ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်က ထိုင်းနိုင်ငံတွင် အမြင့်မားဆုံးမိုးမျှော်တိုက်ကြီးကို ဆောက်လုပ်မည်

ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်က ထိုင်းနိုင်ငံတွင် အမြင့်မားဆုံးမိုးမျှော်တိုက်ကြီးကို ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
5 Mar 2020 12:16 pm တွင် တင်ခဲ့သည်
6887 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်က ထိုင်းနိုင်ငံတွင် အမြင့်မားဆုံးမိုးမျှော်တိုက်ကြီးကို ဆောက်လုပ်ရန် စီစဉ်နေကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ထိုင်းဘီလျံနာကြီး ချာရိုအန် စီရိဗဒနဘက်ဒီသည် သူ၏ အိမ်ခြံမြေကုမ္ပဏီဖြစ်သော Asset World Corp မှတဆင့် ထိုင်း၏ အမြင့်မားဆုံး မိုးမျှော်တိုက်ကြီးကို ဆောက်လုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

အဆောက်အအုံ၏ အမြင့်အပါအဝင် အသေးစိတ်အချက်အလက်များကို မသိရသေးဘဲ ၂၀၂၅ ခုနှစ်အထိ အပြီးသတ်ဆောက်လုပ်မည် မဟုတ်ဟု ခန့်မှန်းရသည်။

လက်ရှိအားဖြင့် ထိုင်းနိုင်ငံ၏ အမြင့်မားဆုံးအဆောက်အအုံမှာ Magnolias Waterfront Residences ဖြစ်ပြီး အမြင့် ၃၁၈ မီတာ (၁၀၄၃ ပေ) ရှိသည်။

ယခုဆောက်လုပ်မည့် မိုးမျှော်တိုက်ကြီးသည် ဘန်ကောက်မြို့အနီးဖြတ်သန်းသွားသော ကျောက်ဖယားမြစ်ကမ်းရှိ အခြားသော ကန်ဒေါ်လာ ၉၄၈ သန်းတန် ဆောက်လုပ်ရေးစီမံကိန်းနှင့် အပြိုင်ပေါ်ထွက်လာမည်ဖြစ်ပြီး Asset World Corp ၏ မဟာဗျူဟာမြောက် စီမံကိန်းတစ်ခု ဖြစ်ဖွယ်ရှိသည်။

“ ကျွန်မတို့ကုမ္ပဏီ ဘာတွေလုပ်မယ်ဆိုတာကို ဒီစီမံကိန်းက ပြသနေပြီး လားရာသစ်တွေ ဖော်ထုတ်ကာ စံချိန်တွေကို မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု Asset World ၏ အမှုဆောင်အရာရှိချုပ်၊ ချာရိုအန်၏ သမီးဖြစ်သူ ဝါလာပါ ထရိုင်ဆိုရက်က ပြောကြားသည်။

ယခုမိုးမျှော်တိုက်ကြီးသည် အမျိုးသားအထိမ်းအမှတ်ပြယုဂ်တစ်ခုဖြစ်လာလိမ့်မည်ဖြစ်ပြီး ထိုင်းနိုင်ငံသု့ိ လည်ပတ်သူများ ပိုမိုရောက်ရှိလာအောင် ဆွဲဆောင်ပေးနိုင်မည်ဖြစ်ကြောင်းလည်း သူမက ဆက်လက်ပြောကြားသည်။

သို့သော် ယခုစီမံကိန်းစီစဉ်လာခြင်းမှာ ထိုင်းနိုင်ငံ၏ အိမ်ခြံမြေနှင့် ကမ္ဘာလှည့်ခရီးသွားဈေးကွက်များ အခက်ကြုံနေရချိန်တွင် စီစဉ်လာခြင်း ဖြစ်သည်။

ဘန်ကောက်မြို့တော်တွင် လူနေခန်းများ စုပုံနေမှု ဖြစ်ပေါ်နေပြီး လူသူမရှိသည့်အခန်းပေါင်း ၁၀၀၀၀၀ ခန့်ရှိနေကာ ဆက်လက်၍လည်း ဈေးကွက်အတွင်းသို့ အခန်းသစ်များ ထပ်မံဝင်ရောက်လာဦးမည် ဖြစ်သည်။

ထိုင်းအိမ်ခြံမြေဈေးကွက်တွင် တက်ကြွစွာရင်းနှီးမြှုပ်နှံခဲ့ကြသည့် တရုတ်ဝယ်လက်များမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလာခွင့် ပိတ်ပင်ခံထားရရာ လက်ရှိအားဖြင့် တရုတ်ဝယ်လက်တို့ကို မျှော်လင့်၍ မရနိုင်ချေ။

၂၀၂၀ ပြည့်နှစ်အတွင်း ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်တွင် ပြည်ပဝယ်လက်တို့၏ ဝယ်ယူမှု ၁၀ ရာခိုင်နှုန်းခန့်သာ ရှိမည်ဟု ခန့်မှန်းထားသည်။

ထိုင်း ဂျီဒီပီ၏ ၂၀ ရာခိုင်နှုန်း ရှာဖွေပေးနိုင်သော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ဖွယ်ရာ ရှိနေသည်။

ဘန်ကောက်သည် ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုအများဆုံးမြို့တော်အဖြစ် ၄ နှစ်ဆက်တိုက်ရပ်တည်ခဲ့ပြီး ပဲရစ်၊ လန်ဒန်၊ ဒူဘိုင်းနှင့် စင်္ကာပူတို့၏ ရှေ့တွင် ဦးဆောင်ခဲ့ကြောင်း ၂၀၁၉ ခုနှစ်၊ Mastercard Inc ၏ အဆင့်သတ်မှတ်ချက် ညွှန်းကိန်းတွင် ဖော်ပြခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

ထိုင္းႏိုင္ငံ၏ အခ်မ္းသာဆံုးပုဂၢိဳလ္က ထိုင္းႏိုင္ငံတြင္ အျမင့္မားဆံုးမိုးေမွ်ာ္တိုက္ၾကီးကို ေဆာက္လုပ္မည္

ထိုင္းႏိုင္ငံ၏ အခ်မ္းသာဆံုးပုဂၢိဳလ္က ထိုင္းႏိုင္ငံတြင္ အျမင့္မားဆံုးမိုးေမွ်ာ္တိုက္ၾကီးကို ေဆာက္လုပ္ရန္ စီစဥ္ေနေၾကာင္း ဘန္ေကာက္ပို႔စ္ သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ထိုင္းဘီလ်ံနာၾကီး ခ်ာရိုအန္ စီရိဗဒနဘက္ဒီသည္ သူ၏ အိမ္ျခံေျမကုမၸဏီျဖစ္ေသာ Asset World Corp မွတဆင့္ ထိုင္း၏ အျမင့္မားဆံုး မိုးေမွ်ာ္တိုက္ၾကီးကို ေဆာက္လုပ္ရန္ စီစဥ္ေနျခင္း ျဖစ္သည္။

အေဆာက္အအံု၏ အျမင့္အပါအဝင္ အေသးစိတ္အခ်က္အလက္မ်ားကို မသိရေသးဘဲ ၂၀၂၅ ခုႏွစ္အထိ အျပီးသတ္ေဆာက္လုပ္မည္ မဟုတ္ဟု ခန္႔မွန္းရသည္။

လက္ရွိအားျဖင့္ ထိုင္းႏိုင္ငံ၏ အျမင့္မားဆံုးအေဆာက္အအံုမွာ Magnolias Waterfront Residences ျဖစ္ျပီး အျမင့္ ၃၁၈ မီတာ (၁၀၄၃ ေပ) ရွိသည္။

ယခုေဆာက္လုပ္မည့္ မိုးေမွ်ာ္တိုက္ၾကီးသည္ ဘန္ေကာက္ျမိဳ႕အနီးျဖတ္သန္းသြားေသာ ေက်ာက္ဖယားျမစ္ကမ္းရွိ အျခားေသာ ကန္ေဒၚလာ ၉၄၈ သန္းတန္ ေဆာက္လုပ္ေရးစီမံကိန္းႏွင့္ အျပိဳင္ေပၚထြက္လာမည္ျဖစ္ျပီး Asset World Corp ၏ မဟာဗ်ဴဟာေျမာက္ စီမံကိန္းတစ္ခု ျဖစ္ဖြယ္ရွိသည္။

“ ကၽြန္မတို႔ကုမၸဏီ ဘာေတြလုပ္မယ္ဆိုတာကို ဒီစီမံကိန္းက ျပသေနျပီး လားရာသစ္ေတြ ေဖာ္ထုတ္ကာ စံခ်ိန္ေတြကို ျမွင့္တင္ေပးသြားမွာ ျဖစ္ပါတယ္” ဟု Asset World ၏ အမႈေဆာင္အရာရွိခ်ဳပ္၊ ခ်ာရိုအန္၏ သမီးျဖစ္သူ ဝါလာပါ ထရိုင္ဆိုရက္က ေျပာၾကားသည္။

ယခုမိုးေမွ်ာ္တိုက္ၾကီးသည္ အမ်ဳိးသားအထိမ္းအမွတ္ျပယုဂ္တစ္ခုျဖစ္လာလိမ့္မည္ျဖစ္ျပီး ထိုင္းႏိုင္ငံသု႔ိ လည္ပတ္သူမ်ား ပိုမိုေရာက္ရွိလာေအာင္ ဆြဲေဆာင္ေပးႏိုင္မည္ျဖစ္ေၾကာင္းလည္း သူမက ဆက္လက္ေျပာၾကားသည္။

သို႔ေသာ္ ယခုစီမံကိန္းစီစဥ္လာျခင္းမွာ ထိုင္းႏိုင္ငံ၏ အိမ္ျခံေျမႏွင့္ ကမၻာလွည့္ခရီးသြားေစ်းကြက္မ်ား အခက္ၾကံဳေနရခ်ိန္တြင္ စီစဥ္လာျခင္း ျဖစ္သည္။

ဘန္ေကာက္ျမိဳ႕ေတာ္တြင္ လူေနခန္းမ်ား စုပံုေနမႈ ျဖစ္ေပၚေနျပီး လူသူမရွိသည့္အခန္းေပါင္း ၁၀၀၀၀၀ ခန္႔ရွိေနကာ ဆက္လက္၍လည္း ေစ်းကြက္အတြင္းသို႔ အခန္းသစ္မ်ား ထပ္မံဝင္ေရာက္လာဦးမည္ ျဖစ္သည္။

ထိုင္းအိမ္ျခံေျမေစ်းကြက္တြင္ တက္ၾကြစြာရင္းႏွီးျမွဳပ္ႏွံခဲ့ၾကသည့္ တရုတ္ဝယ္လက္မ်ားမွာလည္း ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ခရီးသြားလာခြင့္ ပိတ္ပင္ခံထားရရာ လက္ရွိအားျဖင့္ တရုတ္ဝယ္လက္တို႔ကို ေမွ်ာ္လင့္၍ မရႏိုင္ေခ်။

၂၀၂၀ ျပည့္ႏွစ္အတြင္း ထိုင္းႏိုင္ငံ၏ အိမ္ျခံေျမေစ်းကြက္တြင္ ျပည္ပဝယ္လက္တို႔၏ ဝယ္ယူမႈ ၁၀ ရာခိုင္ႏႈန္းခန္႔သာ ရွိမည္ဟု ခန္႔မွန္းထားသည္။

ထိုင္း ဂ်ီဒီပီ၏ ၂၀ ရာခိုင္ႏႈန္း ရွာေဖြေပးႏိုင္ေသာ ကမၻာလွည့္ခရီးသြားလုပ္ငန္းမွာလည္း ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္ဖြယ္ရာ ရွိေနသည္။

ဘန္ေကာက္သည္ ၂၀၁၈ ခုႏွစ္အတြင္း ကမၻာလွည့္ခရီးသည္ ဝင္ေရာက္မႈအမ်ားဆံုးျမိဳ႕ေတာ္အျဖစ္ ၄ ႏွစ္ဆက္တိုက္ရပ္တည္ခဲ့ျပီး ပဲရစ္၊ လန္ဒန္၊ ဒူဘိုင္းႏွင့္ စကၤာပူတို႔၏ ေရွ႕တြင္ ဦးေဆာင္ခဲ့ေၾကာင္း ၂၀၁၉ ခုႏွစ္၊ Mastercard Inc ၏ အဆင့္သတ္မွတ္ခ်က္ ညႊန္းကိန္းတြင္ ေဖာ္ျပခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service