ပဲရစ်မြို့က ကမ္ဘာကျော်အီဖဲမျှော်စင်ကြီးကို ၂ ကြိမ်တိုင် ရောင်းစားသည့် လူလိမ်ကြီး

ပဲရစ်မြို့က ကမ္ဘာကျော်အီဖဲမျှော်စင်ကြီးကို ၂ ကြိမ်တိုင် ရောင်းစားသည့် လူလိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
10 Mar 2020 11:32 am တွင် တင်ခဲ့သည်
1769 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

တစ်ခုသော နံနက်ခင်းတစ်ခု။

အချိန်ကား ဒုတိယကမ္ဘာစစ်မီးကြီး မတောက်လောင်မီ ၁၄ နှစ်အလို။

ဗစ်တာ လပ်စ်တစ်သည် ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့တော်ရှိ ဟိုတယ်ခန်းတစ်ခုတွင် ကော်ဖီတစ်ခွက်ကို တစိမ့်စိမ့်အရသာခံရင်း သတင်းစာထဲမှ သတင်းထူးတစ်ပုဒ်ကို ဖတ်ရှုနေ၏။

အဘယ်သတင်းထူးနည်း။

ပဲရစ်မြို့တော်ရှိ အီဖဲမျှော်စင်ကြီး ကြံ့ခိုင်မှု မရှိတော့ကြောင်း၊ သံဖရိန်များမှာ သံချေးတက်နေပြီဖြစ်ရာ ငွေကြေးများစွာ အကုန်အကျခံကာ ပြုပြင်မွမ်းမံထိန်းသိမ်းမှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ သို့သော် ပြင်သစ်အစိုးရက အလွန်များပြားလှသည့် ကုန်ကျစရိတ်ကို မတတ်နိုင်ဖြစ်နေကြောင်း ရေးသားထားခြင်းဖြစ်၏။

သတင်းဆောင်းပါးအဆုံးတွင် စာရေးသူက အကြံပြုထားသည်မှာ မျှော်စင်ကြီးကို ရောင်းချလိုက်ခြင်းမှာ အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း အကြံပြုထားသည်။

ဆောင်းပါးအဆုံးတွင် ဗစ်တာ လပ်စ်တစ်၏ မျက်လုံးများ အရောင်တောက်သွား၏။

အီဖဲမျှော်စင်ကြီးကို ရောင်းစားမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

မှန်ပါသည်။ မျှော်စင်ကြီးကို ဗစ်တာ လပ်စ်တစ် မပိုင်ဆိုင်ပါ။

သို့သော် ယခု သင်ဖတ်ရှုနေသည်မှာ ကမ္ဘာ့လက်သံအပြောင်ဆုံး လူလိမ်ကြီးတစ်ယောက်အကြောင်းဖြစ်ပါသည်။

အဆောက်အအုံတစ်ခုနှင့် ပတ်သက်သည့် စီမံခန့်ခွဲခွင့် စာရွက်စာတမ်းများ ပြုလုပ်ရန်မှာ သူ့အတွက် အသေးအဖွဲမျှသာ ဖြစ်၏။

ဗစ်တာလပ်စ်တစ် ကျူးလွန်ခဲ့သော လိမ်လည်မှုများစွာအနက် အီဖဲမျှော်စင်ကြီးကို ရောင်းစားခဲ့ခြင်းမှာ စိတ်ဝင်စားဖွယ် အကောင်းဆုံးလည်း ဖြစ်သည်။ ……………

ဗစ်တာလပ်စ်တစ်သည် မည်သူနည်း။

ထောင်ကျခဲ့ပြီးနောက် စစ်ဆေးမေးမြန်းချက်များအရ ဗစ်တာလပ်စ်တစ်သည် သြစတြီးယား-ဟန်ဂေရီ အင်ပါယာအပိုင် ဟို့စ်တင်းဟူသည့် မြို့ငယ်ကလေး (ယနေ့ခေတ်တွင် ချက်သမ္မတနိုင်ငံပိုင်နက်) တွင် မွေးဖွားခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း သူ၏ ပြောဆိုချက်များကို တထစ်ချ ယုံကြည်နိုင်ဖွယ်ရန်ကား မရှိချေ။

သူ၏ မိသားစုသည် မြို့ကလေးတွင် အဆင်းရဲဆုံးမိသားစုများတွင် ပါဝင်သည်ဟု ဆိုသည်။

အချို့သူတို့က ပြောကြားရာတွင်မူ ဗစ်တာလပ်စ်တစ်သည် တော်ဝင်မျိုးနွှယ်မှ ဆင်းသက်လာသူတစ်ဦးဖြစ်ပြီး ဖခင်မှာ မြို့အုပ်တစ်ဦး ဖြစ်သည်ဟူသော ပြောကြားချက်များလည်း ရှိသည်။

ဗစ်တာလပ်စ်တစ်သည် ကျောင်းနေစဉ်က ထူးချွန်သူတစ်ဦးဖြစ်ခဲ့သော်လည်း သူက ကျောင်းစာထက် လူတို့၏ စရိုက်သဘာဝအကြောင်း လေ့လာရသည်ကို ပိုမိုဝါသနာပါခဲ့သည်။

ဘာသာစကားများကို လေ့လာလျှင် အလွန်လျင်မြန်စွာအတတ်မြန်၏။

အခြားသူများ သတိမမူမိကြသည့် လူတို့၏ အမူအလေ့များ၊ စရိုက်သဘာဝများကို ကောင်းစွာအကဲခတ်နိုင်သည်။

ပဲရစ်ရှိ တက္ကသိုလ်တစ်ခုတွင် ပညာဆည်းပူးနေရင်း ဗစ်တာလပ်စ်တစ်သည် ချက်၊ အင်္ဂလိပ်စာ၊ ဂျာမန်နှင့် အီတလီစကားများကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်လာသည်။

သူသည် ခန့်ညားထည်ဝါသူတစ်ဦးကား မဟုတ်။ သို့သော် ဆွဲဆောင်အားရှိခြင်းနှင့် ဟန်ကောင်းခြင်းမှာ သူ၏ အကောင်းဆုံး လက်နက်များဖြစ်ကြောင်း ဗစ်တာလပ်စ်တစ်က လူငယ်ဘဝကတည်းကပင် သိထားခဲ့သည်။

ဗစ်တာလပ်စ်တစ်သည် ၁၉၀၀ ပြည့်လွန်ကာလများမှစတင်ပြီး ဒုစရိုက်လောကသို့ တဆင့်ချင်း ဝင်ရောက်လာခဲ့သည်။

ကနဦးတွင် ခါးပိုက်နှိုက်၊ လုယက်ခြင်း အလုပ်များ လုပ်ခဲ့၏။

လောင်းကစားအလုပ်သည်လည်း ဗစ်တာလပ်စ်တစ်၏ အနှစ်ခြိုက်ဆုံးများထဲတွင် ပါဝင်ပြီး ပိုကာဆွဲခြင်း၊ ဘလက်ဂျက်ကစားခြင်းများ ဝါသနာပါသည်။

ဥရောပရှိ သူ၏မိတ်ဆွေများ ပြောကြားချက်အရ ဗစ်တာသည် စကားပြောအလွန်ကောင်းသူ၊ ပါးနပ်သူဖြစ်သည်ဟု ဆိုသည်။

လူကြီးလူကောင်းတစ်ဦးအသွင် အမြဲကျော့ကော့နေအောင် ဝတ်စားတတ်ရာ သူ့ကို မြို့စားကြီးဟု အမည်ပြောင်ပေးထားကြသည်။

ဗစ်တာ လပ်စ်တစ်သည် နာမည်ပေါင်းများစွာဖြင့် ကျင်လည်လှုပ်ရှား၏။

သို့သော် ဗစ်တာလပ်စ်တစ်ဖြစ်ကြောင်း ထင်ရှားစေသည်မှာ နဖူးပြင်ရှိ ၁ လက်မခွဲခန့်ရှိသော အမာရွတ်ကြီးဖြစ်သည်။

ထိုအမာရွတ်အမှတ်ကြီးကြောင့် ရဲတပ်ဖွဲ့က သူ့ကို “မှတ်ကြီး” ဟု အမည်ပေးထားသည်။

၁၉၂၀ ပြည့်ဝန်းကျင်အတွင်း အမေရိကသည် ငွေရှာရန် နာမည်ကျော်သည့်နေရာတစ်ခုဖြစ်လာသည်။

အမေရိကန်ပြည်သို့ ရောက်သွားသူတိုင်း မကြာမီချမ်းသာသွားကြသည်ဟူသော ဇာတ်လမ်းများကို ကမ္ဘာတစ်ဝန်းကြားလာရ၏။

ဗစ်တာလပ်စ်တစ် ငွေရှာရန် နေရာရွေးချယ်မှုမှာမူ အများနှင့်မတူ။

လူချမ်းသာများ လိုက်ပါစီးနင်းကြသည့် ပင်လယ်ကူးဇိမ်ခံသင်္ဘောကြီးများပေါ်တွင် သားကောင်ရှာရန် ရွေးချယ်ခဲ့သည်။

ဦးစွာအားဖြင့် စီးပွားရေးလုပ်ငန်းရှင်သူဌေးများကို မိတ်ဆက်စကားပြောပြီး ငွေလုပ်သည့်စက်များ ရောင်းချ၏။

ဗစ်တာလပ်စ်တစ်၏ ပြောကြားချက်အရ ရေဒီယမ်ဒြပ်စင်ကို အသုံးပြုထားပြီး ဒေါ်လာ ၁၀၀ တန်ငွေစက္ကူများ ထုတ်လုပ်နိုင်သည့်စက် ဖြစ်သည်ဟု ဆိုသည်။

ဗစ်တာက အဆိုပါစက်များကို ရှေးခေတ်ငွေ ဒေါ်လာ ၂၀၀၀၀ မှ ၃၀၀၀၀ ကြားဖြင့် ရောင်းချလေ့ရှိသည်။

ဗစ်တာသည် ထိုစက်များအတွင်း ဒေါ်လာ ၁၀၀ တန် အရွက်အနည်းငယ် ကြိုတင်ထည့်သွင်းထားခြင်း ဖြစ်၏။

ငွေစက္ကူတစ်ရွက် စက်မှ ထွက်လာရန် ၆ နာရီခန့်ကြာသည်။ ၂ ရွက် ၃ ရွက် ထုတ်ပြီးချိန်တွင်ကား ဗစ်တာမှာ အဝေးဆုံးတစ်နေရာသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

သို့သော် ဗစ်တာလပ်စ်တစ်အတွက် ထိုစက်များ ရောင်းချရသည်မှာ အလွန်ပျင်းရိငြီးငွေ့ဖွယ် အလုပ်တစ်ခုဖြစ်လာပြီး ပိုမိုစိတ်လှုပ်ရှားဖွယ် ကောင်းမည့် ခွင်မျိုး ရှာဖွေလာသည်။

ထိုသို့ရှာဖွေရင်းမှ သူ၏ လိမ်လည်မှုများအနက် အပြောင်မြောက်ဆုံးလိမ်လည်မှုကြီးဖြစ်သော အီဖဲမျှော်စင်ကြီးကို ရောင်းစားရန် အကြံရလာခြင်း ဖြစ်သည်။

ဦးစွာအားဖြင့် ဝန်ထမ်းကတ်ပြားအတုတစ်ခု ပြုလုပ်ရ၏။ ထို့နောက် ပြည်သူပိုင်အဆောက်အအုံများ စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ပေးဟန် စာရွက်စာတမ်းအတုများ ပြုလုပ်ရသည်။

အဆိုပါ စာရွက်စာတမ်းအတုများ ရရှိလာပြီးနောက်တွင်ကား ဗစ်တာလပ်စ်တစ်သည် သံရောင်းဝယ်ရေး ကုမ္ပဏီ ၅ ခုကို ပဲရစ်မြို့၏ ထိပ်တန်းဟိုတယ်တစ်ခုဖြစ်သော ခရေးလ်လန်ဟိုတယ်….(ပုံ) သို့ ဖိတ်ကြားလိုက်တော့သည်။ အဆိုပါဟိုတယ်သည် တရားဝင်အစည်းအဝေးများ ကျင်းပလေ့ရှိရာ ဟိုတယ်ကြီးဖြစ်၏။

ဗစ်တာလပ်စ်တစ်က ကုမ္ပဏီ ၅ ခုမှ ကိုယ်စားလှယ်များကို ပြောကြားရာတွင် အီဖဲမျှော်စင်ကြီး၏ ပြုပြင်မွမ်းမံစရိတ်မတတ်နိုင်တော့ သောကြောင့် အစိုးရအနေဖြင့် ဖျက်သိမ်းရောင်းချလိုကြောင်း၊ သို့ရာတွင် ပြင်သစ်ပြည်သူများသာမက ကမ္ဘာ့ပြည်သူများကပါ ဝေဖန်ပြောဆိုလာနိုင်သည့် အကြောင်းရပ်ဖြစ်ခြင်းကြောင့် ဖျက်သိမ်းမှုမတိုင်မီ အထူးနှုတ်လုံရန်လိုကြောင်း ပြော၏။

ရောက်ရှိလာသော ကုမ္ပဏီ ၅ ခုမှ လာရောက်သူများအနက် ဗစ်တာလပ်စ်တစ်က သားကောင်အဖြစ် ရွေးချယ်လိုက်သူမှာ အင်ဒရေ ပွိုင်ဆန်ဆိုသူ ဖြစ်သည်။

အင်ဒရေကို သားကောင်ဖမ်းလျှင် ရနိုင်ကြောင်း လူကဲခတ်အရာတွင် တဖက်ကမ်းခတ်ထူးချွန်သူ ဗစ်တာက သိသည်။

ဗစ်တာလပ်စ်တစ်က နောက်နေ့တွင် အင်ဒရေနှင့် နှစ်ဦးချင်းတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် အင်ဒရေက ထုတ်ပြောသည်မှာ ယခုကဲ့သု့ိ အီဖဲမျှော်စင်ကြီးကို ရောင်းချသည်ဟူခြင်းအပေါ် သံသယဖြစ်မိကြောင်း ပြောရာ ဉာဏ်နီဉာဏ်နက်များလှသော ဗစ်တာက တစ်ကွက်ထပ်ရွှေ့၏။

မိမိတို့ အစိုးရဝန်ထမ်းများသည် အများပြည်သူများအရေး ဆောင်ရွက်နေရသော်လည်း လစာနည်းပါးလှကြောင်း၊ အီဖဲမျှော်စင်ကြီးကို လေလံဆွဲ ဝယ်ယူခွင့်ရစေရမည်ဟု အာမခံကြောင်း၊ ထိုသို့လုပ်ဆောင်ပေးရခြင်းအတွက် ဝန်ဆောင်ခ လာဘ်ငွေပေးစေလိုကြောင်း ပြောကြား၏။ အင်ဒရေက အစိုးရဝန်ထမ်းအများစု အကျင့်ပျက်ခြစားကြသည်ကို သိထားသည်။ ထို့ကြောင့် ဗစ်တာသည် လူလိမ်တစ်ဦးဆိုလျှင် လာဘ်ငွေတောင်းခံနေစရာအကြောင်းမရှိဟု အင်ဒရေက တွေးမိသည်။

ဗစ်တာ၏ ငါးမျှားချိတ်ကို အင်ဒရေဟပ်မိလိုက်ပြီ ဖြစ်သည်။

ထိုနောက်ပိုင်းတွင် အင်ဒရေသည် ဗစ်တာ လပ်စ်တစ်ကို လာဘ်ငွေနှင့်အတူ အီဖဲမျှော်စင်ကြီးကို ဝယ်ယူမည့်ငွေများ ပေးလိုက်၏။

နောက်နေ့တွင်ကား ဗစ်တာလပ်စ်တစ်သည် သြစတြီးယားနိုင်ငံ၊ ဗီယန်နာသို့ ထွက်ခွာမည့် ရထားတစ်စီးပေါ် ရောက်ရှိနေပြီ ဖြစ်လေသည်။

ရက်အနည်းငယ်အကြာတွင်ကား အင်ဒရေသည် အီဖဲမျှော်စင်ကြီး မည်သည့်အချိန်တွင် ဖျက်သိမ်းမည်နည်းဟု လိုက်လံစုံစမ်းရာ လှောင်ပြောင်ခြင်းများ ခံရလေ၏။

အင်ဒရေများ ကြီးစွာအရှက်ရသွားသည်။ ပဲရစ်တွင် သိက္ခာမကျစေရေးနှင့် သူ၏ နာမည်ဂုဏ်သတင်း ထိန်းသိမ်းနိုင်ရေးအတွက် အင်ဒရေက ရဲတပ်ဖွဲ့သို့ အကြောင်းမကြားတော့။

ပဲရစ်တွင် အီဖဲမျှော်စင်ကြီး လိမ်လည်ရောင်းချခံရကြောင်း သတင်းတစိုးတစမျှ ထွက်ပေါ်မလာခြင်းမှာ ဗစ်တာ လပ်စ်တစ်အတွက် သတင်းကောင်းပင်။

သို့နှင့် ဗစ်တာလပ်စ်တစ်က ပဲရစ်သို့ နောက်တစ်ကြိမ်လာရောက်ကာ ပထမအကြိမ်လိမ်လည်ခဲ့သည့် ပုံစံအတိုင်း ထပ်မံလိမ်လည် ရောင်းချရန် စီစဉ်ပြန်သည်။

သို့ရာတွင် ယခုတစ်ကြိမ်တွင်ကား သားကောင်အဖြစ် ပစ်မှတ်ထားခံရသည့် သူဌေးက ဗစ်တာလပ်စ်တစ်၏ နှုတ်ဖျားတွင် လမ်းဆုံးမနေဘဲ လိုက်လံစုံစမ်းမှုများ ပြုလုပ်ရာ လိမ်လည်ခြင်းဖြစ်ကြောင်း သိသွား၏။ ယခုအကြိမ်တွင်ကား ပဲရစ်ရဲတပ်ဖွဲ့ သိရှိသွားပြီ ဖြစ်သည်။

ရဲတပ်ဖွဲ့က စုံစမ်းချိန်တွင်မူ ဗစ်တာလပ်စ်တစ်သည် အမေရိကန်ပြည်ထောင်စုသို့ ထွက်ပြေးသွားပြီ ဖြစ်လေသည်။

အမေရိကန်ပြည်တွင်လည်း ဗစ်တာသည် ကောင်းကောင်းမနေ။ ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲရာ အမေရိကန် လျှို့ဝှက် ထောက်လှမ်းရေး အဖွဲ့က အလိုရှိသူစာရင်းတွင် ပါဝင်လာသည်။

သူ၏ ငွေစက္ကူအတုများသည် အမေရိကန်စီးပွားရေးအတွက် ခြိမ်းခြောက်မှုကြီးဖြစ်လာ၏။

တစ်နေ့တွင်မူ ဗစ်တာလပ်စ်တစ်၏ ချစ်သူမိန်းကလေးက ရဲတပ်ဖွဲ့သို့ တိုင်ကြားဖော်ထုတ်လိုက်ရာ ၁၉၃၅ ခုနှစ်တွင် ဗစ်တာ အဖမ်းခံခဲ့ရတော့သည်။

ဗစ်တာလပ်စ်တစ်ကို နယူးယောက်တွင် ဖမ်းဆီးထိန်းသိမ်းထားစဉ် အထူးပြုလုပ်ထားသည့်ကြိုးတစ်ချောင်းဖြင့် ထောင်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့သော်လည်း ၂၇ ရက်အကြာတွင် ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

ဗစ်တာလပ်စ်တစ်သည် မူလပြစ်မှုအတွက် ထောင်ဒဏ် ၁၅ နှစ်နှင့် ထောင်မှထွက်ပြေးမှုအတွက် ထောင်ဒဏ် ၅ နှစ် ၊ စုစုပေါင်း ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။

ဗစ်တာလပ်စ်တစ်ကို ဆန်ဖရန်စစ္စကိုမြို့မှ တစ်မိုင်ကျော်ဝေးကွာသည့် ကမ်းလွန်ပင်လယ်ပြင်အတွင်းမှ အယ်လ်ကာထရက်ဇ်ကျွန်းပေါ်ရှိ အကျဉ်းထောင်တွင် အကျဉ်းချထားခဲ့သည်။

အဆိုပါကျွန်း ပတ်လည်တွင် ပင်လယ်ဒီလှိုင်းများမှာ အမြဲတမ်း ရေစီးအလွန်သန်ရာ အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်နိုင်ရန် မလွယ်လှချေ။

၁၉၄၇ ခုနှစ်၊ မတ်လ ၉ ရက်တွင် ဗစ်တာလပ်စ်တစ်သည် အဆုပ်ရောင်ရောဂါခံစားခဲ့ရပြီး နောက် ၂ ရက်အကြာတွင် သေဆုံးသွားသည်။

ယင်းနောက်ပိုင်းတွင်ကား ကမ္ဘာ့လူလိမ်ကြီးများလောကတွင် ဗစ်တာလပ်စ်တစ်ဟူသော အမည် ပျောက်ကွယ်သွားတော့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ပဲရစ္ျမိဳ ႔က ကမၻာေက်ာ္အီဖဲေမွ်ာ္စင္ၾကီးကို ၂ ၾကိမ္တိုင္ ေရာင္းစားသည့္ လူလိမ္ၾကီး

တစ္ခုေသာ နံနက္ခင္းတစ္ခု။

အခ်ိန္ကား ဒုတိယကမၻာစစ္မီးၾကီး မေတာက္ေလာင္မီ ၁၄ ႏွစ္အလို။

ဗစ္တာ လပ္စ္တစ္သည္ ျပင္သစ္ႏိုင္ငံ ၊ ပဲရစ္ျမိဳ ႔ေတာ္ရွိ ဟိုတယ္ခန္းတစ္ခုတြင္ ေကာ္ဖီတစ္ခြက္ကို တစိမ့္စိမ့္အရသာခံရင္း သတင္းစာထဲမွ သတင္းထူးတစ္ပုဒ္ကို ဖတ္ရႈေန၏။

အဘယ္သတင္းထူးနည္း။

ပဲရစ္ျမိဳ ႔ေတာ္ရွိ အီဖဲေမွ်ာ္စင္ၾကီး ၾကံ ႔ခိုင္မႈ မရွိေတာ့ေၾကာင္း၊ သံဖရိန္မ်ားမွာ သံေခ်းတက္ေနျပီျဖစ္ရာ ေငြေၾကးမ်ားစြာ အကုန္အက်ခံကာ ျပဳျပင္မြမ္းမံထိန္းသိမ္းမႈမ်ား ျပဳလုပ္ရန္ လိုအပ္ေနျပီျဖစ္ေၾကာင္း၊ သို႔ေသာ္ ျပင္သစ္အစိုးရက အလြန္မ်ားျပားလွသည့္ ကုန္က်စရိတ္ကို မတတ္ႏိုင္ျဖစ္ေနေၾကာင္း ေရးသားထားျခင္းျဖစ္၏။

သတင္းေဆာင္းပါးအဆံုးတြင္ စာေရးသူက အၾကံျပဳထားသည္မွာ ေမွ်ာ္စင္ၾကီးကို ေရာင္းခ်လိုက္ျခင္းမွာ အေကာင္းဆံုးနည္းလမ္း ျဖစ္ေၾကာင္း အၾကံျပဳထားသည္။

ေဆာင္းပါးအဆံုးတြင္ ဗစ္တာ လပ္စ္တစ္၏ မ်က္လံုးမ်ား အေရာင္ေတာက္သြား၏။

အီဖဲေမွ်ာ္စင္ၾကီးကို ေရာင္းစားမည္ဟု ဆံုးျဖတ္ခ်က္ခ်လိုက္သည္။

မွန္ပါသည္။ ေမွ်ာ္စင္ၾကီးကို ဗစ္တာ လပ္စ္တစ္ မပိုင္ဆိုင္ပါ။

သို႔ေသာ္ ယခု သင္ဖတ္ရႈေနသည္မွာ ကမၻာ့လက္သံအေျပာင္ဆံုး လူလိမ္ၾကီးတစ္ေယာက္အေၾကာင္းျဖစ္ပါသည္။

အေဆာက္အအံုတစ္ခုႏွင့္ ပတ္သက္သည့္ စီမံခန္႔ခြဲခြင့္ စာရြက္စာတမ္းမ်ား ျပဳလုပ္ရန္မွာ သူ႔အတြက္ အေသးအဖြဲမွ်သာ ျဖစ္၏။

ဗစ္တာလပ္စ္တစ္ က်ဴးလြန္ခဲ့ေသာ လိမ္လည္မႈမ်ားစြာအနက္ အီဖဲေမွ်ာ္စင္ၾကီးကို ေရာင္းစားခဲ့ျခင္းမွာ စိတ္ဝင္စားဖြယ္ အေကာင္းဆံုးလည္း ျဖစ္သည္။ ……………

ဗစ္တာလပ္စ္တစ္သည္ မည္သူနည္း။

ေထာင္က်ခဲ့ျပီးေနာက္ စစ္ေဆးေမးျမန္းခ်က္မ်ားအရ ဗစ္တာလပ္စ္တစ္သည္ ၾသစၾတီးယား-ဟန္ေဂရီ အင္ပါယာအပိုင္ ဟို႔စ္တင္းဟူသည့္ ျမိဳ ႔ငယ္ကေလး (ယေန႔ေခတ္တြင္ ခ်က္သမၼတႏိုင္ငံပိုင္နက္) တြင္ ေမြးဖြားခဲ့သည္ဟု ဆိုသည္။ သို႔ေသာ္လည္း သူ၏ ေျပာဆိုခ်က္မ်ားကို တထစ္ခ် ယံုၾကည္ႏိုင္ဖြယ္ရန္ကား မရွိေခ်။

သူ၏ မိသားစုသည္ ျမိဳ ႔ကေလးတြင္ အဆင္းရဲဆံုးမိသားစုမ်ားတြင္ ပါဝင္သည္ဟု ဆိုသည္။

အခ်ဳိ ႔သူတို႔က ေျပာၾကားရာတြင္မူ ဗစ္တာလပ္စ္တစ္သည္ ေတာ္ဝင္မ်ဳိးႏႊယ္မွ ဆင္းသက္လာသူတစ္ဦးျဖစ္ျပီး ဖခင္မွာ ျမိဳ ႔အုပ္တစ္ဦး ျဖစ္သည္ဟူေသာ ေျပာၾကားခ်က္မ်ားလည္း ရွိသည္။

ဗစ္တာလပ္စ္တစ္သည္ ေက်ာင္းေနစဥ္က ထူးခၽြန္သူတစ္ဦးျဖစ္ခဲ့ေသာ္လည္း သူက ေက်ာင္းစာထက္ လူတို႔၏ စရိုက္သဘာဝအေၾကာင္း ေလ့လာရသည္ကို ပိုမိုဝါသနာပါခဲ့သည္။

ဘာသာစကားမ်ားကို ေလ့လာလွ်င္ အလြန္လ်င္ျမန္စြာအတတ္ျမန္၏။

အျခားသူမ်ား သတိမမူမိၾကသည့္ လူတို႔၏ အမူအေလ့မ်ား၊ စရိုက္သဘာဝမ်ားကို ေကာင္းစြာအကဲခတ္ႏိုင္သည္။

ပဲရစ္ရွိ တကၠသိုလ္တစ္ခုတြင္ ပညာဆည္းပူးေနရင္း ဗစ္တာလပ္စ္တစ္သည္ ခ်က္၊ အဂၤလိပ္စာ၊ ဂ်ာမန္ႏွင့္ အီတလီစကားမ်ားကို ကၽြမ္းကၽြမ္းက်င္က်င္ ေျပာႏိုင္လာသည္။

သူသည္ ခန္႔ညားထည္ဝါသူတစ္ဦးကား မဟုတ္။ သို႔ေသာ္ ဆြဲေဆာင္အားရွိျခင္းႏွင့္ ဟန္ေကာင္းျခင္းမွာ သူ၏ အေကာင္းဆံုး လက္နက္မ်ားျဖစ္ေၾကာင္း ဗစ္တာလပ္စ္တစ္က လူငယ္ဘဝကတည္းကပင္ သိထားခဲ့သည္။

ဗစ္တာလပ္စ္တစ္သည္ ၁၉၀၀ ျပည့္လြန္ကာလမ်ားမွစတင္ျပီး ဒုစရိုက္ေလာကသို႔ တဆင့္ခ်င္း ဝင္ေရာက္လာခဲ့သည္။

ကနဦးတြင္ ခါးပိုက္ႏႈိက္၊ လုယက္ျခင္း အလုပ္မ်ား လုပ္ခဲ့၏။

ေလာင္းကစားအလုပ္သည္လည္း ဗစ္တာလပ္စ္တစ္၏ အႏွစ္ျခိဳက္ဆံုးမ်ားထဲတြင္ ပါဝင္ျပီး ပိုကာဆြဲျခင္း၊ ဘလက္ဂ်က္ကစားျခင္းမ်ား ဝါသနာပါသည္။

ဥေရာပရွိ သူ၏မိတ္ေဆြမ်ား ေျပာၾကားခ်က္အရ ဗစ္တာသည္ စကားေျပာအလြန္ေကာင္းသူ၊ ပါးနပ္သူျဖစ္သည္ဟု ဆိုသည္။

လူၾကီးလူေကာင္းတစ္ဦးအသြင္ အျမဲေက်ာ့ေကာ့ေနေအာင္ ဝတ္စားတတ္ရာ သူ႔ကို ျမိဳ ႔စားၾကီးဟု အမည္ေျပာင္ေပးထားၾကသည္။

ဗစ္တာ လပ္စ္တစ္သည္ နာမည္ေပါင္းမ်ားစြာျဖင့္ က်င္လည္လႈပ္ရွား၏။

သို႔ေသာ္ ဗစ္တာလပ္စ္တစ္ျဖစ္ေၾကာင္း ထင္ရွားေစသည္မွာ နဖူးျပင္ရွိ ၁ လက္မခြဲခန္႔ရွိေသာ အမာရြတ္ၾကီးျဖစ္သည္။

ထိုအမာရြတ္အမွတ္ၾကီးေၾကာင့္ ရဲတပ္ဖြဲ႔က သူ႔ကို “မွတ္ၾကီး” ဟု အမည္ေပးထားသည္။

၁၉၂၀ ျပည့္ဝန္းက်င္အတြင္း အေမရိကသည္ ေငြရွာရန္ နာမည္ေက်ာ္သည့္ေနရာတစ္ခုျဖစ္လာသည္။

အေမရိကန္ျပည္သို႔ ေရာက္သြားသူတိုင္း မၾကာမီခ်မ္းသာသြားၾကသည္ဟူေသာ ဇာတ္လမ္းမ်ားကို ကမၻာတစ္ဝန္းၾကားလာရ၏။

ဗစ္တာလပ္စ္တစ္ ေငြရွာရန္ ေနရာေရြးခ်ယ္မႈမွာမူ အမ်ားႏွင့္မတူ။

လူခ်မ္းသာမ်ား လိုက္ပါစီးနင္းၾကသည့္ ပင္လယ္ကူးဇိမ္ခံသေဘၤာၾကီးမ်ားေပၚတြင္ သားေကာင္ရွာရန္ ေရြးခ်ယ္ခဲ့သည္။

ဦးစြာအားျဖင့္ စီးပြားေရးလုပ္ငန္းရွင္သူေဌးမ်ားကို မိတ္ဆက္စကားေျပာျပီး ေငြလုပ္သည့္စက္မ်ား ေရာင္းခ်၏။

ဗစ္တာလပ္စ္တစ္၏ ေျပာၾကားခ်က္အရ ေရဒီယမ္ျဒပ္စင္ကို အသံုးျပဳထားျပီး ေဒၚလာ ၁၀၀ တန္ေငြစကၠဴမ်ား ထုတ္လုပ္ႏိုင္သည့္စက္ ျဖစ္သည္ဟု ဆိုသည္။

ဗစ္တာက အဆိုပါစက္မ်ားကို ေရွးေခတ္ေငြ ေဒၚလာ ၂၀၀၀၀ မွ ၃၀၀၀၀ ၾကားျဖင့္ ေရာင္းခ်ေလ့ရွိသည္။

ဗစ္တာသည္ ထိုစက္မ်ားအတြင္း ေဒၚလာ ၁၀၀ တန္ အရြက္အနည္းငယ္ ၾကိဳတင္ထည့္သြင္းထားျခင္း ျဖစ္၏။

ေငြစကၠဴတစ္ရြက္ စက္မွ ထြက္လာရန္ ၆ နာရီခန္႔ၾကာသည္။ ၂ ရြက္ ၃ ရြက္ ထုတ္ျပီးခ်ိန္တြင္ကား ဗစ္တာမွာ အေဝးဆံုးတစ္ေနရာသို႔ ေရာက္ရွိေနခဲ့ျပီျဖစ္သည္။

သို႔ေသာ္ ဗစ္တာလပ္စ္တစ္အတြက္ ထိုစက္မ်ား ေရာင္းခ်ရသည္မွာ အလြန္ပ်င္းရိျငီးေငြ႔ဖြယ္ အလုပ္တစ္ခုျဖစ္လာျပီး ပိုမိုစိတ္လႈပ္ရွားဖြယ္ ေကာင္းမည့္ ခြင္မ်ဳိး ရွာေဖြလာသည္။

ထိုသို႔ရွာေဖြရင္းမွ သူ၏ လိမ္လည္မႈမ်ားအနက္ အေျပာင္ေျမာက္ဆံုးလိမ္လည္မႈၾကီးျဖစ္ေသာ အီဖဲေမွ်ာ္စင္ၾကီးကို ေရာင္းစားရန္ အၾကံရလာျခင္း ျဖစ္သည္။

ဦးစြာအားျဖင့္ ဝန္ထမ္းကတ္ျပားအတုတစ္ခု ျပဳလုပ္ရ၏။ ထို႔ေနာက္ ျပည္သူပိုင္အေဆာက္အအံုမ်ား စီမံခန္႔ခြဲေရးဌာနက ထုတ္ျပန္ေပးဟန္ စာရြက္စာတမ္းအတုမ်ား ျပဳလုပ္ရသည္။

အဆိုပါ စာရြက္စာတမ္းအတုမ်ား ရရွိလာျပီးေနာက္တြင္ကား ဗစ္တာလပ္စ္တစ္သည္ သံေရာင္းဝယ္ေရး ကုမၸဏီ ၅ ခုကို ပဲရစ္ျမိဳ ႔၏ ထိပ္တန္းဟိုတယ္တစ္ခုျဖစ္ေသာ ခေရးလ္လန္ဟိုတယ္….(ပံု) သုိ႔ ဖိတ္ၾကားလိုက္ေတာ့သည္။ အဆိုပါဟိုတယ္သည္ တရားဝင္အစည္းအေဝးမ်ား က်င္းပေလ့ရွိရာ ဟိုတယ္ၾကီးျဖစ္၏။

ဗစ္တာလပ္စ္တစ္က ကုမၸဏီ ၅ ခုမွ ကိုယ္စားလွယ္မ်ားကို ေျပာၾကားရာတြင္ အီဖဲေမွ်ာ္စင္ၾကီး၏ ျပဳျပင္မြမ္းမံစရိတ္မတတ္ႏိုင္ေတာ့ ေသာေၾကာင့္ အစိုးရအေနျဖင့္ ဖ်က္သိမ္းေရာင္းခ်လိုေၾကာင္း၊ သို႔ရာတြင္ ျပင္သစ္ျပည္သူမ်ားသာမက ကမၻာ့ျပည္သူမ်ားကပါ ေဝဖန္ေျပာဆိုလာႏိုင္သည့္ အေၾကာင္းရပ္ျဖစ္ျခင္းေၾကာင့္ ဖ်က္သိမ္းမႈမတိုင္မီ အထူးႏႈတ္လံုရန္လိုေၾကာင္း ေျပာ၏။

ေရာက္ရွိလာေသာ ကုမၸဏီ ၅ ခုမွ လာေရာက္သူမ်ားအနက္ ဗစ္တာလပ္စ္တစ္က သားေကာင္အျဖစ္ ေရြးခ်ယ္လိုက္သူမွာ အင္ဒေရ ပြိဳင္ဆန္ဆိုသူ ျဖစ္သည္။

အင္ဒေရကို သားေကာင္ဖမ္းလွ်င္ ရႏိုင္ေၾကာင္း လူကဲခတ္အရာတြင္ တဖက္ကမ္းခတ္ထူးခၽြန္သူ ဗစ္တာက သိသည္။

ဗစ္တာလပ္စ္တစ္က ေနာက္ေန႔တြင္ အင္ဒေရႏွင့္ ႏွစ္ဦးခ်င္းေတြ႔ဆံုသည္။

ထိုသို႔ေတြ႔ဆံုရာတြင္ အင္ဒေရက ထုတ္ေျပာသည္မွာ ယခုကဲ့သု႔ိ အီဖဲေမွ်ာ္စင္ၾကီးကို ေရာင္းခ်သည္ဟူျခင္းအေပၚ သံသယျဖစ္မိေၾကာင္း ေျပာရာ ဥာဏ္နီဥာဏ္နက္မ်ားလွေသာ ဗစ္တာက တစ္ကြက္ထပ္ေရႊ ႔၏။

မိမိတို႔ အစိုးရဝန္ထမ္းမ်ားသည္ အမ်ားျပည္သူမ်ားအေရး ေဆာင္ရြက္ေနရေသာ္လည္း လစာနည္းပါးလွေၾကာင္း၊ အီဖဲေမွ်ာ္စင္ၾကီးကို ေလလံဆြဲ ဝယ္ယူခြင့္ရေစရမည္ဟု အာမခံေၾကာင္း၊ ထိုသို႔လုပ္ေဆာင္ေပးရျခင္းအတြက္ ဝန္ေဆာင္ခ လာဘ္ေငြေပးေစလိုေၾကာင္း ေျပာၾကား၏။ အင္ဒေရက အစိုးရဝန္ထမ္းအမ်ားစု အက်င့္ပ်က္ျခစားၾကသည္ကို သိထားသည္။ ထို႔ေၾကာင့္ ဗစ္တာသည္ လူလိမ္တစ္ဦးဆိုလွ်င္ လာဘ္ေငြေတာင္းခံေနစရာအေၾကာင္းမရွိဟု အင္ဒေရက ေတြးမိသည္။

ဗစ္တာ၏ ငါးမွ်ားခ်ိတ္ကို အင္ဒေရဟပ္မိလိုက္ျပီ ျဖစ္သည္။

ထိုေနာက္ပိုင္းတြင္ အင္ဒေရသည္ ဗစ္တာ လပ္စ္တစ္ကို လာဘ္ေငြႏွင့္အတူ အီဖဲေမွ်ာ္စင္ၾကီးကို ဝယ္ယူမည့္ေငြမ်ား ေပးလိုက္၏။

ေနာက္ေန႔တြင္ကား ဗစ္တာလပ္စ္တစ္သည္ ၾသစၾတီးယားႏိုင္ငံ၊ ဗီယန္နာသို႔ ထြက္ခြာမည့္ ရထားတစ္စီးေပၚ ေရာက္ရွိေနျပီ ျဖစ္ေလသည္။

ရက္အနည္းငယ္အၾကာတြင္ကား အင္ဒေရသည္ အီဖဲေမွ်ာ္စင္ၾကီး မည္သည့္အခ်ိန္တြင္ ဖ်က္သိမ္းမည္နည္းဟု လိုက္လံစံုစမ္းရာ ေလွာင္ေျပာင္ျခင္းမ်ား ခံရေလ၏။

အင္ဒေရမ်ား ၾကီးစြာအရွက္ရသြားသည္။ ပဲရစ္တြင္ သိကၡာမက်ေစေရးႏွင့္ သူ၏ နာမည္ဂုဏ္သတင္း ထိန္းသိမ္းႏိုင္ေရးအတြက္ အင္ဒေရက ရဲတပ္ဖြဲ႔သို႔ အေၾကာင္းမၾကားေတာ့။

ပဲရစ္တြင္ အီဖဲေမွ်ာ္စင္ၾကီး လိမ္လည္ေရာင္းခ်ခံရေၾကာင္း သတင္းတစိုးတစမွ် ထြက္ေပၚမလာျခင္းမွာ ဗစ္တာ လပ္စ္တစ္အတြက္ သတင္းေကာင္းပင္။

သို႔ႏွင့္ ဗစ္တာလပ္စ္တစ္က ပဲရစ္သို႔ ေနာက္တစ္ၾကိမ္လာေရာက္ကာ ပထမအၾကိမ္လိမ္လည္ခဲ့သည့္ ပံုစံအတိုင္း ထပ္မံလိမ္လည္ ေရာင္းခ်ရန္ စီစဥ္ျပန္သည္။

သို႔ရာတြင္ ယခုတစ္ၾကိမ္တြင္ကား သားေကာင္အျဖစ္ ပစ္မွတ္ထားခံရသည့္ သူေဌးက ဗစ္တာလပ္စ္တစ္၏ ႏႈတ္ဖ်ားတြင္ လမ္းဆံုးမေနဘဲ လိုက္လံစံုစမ္းမႈမ်ား ျပဳလုပ္ရာ လိမ္လည္ျခင္းျဖစ္ေၾကာင္း သိသြား၏။ ယခုအၾကိမ္တြင္ကား ပဲရစ္ရဲတပ္ဖြဲ႔ သိရွိသြားျပီ ျဖစ္သည္။

ရဲတပ္ဖြဲ႔က စံုစမ္းခ်ိန္တြင္မူ ဗစ္တာလပ္စ္တစ္သည္ အေမရိကန္ျပည္ေထာင္စုသို႔ ထြက္ေျပးသြားျပီ ျဖစ္ေလသည္။

အေမရိကန္ျပည္တြင္လည္း ဗစ္တာသည္ ေကာင္းေကာင္းမေန။ ေငြစကၠဴအတုမ်ား ျပဳလုပ္သံုုးစြဲရာ အေမရိကန္ လွ်ိဳ ႔ဝွက္ ေထာက္လွမ္းေရး အဖြဲ႔က အလိုရွိသူစာရင္းတြင္ ပါဝင္လာသည္။

သူ၏ ေငြစကၠဴအတုမ်ားသည္ အေမရိကန္စီးပြားေရးအတြက္ ျခိမ္းေျခာက္မႈၾကီးျဖစ္လာ၏။

တစ္ေန႔တြင္မူ ဗစ္တာလပ္စ္တစ္၏ ခ်စ္သူမိန္းကေလးက ရဲတပ္ဖြဲ႔သို႔ တိုင္ၾကားေဖာ္ထုတ္လိုက္ရာ ၁၉၃၅ ခုႏွစ္တြင္ ဗစ္တာ အဖမ္းခံခဲ့ရေတာ့သည္။

ဗစ္တာလပ္စ္တစ္ကို နယူးေယာက္တြင္ ဖမ္းဆီးထိန္းသိမ္းထားစဥ္ အထူးျပဳလုပ္ထားသည့္ၾကိဳးတစ္ေခ်ာင္းျဖင့္ ေထာင္မွ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ေသာ္လည္း ၂၇ ရက္အၾကာတြင္ ျပန္လည္ဖမ္းဆီးရမိခဲ့သည္။

ဗစ္တာလပ္စ္တစ္သည္ မူလျပစ္မႈအတြက္ ေထာင္ဒဏ္ ၁၅ ႏွစ္ႏွင့္ ေထာင္မွထြက္ေျပးမႈအတြက္ ေထာင္ဒဏ္ ၅ ႏွစ္ ၊ စုစုေပါင္း ေထာင္ဒဏ္ အႏွစ္ ၂၀ ခ်မွတ္ခံခဲ့ရသည္။

ဗစ္တာလပ္စ္တစ္ကို ဆန္ဖရန္စစၥကိုျမိဳ႕မွ တစ္မိုင္ေက်ာ္ေဝးကြာသည့္ ကမ္းလြန္ပင္လယ္ျပင္အတြင္းမွ အယ္လ္ကာထရက္ဇ္ကၽြန္းေပၚရွိ အက်ဥ္းေထာင္တြင္ အက်ဥ္းခ်ထားခဲ့သည္။

အဆိုပါကၽြန္း ပတ္လည္တြင္ ပင္လယ္ဒီလိႈင္းမ်ားမွာ အျမဲတမ္း ေရစီးအလြန္သန္ရာ အက်ဥ္းသားမ်ား ထြက္ေျပးလြတ္ေျမာက္ႏိုင္ရန္ မလြယ္လွေခ်။

၁၉၄၇ ခုႏွစ္၊ မတ္လ ၉ ရက္တြင္ ဗစ္တာလပ္စ္တစ္သည္ အဆုပ္ေရာင္ေရာဂါခံစားခဲ့ရျပီး ေနာက္ ၂ ရက္အၾကာတြင္ ေသဆံုးသြားသည္။

ယင္းေနာက္ပိုင္းတြင္ကား ကမၻာ့လူလိမ္ၾကီးမ်ားေလာကတြင္ ဗစ္တာလပ္စ္တစ္ဟူေသာ အမည္ ေပ်ာက္ကြယ္သြားေတာ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

 

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...
[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service