ကွာလာလမ်ပူ၏ ဇိမ်ခံလူနေအိမ်ခြံမြေ‌ဈေးကွက် ယခု ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်နာလန်ထူမည်

ကွာလာလမ်ပူ၏ ဇိမ်ခံလူနေအိမ်ခြံမြေ‌ဈေးကွက် ယခု ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်နာလန်ထူမည် - Property News in Myanmar from iMyanmarHouse.com
10 Mar 2020 10:13 am တွင် တင်ခဲ့သည်
674 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူတွင် ၂၀၁၉ ဒုတိယနှစ်ဝက်အတွင်း ဈေးကွက်ထဲရောက်ရှိလာခဲ့သည့် စီမံကိန်းများက ကွာလာလမ်ပူဇိမ်ခံလူနေအိမ်ခြံမြေ‌ဈေးကွက် ပြန်လည်ဦးမော့လာနိုင်ရန် အကူအညီဖြစ်လာခဲ့ကြောင်း Knight Frank Malaysia က Real Estate Highlights 2nd Half of 2019 အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

၎င်းဈေးကွက်ပြန်လည်နာလန်ထူရေးအကူအညီဖြစ်စေမည့် သိသာထင်ရှား‌သော စီမံကိန်းဖော်ဆောင်မှုများမှာ Venus Assets Sdn. Bhd. ၏ Four Seasons Place Kuala Lumpur နှင့် MRCB Land ၏ TRIA Seputeh in 9 Seputeh, Kuala Lumpur တို့ဖြစ်သည်။ နှစ်ခုစလုံးက PropertyGuru Asia Property Awards (Malaysia) 2019 ဆုပေးပွဲတွင် Best Ultra Luxury Condo/Apartment Development နှင့် Best High End Condo/Apartment Development ဆုများ အသီးသီး ရရှိထားကြသည်။

ထိုအဆင့်မြင့်ဇိမ်ခံလူနေအိမ်ဈေးကွက်နှင့်ပတ်သက်လျှင် ရောင်းလိုအားနှင့်ဝယ်လိုအားအကြား ကွာဟချက်ကြောင့် ကွာလာလမ်ပူ၏ ယေဘုယျအလားအလာသည် စိန်ခေါ်မှုတစ်ခုအဖြစ် ဆက်လက်ထင်မှတ်ရဦးမည်ဟု Knight Frank Malaysia ၏ မန်နေဂျင်းဒါရိုက်တာ ဆာကူနန်ဆူဘရာနီယမ်က ပြောကြားခဲ့သည်။

သို့သော်လည်း ကွာလာလမ်ပူ၏ Bukit Bintang ၊ Bangsar ၊ Mont Kira ၊ Damansara Heights သို့မဟုတ် Kenny Hill နှင့် Ampang Hilir သို့မဟုတ် U-Thant တို့အပါအဝင် ထိပ်တန်းနေရာများတွင် စီမံကိန်းများပိုမိုတွေ့ရှိလာရဦးမည်ဟုလည်း သူက ကြိုတင်မျှော်မှန်းထားပြီးဖြစ်သည်။

ထိုနေရာများအပြင် ကွာလာလမ်ပူတွင် ဝင်ငွေကောင်းသူများနှင့် အမေရိကန်ဒေါ်လာ ၁ သန်းနှင့်အထက် ကြွယ်ဝချမ်းသာသူများ၏ စိတ်ဝင်စားမှုကို ဆွဲ‌ဆောင်ထားသည့် အခြေကျပြီးသားနေရာများနှင့် အထင်ကရနေရာဖြစ်အံ့ဆဲဆဲနေရာများလည်းရှိကြောင်း ဆာကူနန်က ရှင်းပြခဲ့သည်။

“ဘယ်နေရာတွေလည်းဆိုတော့ Desa ParkCity ၊ Taman Tun Dr Ismail နဲ့ အသစ်ထဲမှာဆို Imbi ၊ Pudu နဲ့ TRX တို့ပဲ ဖြစ်ပါတယ်။” ဟု သူက ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အထူးသဖြင့် တရုတ်၊ ဟောင်ကောင်၊ စင်္ကာပူ၊ ဂျပန်၊ ထိုင်ဝမ်၊ သြစတြေးလျ၊ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပနိုင်ငံအချို့တို့မှ စိတ်ဝင်စားမှုများ မြင့်တက်လာကြောင်းလည်း Knight Frank ၏ အစီရင်ခံစာက ဖော်ပြခဲ့သည်။

၂၀၂၀ ပြည့်နှစ် မလေးရှားအမျိုးသားအသုံးစရိတ်တွင် စာရင်းဖော်ပြထားသည့် စည်းမျဉ်းသစ်များကလည်း ယခုနှစ် ကွာလာလမ်ပူဇိမ်ခံလူနေအိမ်ခြံမြေဈေးကွက်အခြေအနေ ကောင်းမွန်လာစေရန် အထောက်အပံ့ဖြစ်နိုင်သည်ဟုလည်း ဆာကူနန်က ပြောကြားခဲ့ကြောင်း သိရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

ကြာလာလမ္ပူ၏ ဇိမ္ခံလူေနအိမ္ၿခံေျမ‌ေဈးကြက္ ယခု ၂၀၂၀ ျပည့္ႏွစ္တြင္ ျပန္လည္နာလန္ထူမည္

မေလးရွားႏိုင္ငံ ၿမိဳ႕ေတာ္ကြာလာလမ္ပူတြင္ ၂၀၁၉ ဒုတိယႏွစ္ဝက္အတြင္း ေဈးကြက္ထဲေရာက္ရွိလာခဲ့သည့္ စီမံကိန္းမ်ားက ကြာလာလမ္ပူဇိမ္ခံလူေနအိမ္ၿခံေျမ‌ေဈးကြက္ ျပန္လည္ဦးေမာ့လာႏိုင္ရန္ အကူအညီျဖစ္လာခဲ့ေၾကာင္း Knight Frank Malaysia က Real Estate Highlights 2nd Half of 2019 အစီရင္ခံစာတြင္ ေဖာ္ျပခဲ့သည္။

၎ေဈးကြက္ျပန္လည္နာလန္ထူေရးအကူအညီျဖစ္ေစမည့္ သိသာထင္ရွား‌ေသာ စီမံကိန္းေဖာ္ေဆာင္မႈမ်ားမွာ Venus Assets Sdn. Bhd. ၏ Four Seasons Place Kuala Lumpur ႏွင့္ MRCB Land ၏ TRIA Seputeh in 9 Seputeh, Kuala Lumpur တို႔ျဖစ္သည္။ ႏွစ္ခုစလုံးက PropertyGuru Asia Property Awards (Malaysia) 2019 ဆုေပးပြဲတြင္ Best Ultra Luxury Condo/Apartment Development ႏွင့္ Best High End Condo/Apartment Development ဆုမ်ား အသီးသီး ရရွိထားၾကသည္။

ထိုအဆင့္ျမင့္ဇိမ္ခံလူေနအိမ္ေဈးကြက္ႏွင့္ပတ္သက္လွ်င္ ေရာင္းလိုအားႏွင့္ဝယ္လိုအားအၾကား ကြာဟခ်က္ေၾကာင့္ ကြာလာလမ္ပူ၏ ေယဘုယ်အလားအလာသည္ စိန္ေခၚမႈတစ္ခုအျဖစ္ ဆက္လက္ထင္မွတ္ရဦးမည္ဟု Knight Frank Malaysia ၏ မန္ေနဂ်င္းဒါ႐ိုက္တာ ဆာကူနန္ဆူဘရာနီယမ္က ေျပာၾကားခဲ့သည္။

သို႔ေသာ္လည္း ကြာလာလမ္ပူ၏ Bukit Bintang ၊ Bangsar ၊ Mont Kira ၊ Damansara Heights သို႔မဟုတ္ Kenny Hill ႏွင့္ Ampang Hilir သို႔မဟုတ္ U-Thant တို႔အပါအဝင္ ထိပ္တန္းေနရာမ်ားတြင္ စီမံကိန္းမ်ားပိုမိုေတြ႕ရွိလာရဦးမည္ဟုလည္း သူက ႀကိဳတင္ေမွ်ာ္မွန္းထားၿပီးျဖစ္သည္။

ထိုေနရာမ်ားအျပင္ ကြာလာလမ္ပူတြင္ ဝင္ေငြေကာင္းသူမ်ားႏွင့္ အေမရိကန္ေဒၚလာ ၁ သန္းႏွင့္အထက္ ႂကြယ္ဝခ်မ္းသာသူမ်ား၏ စိတ္ဝင္စားမႈကို ဆြဲ‌ေဆာင္ထားသည့္ အေျခက်ၿပီးသားေနရာမ်ားႏွင့္ အထင္ကရေနရာျဖစ္အံ့ဆဲဆဲေနရာမ်ားလည္းရွိေၾကာင္း ဆာကူနန္က ရွင္းျပခဲ့သည္။

“ဘယ္ေနရာေတြလည္းဆိုေတာ့ Desa ParkCity ၊ Taman Tun Dr Ismail နဲ႔ အသစ္ထဲမွာဆို Imbi ၊ Pudu နဲ႔ TRX တို႔ပဲ ျဖစ္ပါတယ္။” ဟု သူက ဆိုသည္။

ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ား အထူးသျဖင့္ တ႐ုတ္၊ ေဟာင္ေကာင္၊ စကၤာပူ၊ ဂ်ပန္၊ ထိုင္ဝမ္၊ ၾသစေၾတးလ်၊ အေမရိကန္၊ ၿဗိတိန္ႏွင့္ ဥေရာပႏိုင္ငံအခ်ိဳ႕တို႔မွ စိတ္ဝင္စားမႈမ်ား ျမင့္တက္လာေၾကာင္းလည္း Knight Frank ၏ အစီရင္ခံစာက ေဖာ္ျပခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္ မေလးရွားအမ်ိဳးသားအသုံးစရိတ္တြင္ စာရင္းေဖာ္ျပထားသည့္ စည္းမ်ဥ္းသစ္မ်ားကလည္း ယခုႏွစ္ ကြာလာလမ္ပူဇိမ္ခံလူေနအိမ္ၿခံေျမေဈးကြက္အေျခအေန ေကာင္းမြန္လာေစရန္ အေထာက္အပံ့ျဖစ္ႏိုင္သည္ဟုလည္း ဆာကူနန္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service