ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
အမေရိကန်ပြည်တွင် ဧက ၃၀၀ ကျယ်ဝန်းကာ အဆောက်အအုံ ၂၂ လုံးပါဝင်သည့် တစ္ဆေမြို့တော်ကြီးတစ်ခုလုံးကို အိမ်တစ်လုံးစာ ဈေးနှုန်းမျှဖြင့် လုပ်ငန်းရှင်တစ်ဦးက ဝယ်ယူလိုက်သည်။
ကယ်လီဖိုးနီးယားပြည်နယ် အရှေ့ပိုင်း လုန်းပိုင်းအရပ်ရှိ ဆဲရိုဂေါ်ဒိုအမည်ရှိသော သတ္တုတွင်းမြို့တော်ဟောင်းနေရာ စည်ကားခဲ့သည့် နောက်ဆုံးကာလမှာ ၁၈၇၀ ပြည့်လွန်ကာလများက ဖြစ်ခဲ့ပြီး မြန်မာပြည်တွင် မင်းတုန်းမင်းခေတ် ဖြစ်သည်။ ယင်းနောက်ပိုင်းတွင်ကား လူသူကင်းမဲ့သည့် တစ္ဆေမြို့ပျက်ကြီးတစ်ခု ဖြစ်သွားသည်။
ယခုအခါတွင်ကား အဆိုပါအခြေအနေတို့ ပြောင်းလဲတော့မည် ဖြစ်သည်။
ဆဲရို ဂေါ်ဒိုမြို့ကို ဝယ်ယူရန် လေလံဆွဲသူများစွာရှိသော်လည်း လော့စ်အိန်ဂျလိမှ ရင်းနှီးမြှုပ်နှံသူ အုပ်စုတစ်ခုက ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းဖြင့် ဝယ်ယူနိုင်ခဲ့သည်။
ဧကပေါင်း ၃၀၀ ကျယ်ဝန်းပြီး အဆောက်အအုံပေါင်း ၂၂ လုံး ပါဝင်သည့်နေရာကြီးကို ဆန်ဖရန်စစ္စကိုတွင် နေအိမ်တစ်လုံး တန်ဖိုးမျှရှိသည့် ဈေးနှုန်းဖြင့် ဝယ်ယူလိုက်နိုင်ခြင်းလည်း ဖြစ်သည်။
ဆန်ဖရန်စစ္စကို၏ အရှေ့တောင်ဘက် မိုင် ၄၀၀ နှင့် လော့စ်အိန်ဂျလိမြို့၏ မြောက်ဘက် မိုင် ၂၀၀ ခန့် အကွာတွင် တည်ရှိသည်။
တစ္ဆေမြို့တော်ဟူသော တင်စားမှုနှင့် လိုက်လျောညီထွေရှိစွာပင် အရောင်းအဝယ်ဖြစ်သည့်နေ့မှာ အနောက်တိုင်းလောကီပညာတွင် အမှောင်နေ့ရက်ဖြစ်သော ၁၃ ရက်၊ သောကြာနေ့ဖြစ်သည်။
ဆဲရိုဂေါ်ဒိုသည် အင်ယိုတောင်တန်းကြီးများအနီးတွင် တည်ရှိပြီး တချိန်က ငွေ (silver) ထုတ်လုပ်သည့် သတ္တုတွင်းမြို့တော် ဖြစ်၏။
ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၈၅၀၀ တွင် တည်ရှိခြင်းကြောင့် မြေပြန့်တွင် နေထိုင်သူတို့ လည်ပတ်ပါက အောက်ဆီဂျင် နည်းပါးမှုကြောင့် ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း အစရှိသည့် မအီမသာ ခံစားရခြင်းမျိုး ခံစားရနိုင်သည်။ ၁၈၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နေ့ချင်းညချင်းဆိုသလို လူဦးရေ ၅၀၀၀ ခန့်အထိ နေထိုင်ခဲ့ကြသည်။
အဆိုပါနေရာသည် သူဌေးဖြစ် ခွေးဖြစ် အလွန်မြန်သည့်နေရာတစ်ခုဖြစ်ရာ အကြမ်းဖက်မှုများလည်း မကြာခဏ ပေါ်ပေါက်လေ့ရှိသည်။
“ခေတ်ကောင်းစဉ်တုန်းက ဒီနေရာမှာ ပျှမ်းမျှအားဖြင့် တစ်ပတ်ကို လူသတ်မှုတစ်ခုလောက် ဖြစ်ခဲ့ပါတယ်” ဟု အိမ်ခြံမြေ အကျိုးဆောင် ဂျိတ်ခ် ရက်စ်မူဆန်က ပြောကြားသည်။
ဝယ်ယူလိုက်သည့် ရင်းနှီးမြှုပ်နှံသူတို့က ပြောကြားရာတွင် ယခုနေရာကို မွမ်းမံထိန်းသိမ်းသွားမည်ဖြစ်ကာ အများပြည်သူတို့ လေ့လာကြည့်ရှုနိုင်အောင် စီစဉ်သွားမည်ဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ကို အခုထက် ဈေးပိုပေးတဲ့သူတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ရောင်းချသူဟာ အခုဝယ်လက်တွေရဲ့ ဒီနေရာနဲ့ ပတ်သက်တဲ့ အစီအစဉ်ကို နှစ်သက်တာကြောင့် ရောင်းချပေးလိုက်တာဖြစ်ပါတယ်” ဟု ရက်စ်မူဆန်က ပြောကြားသည်။ မြို့တော်ဟောင်းအတွင်း ဘုရားကျောင်းတစ်ခု၊ အလှပြင်ခန်းတစ်ခု၊ Belshaw Bunlhouse ဟု ခေါ်သော ဟိုတယ်တစ်လုံးနှင့် ကွပ်ကဲအုပ်ချုပ်ရေး အဆောက်အအုံတစ်လုံးလည်း ပါဝင်သည်။
အဆိုပါ မြို့တော်ကြီးကို မိသားစုတစ်ခုတည်းက ဆယ်စုနှစ်ပေါင်းများစွာ ပိုင်ဆိုင်ထားခဲ့ပြီး အနုပညာလက်ရာအများအပြားကိုလည်း ပြတိုက်ငယ်ကလေးတစ်ခုလုပ်ကာ ပြသထားသေးသည်။
အဆိုပါနေရာပြန်လည် စည်ကားလာရေးအတွက် စိန်ခေါ်မှုတစ်ခုမှာ ကုန်စုံဆိုင်တစ်ခုသာရှိသော အနီးဆုံးမြို့ငယ်ကလေးနှင့်ပင် ၂၅ မိုင်ခန့် ဝေးကွာပြီး ကတ္တရာလမ်းဖြင့် ၁၅ မိုင်၊ မြေလမ်းကြမ်း ၁၀ မိုင် ဖြစ်သည်။
ဝယ်ယူမှုကို ဦးဆောင်ခဲ့သူမှာ နယူးယောက်နှင့် လော့စ်အိန်ဂျလိတို့တွင် Jack Taylor အမည်ရှိ ကြော်ငြာကုမ္ပဏီတည်ထောင် လုပ်ကိုင်နေသူ အသက် ၃၇ နှစ်အရွယ်ရှိ ဂျွန် ဘိုင်ယာနှင့် တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့တွင် HK Austin အမည်ရှိ တည်းခိုအိမ် တည်ထောင်ထားသူ အသက် ၂၉ နှစ်အရွယ်ရှိ ဘရန့် အန်ဒါဝုဒ်တို့ ဖြစ်သည်။
၁၈၆၉ ခုနှစ်က ဆဲရိုဂေါ်ဒိုသည် ကယ်လီဖိုးနီးယားတွင် ငွေနှင့် ခဲ အများဆုံးထုတ်လုပ်သည့်နေရာဖြစ်ခဲ့ပြီး တစ်တန်လျှင် ကန်ဒေါ်လာ ၃၀၀ ခန့် ရရှိခဲ့သည်။
ပိုင်ရှင်သစ်တို့က ဆဲရိုဂေါ်ဒို ငွေတွင်းကြီးနေရာကို ကွန်ဖရန့် ဆွေးနွေးပွဲများကျင်းပသည့်နေရာ၊ ရုပ်ရှင်ရိုက်ကွင်းနေရာများအဖြစ် အသုံးပြုသွားမည်ဟု ခန့်မှန်းရသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
အေမရိကန္ျပည္တြင္ ဧက ၃၀၀ က်ယ္ဝန္းကာ အေဆာက္အအံု ၂၂ လံုးပါဝင္သည့္ တေစၦျမိဳ႕ေတာ္ၾကီးတစ္ခုလံုးကို အိမ္တစ္လံုးစာ ေစ်းႏႈန္းမွ်ျဖင့္ လုပ္ငန္းရွင္တစ္ဦးက ဝယ္ယူ
အေမရိကန္ျပည္တြင္ ဧက ၃၀၀ က်ယ္ဝန္းကာ အေဆာက္အအံု ၂၂ လံုးပါဝင္သည့္ တေစၦျမိဳ႕ေတာ္ၾကီးတစ္ခုလံုးကို အိမ္တစ္လံုးစာ ေစ်းႏႈန္းမွ်ျဖင့္ လုပ္ငန္းရွင္တစ္ဦးက ဝယ္ယူလိုက္သည္။
ကယ္လီဖိုးနီးယားျပည္နယ္ အေရွ႕ပိုင္း လုန္းပိုင္းအရပ္ရွိ ဆဲရိုေဂၚဒိုအမည္ရွိေသာ သတၱဳတြင္းျမိဳ႕ေတာ္ေဟာင္းေနရာ စည္ကားခဲ့သည့္ ေနာက္ဆံုးကာလမွာ ၁၈၇၀ ျပည့္လြန္ကာလမ်ားက ျဖစ္ခဲ့ျပီး ျမန္မာျပည္တြင္ မင္းတုန္းမင္းေခတ္ ျဖစ္သည္။ ယင္းေနာက္ပိုင္းတြင္ကား လူသူကင္းမဲ့သည့္ တေစၦျမိဳ႕ပ်က္ၾကီးတစ္ခု ျဖစ္သြားသည္။
ယခုအခါတြင္ကား အဆိုပါအေျခအေနတို႔ ေျပာင္းလဲေတာ့မည္ ျဖစ္သည္။
ဆဲရို ေဂၚဒိုျမိဳ႕ကို ဝယ္ယူရန္ ေလလံဆြဲသူမ်ားစြာရွိေသာ္လည္း ေလာ့စ္အိန္ဂ်လိမွ ရင္းႏွီးျမွဳပ္ႏွံသူ အုပ္စုတစ္ခုက ကန္ေဒၚလာ ၁ ဒသမ ၄ သန္းျဖင့္ ဝယ္ယူႏိုင္ခဲ့သည္။
ဧကေပါင္း ၃၀၀ က်ယ္ဝန္းျပီး အေဆာက္အအံုေပါင္း ၂၂ လံုး ပါဝင္သည့္ေနရာၾကီးကို ဆန္ဖရန္စစၥကိုတြင္ ေနအိမ္တစ္လံုး တန္ဖိုးမွ်ရွိသည့္ ေစ်းႏႈန္းျဖင့္ ဝယ္ယူလိုက္ႏိုင္ျခင္းလည္း ျဖစ္သည္။
ဆန္ဖရန္စစၥကို၏ အေရွ႕ေတာင္ဘက္ မိုင္ ၄၀၀ ႏွင့္ ေလာ့စ္အိန္ဂ်လိျမိဳ႕၏ ေျမာက္ဘက္ မိုင္ ၂၀၀ ခန္႔ အကြာတြင္ တည္ရွိသည္။
တေစၦျမိဳ႕ေတာ္ဟူေသာ တင္စားမႈႏွင့္ လိုက္ေလ်ာညီေထြရွိစြာပင္ အေရာင္းအဝယ္ျဖစ္သည့္ေန႔မွာ အေနာက္တိုင္းေလာကီပညာတြင္ အေမွာင္ေန႔ရက္ျဖစ္ေသာ ၁၃ ရက္၊ ေသာၾကာေန႔ျဖစ္သည္။
ဆဲရိုေဂၚဒိုသည္ အင္ယိုေတာင္တန္းၾကီးမ်ားအနီးတြင္ တည္ရွိျပီး တခ်ိန္က ေငြ (silver) ထုတ္လုပ္သည့္ သတၱဳတြင္းျမိဳ႕ေတာ္ ျဖစ္၏။
ပင္လယ္ေရမ်က္ႏွာျပင္ထက္ အျမင့္ေပ ၈၅၀၀ တြင္ တည္ရွိျခင္းေၾကာင့္ ေျမျပန္႔တြင္ ေနထိုင္သူတို႔ လည္ပတ္ပါက ေအာက္ဆီဂ်င္ နည္းပါးမႈေၾကာင့္ ေခါင္းကိုက္ျခင္း၊ ေအာ့အန္ျခင္း၊ မူးေဝျခင္း အစရွိသည့္ မအီမသာ ခံစားရျခင္းမ်ဳိး ခံစားရႏိုင္သည္။ ၁၈၆၇ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ျပီး ေန႔ခ်င္းညခ်င္းဆိုသလို လူဦးေရ ၅၀၀၀ ခန္႔အထိ ေနထိုင္ခဲ့ၾကသည္။
အဆိုပါေနရာသည္ သူေဌးျဖစ္ ေခြးျဖစ္ အလြန္ျမန္သည့္ေနရာတစ္ခုျဖစ္ရာ အၾကမ္းဖက္မႈမ်ားလည္း မၾကာခဏ ေပၚေပါက္ေလ့ရွိသည္။
“ေခတ္ေကာင္းစဥ္တုန္းက ဒီေနရာမွာ ပွ်မ္းမွ်အားျဖင့္ တစ္ပတ္ကို လူသတ္မႈတစ္ခုေလာက္ ျဖစ္ခဲ့ပါတယ္” ဟု အိမ္ျခံေျမ အက်ဳိးေဆာင္ ဂ်ိတ္ခ္ ရက္စ္မူဆန္က ေျပာၾကားသည္။
ဝယ္ယူလိုက္သည့္ ရင္းႏွီးျမွဳပ္ႏွံသူတို႔က ေျပာၾကားရာတြင္ ယခုေနရာကို မြမ္းမံထိန္းသိမ္းသြားမည္ျဖစ္ကာ အမ်ားျပည္သူတို႔ ေလ့လာၾကည့္ရႈႏိုင္ေအာင္ စီစဥ္သြားမည္ျဖစ္သည္ဟု ဆိုသည္။
“ကၽြန္ေတာ္တို႔ကို အခုထက္ ေစ်းပိုေပးတဲ့သူေတြရွိခဲ့ပါတယ္။ ဒါေပမယ့္ ေရာင္းခ်သူဟာ အခုဝယ္လက္ေတြရဲ႕ ဒီေနရာနဲ႔ ပတ္သက္တဲ့ အစီအစဥ္ကို ႏွစ္သက္တာေၾကာင့္ ေရာင္းခ်ေပးလိုက္တာျဖစ္ပါတယ္” ဟု ရက္စ္မူဆန္က ေျပာၾကားသည္။ ျမိဳ႕ေတာ္ေဟာင္းအတြင္း ဘုရားေက်ာင္းတစ္ခု၊ အလွျပင္ခန္းတစ္ခု၊ Belshaw Bunlhouse ဟု ေခၚေသာ ဟိုတယ္တစ္လံုးႏွင့္ ကြပ္ကဲအုပ္ခ်ဳပ္ေရး အေဆာက္အအံုတစ္လံုးလည္း ပါဝင္သည္။
အဆိုပါ ျမိဳ႕ေတာ္ၾကီးကို မိသားစုတစ္ခုတည္းက ဆယ္စုႏွစ္ေပါင္းမ်ားစြာ ပိုင္ဆိုင္ထားခဲ့ျပီး အႏုပညာလက္ရာအမ်ားအျပားကိုလည္း ျပတိုက္ငယ္ကေလးတစ္ခုလုပ္ကာ ျပသထားေသးသည္။
အဆိုပါေနရာျပန္လည္ စည္ကားလာေရးအတြက္ စိန္ေခၚမႈတစ္ခုမွာ ကုန္စံုဆိုင္တစ္ခုသာရွိေသာ အနီးဆံုးျမိဳ႕ငယ္ကေလးႏွင့္ပင္ ၂၅ မိုင္ခန္႔ ေဝးကြာျပီး ကတၱရာလမ္းျဖင့္ ၁၅ မိုင္၊ ေျမလမ္းၾကမ္း ၁၀ မိုင္ ျဖစ္သည္။
ဝယ္ယူမႈကို ဦးေဆာင္ခဲ့သူမွာ နယူးေယာက္ႏွင့္ ေလာ့စ္အိန္ဂ်လိတို႔တြင္ Jack Taylor အမည္ရွိ ေၾကာ္ျငာကုမၸဏီတည္ေထာင္ လုပ္ကိုင္ေနသူ အသက္ ၃၇ ႏွစ္အရြယ္ရွိ ဂၽြန္ ဘိုင္ယာႏွင့္ တကၠဆပ္ျပည္နယ္၊ ေအာ္စတင္ျမိဳ႕တြင္ HK Austin အမည္ရွိ တည္းခိုအိမ္ တည္ေထာင္ထားသူ အသက္ ၂၉ ႏွစ္အရြယ္ရွိ ဘရန္႔ အန္ဒါဝုဒ္တို႔ ျဖစ္သည္။
၁၈၆၉ ခုႏွစ္က ဆဲရိုေဂၚဒိုသည္ ကယ္လီဖိုးနီးယားတြင္ ေငြႏွင့္ ခဲ အမ်ားဆံုးထုတ္လုပ္သည့္ေနရာျဖစ္ခဲ့ျပီး တစ္တန္လွ်င္ ကန္ေဒၚလာ ၃၀၀ ခန္႔ ရရွိခဲ့သည္။
ပိုင္ရွင္သစ္တို႔က ဆဲရိုေဂၚဒို ေငြတြင္းၾကီးေနရာကို ကြန္ဖရန္႔ ေဆြးေႏြးပြဲမ်ားက်င္းပသည့္ေနရာ၊ ရုပ္ရွင္ရိုက္ကြင္းေနရာမ်ားအျဖစ္ အသံုးျပဳသြားမည္ဟု ခန္႔မွန္းရသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com