ဖိလစ်ပိုင်တွင် ထိပ်တန်းအိမ်ခြံမြေရှာဖွေသူများမှာ အမျိုးသမီးငယ်များဖြစ်

ဖိလစ်ပိုင်တွင် ထိပ်တန်းအိမ်ခြံမြေရှာဖွေသူများမှာ အမျိုးသမီးငယ်များဖြစ် - Property News in Myanmar from iMyanmarHouse.com
16 Mar 2020 10:06 am တွင် တင်ခဲ့သည်
583 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ဖိလစ်ပိုင်နိုင်ငံတွင် အွန်လိုင်းအိမ်ခြံမြေအကျိုးဆောင် လာမူဒီက အသက် ၂၅ နှစ်မှ ၃၄ နှစ်အကြားရှိ ဖိလစ်ပိုင်အမျိုးသမီးငယ်များအား နိုင်ငံ့ထိပ်တန်းအိမ်ခြံမြေရှာဖွေသူများအဖြစ် ခေါ်ဝေါ်လိုက်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံအတွင်း ရောင်းချရမှုများ၏ ၅၀ ရာခိုင်နှုန်းတွင် ထိုအမျိုးသမီးငယ်များက ဝယ်လက်ဖြစ်ခဲ့ကြခြင်းကြောင့်ဖြစ်‌ကြောင်းနှင့် ထို့အပြင် ဝယ်လက်အားလုံးတွင် ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်း ဘလွန်းဘတ်သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

“ဖိလစ်ပိုင်အမျိုးသမီးတွေ အသက်ငယ်ငယ်မှာတင် အိမ်ဝယ်ဖို့စိတ်ဝင်စားလာကြပါပြီ။ သူတို့အသက် ၃၀ ဝန်းကျင်မှာ ငွေကြေးအတန်အသင့်ရှိလာကြတာကြောင့်ရယ် ဘဝတစ်ဆစ်ချိုးတက်လှမ်းလာတာကြောင့် အိမ်ဝယ်ဖို့စုံစမ်းမှုတွေ လုပ်ဆောင်လာကြပါတယ်။” ဟု လာမူဒီက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ဗဟိုဘဏ်မှယခုနောက်ဆုံးထုတ်ပြန်ထားသည့် အချက်အလက်များအရ ဖိလစ်ပိုင်တွင် လူနေအိမ်ခြံမြေဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ် တတိယသုံးလပတ်အတွင်း ၂၀၁၈ ကာလတူထက် ၉ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ ငှားရမ်းခများသည်လည်း ၂၀၁၉ တွင် ၇ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဝန်ထမ်းများက ၎င်းတို့လုပ်ငန်းခွင်များနှင့်နီးသောနေရာများတွင် နေထိုင်ရန်ငှားရမ်းလာကြ၍ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အိမ်ခြံမြေကုမ္ပဏီ Colliers International Group နှင့်ပူးပေါင်း၍ ထုတ်ပြန်ခဲ့သော လာမူဒီ၏ အစီရင်ခံစာက “၂၀၁၆ မှ ၂၀၁၈ အထိ နှစ်စဉ်ပေါ်ပေါက်ခဲ့သော တိုက်ခန်းအရေအတွက်ကို သိသိသာသာကျော်လွန်၍ ယခု ၂၀၂၀ ပြည့်နှစ်အတွင်း တိုက်ခန်းပေါင်း ၁၅၆၁၀ ကျော်ဝန်းကျင် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ သို့သော်လည်း မြင့်တက်လာသောလူဦးရေကို ဖြည့်ဆည်းပေးနိုင်မည့် အခြေခံအဆောက်အအုံမရှိပါက ထိုရောင်းလိုအားက ပြဿနာများဖြစ်စေမည်ဖြစ်ကြာင်း” လည်း ခန့်မှန်းထားသည်။

“၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ရထားလမ်းများ၊ ကားလမ်းများနှင့် မြေအောက်ရထားလမ်းများ မပြီးစီးမီအထိ နိုင်ငံ၏အဓိကစီးပွားရေးနယ်မြေများတွင် ဆိုးရွားသောလမ်းပိတ်ဆို့မှုများနှင့်ကြုံတွေ့ရမည်ဖြစ်သည်။ ယင်းက ၎င်းစီးပွားရေးအချက်အချာနေရာများအနီး ပူးတွဲလူနေအဆောက်အအုံများဆောက်လုပ်မည့် developer (မြေယာဝယ်ယူ၍အဆောက်အအုံဆောက်လုပ်ရောင်းချသူ) များ၏ အစီအစဉ်များကို အားပေးရာရောက်သည်။” ဟုလည်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Developer များ စိတ်ဝင်စားနေကြသည့် နောက်ထပ်ဈေးကွက်မှာ တက္ကသိုလ်များအနီး ကွန်ဒိုများဖြစ်သည်။ မြို့တော်မနီလာတွင် ပျမ်းမျှအဆောင်အိပ်ခန်းငှားခမှာ ၁ လျှင် ဖိလစ်ပိုင်ပီဆို ၄,၀၀၀ (အမေရိကန်‌ဒေါ်လာ ၇၉) မှ ဖိလစ်ပိုင်ပီဆို ၆,၀၀၀ အကြားရှိသည်။

လစဉ်ရုံးဆင်းရုံးတက်ခရီးစရိတ်မှာ ဖိလစ်ပိုင်ပီဆို ၄,၅၀၀ အထက်တွင် ရှိပေသည်။ ထို့ကြောင့် ဝန်ထမ်းများက လုပ်ငန်းခွင်နှင့်နီးသောနေရာတွင် ငှားရမ်းနေထိုင်လိုလာကြခြင်းဖြစ်သည်ဟုလည်း ဖော်ပြထား‌‌ကြောင်း သိရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

ဖိလစ္ပိုင္တြင္ ထိပ္တန္းအိမ္ၿခံေျမရွာေဖြသူမ်ားမွာ အမ်ိဳးသမီးငယ္မ်ားျဖစ္

ဖိလစ္ပိုင္ႏိုင္ငံတြင္ အြန္လိုင္းအိမ္ၿခံေျမအက်ိဳးေဆာင္ လာမူဒီက အသက္ ၂၅ ႏွစ္မွ ၃၄ ႏွစ္အၾကားရွိ ဖိလစ္ပိုင္အမ်ိဳးသမီးငယ္မ်ားအား ႏိုင္ငံ့ထိပ္တန္းအိမ္ၿခံေျမရွာေဖြသူမ်ားအျဖစ္ ေခၚေဝၚလိုက္ေၾကာင္း၊ အဘယ္ေၾကာင့္ဆိုေသာ္ ႏိုင္ငံအတြင္း ေရာင္းခ်ရမႈမ်ား၏ ၅၀ ရာခိုင္ႏႈန္းတြင္ ထိုအမ်ိဳးသမီးငယ္မ်ားက ဝယ္လက္ျဖစ္ခဲ့ၾကျခင္းေၾကာင့္ျဖစ္‌ေၾကာင္းႏွင့္ ထို႔အျပင္ ဝယ္လက္အားလုံးတြင္ ၆၀ ရာခိုင္ႏႈန္းမွာ အမ်ိဳးသမီးမ်ားျဖစ္ေၾကာင္း ဘလြန္းဘတ္သတင္းတစ္ရပ္တြင္ ေဖာ္ျပခဲ့သည္။

“ဖိလစ္ပိုင္အမ်ိဳးသမီးေတြ အသက္ငယ္ငယ္မွာတင္ အိမ္ဝယ္ဖို႔စိတ္ဝင္စားလာၾကပါၿပီ။ သူတို႔အသက္ ၃၀ ဝန္းက်င္မွာ ေငြေၾကးအတန္အသင့္ရွိလာၾကတာေၾကာင့္ရယ္ ဘဝတစ္ဆစ္ခ်ိဳးတက္လွမ္းလာတာေၾကာင့္ အိမ္ဝယ္ဖို႔စုံစမ္းမႈေတြ လုပ္ေဆာင္လာၾကပါတယ္။” ဟု လာမူဒီက ေျပာၾကားခဲ့သည္။

ဖိလစ္ပိုင္ဗဟိုဘဏ္မွယခုေနာက္ဆုံးထုတ္ျပန္ထားသည့္ အခ်က္အလက္မ်ားအရ ဖိလစ္ပိုင္တြင္ လူေနအိမ္ၿခံေျမေဈးႏႈန္းမ်ားသည္ ၿပီးခဲ့သည့္ႏွစ္ တတိယသုံးလပတ္အတြင္း ၂၀၁၈ ကာလတူထက္ ၉ ဒသမ ၅ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ေၾကာင္း သိရသည္။ ငွားရမ္းခမ်ားသည္လည္း ၂၀၁၉ တြင္ ၇ ဒသမ ၃ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ေၾကာင္း၊ အဘယ္ေၾကာင့္ဆိုေသာ္ ဝန္ထမ္းမ်ားက ၎တို႔လုပ္ငန္းခြင္မ်ားႏွင့္နီးေသာေနရာမ်ားတြင္ ေနထိုင္ရန္ငွားရမ္းလာၾက၍ျဖစ္ေၾကာင္း သိရသည္။

ကမာၻ႔အိမ္ၿခံေျမကုမၸဏီ Colliers International Group ႏွင့္ပူးေပါင္း၍ ထုတ္ျပန္ခဲ့ေသာ လာမူဒီ၏ အစီရင္ခံစာက “၂၀၁၆ မွ ၂၀၁၈ အထိ ႏွစ္စဥ္ေပၚေပါက္ခဲ့ေသာ တိုက္ခန္းအေရအတြက္ကို သိသိသာသာေက်ာ္လြန္၍ ယခု ၂၀၂၀ ျပည့္ႏွစ္အတြင္း တိုက္ခန္းေပါင္း ၁၅၆၁၀ ေက်ာ္ဝန္းက်င္ ေပၚေပါက္လာမည္ျဖစ္ေၾကာင္း၊ သို႔ေသာ္လည္း ျမင့္တက္လာေသာလူဦးေရကို ျဖည့္ဆည္းေပးႏိုင္မည့္ အေျခခံအေဆာက္အအုံမရွိပါက ထိုေရာင္းလိုအားက ျပႆနာမ်ားျဖစ္ေစမည္ျဖစ္ၾကာင္း” လည္း ခန႔္မွန္းထားသည္။

“၂၀၂၂ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္အတြင္း ရထားလမ္းမ်ား၊ ကားလမ္းမ်ားႏွင့္ ေျမေအာက္ရထားလမ္းမ်ား မၿပီးစီးမီအထိ ႏိုင္ငံ၏အဓိကစီးပြားေရးနယ္ေျမမ်ားတြင္ ဆိုး႐ြားေသာလမ္းပိတ္ဆို႔မႈမ်ားႏွင့္ႀကဳံေတြ႕ရမည္ျဖစ္သည္။ ယင္းက ၎စီးပြားေရးအခ်က္အခ်ာေနရာမ်ားအနီး ပူးတြဲလူေနအေဆာက္အအုံမ်ားေဆာက္လုပ္မည့္ developer (ေျမယာဝယ္ယူ၍အေဆာက္အအုံေဆာက္လုပ္ေရာင္းခ်သူ) မ်ား၏ အစီအစဥ္မ်ားကို အားေပးရာေရာက္သည္။” ဟုလည္း အစီရင္ခံစာတြင္ ေဖာ္ျပခဲ့သည္။

Developer မ်ား စိတ္ဝင္စားေနၾကသည့္ ေနာက္ထပ္ေဈးကြက္မွာ တကၠသိုလ္မ်ားအနီး ကြန္ဒိုမ်ားျဖစ္သည္။ ၿမိဳ႕ေတာ္မနီလာတြင္ ပ်မ္းမွ်အေဆာင္အိပ္ခန္းငွားခမွာ ၁ လွ်င္ ဖိလစ္ပိုင္ပီဆို ၄,၀၀၀ (အေမရိကန္‌ေဒၚလာ ၇၉) မွ ဖိလစ္ပိုင္ပီဆို ၆,၀၀၀ အၾကားရွိသည္။

လစဥ္႐ုံးဆင္း႐ုံးတက္ခရီးစရိတ္မွာ ဖိလစ္ပိုင္ပီဆို ၄,၅၀၀ အထက္တြင္ ရွိေပသည္။ ထို႔ေၾကာင့္ ဝန္ထမ္းမ်ားက လုပ္ငန္းခြင္ႏွင့္နီးေသာေနရာတြင္ ငွားရမ္းေနထိုင္လိုလာၾကျခင္းျဖစ္သည္ဟုလည္း ေဖာ္ျပထား‌‌ေၾကာင္း သိရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။) Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service