ပထမဦးဆုံးအသေးစား ရေနံချက်လုပ်ငန်းကို တောင်သာတွင် စမ်းသပ်လည်ပတ်ခွင့်ပြု

ပထမဦးဆုံးအသေးစား ရေနံချက်လုပ်ငန်းကို တောင်သာတွင် စမ်းသပ်လည်ပတ်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
16 Mar 2020 12:17 pm တွင် တင်ခဲ့သည်
1591 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

တိုင်းဒေသကြီး ငါးခုတွင် အသေးစားရေနံချက်လိုင်စင် ၄၈၀ ခန့်ခွင့်ပြုထားပြီး ၎င်းတို့အနက်မှ ပထမဦးဆုံး အသေးစားရေနံချက်လုပ်ငန်းကို MCCM ကုမ္ပဏီကို စမ်းသပ်လည်ပတ်ခွင့်ပြုကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါစက်ရုံသည် ပြည်တွင်းထုတ်ရေနံလက်ယက်တွင်းများမှ ရေနံစိမ်းတစ်ရက်လျှင် ဂါလန် သုံးသောင်းချက်လုပ်မည်ဖြစ်ပြီး ဓာတ်ဆီဂါလန် ၄၅၀၀ ၊ ဒီဇယ်ဂါလန် နှစ်သောင်းခန့်နှင့် မီးထိုးဆီဂါလန် ၅၄၀၀ တို့ကို ထုတ်လုပ်သွားမည်ဖြစ်သည်။

ဝန်ကြီးဌာနက ဒေသတွင်း လူမှုရေး၊ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလန်းရရှိရေး၊ လယ်ယာကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေးများတွင် စက်သုံးဆီကို သင့်တင့်သောဈေးနှုန်းဖြင့် အသုံးပြုရန် ရည်ရွယ်၍ခွင့်ပြုခြင်းဖြစ်သည်ဟုဆိုသည်။ ရေနံလက်ယက်တွင်းများမှထုတ်လုပ်သည့် ရေနံစိမ်းများကို ဒေသန္တရရေနံချက် လုပ်ငန်းလိုင်စင် အဖြစ်ခွင့်ပြုခြင်းဖြစ်သည်။

ထိုသို့ခွင့်ပြုပေးရာတွင် တိုင်းဒေသကြီး ၅ ခုတွင် ခွင့်ပြုထားပြီး ၎င်းတို့မှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄၁၁ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၇ ဦးနှင့် မန္တလေး တိုင်းဒေသကြီးတွင် ၄၅ ဦး တို့ကို လိုင်စင်ထုတ်ပေးပြီးဖြစ်သည်ဟု ဝန်ကြီးဌာနကဆိုသည်။

ဝန်ကြီးဌာနက ရေနံစိမ်း တူးဖော်ရေးတွင် လက်ယက်တွင်းများကို ခွင့်ပြုထားပြီး မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၌ အများဆုံးထုတ်လုပ်နေသည်။ ထိုရေနံစိမ်းများကို ဒေသခံများက ချက်ဖိုများတွင် ကိုယ်တိုင်ချက်လုပ်နေခဲ့ခြင်းဖြစ်သည်။

ယခုခွင့်ပြုသည့် အသေးစားရေနံချက်စက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိသည်။ စက်ရုံလည်ပတ်နိုင်ရေးအတွက် နည်းပညာကို ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ဓာတုဗေဒလုပ်ငန်းက အကူအညီပေးခြင်းဖြစ်သည်။

ရေနံစိမ်းဂါလန် ၃၀,၀၀၀ အထိ ချက်လုပ်နိုင်ရန် အသေးစားရေနံချက်လုပ်ငန်းများ (Mini Refinery) ကို ခွင့်ပြုလိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၈ စက်တင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် သန်လျင် နှင့် ချောက်မြို့၌ အစိုးရပိုင် ရေနံချက်စက်ရုံ နှစ်ရုံရှိပြီး ယင်းတို့ကို ၁၉၅၀ နှင့် ၁၉၆၀ တို့တွင် ဆောက်လုပ်ခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###

ပထမဦးဆုံးအေသးစား ေရနံခ်က္လုပ္ငန္းကို ေတာင္သာတြင္ စမ္းသပ္လည္ပတ္ခြင့္ျပဳ

တိုင္းေဒသႀကီး ငါးခုတြင္ အေသးစားေရနံခ်က္လိုင္စင္ ၄၈၀ ခန႔္ခြင့္ျပဳထားၿပီး ၎တို႔အနက္မွ ပထမဦးဆုံး အေသးစားေရနံခ်က္လုပ္ငန္းကို MCCM ကုမၸဏီကို စမ္းသပ္လည္ပတ္ခြင့္ျပဳေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

အဆိုပါစက္႐ုံသည္ ျပည္တြင္းထုတ္ေရနံလက္ယက္တြင္းမ်ားမွ ေရနံစိမ္းတစ္ရက္လွ်င္ ဂါလန္ သုံးေသာင္းခ်က္လုပ္မည္ျဖစ္ၿပီး ဓာတ္ဆီဂါလန္ ၄၅၀၀ ၊ ဒီဇယ္ဂါလန္ ႏွစ္ေသာင္းခန႔္ႏွင့္ မီးထိုးဆီဂါလန္ ၅၄၀၀ တို႔ကို ထုတ္လုပ္သြားမည္ျဖစ္သည္။

ဝန္ႀကီးဌာနက ေဒသတြင္း လူမႈေရး၊ စီးပြားေရး၊ အလုပ္အကိုင္အခြင့္အလန္းရရွိေရး၊ လယ္ယာက႑ႏွင့္ သယ္ယူပို႔ေဆာင္ေရးမ်ားတြင္ စက္သုံးဆီကို သင့္တင့္ေသာေဈးႏႈန္းျဖင့္ အသုံးျပဳရန္ ရည္႐ြယ္၍ခြင့္ျပဳျခင္းျဖစ္သည္ဟုဆိုသည္။ ေရနံလက္ယက္တြင္းမ်ားမွထုတ္လုပ္သည့္ ေရနံစိမ္းမ်ားကို ေဒသႏၲရေရနံခ်က္ လုပ္ငန္းလိုင္စင္ အျဖစ္ခြင့္ျပဳျခင္းျဖစ္သည္။

ထိုသို႔ခြင့္ျပဳေပးရာတြင္ တိုင္းေဒသႀကီး ၅ ခုတြင္ ခြင့္ျပဳထားၿပီး ၎တို႔မွာ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ၄၁၁ ဦး၊ ပဲခူးတိုင္းေဒသႀကီးတြင္ ၃ ဦး၊ ရန္ကုန္တိုင္းေဒသႀကီးတြင္ ၂ ဦး၊ ဧရာဝတီတိုင္းေဒသႀကီးတြင္ ၁၇ ဦးႏွင့္ မႏၲေလး တိုင္းေဒသႀကီးတြင္ ၄၅ ဦး တို႔ကို လိုင္စင္ထုတ္ေပးၿပီးျဖစ္သည္ဟု ဝန္ႀကီးဌာနကဆိုသည္။

ဝန္ႀကီးဌာနက ေရနံစိမ္း တူးေဖာ္ေရးတြင္ လက္ယက္တြင္းမ်ားကို ခြင့္ျပဳထားၿပီး မေကြးတိုင္းေဒသႀကီး ပခုကၠဴခ႐ိုင္၌ အမ်ားဆုံးထုတ္လုပ္ေနသည္။ ထိုေရနံစိမ္းမ်ားကို ေဒသခံမ်ားက ခ်က္ဖိုမ်ားတြင္ ကိုယ္တိုင္ခ်က္လုပ္ေနခဲ့ျခင္းျဖစ္သည္။

ယခုခြင့္ျပဳသည့္ အေသးစားေရနံခ်က္စက္႐ုံသည္ မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံခ႐ိုင္၊ ေတာင္သာၿမိဳ႕နယ္ရွိသည္။ စက္႐ုံလည္ပတ္ႏိုင္ေရးအတြက္ နည္းပညာကို ဝန္ႀကီးဌာနလက္ေအာက္ရွိ ျမန္မာ့ဓာတုေဗဒလုပ္ငန္းက အကူအညီေပးျခင္းျဖစ္သည္။

ေရနံစိမ္းဂါလန္ ၃၀,၀၀၀ အထိ ခ်က္လုပ္ႏိုင္ရန္ အေသးစားေရနံခ်က္လုပ္ငန္းမ်ား (Mini Refinery) ကို ခြင့္ျပဳလိုင္စင္ထုတ္ေပးမည္ျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက ၂၀၁၈ စက္တင္ဘာ ၁၃ ရက္တြင္ ေၾကညာခဲ့သည္။ ျမန္မာႏိုင္ငံတြင္ သန္လ်င္ ႏွင့္ ေခ်ာက္ၿမိဳ႕၌ အစိုးရပိုင္ ေရနံခ်က္စက္႐ုံ ႏွစ္႐ုံရွိၿပီး ယင္းတို႔ကို ၁၉၅၀ ႏွင့္ ၁၉၆၀ တို႔တြင္ ေဆာက္လုပ္ျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service