လန်ဒန်မြို့တော်၏ အထင်ကရ Ritz ဟိုတယ်ကြီးကို ပရီးမီးယားလိဂ် ဘောလုံးပွဲများ၏ အဓိကစပွန်ဆာ ဘာကလေကုမ္ပဏီ သူဌေးကြီးက ပေါင် ၁ ဘီလီယံဖြင့် ရောင်းချမည်

လန်ဒန်မြို့တော်၏ အထင်ကရ Ritz ဟိုတယ်ကြီးကို ပရီးမီးယားလိဂ် ဘောလုံးပွဲများ၏ အဓိကစပွန်ဆာ ဘာကလေကုမ္ပဏီ သူဌေးကြီးက ပေါင် ၁ ဘီလီယံဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
10 Mar 2020 12:53 pm တွင် တင်ခဲ့သည်
823 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော်၏ အထင်ကရဖြစ်ပြီး နှစ်ပေါင်း ၁၁၄ နှစ်သက်တမ်းရှိပြီဖြစ်သော Ritz ဟိုတယ်ကြီးကို ပူးတွဲပိုင်ရှင် ဘီလျံနာကြီးက ရောင်းချရန် စဉ်းစားနေသော်လည်း ပေါင် ၁ ဘီလီယံအောက်နည်းပါးသော ဈေးနှုန်းဖြင့် ရောင်းချမည်မဟုတ်ကြောင်း ပြောကြားလိုက်သည်ဟု အင်္ဂလန်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။

ဘီလျံနာ ဆာ ဖရက်ဒရစ် ဘာကလေသည် အသက် ၈၅ နှစ်ရှိပြီဖြစ်သည်။

ဖရက်ဒရစ် ဘာကလေက အဆိုပါဟိုတယ်ကြီးကို သူ၏အမြွှာညီအစ်ကိုဖြစ်သော ဆာဒေးဗစ်ထံမှ ၁၉၉၅ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဘာကလေမိသားစုသည် တရားရုံးတွင် အမှုဖြစ်ပွားလျက်ရှိနေချိန်တွင် ဖရက်ဒရစ်က သူ၏ဟိုတယ်ကို ရောင်းချရန် စီစဉ်လာခြင်းလည်း ဖြစ်သည်။

ဆာဖရက်ဒရစ်က ပြောကြားရာတွင် သူ၏ တူဖြစ်သူက ဟိုတယ်အတွင်း လျှို့ဝှက်အသံဖမ်းကိရိယာ တပ်ဆင်ခဲ့ခြင်းကြောင့် မိမိမှာ လပေါင်းများစွာ အသံဖမ်းထောက်လှမ်းခြင်းခံခဲ့ရကြောင်း ပြောကြားသည်။

၁၉၉၅ ခုနှစ်အတွင်း ပေါင် ၇ ဒသမ ၅ သန်းကို ချက်လက်မှတ်ဖြင့် ရေးပေးပြီး လက်ငင်းငွေချေကာ ဝယ်ယူလိုက်သည်မှစပြီး Ritz ဟိုတယ်ကြီးနှင့် စပ်လျဉ်းပြီး များစွာဂုဏ်ယူခဲ့ရကြောင်း ဖရက်ဒရစ်က ပြောကြားသည်။

ဟိုတယ်တွင် ဝန်ထမ်းပေါင်း ၄၅၀ ခန့် တာဝန်ထမ်းဆောင်နေကြောင်း၊ ပေါင် ၁ ဘီလီယံကျော်ဖြင့် ဝယ်ယူရန် ကမ်းလှမ်းလာပါက ရောင်းချရန် စဉ်းစားသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော့်ရဲ့ တစ်ကိုယ်ရေ လုံခြုံမှုကို ချိုးဖောက်ဝင်ရောက်ပြီး ကျင့်ဝတ်မလျော်ညီတဲ့ လုပ်ရပ်တွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ် တုန်လှုပ် ဝမ်းနည်းမိပါတယ်။ ဒီလိုမိသားစုကြားက ကိစ္စတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ အားလုံး ရှေ့ဆက်နိုင်ကြမှာ ဖြစ်ပါတယ်”

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း အင်္ဂလန်တရားရုံးချုပ် ကြားနာစစ်ဆေးမှုတွင် ဖရက်ဒရစ်၏ သမီးဖြစ်သူ အာမန်ဒါက ပြောကြားရာတွင် ဦးလေးဖြစ်သူ ဆာဒေးဗစ်၏ သား ၃ ဦးဖြစ်သော အေလစ္စတာ၊ အိုင်ဒန်၊ ဟောင်းဝါ့ဒ်နှင့် အိုင်ဒန်၏ သား အင်ဒရူးတို့သည် မိမိတို့၏ သီးသန့် စကားပြောဆိုမှုများကို လျှို့ဝှက်အသံဖမ်းကိရိယာတပ်ဆင်ကာ လပေါင်းများစွာ အသံဖမ်းထားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ဆာဖရက်ဒရစ်တို့ သားအဖက ဆာဒေးဗစ်၏ သားများကို တစ်ကိုယ်ရေသတင်းအချက်အလက်များ အလွဲသုံးစားပြုလုပ်မှု၊ ယုံကြည်မှု အလွဲသုံးစားလုပ်မှု၊ အချက်အလက်ကာကွယ်ရေးဥပဒေချိုးဖောက်မှုများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဆာဖရက်ဒရစ်၏ တရားစွဲဆိုမှုတွင် ဘာကလေလုပ်ငန်းအုပ်စု၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဖိလစ်ပီတာလည်း ပါဝင်သေးသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

လန္ဒန္ျမိဳ႕ေတာ္၏ အထင္ကရ Ritz ဟိုတယ္ၾကီးကို ပရီးမီးယားလိဂ္ ေဘာလံုးပြဲမ်ား၏ အဓိကစပြန္ဆာ ဘာကေလကုမၸဏီ သူေဌးၾကီးက ေပါင္ ၁ ဘီလီယံျဖင့္ ေရာင္းခ်မည္

အဂၤလန္ႏိုင္ငံ၊ လန္ဒန္ျမိဳ ႔ေတာ္၏ အထင္ကရျဖစ္ျပီး ႏွစ္ေပါင္း ၁၁၄ ႏွစ္သက္တမ္းရွိျပီျဖစ္ေသာ Ritz ဟိုတယ္ၾကီးကို ပူးတြဲပိုင္ရွင္ ဘီလ်ံနာၾကီးက ေရာင္းခ်ရန္ စဥ္းစားေနေသာ္လည္း ေပါင္ ၁ ဘီလီယံေအာက္နည္းပါးေသာ ေစ်းႏႈန္းျဖင့္ ေရာင္းခ်မည္မဟုတ္ေၾကာင္း ေျပာၾကားလိုက္သည္ဟု အဂၤလန္အေျခစိုက္ သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပသည္။

ဘီလ်ံနာ ဆာဖရက္ဒရစ္ ဘာကေလသည္ အသက္ ၈၅ ႏွစ္ရွိျပီျဖစ္သည္။

ဖရက္ဒရစ္ ဘာကေလက အဆိုပါဟိုတယ္ၾကီးကို သူ၏အျမႊာညီအစ္ကိုျဖစ္ေသာ ဆာေဒးဗစ္ထံမွ ၁၉၉၅ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ဘာကေလမိသားစုသည္ တရားရံုးတြင္ အမႈျဖစ္ပြားလ်က္ရွိေနခ်ိန္တြင္ ဖရက္ဒရစ္က သူ၏ဟိုတယ္ကို ေရာင္းခ်ရန္စီစဥ္လာျခင္းလည္း ျဖစ္သည္။

ဆာဖရက္ဒရစ္က ေျပာၾကားရာတြင္ သူ၏ တူျဖစ္သူက ဟိုတယ္အတြင္း လွ်ိဳ ႔ဝွက္အသံဖမ္းကိရိယာတပ္ဆင္ခဲ့ျခင္းေၾကာင့္ မိမိမွာ လေပါင္းမ်ားစြာ အသံဖမ္းေထာက္လွမ္းျခင္းခံခဲ့ရေၾကာင္း ေျပာၾကားသည္။

၁၉၉၅ ခုႏွစ္အတြင္း ေပါင္ ၇ ဒသမ ၅ သန္းကို ခ်က္လက္မွတ္ျဖင့္ ေရးေပးျပီး လက္ငင္းေငြေခ်ကာ ဝယ္ယူလိုက္သည္မွစျပီး Ritz ဟုိတယ္ၾကီးႏွင့္ စပ္လ်ဥ္းျပီးမ်ားစြာဂုဏ္ယူခဲ့ရေၾကာင္း ဖရက္ဒရစ္က ေျပာၾကားသည္။

ဟိုတယ္တြင္ ဝန္ထမ္းေပါင္း ၄၅၀ ခန္႔ တာဝန္ထမ္းေဆာင္ေနေၾကာင္း၊ ေပါင္ ၁ ဘီလီယံေက်ာ္ျဖင့္ ဝယ္ယူရန္ ကမ္းလွမ္းလာပါက ေရာင္းခ်ရန္စဥ္းစားသြားမည္ျဖစ္ေၾကာင္းလည္း ၎က ဆက္လက္ေျပာၾကားသည္။

“ကၽြန္ေတာ့္ရဲ ႔ တစ္ကိုယ္ေရ လံုျခံဳမႈကို ခ်ဳိးေဖာက္ဝင္ေရာက္ျပီး က်င့္ဝတ္မေလ်ာ္ညီတဲ့ လုပ္ရပ္ေတြ ျဖစ္ေပၚခဲ့တဲ့အေပၚ တုန္လႈပ္ဝမ္းနည္းမိပါတယ္။ ဒီလိုမိသားစုၾကားက ကိစၥေတြကို ေျဖရွင္းႏိုင္လိမ့္မယ္လို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္။ ဒါဆိုရင္ကၽြန္ေတာ္တို႔အားလံုး ေရွ ႔ဆက္ႏိုင္ၾကမွာ ျဖစ္ပါတယ္”

ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း အဂၤလန္တရားရံုးခ်ဳပ္ ၾကားနာစစ္ေဆးမႈတြင္ ဖရက္ဒရစ္၏ သမီးျဖစ္သူ အာမန္ဒါက ေျပာၾကားရာတြင္ ဦးေလးျဖစ္သူ ဆာေဒးဗစ္၏ သား ၃ ဦးျဖစ္ေသာ ေအလစၥတာ၊ အိုင္ဒန္၊ ေဟာင္းဝါ့ဒ္ႏွင့္ အိုင္ဒန္၏ သား အင္ဒရူးတို႔သည္ မိမိတို႔၏ သီးသန္႔ စကားေျပာဆိုမႈမ်ားကို လွ်ိဳ ႔ဝွက္အသံဖမ္းကိရိယာတပ္ဆင္ကာ လေပါင္းမ်ားစြာ အသံဖမ္းထားခဲ့ေၾကာင္း ထြက္ဆိုခဲ့သည္။

ဆာဖရက္ဒရစ္တို႔ သားအဖက ဆာေဒးဗစ္၏ သားမ်ားကို တစ္ကိုယ္ေရသတင္းအခ်က္အလက္မ်ား အလြဲသံုးစားျပဳလုပ္မႈ၊ ယံုၾကည္မႈ အလြဲသံုးစားလုပ္မႈ၊ အခ်က္အလက္ကာကြယ္ေရးဥပေဒခ်ဳိးေဖာက္မႈမ်ားျဖင့္ တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။

ဆာဖရက္ဒရစ္၏ တရားစြဲဆိုမႈတြင္ ဘာကေလလုပ္ငန္းအုပ္စု၏ ဒါရိုက္တာတစ္ဦးျဖစ္သူ ဖိလစ္ပီတာလည္း ပါဝင္ေသးသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service