ပေါ်တူဂီ၏ အံ့ဖွယ် ၇ ပါးတွင် ပါဝင်သော မာဖရာစာကြည့်တိုက်ကြီးမှ စာအုပ်များကို ကာကွယ်ရန် ညဘက်တွင် ကင်းလှည့်နေသော လင်းနို့တပ်ဖွဲ့ကြီး

ပေါ်တူဂီ၏ အံ့ဖွယ် ၇ ပါးတွင် ပါဝင်သော မာဖရာစာကြည့်တိုက်ကြီးမှ စာအုပ်များကို ကာကွယ်ရန် ညဘက်တွင် ကင်းလှည့်နေသော လင်းနို့တပ်ဖွဲ့ကြီး - Property News in Myanmar from iMyanmarHouse.com
6 Mar 2020 11:25 am တွင် တင်ခဲ့သည်
1716 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ပေါ်တူဂီနိုင်ငံတွင် မာဖရာနန်းတော်အမည်ရှိ အဆောက်အအုံကြီးတစ်ခု တည်ရှိပြီး လစ္စဘွန်းမြို့၏ မြောက်ဘက် ၂၅ မိုင်ခန့် ဝေးကွာသောအရပ်တွင် တည်ရှိပြီး ဘာရုတ်နှင့် နီယိုးကလပ်စစ်ကယ် ဗိသုကာဟန်တို့ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။

ပေါ်တူဂီဘုရင် ဂျွန် (၅) လက်ထက် ၁၇၁၇ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၃၈ နှစ်ကြာဆောက်လုပ်ခဲ့ရခြင်းဖြစ်ကာ ၁၇၅၅ ခုနှစ်တွင်မှ အပြီးသတ်ခဲ့သည်။

၁၇၁၁ ခုနှစ်တွင် ဘုရင် ဂျွန် (၅) က မိဘုရားကြီး မာရီယာအေနာကို သားသမီးမွေးဖွားပေးလျှင် မာဖရာနန်းတော်ကြီး ဆောက်လုပ်ပေးမည်ဟု ကတိပြုခဲ့သည်။

သို့နှင့် ၁၇၁၁ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်တွင် ပထမဆုံးသမီးတော် အင်ဖန်နာ ဘာဘရာကို မွေးဖွားပေးခဲ့သောကြောင့် မာဖရာနန်းတော် ကြီးကို စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

မာဖရာနန်းတော်ကြီး၏ စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းပေ ၄၃၀၅၅၆ ရှိပြီး အခန်းပေါင်း ၁၂၀၀၊ တံခါးပေါက်နှင့် ပြတင်းပေါက်ပေါင်း ၅၀၀၀ ကျော်၊ လှေကားပေါင်း ၁၅၆ စင်း ပါဝင်သည်။

အဆိုပါ နန်းတော်ကြီးကို လူပေါင်း ၄၅၀၀၀ ဖြင့် ဆောက်လုပ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

နန်းတော်ကြီးအတွင်းရှိ အကြီးမားဆုံးအခန်းကို စာကြည့်တိုက်အဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး စာအုပ်ပေါင်း ၄၀၀၀၀ ခန့်ရှိနေကာ ၁၅၀၀ ပြည့်မတိုင်မီက ထုတ်ဝေခဲ့သော စာအုပ်များပင် ပါဝင်သည်။

စာကြည့်တိုက်သည် နန်းတော်ဒုတိယထပ်၏ နောက်ဘက်တွင် တည်ရှိပြီး အခန်းအလျားမှာ ၂၇၈ ပေရှိကာ အကျယ်မှာ ၃၁ ပေရှိသည်။

(မှတ်ချက်။ မြန်မာနိုင်ငံတွင် အလောင်းမင်းတရား ဦးအောင်ဇေယျက စတုတ္ထမြန်မာနိုင်ငံတော်ကြီးကို စတင်စုစည်းနေချိန်ဖြစ်၏)

ပေါ်တူဂီ၏ အံ့ဖွယ် ၇ ပါးတွင် အပါအဝင်ဖြစ်သော မာဖရာနန်းတော် အဆောက်အအုံကြီးကို ၁၉၁၀ ပြည့်နှစ်တွင် အမျိုးသားအထိမ်းအမှတ်အဖြစ် သတ်မှတ်ခဲ့သည်။

စာအုပ်များကို နောင်အနာဂတ်မျိုးဆက်များစွာထံ လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်ရန်အတွက် အလင်း၊ အပူချိန်၊ စိုထိုင်းမှု အစရှိသည့် အချက် ၃ ချက်ကို ဂရုပြုထိန်းသိမ်းရခြင်းမှာ မလွယ်ကူလှချေ။

အထက်ပါ အချက်များအပြင် စာကြည့်တိုက်များ၏ အဆိုးရွားဆုံးခြိမ်းခြောက်မှုတစ်ခုမှာ စာအုပ်တို့ကို ကိုက်ဖြတ်ဖျက်ဆီးတတ်သည့် အင်းဆက်ပိုးမွှားများ ဖြစ်ကြသည်။စာကြည့်တိုက်များသည် အင်းဆက်များကို ကာကွယ်နှိမ်နင်းရန်အတွက် နည်းလမ်းများစွာ အသုံးပြုလေ့ရှိရာ အီသိုင်းလင်း အောက်ဆိုက်ဒ်၊ မီသိုင်း ဘရိုမိုက်နှင့် ဂမ္မာရောင်ခြည် အစရှိသည်တို့ကို သုံးလေ့ရှိသည်။

သို့ရာတွင် ပေါ်တူဂီမှ စာကြည့်တိုက်ကြီး မာဖရာတွင်ကား စာအုပ်များကို အကာအကွယ်ပေးမည့် လေကြောင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခု ရှိနေသည်။

အခြားမဟုတ်။ လင်းနို့များ ဖြစ်၏။

မှန်ပါသည်။ မာဖရာစာကြည့်တိုက်ကြီးတွင် လင်းနို့များသည် စာအုပ်ဖျက်ပိုးမွှားများကို အကာအကွယ်ပေးမည့် အထူးတပ်ဖွဲ့ဖြစ်၏။

မာဖရာ၏ သစ်သားစာအုပ်စင်များပေါ်တွင် ၁၄ ရာစုမှ ၁၉ ရာစုအကြား ထုတ်ဝေခဲ့သည့် ရှေးဟောင်းတန်ဖိုးကြီး သားရေဖုံးအုပ် စာအုပ်ကြီးပေါင်း ၃၆၀၀၀ ခန့် ရှိနေသည်။

လင်းနို့များက တန်ဖိုးကြီးလှသော စာအုပ်များကို ဖျက်ဆီးမည့်ပိုးမွှားများကို ညဘက်တွင် ကင်းလှည့်စောင့်ကြပ်လျက်ရှိသည်။

၁၇၅၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးပြီးနောက် ခမ်းနားလှသော မာဖရာနန်းတော် အဆောက်အအုံကြီးကို ပေါ်တူဂီဗိသုကာ၏ အမျိုးသား အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည်။

မာဖရာနန်းတော်စာကြည့်တိုက်ကြီးသည် ဥရောပတိုက်၏ အကောင်းဆုံးစာကြည့်တိုက်ကြီးများတွင် တစ်ခုအပါအဝင်လည်း ဖြစ်သည်။

အလျား ပေ ၂၈၀ ရှိသော စာကြည့်တိုက်အတွင်းရှိ စာအုပ်စင်များနောက် (သို့မဟုတ်) ပန်းဥယျာဉ်ထဲတွင် လင်းနို့များသည် နေ့ဘက်တွင် အိပ်စက်ကြ၏။

ညအချိန်ရောက်၍ စာကြည့်တိုက်ပိတ်လိုက်ပြီးနောက်တွင်ကား လင်းနို့ငယ်များသည် စာအုပ်စင်များကြားမှ ထွက်လာကာ စာကြည့်တိုက်အတွင်း စာအုပ်ဖျက်ပိုးမွှားများကို လိုက်လံရှာဖွေတော့သည်။

လင်းနို့များသည် မာဖရာစာကြည့်တိုက်ကြီးရှိ စာအုပ်များကို မည်သည့်အချိန်ကာလမှ စတင်ကာကွယ်ပေးနေသည်ကို မည်သူကမျှ အတိအကျမသိသော်လည်း အချို့ကဆိုသည်မှာမူ စတင်တည်ထောင်ချိန် ၁၇၅၅ ခုနှစ်ကတည်းကဖြစ်သည်ဟု ဆိုသည်။

သတင်းအချို့အရ စာကြည့်တိုက်အတွင်း အလျား ၁ လက်မခန့်ရှိသော လင်းနို့ကောင်ရေ ၅၀၀ ခန့်ရှိသည်ဟု သိရသည်။

သို့ရာတွင် လင်းနို့များဖြင့် ကာကွယ်ရခြင်းတွင် ဆိုးကျိုးတစ်ခုလည်း ရှိနေသည်။

လင်းနို့များသည် ညစဉ်ညတိုင်းပင် စာကြည့်တိုက်အတွင်းရှိ ကြမ်းပြင်၊ စာအုပ်စင်များပေါ်နှင့် ပရိဘောဂများပေါ်သို့ ချေးပါချလေ့ရှိ၏။

ထို့ကြောင့် စာကြည့်တိုက်ဝန်ထမ်းများသည် ညနေဘက်တွင် စာကြည့်တိုက်မပိတ်မီ ပရိဘောဂများပေါ်သို့ အဖုံးအကာများ ထားခဲ့ရသည်။

နောက်နေ့နံနက်တွင်လည်း ကြမ်းပြင်ပေါ်ရှိ လင်းနို့ချေးများကို သန့်ရှင်းရေးလုပ်ကြရ၏။

(စာကြည့်တိုက်ကြီးသို့ လည်ပတ်မည်ဆိုပါက သိထားသည့်သည်များ)

မာဖရာ စာကြည့်တိုက်သည် သုတေသီများ၊ သမိုင်းပညာရှင်များနှင့် အခြားသော ပညာရှင်များအတွက် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး စာကြည့်တိုက်တွင် လေ့လာလိုသည့်ရည်ရွယ်ချက်အပေါ်မူတည်ပြီးသာ ဝင်ရောက်ခွင့်ပြုခြင်းဖြစ်ကြောင်း မာဖရာစာကြည့်တိုက်ကြီး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

စာဖတ်လိုပါက ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်သည်။

အကယ်၍ လင်းနို့များကြောင့် နာမည်ကြီးသဖြင့် လေ့လာလိုပါက သင့်ရည်ရွယ်ချက် အကောင်အထည်ပေါ်မည်မဟုတ်ချေ။

အဘယ်ကြောင့်ဆိုလျှင် လင်းနို့များသည် ညဖက်တွင်သာ ပိုးမွှားများကို လိုက်လံနှိမ်နင်းခြင်းဖြစ်ရာ သင်ရောက်ရှိသွားသည့် နေ့ဘက်တွင် ၎င်းတို့ကို တွေ့ရမည် မဟုတ်ပေ။

စာကြည့်တိုက်ဖွင့်ရက်များမှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် သောကြာနေ့များဖြစ်ပြီး နံနက် ၉း၃၀ မှ နေ့လယ် ၁း ၃၀၊ နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

ေပၚတူဂီ၏ အံ့ဖြယ္ ၇ ပါးတြင္ ပါဝင္ေသာ မာဖရာစာၾကည့္တိုက္ၾကီးမွ စာအုပ္မ်ားကို ကာကြယ္ရန္ ညဘက္တြင္ ကင္းလွည့္ေနေသာ လင္းႏို႔တပ္ဖြဲ႔ၾကီး

ေပၚတူဂီႏိုင္ငံတြင္ မာဖရာနန္းေတာ္အမည္ရွိ အေဆာက္အအံုၾကီးတစ္ခု တည္ရွိျပီး လစၥဘြန္းျမိဳ႕၏ ေျမာက္ဘက္ ၂၅ မိုင္ခန္႔ ေဝးကြာေသာအရပ္တြင္ တည္ရွိျပီး ဘာရုတ္ႏွင့္ နီယိုးကလပ္စစ္ကယ္ ဗိသုကာဟန္တို႔ျဖင့္ ေဆာက္လုပ္ထားျခင္းျဖစ္သည္။

ေပၚတူဂီဘုရင္ ဂၽြန္ (၅) လက္ထက္ ၁၇၁၇ ခုႏွစ္တြင္ စတင္ေဆာက္လုပ္ခဲ့ျပီး ၃၈ ႏွစ္ၾကာေဆာက္လုပ္ခဲ့ရျခင္းျဖစ္ကာ ၁၇၅၅ ခုႏွစ္တြင္မွ အျပီးသတ္ခဲ့သည္။

၁၇၁၁ ခုႏွစ္တြင္ ဘုရင္ ဂၽြန္ (၅) က မိဘုရားၾကီး မာရီယာေအနာကို သားသမီးေမြးဖြားေပးလွ်င္ မာဖရာနန္းေတာ္ၾကီး ေဆာက္လုပ္ေပးမည္ဟု ကတိျပဳခဲ့သည္။

သို႔ႏွင့္ ၁၇၁၁ ခုႏွစ္၊ ဒီဇင္ဘာ ၄ ရက္တြင္ ပထမဆံုးသမီးေတာ္ အင္ဖန္နာ ဘာဘရာကို ေမြးဖြားေပးခဲ့ေသာေၾကာင့္ မာဖရာနန္းေတာ္ ၾကီးကို စတင္ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

မာဖရာနန္းေတာ္ၾကီး၏ စုစုေပါင္းအက်ယ္အဝန္းမွာ စတုရန္းေပ ၄၃၀၅၅၆ ရွိျပီး အခန္းေပါင္း ၁၂၀၀၊ တံခါးေပါက္ႏွင့္ ျပတင္းေပါက္ေပါင္း ၅၀၀၀ ေက်ာ္၊ ေလွကားေပါင္း ၁၅၆ စင္း ပါဝင္သည္။

အဆိုပါ နန္းေတာ္ၾကီးကို လူေပါင္း ၄၅၀၀၀ ျဖင့္ ေဆာက္လုပ္ခဲ့ရျခင္းျဖစ္သည္ဟု ဆိုသည္။

နန္းေတာ္ၾကီးအတြင္းရွိ အၾကီးမားဆံုးအခန္းကို စာၾကည့္တိုက္အျဖစ္ တည္ေထာင္ခဲ့ျခင္းျဖစ္ျပီး စာအုပ္ေပါင္း ၄၀၀၀၀ ခန္႔ရွိေနကာ ၁၅၀၀ ျပည့္မတိုင္မီက ထုတ္ေဝခဲ့ေသာ စာအုပ္မ်ားပင္ ပါဝင္သည္။

စာၾကည့္တိုက္သည္ နန္းေတာ္ဒုတိယထပ္၏ ေနာက္ဘက္တြင္ တည္ရွိျပီး အခန္းအလ်ားမွာ ၂၇၈ ေပရွိကာ အက်ယ္မွာ ၃၁ ေပရွိသည္။

(မွတ္ခ်က္။ ျမန္မာႏိုင္ငံတြင္ အေလာင္းမင္းတရား ဦးေအာင္ေဇယ်က စတုတၳျမန္မာႏိုင္ငံေတာ္ၾကီးကို စတင္စုစည္းေနခ်ိန္ျဖစ္၏)

ေပၚတူဂီ၏ အံ့ဖြယ္ ၇ ပါးတြင္ အပါအဝင္ျဖစ္ေသာ မာဖရာနန္းေတာ္ အေဆာက္အအံုၾကီးကို ၁၉၁၀ ျပည့္ႏွစ္တြင္ အမ်ဳိးသားအထိမ္းအမွတ္အျဖစ္ သတ္မွတ္ခဲ့သည္။

စာအုပ္မ်ားကို ေနာင္အနာဂတ္မ်ဳိးဆက္မ်ားစြာထံ လက္ဆင့္ကမ္း ထိန္းသိမ္းႏိုင္ရန္အတြက္ အလင္း၊ အပူခ်ိန္၊ စိုထိုင္းမႈ အစရွိသည့္ အခ်က္ ၃ ခ်က္ကို ဂရုျပဳထိန္းသိမ္းရျခင္းမွာ မလြယ္ကူလွေခ်။

အထက္ပါ အခ်က္မ်ားအျပင္ စာၾကည့္တိုက္မ်ား၏ အဆိုးရြားဆံုးျခိမ္းေျခာက္မႈတစ္ခုမွာ စာအုပ္တို႔ကို ကိုက္ျဖတ္ဖ်က္ဆီးတတ္သည့္ အင္းဆက္ပိုးမႊားမ်ား ျဖစ္ၾကသည္။

စာၾကည့္တိုက္မ်ားသည္ အင္းဆက္မ်ားကို ကာကြယ္ႏွိမ္နင္းရန္အတြက္ နည္းလမ္းမ်ားစြာ အသံုးျပဳေလ့ရွိရာ အီသိုင္းလင္း ေအာက္ဆိုက္ဒ္၊ မီသိုင္း ဘရိုမိုက္ႏွင့္ ဂမၼာေရာင္ျခည္ အစရွိသည္တို႔ကို သံုးေလ့ရွိသည္။

သို႔ရာတြင္ ေပၚတူဂီမွ စာၾကည့္တိုက္ၾကီး မာဖရာတြင္ကား စာအုပ္မ်ားကို အကာအကြယ္ေပးမည့္ ေလေၾကာင္းကာကြယ္ေရးတပ္ဖြဲ႔တစ္ခု ရွိေနသည္။

အျခားမဟုတ္။ လင္းႏို႔မ်ား ျဖစ္၏။

မွန္ပါသည္။ မာဖရာစာၾကည့္တိုက္ၾကီးတြင္ လင္းႏို႔မ်ားသည္ စာအုပ္ဖ်က္ပိုးမႊားမ်ားကို အကာအကြယ္ေပးမည့္ အထူးတပ္ဖြဲ႔ျဖစ္၏။

မာဖရာ၏ သစ္သားစာအုပ္စင္မ်ားေပၚတြင္ ၁၄ ရာစုမွ ၁၉ ရာစုအၾကား ထုတ္ေဝခဲ့သည့္ ေရွးေဟာင္းတန္ဖိုးၾကီး သားေရဖံုးအုပ္ စာအုပ္ၾကီးေပါင္း ၃၆၀၀၀ ခန္႔ ရွိေနသည္။

လင္းႏို႔မ်ားက တန္ဖိုးၾကီးလွေသာ စာအုပ္မ်ားကို ဖ်က္ဆီးမည့္ပိုးမႊားမ်ားကို ညဘက္တြင္ ကင္းလွည့္ေစာင့္ၾကပ္လ်က္ရွိသည္။

၁၇၅၅ ခုႏွစ္တြင္ ေဆာက္လုပ္ျပီးစီးျပီးေနာက္ ခမ္းနားလွေသာ မာဖရာနန္းေတာ္ အေဆာက္အအံုၾကီးကို ေပၚတူဂီဗိသုကာ၏ အမ်ဳိးသား အေမြအႏွစ္အျဖစ္ သတ္မွတ္ခဲ့သည္။

မာဖရာနန္းေတာ္စာၾကည့္တိုက္ၾကီးသည္ ဥေရာပတိုက္၏ အေကာင္းဆံုးစာၾကည့္တိုက္ၾကီးမ်ားတြင္ တစ္ခုအပါအဝင္လည္း ျဖစ္သည္။

အလ်ား ေပ ၂၈၀ ရွိေသာ စာၾကည့္တိုက္အတြင္းရွိ စာအုပ္စင္မ်ားေနာက္ (သို႔မဟုတ္) ပန္းဥယ်ာဥ္ထဲတြင္ လင္းႏို႔မ်ားသည္ ေန႔ဘက္တြင္ အိပ္စက္ၾက၏။

ညအခ်ိန္ေရာက္၍ စာၾကည့္တိုက္ပိတ္လိုက္ျပီးေနာက္တြင္ကား လင္းႏို႔ငယ္မ်ားသည္ စာအုပ္စင္မ်ားၾကားမွ ထြက္လာကာ စာၾကည့္တိုက္အတြင္း စာအုပ္ဖ်က္ပိုးမႊားမ်ားကို လိုက္လံရွာေဖြေတာ့သည္။

လင္းႏို႔မ်ားသည္ မာဖရာစာၾကည့္တိုက္ၾကီးရွိ စာအုပ္မ်ားကို မည္သည့္အခ်ိန္ကာလမွ စတင္ကာကြယ္ေပးေနသည္ကို မည္သူကမွ် အတိအက်မသိေသာ္လည္း အခ်ဳိ႕ကဆိုသည္မွာမူ စတင္တည္ေထာင္ခ်ိန္ ၁၇၅၅ ခုႏွစ္ကတည္းကျဖစ္သည္ဟု ဆိုသည္။ သတင္းအခ်ဳိ႕အရ စာၾကည့္တိုက္အတြင္း အလ်ား ၁ လက္မခန္႔ရွိေသာ လင္းႏို႔ေကာင္ေရ ၅၀၀ ခန္႔ရွိသည္ဟု သိရသည္။

သို႔ရာတြင္ လင္းႏို႔မ်ားျဖင့္ ကာကြယ္ရျခင္းတြင္ ဆိုးက်ဳိးတစ္ခုလည္း ရွိေနသည္။

လင္းႏို႔မ်ားသည္ ညစဥ္ညတိုင္းပင္ စာၾကည့္တိုက္အတြင္းရွိ ၾကမ္းျပင္၊ စာအုပ္စင္မ်ားေပၚႏွင့္ ပရိေဘာဂမ်ားေပၚသို႔ ေခ်းပါခ်ေလ့ရွိ၏။

ထို႔ေၾကာင့္ စာၾကည့္တိုက္ဝန္ထမ္းမ်ားသည္ ညေနဘက္တြင္ စာၾကည့္တိုက္မပိတ္မီ ပရိေဘာဂမ်ားေပၚသို႔ အဖံုးအကာမ်ား ထားခဲ့ရသည္။

ေနာက္ေန႔နံနက္တြင္လည္း ၾကမ္းျပင္ေပၚရွိ လင္းႏို႔ေခ်းမ်ားကို သန္႔ရွင္းေရးလုပ္ၾကရ၏။

(စာၾကည့္တိုက္ၾကီးသို႔ လည္ပတ္မည္ဆိုပါက သိထားသည့္သည္မ်ား)

မာဖရာ စာၾကည့္တိုက္သည္ သုေတသီမ်ား၊ သမိုင္းပညာရွင္မ်ားႏွင့္ အျခားေသာ ပညာရွင္မ်ားအတြက္ ရည္ရြယ္ဖြင့္လွစ္ထားျခင္းျဖစ္ျပီး စာၾကည့္တိုက္တြင္ ေလ့လာလိုသည့္ရည္ရြယ္ခ်က္အေပၚမူတည္ျပီးသာ ဝင္ေရာက္ခြင့္ျပဳျခင္းျဖစ္ေၾကာင္း မာဖရာစာၾကည့္တိုက္ၾကီး၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပသည္။

စာဖတ္လိုပါက ၾကိဳတင္စာရင္းေပးသြင္းရန္ လိုအပ္သည္။

အကယ္၍ လင္းႏို႔မ်ားေၾကာင့္ နာမည္ၾကီးသျဖင့္ ေလ့လာလိုပါက သင့္ရည္ရြယ္ခ်က္ အေကာင္အထည္ေပၚမည္မဟုတ္ေခ်။

အဘယ္ေၾကာင့္ဆိုလွ်င္ လင္းႏို႔မ်ားသည္ ညဖက္တြင္သာ ပိုးမႊားမ်ားကို လိုက္လံႏွိမ္နင္းျခင္းျဖစ္ရာ သင္ေရာက္ရွိသြားသည့္ ေန႔ဘက္တြင္ ၎တို႔ကို ေတြ႔ရမည္ မဟုတ္ေပ။

စာၾကည့္တိုက္ဖြင့္ရက္မ်ားမွာ တနလၤာ၊ ဗုဒၶဟူး၊ ၾကာသပေတးႏွင့္ ေသာၾကာေန႔မ်ားျဖစ္ျပီး နံနက္ ၉း၃၀ မွ ေန႔လယ္ ၁း ၃၀၊ ေန႔လယ္ ၂ နာရီမွ ညေန ၄ နာရီအထိ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service