ဗီယက်နမ်ရှိ မြို့ကြီးများတွင် ၂၅ စတုရန်းမီတာသာရှိသည့် သေးငယ်လှသော အခန်းကျဉ်းကလေးများ ဆောက်လုပ်သွားရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ခွင့်ပြုချက်ပေး

ဗီယက်နမ်ရှိ မြို့ကြီးများတွင် ၂၅ စတုရန်းမီတာသာရှိသည့် သေးငယ်လှသော အခန်းကျဉ်းကလေးများ ဆောက်လုပ်သွားရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ခွင့်ပြုချက်ပေး - Property News in Myanmar from iMyanmarHouse.com
17 Mar 2020 12:11 pm တွင် တင်ခဲ့သည်
853 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ဗီယက်နမ်ရှိ မြို့ကြီးများတွင် သေးငယ်လှသော အခန်းကျဉ်းကလေးများ ဆောက်လုပ်သွားရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ခွင့်ပြုချက်ပေးလိုက်ရာ အဆိုပါခွင့်ပြုချက်အပေါ် ဝေဖန်မှုများပြားနေပြီး မြို့ကြီးများတွင် လူဦးရေလွန်ကဲမှု ပိုမိုဆိုးရွားလာစေနိုင်ကြောင်း ဝေဖန်လျက်ရှိကြသည်ဟု ဗီယက်နမ်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အခန်းအကျယ်အဝန်း ၂၅ စတုရန်းမီတာ ( ၂၇၀ စတုရန်းပေ) မျှသာရှိသော အခန်းငယ်ကလေးများ ဆောက်လုပ်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခင်က သတ်မှတ်ထားသည်မှာ အနည်းဆုံး ၄၅ စတုရန်းမီတာ (၄၈၀ စတုရန်းပေ) ရှိရမည်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။

ယခုခွင့်ပြုချက်သည် လာမည့် ဇူလိုင်လ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီးအနည်းဆုံး အိပ်ခန်း ၁ ခန်းနှင့် ရေချိုးခန်း ၁ ခန်း ပါဝင်ရမည်ဖြစ်ကာ သဘာဝအလင်းရောင်လည်း ရရှိရမည်ဟု သတ်မှတ်ထားသည်။

ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကဏ္ဍအတွက် ဆောက်လုပ်ရန်ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်ပြီး စတုရန်းမီတာ ၂၅ မှ ၄၅ အကြားရှိမည့် အခန်းပမာဏသည် စီမံကိန်းတစ်ခု၏ ၂၅ ရာခိုင်နှုန်းထက် မကျော်လွန်ရန်လည်း သတ်မှတ်ထားသည်။

ယင်းသို့ အခန်းငယ်ကလေးများ ဆောက်လုပ်ရန် နှစ်ပေါင်းများစွာ အခြေအတင်ဖြစ်ခဲ့ကြပြီး ကန့်ကွက်သူများက ပြောကြားသည်မှာ အဆိုပါအခန်းငယ်များဆောက်လုပ်ခြင်းသည် ဗီယက်နမ်၏ မြို့ကြီးများတွင် ဆင်းရဲသားရပ်ကွက်များ ပေါ်ပေါက်လာစေနိုင်ကြောင်း ပြောကြားကြသည်။

ဟိုချီမင်းမြို့တော် အာဏာပိုင်များက ၂၀၁၈ ခုနှစ်အစောပိုင်းက ပြောကြားခဲ့ရာတွင် ယခုမူဝါဒမျိုးသည် လူဦးရေ ၁၃ သန်းရှီသော မြို့ကြီးသို့ အခြေချနေထိုင်မည့်သူများကို ပိုမိုဆွဲဆောင်နိုင်ပြီး ထမ်းနိုင်သည့်ဝန်ထက် ကျော်လွန်နေသည့် အခြေခံအဆောက်အအုံများ အပေါ်တွင်လည်း ဖိအားပိုမိုများပြားစေကာ ယာဉ်ကြောပိတ်ဆို့မှုနှင့် ရေဘေးများကဲ့သို့ ကြောက်မက်ဖွယ်ပြဿနာများ ရင်ဆိုင်လာရနိုင်ကြောင်း ပြောကြားခဲ့ဖူးသည်။

ဗီယက်နမ် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအဖွဲ့မှ ဥက္ကဌ ချန်နော့ချင်း (Tran Ngoc Chinh) က ပြောကြားရာတွင် အခန်းငယ်ကလေးများ ဆောက်လုပ်ခြင်းကြောင့် နေထိုင်သူများစွာမှာ ကုန်ကျစရိတ်သက်သာစေရန် စုပေါင်းနေထိုင်ခြင်းမျိုးပြုလုပ်လာနိုင်ပြီး အဆင့်မြင့် ဆင်းရဲသားရပ်ကွက်တစ်ခု ဖြစ်လာနိုင်ကြောင်း ပြောကြားသည်။

အိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်သော DKRA Vietnam မှ ဈေးကွက်သုတေသနဒါရိုက်တာ ငုယန် ဟမ်းက ပြောကြားရာတွင် ယခုကဲ့သို့သော လူနေခန်းများသည် မြို့ကြီးပြကြီးများ၏ မြို့ပြစီမံကိန်းမဟာဗျူဟာများကို အနှောင့်အယှက်ဖြစ်လာစေနိုင်ကြောင်း ပြောကြားသည်။

သို့သော် ဟိုချီမင်းမြို့တော် အိမ်ခြံမြေအသင်း (HoREA) ကမူ ယခုစီမံကိန်းကို ထောက်ခံခဲ့ပြီး အဆိုပါစီမံကိန်းသည် ဟိုချီမင်းမြို့တော်၏ တန်ဖိုးနည်းလူနေအိမ်ရာ ရှားပါးမှုကို ဖြေရှင်းပေးနိုင်ကြောင်း သုံးသပ်သည်။

ဟိုချီမင်းမြို့တော်လူဦးရေ၏ ၇ ဒသမ ၄ ရာခိုင်နှုန်းမှာ စတုရန်း ၆ မီတာ အောက်သာရှိသည့် လူနေခန်းများတွင် နေထိုင်လျက်ရှိကြပြီး ၃၃ ရာခိုင်နှုန်းခန့်မှာမူ နေအိမ်အပိုင်မဝယ်နိုင်သောကြောင့် အိမ်ငှားနေထိုင်သူများ ဖြစ်သည်ဟု သိရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

ဗီယက္နမ္ရွိ ျမိဳ႕ၾကီးမ်ားတြင္ ၂၅ စတုရန္းမီတာသာရွိသည့္ ေသးငယ္လွေသာ အခန္းက်ဥ္းကေလးမ်ား ေဆာက္လုပ္သြားရန္ ေဆာက္လုပ္ေရးဝန္ၾကီးဌာနက ခြင့္ျပဳခ်က္ေပး

ဗီယက္နမ္ရွိ ျမိဳ႕ၾကီးမ်ားတြင္ ေသးငယ္လွေသာ အခန္းက်ဥ္းကေလးမ်ား ေဆာက္လုပ္သြားရန္ ေဆာက္လုပ္ေရးဝန္ၾကီးဌာနက ခြင့္ျပဳခ်က္ေပးလိုက္ရာ အဆိုပါခြင့္ျပဳခ်က္အေပၚ ေဝဖန္မႈမ်ားျပားေနျပီး ျမိဳ႕ၾကီးမ်ားတြင္ လူဦးေရလြန္ကဲမႈ ပိုမိုဆိုးရြားလာေစႏိုင္ေၾကာင္း ေဝဖန္လ်က္ရွိၾကသည္ဟု ဗီယက္နမ္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

အခန္းအက်ယ္အဝန္း ၂၅ စတုရန္းမီတာ ( ၂၇၀ စတုရန္းေပ) မွ်သာရွိေသာ အခန္းငယ္ကေလးမ်ား ေဆာက္လုပ္ရန္ ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

ယခင္က သတ္မွတ္ထားသည္မွာ အနည္းဆံုး ၄၅ စတုရန္းမီတာ (၄၈၀ စတုရန္းေပ) ရွိရမည္ဟု သတ္မွတ္ထားျခင္း ျဖစ္သည္။

ယခုခြင့္ျပဳခ်က္သည္ လာမည့္ ဇူလိုင္လ ၁ ရက္တြင္ စတင္အသက္ဝင္မည္ျဖစ္ျပီးအနည္းဆံုး အိပ္ခန္း ၁ ခန္းႏွင့္ ေရခ်ဳိးခန္း ၁ ခန္း ပါဝင္ရမည္ျဖစ္ကာ သဘာဝအလင္းေရာင္လည္း ရရွိရမည္ဟု သတ္မွတ္ထားသည္။

ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ က႑အတြက္ ေဆာက္လုပ္ရန္ခြင့္ျပဳခ်က္ေပးခဲ့ျခင္းျဖစ္ျပီး စတုရန္းမီတာ ၂၅ မွ ၄၅ အၾကားရွိမည့္ အခန္းပမာဏသည္ စီမံကိန္းတစ္ခု၏ ၂၅ ရာခိုင္ႏႈန္းထက္ မေက်ာ္လြန္ရန္လည္း သတ္မွတ္ထားသည္။

ယင္းသို႔ အခန္းငယ္ကေလးမ်ား ေဆာက္လုပ္ရန္ ႏွစ္ေပါင္းမ်ားစြာ အေျခအတင္ျဖစ္ခဲ့ၾကျပီး ကန္႔ကြက္သူမ်ားက ေျပာၾကားသည္မွာ အဆိုပါအခန္းငယ္မ်ားေဆာက္လုပ္ျခင္းသည္ ဗီယက္နမ္၏ ျမိဳ႕ၾကီးမ်ားတြင္ ဆင္းရဲသားရပ္ကြက္မ်ား ေပၚေပါက္လာေစႏိုင္ေၾကာင္း ေျပာၾကားၾကသည္။

ဟိုခ်ီမင္းျမိဳ႕ေတာ္ အာဏာပိုင္မ်ားက ၂၀၁၈ ခုႏွစ္အေစာပိုင္းက ေျပာၾကားခဲ့ရာတြင္ ယခုမူဝါဒမ်ဳိးသည္ လူဦးေရ ၁၃ သန္းရွီေသာ ျမိဳ႕ၾကီးသို႔ အေျခခ်ေနထိုင္မည့္သူမ်ားကို ပိုမိုဆြဲေဆာင္ႏိုင္ျပီး ထမ္းႏိုင္သည့္ဝန္ထက္ ေက်ာ္လြန္ေနသည့္ အေျခခံအေဆာက္အအံုမ်ား အေပၚတြင္လည္း ဖိအားပိုမိုမ်ားျပားေစကာ ယာဥ္ေၾကာပိတ္ဆို႔မႈႏွင့္ ေရေဘးမ်ားကဲ့သို႔ ေၾကာက္မက္ဖြယ္ျပႆနာမ်ား ရင္ဆိုင္လာရႏိုင္ေၾကာင္း ေျပာၾကားခဲ့ဖူးသည္။

ဗီယက္နမ္ ျမိဳ႕ျပဖြံ႔ျဖိဳးေရးစီမံကိန္းအဖြဲ႔မွ ဥကၠဌ ခ်န္ေနာ့ခ်င္း (Tran Ngoc Chinh) က ေျပာၾကားရာတြင္ အခန္းငယ္ကေလးမ်ား ေဆာက္လုပ္ျခင္းေၾကာင့္ ေနထိုင္သူမ်ားစြာမွာ ကုန္က်စရိတ္သက္သာေစရန္ စုေပါင္းေနထိုင္ျခင္းမ်ဳိးျပဳလုပ္လာႏိုင္ျပီး အဆင့္ျမင့္ ဆင္းရဲသားရပ္ကြက္တစ္ခု ျဖစ္လာႏိုင္ေၾကာင္း ေျပာၾကားသည္။

အိမ္ျခံေျမကုမၸဏီတစ္ခုျဖစ္ေသာ DKRA Vietnam မွ ေစ်းကြက္သုေတသနဒါရိုက္တာ ငုယန္ ဟမ္းက ေျပာၾကားရာတြင္ ယခုကဲ့သို႔ေသာ လူေနခန္းမ်ားသည္ ျမိဳ႕ၾကီးျပၾကီးမ်ား၏ ျမိဳ႕ျပစီမံကိန္းမဟာဗ်ဴဟာမ်ားကို အေႏွာင့္အယွက္ျဖစ္လာေစႏိုင္ေၾကာင္း ေျပာၾကားသည္။

သို႔ေသာ္ ဟိုခ်ီမင္းျမိဳ႕ေတာ္ အိမ္ျခံေျမအသင္း (HoREA) ကမူ ယခုစီမံကိန္းကို ေထာက္ခံခဲ့ျပီး အဆိုပါစီမံကိန္းသည္ ဟိုခ်ီမင္းျမိဳ႕ေတာ္၏ တန္ဖိုးနည္းလူေနအိမ္ရာ ရွားပါးမႈကို ေျဖရွင္းေပးႏိုင္ေၾကာင္း သံုးသပ္သည္။

ဟိုခ်ီမင္းျမိဳ႕ေတာ္လူဦးေရ၏ ၇ ဒသမ ၄ ရာခိုင္ႏႈန္းမွာ စတုရန္း ၆ မီတာ ေအာက္သာရွိသည့္ လူေနခန္းမ်ားတြင္ ေနထိုင္လ်က္ရွိၾကျပီး ၃၃ ရာခိုင္ႏႈန္းခန္႔မွာမူ ေနအိမ္အပိုင္မဝယ္ႏို္င္ေသာေၾကာင့္ အိမ္ငွားေနထိုင္သူမ်ား ျဖစ္သည္ဟု သိရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service