အမေရိကန်ထိပ်တန်းအင်ဂျင်နီယာလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီ Maser ကို Colliers International ဝယ်ယူ

အမေရိကန်ထိပ်တန်းအင်ဂျင်နီယာလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီ Maser ကို Colliers International ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
11 Mar 2020 10:25 am တွင် တင်ခဲ့သည်
575 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ကမ္ဘာ့ထိပ်တန်းကုန်သွယ်ရေးအိမ်ခြံမြေဝန်ဆောင်မှုနှင့်ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးကုမ္ပဏီ Colliers International က အမေရိကန်ထိပ်တန်း အင်ဂျင်နီယာဒီဇိုင်းနှင့်အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သော Maser Consulting P.A. ကို ဝယ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း မတ် ၉ တွင် ကြေညာလိုက်သည်။

Maser ၏ အကြီးတန်းခေါင်းဆောင်ပိုင်းသည် မပြောင်းမလဲဆက်လက်ရှိမည်ဖြစ်ကာ လုပ်ငန်းအမည်ကိုမူ Colliers Engineering Services အဖြစ် ၂၀၂၁ ခုနှစ် ပထမသုံးလပတ်မကုန်မီ ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။

အရောင်းအဝယ်သည် ယခု ၂၀၂၀ ခုနှစ် ဒုတိယသုံးလပတ်တွင် ပြီးစီးမည်ဟု ခန့်မှန်းရကာ အသေးစိတ်ကိုမူ မသိရှိရပေ။

နယူးဂျာစီပြည်နယ် Red Bank မြို့တွင် ရုံးချုပ်စိုက်သည့် Maser တွင် ပြည်နယ် ၁၂ ခု၌ ရုံးခွဲပေါင်း ၃၄ ခု ဖွင့်လှစ်ထားပြီး ဝန်ထမ်းဦးရေ ၁ ထောင်ကျော် ရှိသည်။

မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ ကွင်းဆင်းလေ့လာမှုနှင့် မြေမျက်နှာပြင်အချက်အလက်၊ ပို့ဆောင်ရေး၊ သောက်သုံးရေနှင့် ရေဆိုး၊ တယ်လီကွန်းဆက်သွယ်ရေးနှင့် ပထဝီသဘာဝပတ်ဝန်းကျင်ရေးရာ စသည့် နယ်ပယ်တို့အတွက် စီမံကိန်းရေးဆွဲခြင်း၊ အတိုင်ပင်ခံခြင်းနှင့် ဒီဇိုင်းဝန်ဆောင်မှုများစွာကို ဝန်ဆောင်ပေးလျက်ရှိသည်။

၎င်းကုမ္ပဏီသည် တစ်နှစ်လျှင် ‌အမေရိကန်ဒေါ်လာ ၁၆၇ သန်း ဝင်ငွေ ရှိပေသည်။

“Maser မှာ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ကျွန်တော်တို့ရဲ့ ပုဂ္ဂလိကနဲ့အများပြည်သူအိမ်ခြံမြေအခြေခံအဆောက်အအုံဖောက်သည်တွေအတွက် ပိုပြီးတန်ဖိုးမြင့်မားတဲ့ မရှိမဖြစ်ဝန်ဆောင်မှုတွေ ထပ်တိုးထည့်တဲ့ နည်းဗျူဟာမှာ နောက်ထပ်ခြေလှမ်းသစ်လှမ်းလိုက်တာပါပဲ။ ဒီအရောင်းအဝယ်ဟာ ကျွန်တော်တို့ကို အမေရိကန်အင်ဂျင်နီယာဒီဇိုင်းနဲ့အတိုင်ပင်ခံလုပ်ငန်းကဏ္ဍမှာလည်း အဓိကဦးဆောင်ကုမ္ပဏီတစ်ခုအဖြစ် ဖြစ်တည်စေပါတယ်။” ဟု Colliers International ၏ အမှုဆောင်အရာရှိချုပ်နှင့် ကမ္ဘာလုံးဆိုင်ရာဥက္ကဋ္ဌ ‌ဂျေးဟန်းနစ်ခ်က ပြောကြားခဲ့သည်။

နိုင်ငံပေါင်း ၆၈ နိုင်ငံတွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့် သက်တမ်း ၂၅ နှစ်ကျော်ရှိ Colliers တွင် ဝန်ထမ်း‌ပေါင်း ၁ သောင်းခွဲကျော် ရှိ‌ကာ ယင်းကုမ္ပဏီသည် ၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေအမေရိကန်‌‌‌‌ဒေါ်လာ ၃ ဘီလျံကျော် (လက်အောက်ခံကုမ္ပဏီများမှဝင်ငွေများအပါအဝင်ဆိုရသော် ၃ ဒသမ ဘီလျံကျော်) ရှိခဲ့ကြောင်း သိရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

အေမရိကန္ထိပ္တန္းအင္ဂ်င္နီယာလုပ္ငန္းဝန္ေဆာင္မႈကုမၸဏီ Maser ကို Colliers International ဝယ္ယူ

ကမာၻ႔ထိပ္တန္းကုန္သြယ္ေရးအိမ္ၿခံေျမဝန္ေဆာင္မႈႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈစီမံခန႔္ခြဲေရးကုမၸဏီ Colliers International က အေမရိကန္ထိပ္တန္း အင္ဂ်င္နီယာဒီဇိုင္းႏွင့္အတိုင္ပင္ခံကုမၸဏီတစ္ခုျဖစ္ေသာ Maser Consulting P.A. ကို ဝယ္ယူရန္ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ေၾကာင္း မတ္ ၉ တြင္ ေၾကညာလိုက္သည္။

Maser ၏ အႀကီးတန္းေခါင္းေဆာင္ပိုင္းသည္ မေျပာင္းမလဲဆက္လက္ရွိမည္ျဖစ္ကာ လုပ္ငန္းအမည္ကိုမူ Colliers Engineering Services အျဖစ္ ၂၀၂၁ ခုႏွစ္ ပထမသုံးလပတ္မကုန္မီ ေျပာင္းလဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

အေရာင္းအဝယ္သည္ ယခု ၂၀၂၀ ခုႏွစ္ ဒုတိယသုံးလပတ္တြင္ ၿပီးစီးမည္ဟု ခန႔္မွန္းရကာ အေသးစိတ္ကိုမူ မသိရွိရေပ။

နယူးဂ်ာစီျပည္နယ္ Red Bank ၿမိဳ႕တြင္ ႐ုံးခ်ဳပ္စိုက္သည့္ Maser တြင္ ျပည္နယ္ ၁၂ ခု၌ ႐ုံးခြဲေပါင္း ၃၄ ခု ဖြင့္လွစ္ထားၿပီး ဝန္ထမ္းဦးေရ ၁ ေထာင္ေက်ာ္ ရွိသည္။

ၿမိဳ႕ျပအင္ဂ်င္နီယာဘာသာရပ္၊ ကြင္းဆင္းေလ့လာမႈႏွင့္ ေျမမ်က္ႏွာျပင္အခ်က္အလက္၊ ပို႔ေဆာင္ေရး၊ ေသာက္သုံးေရႏွင့္ ေရဆိုး၊ တယ္လီကြန္းဆက္သြယ္ေရးႏွင့္ ပထဝီသဘာဝပတ္ဝန္းက်င္ေရးရာ စသည့္ နယ္ပယ္တို႔အတြက္ စီမံကိန္းေရးဆြဲျခင္း၊ အတိုင္ပင္ခံျခင္းႏွင့္ ဒီဇိုင္းဝန္ေဆာင္မႈမ်ားစြာကို ဝန္ေဆာင္ေပးလ်က္ရွိသည္။

၎ကုမၸဏီသည္ တစ္ႏွစ္လွ်င္ ‌အေမရိကန္ေဒၚလာ ၁၆၇ သန္း ဝင္ေငြ ရွိေပသည္။

“Maser မွာ ကြၽန္ေတာ္တို႔ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈဟာ ကြၽန္ေတာ္တို႔ရဲ႕ ပုဂၢလိကနဲ႔အမ်ားျပည္သူအိမ္ၿခံေျမအေျခခံအေဆာက္အအုံေဖာက္သည္ေတြအတြက္ ပိုၿပီးတန္ဖိုးျမင့္မားတဲ့ မရွိမျဖစ္ဝန္ေဆာင္မႈေတြ ထပ္တိုးထည့္တဲ့ နည္းဗ်ဴဟာမွာ ေနာက္ထပ္ေျခလွမ္းသစ္လွမ္းလိုက္တာပါပဲ။ ဒီအေရာင္းအဝယ္ဟာ ကြၽန္ေတာ္တို႔ကို အေမရိကန္အင္ဂ်င္နီယာဒီဇိုင္းနဲ႔အတိုင္ပင္ခံလုပ္ငန္းက႑မွာလည္း အဓိကဦးေဆာင္ကုမၸဏီတစ္ခုအျဖစ္ ျဖစ္တည္ေစပါတယ္။” ဟု Colliers International ၏ အမႈေဆာင္အရာရွိခ်ဳပ္ႏွင့္ ကမာၻလုံးဆိုင္ရာဥကၠ႒ ‌ေဂ်းဟန္းနစ္ခ္က ေျပာၾကားခဲ့သည္။

ႏိုင္ငံေပါင္း ၆၈ ႏိုင္ငံတြင္ လုပ္ငန္းလည္ပတ္ေဆာင္႐ြက္ေနသည့္ သက္တမ္း ၂၅ ႏွစ္ေက်ာ္ရွိ Colliers တြင္ ဝန္ထမ္း‌ေပါင္း ၁ ေသာင္းခြဲေက်ာ္ ရွိ‌ကာ ယင္းကုမၸဏီသည္ ၂၀၁၉ ခုႏွစ္အတြင္း ဝင္ေငြအေမရိကန္‌‌‌‌ေဒၚလာ ၃ ဘီလ်ံေက်ာ္ (လက္ေအာက္ခံကုမၸဏီမ်ားမွဝင္ေငြမ်ားအပါအဝင္ဆိုရေသာ္ ၃ ဒသမ ဘီလ်ံေက်ာ္) ရွိခဲ့ေၾကာင္း သိရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service