စင်္ကာပူတည်ထောင်သူ လီကွမ်ယု နေထိုင်ခဲ့သော စံအိမ်ကြီးနှင့် စပ်လျဉ်းပြီး ဝန်ကြီးချုပ် လီရှန်လွန်းနှင့် ညီအစ်ကိုမောင်နှမများအကြား အငြင်းပွား

စင်္ကာပူတည်ထောင်သူ လီကွမ်ယု နေထိုင်ခဲ့သော စံအိမ်ကြီးနှင့် စပ်လျဉ်းပြီး ဝန်ကြီးချုပ် လီရှန်လွန်းနှင့် ညီအစ်ကိုမောင်နှမများအကြား အငြင်းပွား - Property News in Myanmar from iMyanmarHouse.com
28 Feb 2020 10:59 am တွင် တင်ခဲ့သည်
16287 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

လီကွမ်ယုသည် စင်္ကာပူကို အကန့်အသတ်ဖြင့် နိုင်ငံရေးလွတ်လပ်ခွင့်ရှိသော ခေတ်မီမြို့ပြနိုင်ငံအဖြစ် တည်ထောင်ခဲ့သည်။

သူကွယ်လွန်သွားပြီးနောက်ပိုင်းတွင်ကား သူနေထိုင်ခဲ့ရာ နေအိမ်သည် စင်္ကာပူ၏ နိုင်ငံရေးအနာဂတ်နှင့် စပ်လျဉ်ပြီး နက်ရှိုင်းသည့် အက်ကြောင်းများ ပေါ်ပေါက်လာနေစေခဲ့သည်။

လီကွမ်ယုတွင် သားသမီး ၃ ဦးထွန်းကားခဲ့သည့်အနက် အစ်ကိုကြီးဖြစ်သူ လီရှန်လွန်းမှာ လက်ရှိ စင်္ကာပူဝန်ကြီးချုပ် ဖြစ်လာသည်။

အခြားသော မွေးချင်း ၂ ဦးက စွပ်စွဲထားသည်မှာ လီရှန်လွန်းသည် ဖခင်ကြီး၏ ဆန္ဒနှင့် ဆန့်ကျင်ကာ နေအိမ်ကို ထိန်းသိမ်းမှုပြုလုပ်ရန် အာဏာအလွဲသုံးစား ပြုလုပ်နေကြောင်း စွပ်စွဲထားသည်။

ထိုသို့ ပြုလုပ်ရခြင်း၏ အကြောင်းရင်းမှာ ၎င်း၏ နိုင်ငံရေး Legitimacy ကျဆင်းနေမှု ရပ်တန့်စေရန်နှင့် အဆုံးစွန်အားဖြင့် နိုင်ငံရေးမင်းဆက်အသွင် ဖော်ဆောင်ရန် သားဖြစ်သူကို မွေးမြူပေးနေခြင်းတို့ဖြစ်ကြောင်း မွေးချင်း ၂ ဦးက ပြောကြားသည်။

၎င်းတို့အကြား အငြင်းပွားမှုသည် နိုင်ငံရေးအကျပ်အတည်းတစ်ခုအသွင် ရုပ်ဆိုးလှသော အိမ်ခြံမြေတိုက်ပွဲတစ်ခုဖြစ်လာသည့်အပြင် စင်္ကာပူကို မည်သို့မည်ပုံအုပ်ချုပ်နေကြသနည်းဟူသော အများတွေးဖွယ် မေးခွန်းတစ်ခု ပေါ်ပေါက်လာစေသည်။

စင်္ကာပူတွင် အာဏာရပါတီသည် ၅၈ နှစ်ဆက်တိုက်အုပ်ချုပ်နေခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် လီရှန်လွန်း၏ ညီဖြစ်သူ လီရှန်ယန်က ၎င်းနှင့်ညီမဖြစ်သူတို့၏ သဘောထားထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့မှုမှာလည်း စင်္ကာပူကို လှုပ်ခပ်စေခဲ့သည့် သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။

စာမျက်နှာ ၆ မျက်နှာပါ သဘောထားထုတ်ပြန်ချက်ကို လီရှန်ယန်က ညီမဖြစ်သူ လီဝေလင်းနှင့်အတူ ပူးတွဲရေးသားခဲ့ခြင်း ဖြစ်သည်။

လီရှန်ယန်က ရေးသားခဲ့ရာတွင် မိမိအနေဖြင့် မကြာတော့သည့်အချိန်တွင် စင်္ကာပူကို ကျောခိုင်းကာ ထွက်ပြေးတိမ်းရှောင်ရဖွယ် ရှိကြောင်း၊ ထိုသို့ထွက်ခွာရခြင်း၏ တစ်ခုတည်းသောအကြောင်းရင်းမှာ အစ်ကိုဖြစ်သူ လီရှန်လွန်းကြောင့်ဖြစ်ကြောင်း ရေးသားထားသည်။

ဖခင်ကြီး လီကွမ်ယု ကွယ်လွန်အနိစ္စရောက်ပြီးနောက်ပိုင်း လီရှန်လွန်းသည် မင်းဆက်ပုံသဏ္ဍာန် စင်္ကာပူကို အုပ်ချုပ်သွားရန် ကြိုးပမ်းနေကြောင်းလည်း ရေးသားထားသည်။

လီကွမ်ယုနေထိုင်ခဲ့သည့် စံအိမ်အပေါ် လီရှန်လွန်းပြုမူနေပုံကို ၎င်းတို့က သက်သေအထောက်အထားအဖြစ် ညွှန်ပြကြသည်။

လီကွမ်ယုက သူ၏သေတမ်းစာအတွင်း ရေးသားထားခဲ့ရာတွင် အောက်စ်လေလမ်း၊ အမှတ် ၃၈ ရှိ စံအိမ်ကို ၎င်းကွယ်လွန်ပြီးနောက်ပိုင်း ဖြိုချဖျက်သိမ်းလိုက်ရန် ရေးသားထားသည်။

သို့သော် လီရှန်လွန်းက အဆိုပါနေအိမ်ကို ဆက်လက်ထိန်းသိမ်းထားလိုရာမှ အငြင်းပွားမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

လီကွမ်ယုသည် အောက်ဇ်လေလမ်း၊ အမှတ် ၃၈ စံအိမ်၌ ၁၉၄၅ ခုနှစ်တွင် စတင်နေထိုင်ခဲ့ရာ ကွယ်လွန်ချိန်အထိ အဆိုပါစံအိမ်တွင် နေထိုင်သွားခဲ့ခြင်း ဖြစ်သည်။

လီကွမ်ယုက အဆိုပါနေအိမ်၏ မွမ်းမံထိန်းသိမ်းစရိတ်မှာ ကြီးမြင့်လှသောကြောင့် မိမိကွယ်လွန်ပြီးပါက ဖြိုချဖျက်ဆီးလိုက်စေလိုကြောင်း သူမကွယ်လွန်မီ ၂၀၁၁ ခုနှစ်အတွင်း စထရိတ်တိုင်းမ်သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားဖူးသည်။

လီကွမ်ယုက သူ၏ စံအိမ်ကို နိုင်ငံရေးအရ ဗိမာန်တစ်ခုသဖွယ်ဖြစ်လာမည့်အရေးနှင့် ယင်းသို့ဖြစ်လာပါက အိမ်နီးချင်းများ စိတ်အနှောင့်အယှက်ဖြစ်ရမည့်အရေးတို့ကို မလိုလားခဲ့ချေ။

လီရှန်ယန်က စွပ်စွဲထားသည့် အခြားအချက်တစ်ခုမှာ လီရှန်လွန်းသည် အဆိုပါစံအိမ်ကို ၎င်းအတွက် သီးသန့်ရယူရန် ကြိုးစားနေခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။

အဆိုပါအကြောင်းရပ်နှင့် စပ်လျဉ်းပြီး စင်္ကာပူလူထု၏ သဘောထားစစ်တမ်းများပင် ကောက်ယူရမှု ပေါ်ပေါက်ခဲ့ဖူးသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

စကၤာပူတည္ေထာင္သူ လီကြမ္ယု ေနထုိင္ခဲ့ေသာ စံအိမ္ၾကီးႏွင့္ စပ္လ်ဥ္းျပီး ဝန္ၾကီးခ်ဳပ္ လီရွန္လြန္းႏွင့္ ညီအစ္ကိုေမာင္ႏွမမ်ားအၾကား အျငင္းပြား

လီကြမ္ယုသည္ စကၤာပူကို အကန္႔အသတ္ျဖင့္ ႏိုင္ငံေရးလြတ္လပ္ခြင့္ရွိေသာ ေခတ္မီျမိဳ႕ျပႏိုင္ငံအျဖစ္ တည္ေထာင္ခဲ့သည္။

သူကြယ္လြန္သြားျပီးေနာက္ပိုင္းတြင္ကား သူေနထိုင္ခဲ့ရာ ေနအိမ္သည္ စကၤာပူ၏ ႏိုင္ငံေရးအနာဂတ္ႏွင့္ စပ္လ်ဥ္ျပီး နက္ရႈိင္းသည့္ အက္ေၾကာင္းမ်ား ေပၚေပါက္လာေနေစခဲ့သည္။

လီကြမ္ယုတြင္ သားသမီး ၃ ဦးထြန္းကားခဲ့သည့္အနက္ အစ္ကိုၾကီးျဖစ္သူ လီရွန္လြန္းမွာ လက္ရွိ စကၤာပူဝန္ၾကီးခ်ဳပ္ ျဖစ္လာသည္။

အျခားေသာ ေမြးခ်င္း ၂ ဦးက စြပ္စြဲထားသည္မွာ လီရွန္လြန္းသည္ ဖခင္ၾကီး၏ ဆႏၵႏွင့္ ဆန္႔က်င္ကာ ေနအိမ္ကို ထိန္းသိမ္းမႈျပဳလုပ္ရန္ အာဏာအလြဲသံုးစား ျပဳလုပ္ေနေၾကာင္း စြပ္စြဲထားသည္။ ထိုသို႔ ျပဳလုပ္ရျခင္း၏ အေၾကာင္းရင္းမွာ ၎၏ ႏိုင္ငံေရး Legitimacy က်ဆင္းေနမႈ ရပ္တန္႔ေစရန္ႏွင့္ အဆံုးစြန္အားျဖင့္ ႏိုင္ငံေရးမင္းဆက္အသြင္ ေဖာ္ေဆာင္ရန္ သားျဖစ္သူကို ေမြးျမဴေပးေနျခင္းတို႔ျဖစ္ေၾကာင္း ေမြးခ်င္း ၂ ဦးက ေျပာၾကားသည္။

၎တို႔အၾကား အျငင္းပြားမႈသည္ ႏိုင္ငံေရးအက်ပ္အတည္းတစ္ခုအသြင္ ရုပ္ဆိုးလွေသာ အိမ္ျခံေျမတိုက္ပြဲတစ္ခုျဖစ္လာသည့္အျပင္ စကၤာပူကို မည္သို႔မည္ပံုအုပ္ခ်ဳပ္ေနၾကသနည္းဟူေသာ အမ်ားေတြးဖြယ္ ေမးခြန္းတစ္ခု ေပၚေပါက္လာေစသည္။

စကၤာပူတြင္ အာဏာရပါတီသည္ ၅၈ ႏွစ္ဆက္တိုက္အုပ္ခ်ဳပ္ေနခဲ့ျခင္း ျဖစ္သည္။

ဝန္ၾကီးခ်ဳပ္ လီရွန္လြန္း၏ ညီျဖစ္သူ လီရွန္ယန္က ၎ႏွင့္ညီမျဖစ္သူတို႔၏ သေဘာထားထုတ္ျပန္ခ်က္တစ္ခုကို ထုတ္ျပန္ခဲ့မႈမွာလည္း စကၤာပူကို လႈပ္ခပ္ေစခဲ့သည့္ သတင္းတစ္ပုဒ္ျဖစ္ခဲ့သည္။

စာမ်က္ႏွာ ၆ မ်က္ႏွာပါ သေဘာထားထုတ္ျပန္ခ်က္ကို လီရွန္ယန္က ညီမျဖစ္သူ လီေဝလင္းႏွင့္အတူ ပူးတြဲေရးသားခဲ့ျခင္း ျဖစ္သည္။

လီရွန္ယန္က ေရးသားခဲ့ရာတြင္ မိမိအေနျဖင့္ မၾကာေတာ့သည့္အခ်ိန္တြင္ စကၤာပူကို ေက်ာခိုင္းကာ ထြက္ေျပးတိမ္းေရွာင္ရဖြယ္ ရွိေၾကာင္း၊ ထိုသို႔ထြက္ခြာရျခင္း၏ တစ္ခုတည္းေသာအေၾကာင္းရင္းမွာ အစ္ကိုျဖစ္သူ လီရွန္လြန္းေၾကာင့္ျဖစ္ေၾကာင္း ေရးသားထားသည္။

ဖခင္ၾကီး လီကြမ္ယု ကြယ္လြန္အနိစၥေရာက္ျပီးေနာက္ပိုင္း လီရွန္လြန္းသည္ မင္းဆက္ပံုသ႑ာန္ စကၤာပူကို အုပ္ခ်ဳပ္သြားရန္ ၾကိဳးပမ္းေနေၾကာင္းလည္း ေရးသားထားသည္။

လီကြမ္ယုေနထိုင္ခဲ့သည့္ စံအိမ္အေပၚ လီရွန္လြန္းျပဳမူေနပံုကို ၎တို႔က သက္ေသအေထာက္အထားအျဖစ္ ညႊန္ျပၾကသည္။

လီကြမ္ယုက သူ၏ေသတမ္းစာအတြင္း ေရးသားထားခဲ့ရာတြင္ ေအာက္စ္ေလလမ္း၊ အမွတ္ ၃၈ ရွိ စံအိမ္ကို ၎ကြယ္လြန္ျပီးေနာက္ပိုင္း ျဖိဳခ်ဖ်က္သိမ္းလိုက္ရန္ ေရးသားထားသည္။

သို႔ေသာ္ လီရွန္လြန္းက အဆိုပါေနအိမ္ကို ဆက္လက္ထိန္းသိမ္းထားလိုရာမွ အျငင္းပြားမႈ ေပၚေပါက္လာျခင္း ျဖစ္သည္။

လီကြမ္ယုသည္ ေအာက္ဇ္ေလလမ္း၊ အမွတ္ ၃၈ စံအိမ္၌ ၁၉၄၅ ခုႏွစ္တြင္ စတင္ေနထိုင္ခဲ့ရာ ကြယ္လြန္ခ်ိန္အထိ အဆိုပါစံအိမ္တြင္ ေနထုိင္သြားခဲ့ျခင္း ျဖစ္သည္။

လီကြမ္ယုက အဆိုပါေနအိမ္၏ မြမ္းမံထိန္းသိမ္းစရိတ္မွာ ၾကီးျမင့္လွေသာေၾကာင့္ မိမိကြယ္လြန္ျပီးပါက ျဖိဳခ်ဖ်က္ဆီးလိုက္ေစလိုေၾကာင္း သူမကြယ္လြန္မီ ၂၀၁၁ ခုႏွစ္အတြင္း စထရိတ္တိုင္းမ္သတင္းစာႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ ေျပာၾကားဖူးသည္။

လီကြမ္ယုက သူ၏ စံအိမ္ကို ႏိုင္ငံေရးအရ ဗိမာန္တစ္ခုသဖြယ္ျဖစ္လာမည့္အေရးႏွင့္ ယင္းသို႔ျဖစ္လာပါက အိမ္နီးခ်င္းမ်ား စိတ္အေႏွာင့္အယွက္ျဖစ္ရမည့္အေရးတို႔ကို မလိုလားခဲ့ေခ်။

လီရွန္ယန္က စြပ္စြဲထားသည့္ အျခားအခ်က္တစ္ခုမွာ လီရွန္လြန္းသည္ အဆိုပါစံအိမ္ကို ၎အတြက္ သီးသန္႔ရယူရန္ ၾကိဳးစားေနျခင္းျဖစ္ေၾကာင္း စြပ္စြဲထားသည္။

အဆိုပါအေၾကာင္းရပ္ႏွင့္ စပ္လ်ဥ္းျပီး စကၤာပူလူထု၏ သေဘာထားစစ္တမ္းမ်ားပင္ ေကာက္ယူရမႈ ေပၚေပါက္ခဲ့ဖူးသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service