ကိုယ်ပိုင်အိမ်ခြံမြေများ၊ ဒေါ်လာ သန်းရာချီသည့် အမွေ၊ ဘဏ်စာရင်း၊ ဖေ့စ်ဘုတ်စာမျက်နှာများရှိကြသည့် ကမ္ဘာ့အချမ်းသာဆုံး အိမ်မွေး တိရစ္ဆာန်များ

ကိုယ်ပိုင်အိမ်ခြံမြေများ၊ ဒေါ်လာ သန်းရာချီသည့် အမွေ၊ ဘဏ်စာရင်း၊ ဖေ့စ်ဘုတ်စာမျက်နှာများရှိကြသည့် ကမ္ဘာ့အချမ်းသာဆုံး အိမ်မွေး တိရစ္ဆာန်များ - Property News in Myanmar from iMyanmarHouse.com
16 Mar 2020 12:05 pm တွင် တင်ခဲ့သည်
1494 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

တိရစ္ဆာန်ဘဝသို့ ရောက်သည့်တိုင် ကံအကောင်းဆုံးကြုံရသည်မှာ ချမ်းသာကြွယ်ဝသောသူများ ပိုင်ဆိုင်ကြသည့် အိမ်မွေးတိရ စ္ဆာန်များ ဖြစ်ပြီး ၎င်းတို့ကွယ်လွန်လျှင် သေတမ်းစာအတွင်းတွင်ပင် ထည့်သွင်းရေးသားကာ အမွေပေးမှုများ ရှိသည်။

အချို့ အိမ်မွေးတိရ စ္ဆာန်များကမူ ဒေါ်လာသန်းနှင့်ချီသည့် ကိုယ်ပိုင်ဝင်ငွေရှိပြီး ပိုင်ရှင်များအတွက် ငွေရှာပေးနိုင်သည်များပင် ရှိသည်။

ထိုသို့သော အိမ်မွေးတိရ စ္ဆာန်များအနက်မှ ကမ္ဘာကျော်အချို့ကို ဖော်ပြအပ်ပါသည်။

1. (သုန်မှုန်ကြောင်)

တရုတ်မျိုးရင်းဖြစ်ကာ ထိုင်းနိုင်ငံတွင် ပျံ့ပွားခဲ့သော အာရှ Siamese ကြောင်မျိုး၊ အမြဲသုန်မှုန်နေသည့် မျက်နှာနှင့် အိမ်မွေးကြောင် တစ်ကောင်သည် ၂၀၁၂ ခုနှစ်အတွင်း အင်တာနက်တွင် ကျော်ကြားခဲ့သည်။ သုန်မှုန်ကြောင်၏ အမည်ရင်းမှာ “တာဒါ ဆော့စ်” ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် မွေးဖွားခဲ့ကာ ပုကွကွကြောင်မတစ်ကောင် ဖြစ်သည်။

သုန်မှုန်ကြောင်မလေးကို စာအုပ်များ၊ အဝတ်အထည်များ၊ ရှူးဖိနပ်များ၊ ရေမွှေးနှင့် ပြက္ခဒိန်များ(ယခုဖော်ပြထားသည်မှာ အနည်းငယ်မျှသာ ရှိသေးသည်) တွင် ကြော်ငြာအဖြစ် ပါဝင်ရန် သူ၏ သခင်များက ခွင့်ပြုခဲ့သည်။ သုန်မှုန်ကြောင်မလေးတွင် ကိုယ်ပိုင်ဝက်ဘ်ဆိုက်၊ တွစ်တာ၊ အင်စတာဂရမ်နှင့် ဖေ့စ်ဘုတ်အကောင့်များရှိသည်။

သုန်မှုန်ကြောင်မလေးသည် အသက် ၇ နှစ်အရွယ်၊ ၂၀၁၉ ခုနှစ် မေလတွင် သေဆုံးသွားခဲ့ပြီး သခင်ဖြစ်သူ တာဘီသာ ဘွန်ဒန်ဆန်ကို ချန်ရစ်သည်။

တာဘီသာသည် ချမ်းသာကြွယ်ဝသည့် သူဌေးမတစ်ဦး ဖြစ်သည်။

သုန်မှုန်ကြောင်မလေး ရှာဖွေပေးခဲ့သည့် ငွေမှာ ဒေါ်လာ သန်း ၁၀၀ ခန့်ရှိသည်ဟူသော သတင်းများရှိသော်လည်း တာဘီသာကမူ ထိုမျှ များပြားခြင်းမရှိကြောင်း ပြောကြားသည်။ သို့သော် မည်မျှရှိကြောင်းကိုမူ တာဘီသာက ထုတ်ဖော်ပြောကြားခြင်းမရှိချေ။

သုန်မှုန်ကြောင်မလေး၏ ရုပ်ပုံများဖြင့် ဆက်လက်ကြော်ငြာနေသည်နှင့်အမျှ ဝင်ငွေများ ဆက်လက်ရရှိနေဦးမည် ဖြစ်သည်။

2. (ဂန်သာ ဖိုး)

ဂန်သာ (၄) သည် ဂျာမာန်သိုးထိန်းခွေးမျိုးဖြစ်ပြီး သူ၏ဖခင် ဂန်သာ (၃) ခွေးကြီးထံမှ ကန်ဒေါ်လာ သန်း ၃၀၀ ကျော် အမွေရထားသည့် ခွေးကလေး ဖြစ်သည်။

ဂန်သာ (၃) ကို ပိုင်ဆိုင်ခဲ့သူမှာ ဂျာမန် မြို့စားကတော် ကာလော့တာ လေဘန်စတိန်းဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် ကွယ်လွန်ခဲ့ကာ သူမ၏ ခွေးကလေး ဂန်သာ (၃) အတွက် ကန်ဒေါ်လာ ၆၅ သန်းမှ သန်း ၈၀ အကြား အမွေချန်ထားရစ်ခဲ့သည်။

အဆိုပါငွေများကို ဘဟားမားရှိ ဥပဒေအဖွဲ့က ဂန်သာ (၃) ခွေးကလေးအတွက် ဘဟားမား၊ အီတလီနှင့် ဂျာမနီတို့ရှိ အိမ်ခြံမြေများ အပါအဝင် ရင်းနှီးမြှုပ်နှံမှု များစွာ ပြုလုပ်ပေးထားခဲ့ရာ အမေရိကန်ပြည်ထောင်စု၊ မီယာမီရှိ စံအိမ်တစ်လုံးကို ဝယ်ယူထားခြင်းလည်း ပါဝင်သည်။

ဂန်သာ (၃) သေဆုံးသောအခါ သားဖြစ်သူ ခွေးကလေး ဂန်သာ (၄) က ကန်ဒေါ်လာ ၃၂၄ သန်းခန့် အမွေဆက်ခံရရှိခဲ့သည်။

ဂန်သာ (၄) တွင် ကိုယ်ပိုင် ဘီအမ်ဒဗလျူ မော်တော်ကားရှိပြီး သီးသန့်စားဖိုမှူးနှင့် သူ၏နေ့စဉ်တာဝန်များ ထမ်းဆောင်ရန် ဝန်ထမ်းများ ခန့်အပ်ထားသည်။

3. (အော်ပရာ ဝင်းဖရေး၏ ခွေးများ)

ကမ္ဘာကျော် ရုပ်သံတင်ဆက်သူ၊ ရုပ်ရှင်မင်းသမီး အော်ပရာဝင်းဖရေးတွင် အင်္ဂလိပ် စပရင်ဂျာ စပယ်နီယယ်ခွေးမျိုးများ မွေးမြူထားပြီး ဆာဒီး၊ ဆန်နီ၊ လော်ရန်၊ လေလာနှင့် လုခ်ဟု အမည်ပေးထားသည်။ အော်ပရာဝင်းပရေးသည် ကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံခန့် ကြွယ်ဝသူဖြစ်ပြီး သူ၏ ခွေးများကို ပြုစုစောင့်ရှောက်ရန် ကန်ဒေါ်လာ သန်း ၃၀ ခန့် ဘဏ်စာရင်းဖွင့်ပေးထားသည်။

4. (ဂြိုဟ်ကောင်လေး)

အမေရိကန်စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး လီယိုနာ ဟမ်းစလေ ၂၀၀၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ချိန်၌ သူ၏ Maltese တယ်ရီယာခွေးကလေးအတွက် ကန်ဒေါ်လာ ၁၂ သန်းပေးအပ်ခဲ့ကြောင်း သေတမ်းစာတွင် ထည့်သွင်းရေးသားသွားခဲ့သည်။

သို့သော် ဟမ်စလေ၏ မြေးများက အဆိုပါသေတမ်းစာနှင့်စပ်လျဉ်းပြီး တရားစွဲတင်ပြခဲ့ရာ နယူးယောက်ပြည်နယ် ရှေ့နေချုပ်ရုံးက ခွေးကလေး၏ အမွေကို ကန်ဒေါ်လာ တစ်သန်းခွဲသို့ လျှော့ချခဲ့သည်။ “ဂြိုဟ်ကောင်လေး”အမည်ရှိ အဆိုပါခွေးကလေးကို ဖလော်ရီဒါရှိ Helmsley Sandcastle ဟိုတယ်မှ မန်နေဂျာက စောင့်ရှောက်ပေးခဲ့ပြီး အသက် ၁၂ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။

5. (ရှူးပက်)

ကမ္ဘာကျော် ပြင်သစ် ဖက်ရှင်ကုမ္ပဏီကြီး Chanel ၏ ဖန်တီးမှုဒါရိုက်တာ၊ ဂျာမန်လူမျိုး ဖက်ရှင်ဒီဇိုင်နာ ကားလ် လာဂါဖက်ဒ်၏ ဘားမန်းအမျိုးအစား ကြောင်ဖြူကလေး ရှူးပက်သည် ကြော်ငြာ ၂ ခုတွင် ပါဝင်ခဲ့မှုအတွက် ကန်ဒေါ်လာ ၃ သန်းကျော်ရခဲ့သည့် ကြောင်ကလေးဖြစ်သည်။

ကြော်ငြာတစ်ခုမှာ ဂျာမာန်မော်တော်ကားကုမ္ပဏီ Opel Corsa အတွက်ဖြစ်ပြီး အခြားတစ်ခုမှာ ဂျပန်အလှကုန်တစ်ခုအတွက် ဖြစ်သည်။

ကားလ် လာဂါဖက်ဒ်က သူ၏ ကြောင်မလေးအတွက် ဝန်ထမ်း ၂ ဦး ငှားရမ်းပေးထားသည်။ ကြောင်မလေးနှင့်အတူ ဆော့ကစားရန်နှင့် ဝေယာဝစ္စများ လုပ်ကိုင်ပေးရန်ဖြစ်သည်။ ထို့အပြင် ကြောင်မလေးအတွက် သီးသန့် စားဖိုမှူးနှင့် ဆံသဆရာတစ်ဦးလည်း ရှိသည်။

လာဂါဖက်ဒ်က ရှူးပက်ကို စိန်များပင် ဝယ်ယူလက်ဆောင်ပေးထားသည်။

ရှူးပက်သည် ကမ္ဘာပေါ်ရှိ နာမည်ကြီး မော်ဒယ်များစွာနှင့်အတူ ဓာတ်ပုံရိုက်ဖူးသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကားလ် လာဂါဖက်ဒ် ကွယ်လွန်သောအခါ သူ၏ ပိုင်ဆိုင်မှု ကန်ဒေါ်လာ သန်း ၃၀၀ အနက် ရှူးပက်အတွက် အမွေများ ချန်ထားရစ်ခဲ့ပြီး မည်မျှအမွေပေးခဲ့သည်ကိုမူ မသိရချေ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

ကိုယ္ပိုင္အိမ္ျခံေျမမ်ား၊ ေဒၚလာ သန္းရာခ်ီသည့္ အေမြ၊ ဘဏ္စာရင္း၊ ေဖ့စ္ဘုတ္စာမ်က္ႏွာမ်ားရွိၾကသည့္ ကမၻာ့အခ်မ္းသာဆံုး အိမ္ေမြး တိရစၦာန္မ်ား

တိရစၦာန္ဘဝသို႔ ေရာက္သည့္တိုင္ ကံအေကာင္းဆံုးၾကံဳရသည္မွာ ခ်မ္းသာၾကြယ္ဝေသာသူမ်ား ပိုင္ဆိုင္ၾကသည့္ အိမ္ေမြးတိရ စၦာန္မ်ား ျဖစ္ျပီး ၎တို႔ကြယ္လြန္လွ်င္ ေသတမ္းစာအတြင္းတြင္ပင္ ထည့္သြင္းေရးသားကာ အေမြေပးမႈမ်ား ရွိသည္။

အခ်ဳိ႕ အိမ္ေမြးတိရ စၦာန္မ်ားကမူ ေဒၚလာသန္းႏွင့္ခ်ီသည့္ ကိုယ္ပိုင္ဝင္ေငြရွိျပီး ပိုင္ရွင္မ်ားအတြက္ ေငြရွာေပးႏိုင္သည္မ်ားပင္ ရွိသည္။

ထိုသို႔ေသာ အိမ္ေမြးတိရ စၦာန္မ်ားအနက္မွ ကမၻာေက်ာ္အခ်ဳိ႕ကို ေဖာ္ျပအပ္ပါသည္။

1. (သုန္မႈန္ေၾကာင္)

တရုတ္မ်ဳိးရင္းျဖစ္ကာ ထိုင္းႏိုင္ငံတြင္ ပ်ံ႕ပြားခဲ့ေသာ အာရွ Siamese ေၾကာင္မ်ဳိး၊ အျမဲသုန္မႈန္ေနသည့္ မ်က္ႏွာႏွင့္ အိမ္ေမြးေၾကာင္ တစ္ေကာင္သည္ ၂၀၁၂ ခုႏွစ္အတြင္း အင္တာနက္တြင္ ေက်ာ္ၾကားခဲ့သည္။

သုန္မႈန္ေၾကာင္၏ အမည္ရင္းမွာ “တာဒါ ေဆာ့စ္” ျဖစ္ျပီး ၂၀၁၂ ခုႏွစ္တြင္ ေမြးဖြားခဲ့ကာ ပုကြကြေၾကာင္မတစ္ေကာင္ ျဖစ္သည္။

သုန္မႈန္ေၾကာင္မေလးကို စာအုပ္မ်ား၊ အဝတ္အထည္မ်ား၊ ရွဴးဖိနပ္မ်ား၊ ေရေမႊးႏွင့္ ျပကၡဒိန္မ်ား(ယခုေဖာ္ျပထားသည္မွာ အနည္းငယ္မွ်သာ ရွိေသးသည္) တြင္ ေၾကာ္ျငာအျဖစ္ ပါဝင္ရန္ သူ၏ သခင္မ်ားက ခြင့္ျပဳခဲ့သည္။

သုန္မႈန္ေၾကာင္မေလးတြင္ ကိုယ္ပိုင္ဝက္ဘ္ဆိုက္၊ တြစ္တာ၊ အင္စတာဂရမ္ႏွင့္ ေဖ့စ္ဘုတ္အေကာင့္မ်ားရွိသည္။

သုန္မႈန္ေၾကာင္မေလးသည္ အသက္ ၇ ႏွစ္အရြယ္၊ ၂၀၁၉ ခုႏွစ္ ေမလတြင္ ေသဆံုးသြားခဲ့ျပီး သခင္ျဖစ္သူ တာဘီသာ ဘြန္ဒန္ဆန္ကို ခ်န္ရစ္သည္။

တာဘီသာသည္ ခ်မ္းသာၾကြယ္ဝသည့္ သူေဌးမတစ္ဦး ျဖစ္သည္။

သုန္မႈန္ေၾကာင္မေလး ရွာေဖြေပးခဲ့သည့္ ေငြမွာ ေဒၚလာ သန္း ၁၀၀ ခန္႔ရွိသည္ဟူေသာ သတင္းမ်ားရွိေသာ္လည္း တာဘီသာကမူ ထိုမွ် မ်ားျပားျခင္းမရွိေၾကာင္း ေျပာၾကားသည္။ သို႔ေသာ္ မည္မွ်ရွိေၾကာင္းကိုမူ တာဘီသာက ထုတ္ေဖာ္ေျပာၾကားျခင္းမရွိေခ်။

သုန္မႈန္ေၾကာင္မေလး၏ ရုပ္ပံုမ်ားျဖင့္ ဆက္လက္ေၾကာ္ျငာေနသည္ႏွင့္အမွ် ဝင္ေငြမ်ား ဆက္လက္ရရွိေနဦးမည္ ျဖစ္သည္။

2. (ဂန္သာ ဖိုး)

ဂန္သာ (၄) သည္ ဂ်ာမာန္သိုးထိန္းေခြးမ်ဳိးျဖစ္ျပီး သူ၏ဖခင္ ဂန္သာ (၃) ေခြးၾကီးထံမွ ကန္ေဒၚလာ သန္း ၃၀၀ ေက်ာ္ အေမြရထားသည့္ ေခြးကေလး ျဖစ္သည္။

ဂန္သာ (၃) ကို ပိုင္ဆိုင္ခဲ့သူမွာ ဂ်ာမန္ ျမိဳ႕စားကေတာ္ ကာေလာ့တာ ေလဘန္စတိန္းျဖစ္ျပီး ၁၉၉၁ ခုႏွစ္တြင္ ကြယ္လြန္ခဲ့ကာ သူမ၏ ေခြးကေလး ဂန္သာ (၃) အတြက္ ကန္ေဒၚလာ ၆၅ သန္းမွ သန္း ၈၀ အၾကား အေမြခ်န္ထားရစ္ခဲ့သည္။

အဆိုပါေငြမ်ားကို ဘဟားမားရွိ ဥပေဒအဖြဲ႔က ဂန္သာ (၃) ေခြးကေလးအတြက္ ဘဟားမား၊ အီတလီႏွင့္ ဂ်ာမနီတို႔ရွိ အိမ္ျခံေျမမ်ား အပါအဝင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားစြာ ျပဳလုပ္ေပးထားခဲ့ရာ အေမရိကန္ျပည္ေထာင္စု၊ မီယာမီရွိ စံအိမ္တစ္လံုးကို ဝယ္ယူထားျခင္းလည္း ပါဝင္သည္။

ဂန္သာ (၃) ေသဆံုးေသာအခါ သားျဖစ္သူ ေခြးကေလး ဂန္သာ (၄) က ကန္ေဒၚလာ ၃၂၄ သန္းခန္႔ အေမြဆက္ခံရရွိခဲ့သည္။

ဂန္သာ (၄) တြင္ ကိုယ္ပိုင္ ဘီအမ္ဒဗလ်ဴ ေမာ္ေတာ္ကားရွိျပီး သီးသန္႔စားဖိုမွဴးႏွင့္ သူ၏ေန႔စဥ္တာဝန္မ်ား ထမ္းေဆာင္ရန္ ဝန္ထမ္းမ်ား ခန္႔အပ္ထားသည္။

3. (ေအာ္ပရာ ဝင္းဖေရး၏ ေခြးမ်ား)

ကမၻာေက်ာ္ ရုပ္သံတင္ဆက္သူ၊ ရုပ္ရွင္မင္းသမီး ေအာ္ပရာဝင္းဖေရးတြင္ အဂၤလိပ္ စပရင္ဂ်ာ စပယ္နီယယ္ေခြးမ်ဳိးမ်ား ေမြးျမဴထားျပီး ဆာဒီး၊ ဆန္နီ၊ ေလာ္ရန္၊ ေလလာႏွင့္ လုခ္ဟု အမည္ေပးထားသည္။ ေအာ္ပရာဝင္းပေရးသည္ ကန္ေဒၚလာ ၂ ဒသမ ၆ ဘီလီယံခန္႔ ၾကြယ္ဝသူျဖစ္ျပီး သူ၏ ေခြးမ်ားကို ျပဳစုေစာင့္ေရွာက္ရန္ ကန္ေဒၚလာ သန္း ၃၀ ခန္႔ ဘဏ္စာရင္းဖြင့္ေပးထားသည္။

4. (ျဂိဳဟ္ေကာင္ေလး)

အေမရိကန္စီးပြားေရးလုပ္ငန္းရွင္ အမ်ဳိးသမီး လီယိုနာ ဟမ္းစေလ ၂၀၀၇ ခုႏွစ္တြင္ ကြယ္လြန္ခဲ့ခ်ိန္၌ သူ၏ Maltese တယ္ရီယာေခြးကေလးအတြက္ ကန္ေဒၚလာ ၁၂ သန္းေပးအပ္ခဲ့ေၾကာင္း ေသတမ္းစာတြင္ ထည့္သြင္းေရးသားသြားခဲ့သည္။

သို႔ေသာ္ ဟမ္စေလ၏ ေျမးမ်ားက အဆိုပါေသတမ္းစာႏွင့္စပ္လ်ဥ္းျပီး တရားစြဲတင္ျပခဲ့ရာ နယူးေယာက္ျပည္နယ္ ေရွ႕ေနခ်ဳပ္ရံုးက ေခြးကေလး၏ အေမြကို ကန္ေဒၚလာ တစ္သန္းခြဲသို႔ ေလွ်ာ့ခ်ခဲ့သည္။ “ျဂိဳဟ္ေကာင္ေလး”အမည္ရွိ အဆိုပါေခြးကေလးကို ဖေလာ္ရီဒါရွိ Helmsley Sandcastle ဟိုတယ္မွ မန္ေနဂ်ာက ေစာင့္ေရွာက္ေပးခဲ့ျပီး အသက္ ၁၂ ႏွစ္အရြယ္တြင္ ကြယ္လြန္သြားခဲ့သည္။

5. (ရွဴးပက္)

ကမၻာေက်ာ္ ျပင္သစ္ ဖက္ရွင္ကုမၸဏီၾကီး Chanel ၏ ဖန္တီးမႈဒါရိုက္တာ၊ ဂ်ာမန္လူမ်ဳိး ဖက္ရွင္ဒီဇိုင္နာ ကားလ္ လာဂါဖက္ဒ္၏ ဘားမန္းအမ်ဳိးအစား ေၾကာင္ျဖဴကေလး ရွဴးပက္သည္ ေၾကာ္ျငာ ၂ ခုတြင္ ပါဝင္ခဲ့မႈအတြက္ ကန္ေဒၚလာ ၃ သန္းေက်ာ္ရခဲ့သည့္ ေၾကာင္ကေလးျဖစ္သည္။

ေၾကာ္ျငာတစ္ခုမွာ ဂ်ာမာန္ေမာ္ေတာ္ကားကုမၸဏီ Opel Corsa အတြက္ျဖစ္ျပီး အျခားတစ္ခုမွာ ဂ်ပန္အလွကုန္တစ္ခုအတြက္ ျဖစ္သည္။

ကားလ္ လာဂါဖက္ဒ္က သူ၏ ေၾကာင္မေလးအတြက္ ဝန္ထမ္း ၂ ဦး ငွားရမ္းေပးထားသည္။ ေၾကာင္မေလးႏွင့္အတူ ေဆာ့ကစားရန္ႏွင့္ ေဝယာဝစၥမ်ား လုပ္ကိုင္ေပးရန္ျဖစ္သည္။ ထို႔အျပင္ ေၾကာင္မေလးအတြက္ သီးသန္႔ စားဖိုမွဴးႏွင့္ ဆံသဆရာတစ္ဦးလည္း ရွိသည္။

လာဂါဖက္ဒ္က ရွဴးပက္ကို စိန္မ်ားပင္ ဝယ္ယူလက္ေဆာင္ေပးထားသည္။

ရွဴးပက္သည္ ကမၻာေပၚရွိ နာမည္ၾကီး ေမာ္ဒယ္မ်ားစြာႏွင့္အတူ ဓာတ္ပံုရိုက္ဖူးသည္။

၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ ကားလ္ လာဂါဖက္ဒ္ ကြယ္လြန္ေသာအခါ သူ၏ ပိုင္ဆိုင္မႈ ကန္ေဒၚလာ သန္း ၃၀၀ အနက္ ရွဴးပက္အတြက္ အေမြမ်ား ခ်န္ထားရစ္ခဲ့ျပီး မည္မွ်အေမြေပးခဲ့သည္ကိုမူ မသိရေခ်။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service