အင်္ဂလန်တွင် မတ်လမှစတင်ပြီး နေအိမ်မှိုစွဲနေပါက အိမ်ငှားက အိမ်ရှင်ကို တရားစွဲနိုင်ပြီ
အင်္ဂလန်တွင် မတ်လမှစတင်ပြီး နေအိမ်မှိုစွဲနေပါက အိမ်ငှားက အိမ်ရှင်ကို တရားစွဲနိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
3 Mar 2020 12:00 pm တွင် တင်ခဲ့သည်
835 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
အင်္ဂလန်တွင် အိမ်ငှားတို့သည် မတ်လမှစတင်ပြီး နေအိမ်များ အေးစက်ကာ မှိုစွဲနေခြင်းများ အပါအဝင် နေအိမ်ရှိ ပြဿနာများအတွက် အိမ်ရှင်ကို တရားစွဲနိုင်ပြီဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင်ဖော်ပြသည်။
အင်္ဂလန်တွင် လူပေါင်း ၁ ဒသမ ၄ သန်းမှာ ညံ့ဖျင်းသောနေအိမ်များတွင် နေထိုင်ရလျက်ရှိနေကြောင်း အိုးအိမ်ဝန်ကြီးဌာန၊ လူမှုအသိုက်အဝန်းများနှင့် ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့တို့ထံမှရရှိသော အချက်အလက်များအရသိရသည်။
သို့ရာတွင် နေအိမ်များအက်ဥပဒေအရ နေအိမ်များကို အဆင့်မီအောင် ပြင်ဆင်ပေးထားခြင်းမရှိပါက လျော်ကြေးပေးရန် အိမ်ငှားများက တရားစွဲခွင့်ရှိသည်။
အဆိုပါ စည်းမျဉ်းသည် ၂၀၁၉ ခုနှစ်၊ မတ်လတွင် စတင်အသက်ဝင်ခဲ့ခြင်းဖြစ်ပြီး ထိုလမှစတင်ငှားရမ်းသူများအတွက် အကျုံးဝင်မည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်၊ မတ်လတွင်မူ ခေတ္တငှားရမ်းနေထိုင်သူများအားလုံးသို့လည်း အကျုံးဝင်လာသည်။
ယခုဥပဒေမထုတ်ပြန်မီက အိမ်ငှားတို့သည် နေအိမ်အခြေအနေများနှင့် စပ်လျဉ်းပြီး ဒေသတွင်းကောင်စီမှ လာရောက်စစ်ဆေးမှု လိုအပ်ခဲ့သည်။
ယခုဥပဒေအရ အိမ်ရှင်များအနေဖြင့် နေအိမ်ကို ဖြစ်နိုင်သမျှ ဆောလျင်စွာ ပြင်ဆင်ပေးရမည်ဟု သတ်မှတ်ထားသည်။
သို့သော် တဖက်မှလည်း မည်သည့်အကြောင်းရပ်ကိုမဆို ဖြေရှင်းနိုင်ရန်အတွက် သင့်လျော်သည့်အချိန်ရယူနိုင်ခွင့်လည်း ပေးအပ်ထားပြန်သည်။
အိမ်ငှားတို့နှင့် ကျန်းမာရေး၊ လုံခြုံရေးအခြေအနေများနှင့် ပတ်သက်ပြီး စိုးရိမ်ရပါက ၂၄ နာရီအတွင်း ဖြေရှင်းပေးရန် အိမ်ရှင်များအသင်းက အကြံပြုထားသည်။
နေအိမ်နှင့် စပ်လျဉ်း၍တိုင်ကြားနိုင်သည့်အချက်များမှာ မှိုစွဲခြင်း၊ ပိုးမွှားပေါက်ဖွားမှု၊ လေဝင်လေထွက်မကောင်းခြင်း၊ ရေပြဿနာ အစရှိသည်တို့ ပါဝင်သည်။
ယခုစည်းမျဉ်းသစ်တွင် တိုင်ကြားနိုင်သည်ဟု သတ်မှတ်ထားသော အချက်စုစုပေါင်း ၂၉ ချက်ပါဝင်သည်။
လူနေရန်သင့်လျော်မှုရှိ၊ မရှိကို တရားရုံးက အဆုံးအဖြတ်ပေးသွားမည်ဖြစ်ပြီး အကယ်၍ နေထိုင်ရန် မသင့်လျော်ကြောင်း တွေ့ရှိပါက အိမ်ရှင်များအနေဖြင့်လိုအပ်သော မွမ်းမံမှုများ ပြုလုပ်ပေးရမည် ဖြစ်သည်။
အကယ်၍ ပြုလုပ်မပေးပါက အိမ်ငှားက အိမ်ရှင်ကို တိုင်တန်းတရားစွဲနိုင်သည်။ ထိုအခါ တရားရုံးက အိမ်ရှင်ကို ဖိအားပေး မွမ်းမံစေခြင်း (သို့မဟုတ်) အိမ်ငှားကို လျော်ကြေးပေးစေခြင်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။
တရားစွဲဆိုမှုအတွက် အိမ်ငှားသည် အခမဲ့ဥပဒေအကူအညီပေးမှုကို လျှောက်ထားခြင်းမရှိထားပါက တရားရုံးစရိတ်ကို မိမိဘာသာကျခံရမည် ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service