ဒီအခ်က္ကို ၾကည့္မယ္ဆိုရင္ ေဆာက္လုပ္ေရးက႑အေပၚ ထိခိုက္မႈမရွိဘူးဆိုတာ ေတြ႔ႏိုင္ပါတယ္” ဟု ၎က ျဖည့္စြက္ေျပာၾကားသည္။

အဆိုပါစီမံကိန္းမ်ား၏ ရင္းႏွီးျမွဳပ္ႏွံမႈပမာဏ မည္မွ်ရွိသည္ကို ဆန္ေလာ့က အတိအက်ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမရွိေသာ္လည္း ထိပ္တန္းရင္းႏွီးျမွဳပ္ႏွံသည့္ ႏိုင္ငံ ၃ ခုမွာ ထိပ္ဆံုးတြင္ တရုတ္ျပည္မွရပ္တည္ေနျပီး ယင္းေနာက္တြင္ ေတာင္ကိုရီးယားႏွင့္ ဂ်ပန္တို႔ ရပ္တည္ေနေၾကာင္း ၎က ေျပာၾကားသည္။

ေဆာက္လုပ္ေရးေလာကႏွင့္ ပတ္သက္သည့္ အျခားသတင္းေကာင္းတစ္ခုမွာ ကိုရိုနာဗိုင္းရပ္ကူးစက္ခံရမႈမွာ ယမန္ေန႔အထိ ၁၂ ဦးရွိေသာ္လည္း အေရးပါသည့္ေဆာက္လုပ္ေရးစီမံကိန္းၾကီးမ်ား ေဆာက္လုပ္မႈကို ေရႊ႕ဆိုင္းျခင္းမ်ဳိးမရွိေသးျခင္း ျဖစ္သည္။

ကေမၻာဒီးယား ေဆာက္လုပ္ေရးက႑တြင္ မၾကာေသးမီႏွစ္မ်ားအတြင္း ၾကီးမားသည့္ တိုးတက္မႈမ်ားကို ေတြ႔လာရသည္။

MLMUPC မွ ထုတ္ျပန္ေသာ တရားဝင္အခ်က္အလက္မ်ားအရ ၂၀၁၉ ခုႏွစ္အတြင္း ေဆာက္လုပ္ေရးက႑ ရင္းႏွီးျမွပ္ႏွံမႈမွာ ကန္ေဒၚလာ ၁၁ ဘီလီယံဝန္းက်င္ရွိခဲ့ရာ ၂၀၁၈ ခုႏွစ္ ရင္းႏွီးျမွဳပ္ႏွံမႈ ပမာဏျဖစ္ေသာ ကန္ေဒၚလာ ၅ ဒသမ ၅ ဘီလီယံႏွင့္ ႏႈိင္းယွဥ္လွ်င္ ၉၀ ရာခိုင္ႏႈန္းနီးပါး ျမင့္တက္လာျခင္း ျဖစ္သည္။

အေမရိကန္အေျခစိုက္ အိမ္ျခံေျမကုမၸဏီ၏ ကေမၻာဒီးယားကုမၸဏီခြဲျဖစ္ေသာ Keller William Cambodia မွ အၾကီးအကဲျဖစ္သူ ကင္မ္ဟီအန္က ေျပာၾကားရာတြင္ ကိုရိုနာဗိုင္းရပ္စ္ျပန္႔ပြားမႈေၾကာင့္ ျဖစ္ေပၚလာသည့္ ရိုက္ခတ္မႈမ်ားသည္ ပါးနပ္ေသာ ေဆာက္လုပ္ေရး ကုမၸဏီမ်ားအတြက္ ေရႊအခြင့္အေရးၾကီးတစ္ရပ္ျဖစ္လာႏိုင္ေၾကာင္း ေျပာၾကားသည္။

“ေဆာက္လုပ္ေရးပစၥည္းေတြနဲ႔ လုပ္သားခေစ်းႏႈန္းေတြ က်ဆင္းသြားတယ္။ တခ်ိန္တည္းမွာပဲ အိမ္ျခံေျမ developer ေတြကလည္း အစိုးရဆီကေန ၄ ရာခိုင္ႏႈန္း တံဆိပ္ေခါင္းခြန္ ကင္းလြတ္ခြင့္ခံစားရမႈ ရွိေနတယ္” ဟု ကင္မ္ဟီအန္က ေျပာၾကားသည္။

ကေမၻာဒီးယားအစိုးရက မၾကာေသးမီက ထုတ္ျပန္ခဲ့သည္မွာ ယခုႏွစ္ ေဖေဖာ္ဝါရီမွ ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလအထိ တစ္ႏွစ္တာကာလအတြင္း ကန္ေဒၚလာ ၇၀၀၀၀ ေအာက္တန္ေၾကးရွိေသာ လူေနအိမ္ျခံေျမမ်ားအတြက္ တံဆိပ္ေခါင္းခြန္ ၄ ရာခိုင္ႏႈန္း ကင္းလြတ္ခြင့္ေပးမည္ဟု ေၾကညာထားျပီး ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ဘ႑ာေရးရိုက္ခတ္မႈမ်ားကို ေလ်ာ့ပါးေစရန္ အကူအညီေပးျခင္းလည္း ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service