လန်ဒန်တွင် ဇိမ်ခံအိမ်ခြံမြေများကို ဝယ်ယူကြသည့် ဝယ်လက်အများစုမှာ မလေးရှားနိုင်ငံသားများဖြစ်

လန်ဒန်တွင် ဇိမ်ခံအိမ်ခြံမြေများကို ဝယ်ယူကြသည့် ဝယ်လက်အများစုမှာ မလေးရှားနိုင်ငံသားများဖြစ် - Property News in Myanmar from iMyanmarHouse.com
27 Feb 2020 12:30 pm တွင် တင်ခဲ့သည်
779 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

စင်္ကာပူကုမ္ပဏီဖြစ်သော City Developments Ltd (CDL) က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ ဆစ်ဒနီလမ်း အမှတ် ၁၀၀ ရှိ လူနေခန်းများ ကို အရောင်းဈေးကွက်တင်ခဲ့ရာ ဝယ်လက် ၃ ပုံ ၂ ပုံမှာ မလေးရှားနိုင်ငံသားများဖြစ်ကြကြောင်း မလေးရှားအခြေစိုက် သတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ခေတ်မီ စတိုင်ကျသော အဆိုပါစီမံကိန်း၏ ၄၀ ရာခိုင်နှုန်း ရောင်းချပြီးဖြစ်ကာ အိပ်ခန်း ၂ ခန်းမှ ၃ ခန်းပါ လူနေခန်းများ၏ ဈေးနှုန်းမှာ ပေါင် ၅ ဒသမ ၇၅ သန်းမှ စတင်သည်ဟု CDL အတွက် လုပ်ငန်းများဆောင်ရွက်ပေးသော Dartmouth Capital Advisors (DCA) မှ ထုတ်ဖော်ပြောကြားသည်။

DCA ၏ အမှုဆောင်အရာရှိချုပ် ဒေးဗစ် အက်ရှ်ခရော့ဖ်က ပြောကြားရာတွင် အဆိုပါအခြေအနေအရ လန်ဒန်မြို့၏ လူနေအိမ်ခြံမြေများ ကို မလေးရှားမှ စိတ်ဝင်စားမှု အားကောင်းနေခြင်းကို ပြသခြင်းဖြစ်ပြီး ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်မှု ပြီးဆုံးသွားပြီးနောက်ပိုင်း ဈေးကွက်ယုံကြည်မှု ပြန်လည်အားကောင်းလာခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ် ရက်ဘ်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူသို့ သွားရောက်ကာ မလေးရှားဝန်ကြီးချုပ် မဟာသီနှင့် တွေ့ဆုံပြီး ဗြိတိန်နှင့် မလေးရှားအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆက်နွှယ်ရေးများအကြောင်း ဆွေးနွေးခဲ့ပြီးနောက်ပိုင်း ယခုအခြေအနေ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း အက်ရှ်ခရော့ဖ်က ဆိုသည်။

ဗြိတိန်နှင့် မလေးရှားအကြား စီးပွားရေးဆက်နွှယ်မှုမှာ တစ်နှစ်လျှင် ပေါင် ၅ ဘီလီယံကျော် ရှိနေသည်။

ဗြိတိန်ရှိ အထင်ကရစီမံကိန်းကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သော ဘတ်တာဆီး ဓာတ်အားပေးစက်ရုံ ပြန်လည်မွမ်းမံဆောက်လုပ်မှု စီမံကိန်းမှာ ဗြိတိန်တွင် မလေးရှား၏ ရင်းနှီးမြှုပ်နှံမှုကို ထင်ဟပ်ပြသနေမှုတစ်ခုလည်း ဖြစ်သည်။

ဗြိတိန်ကုမ္ပဏီကြီးတစ်ခုဖြစ်သော Smith+Nephew သည် ဆေးဝါးပစ္စည်းများထုတ်လုပ်သည့် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ယခုလကုန်ပိုင်းတွင် မလေးရှားနိုင်ငံ၊ ပီနန်၌ ဆေးဝါးပစ္စည်းထုတ်လုပ်ရေးစက်ရုံတည်ထောင်လာရာ အရှေ့တောင်အာရှတွင် ယင်းကုမ္ပဏီ၏ ပထမဆုံး စက်ရုံဖြစ်လာသည်။

အဆိုပါစက်ရုံတည်ထောင်လိုက်မှုကြောင့် လာမည့် ၅ နှစ်တာ ကာလအတွင်းအလုပ်အကိုင်သစ်ပေါင်း ၈၀၀ ခန့် ဖန်တီးပေးနိုင်မည်ဖြစ်ကာ ဗြိတိန်- မလေးရှား ကုန်သွယ်မှုကို တိုးမြင့်လာစေမည် ဖြစ်သည်။

“ဆစ်ဒနီလမ်း၊ အမှတ် ၁၀၀ က ဆောက်လုပ်ရေးစီမံကိန်းအပေါ် နိုင်ငံတကာက စိတ်ဝင်စားမှု ကြီးမားခဲ့တဲ့အပေါ် ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ်။ ဒီနေရာဟာ လန်ဒန်ရဲ့ အချက်အပြုတ်ဆိုင်ရာနဲ့ လက်လီဈေးရောင်းချမှုကဏ္ဍကို စိတ်ဝင်စားသူတွေအတွက် နေရာကောင်းပါ။ မလေးရှားဈေးကွက်ကို ဆွဲဆောင်နိုင်ခဲ့တာ သိပ်ကိုကောင်းပါတယ်။ ဒီလားရာကနေ ကျွန်တော်တို့ရဲ့ လူနေခန်းတွေကို ကမ္ဘာက အာရုံစိုက်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု အက်ရှ်ခရော့ဖ်က ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

လန္ဒန္တြင္ ဇိမ္ခံအိမ္ျခံေျမမ်ားကို ဝယ္ယူၾကသည့္ ဝယ္လက္အမ်ားစုမွာ မေလးရွားႏိုင္ငံသားမ်ားျဖစ္

စကၤာပူကုမၸဏီျဖစ္ေသာ City Developments Ltd (CDL) က အဂၤလန္ႏိုင္ငံ၊ လန္ဒန္ျမိဳ႕၊ ဆစ္ဒနီလမ္း အမွတ္ ၁၀၀ ရွိ လူေနခန္းမ်ား ကို အေရာင္းေစ်းကြက္တင္ခဲ့ရာ ဝယ္လက္ ၃ ပံု ၂ ပံုမွာ မေလးရွားႏိုင္ငံသားမ်ားျဖစ္ၾကေၾကာင္း မေလးရွားအေျခစိုက္ သတင္း ဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ေခတ္မီ စတိုင္က်ေသာ အဆိုပါစီမံကိန္း၏ ၄၀ ရာခိုင္ႏႈန္း ေရာင္းခ်ျပီးျဖစ္ကာ အိပ္ခန္း ၂ ခန္းမွ ၃ ခန္းပါ လူေနခန္းမ်ား၏ ေစ်းႏႈန္းမွာ ေပါင္ ၅ ဒသမ ၇၅ သန္းမွ စတင္သည္ဟု CDL အတြက္ လုပ္ငန္းမ်ားေဆာင္ရြက္ေပးေသာ Dartmouth Capital Advisors (DCA) မွ ထုတ္ေဖာ္ေျပာၾကားသည္။

DCA ၏ အမႈေဆာင္အရာရွိခ်ဳပ္ ေဒးဗစ္ အက္ရွ္ခေရာ့ဖ္က ေျပာၾကားရာတြင္ အဆိုပါအေျခအေနအရ လန္ဒန္ျမိဳ႕၏ လူေနအိမ္ျခံေျမမ်ား ကို မေလးရွားမွ စိတ္ဝင္စားမႈ အားေကာင္းေနျခင္းကို ျပသျခင္းျဖစ္ျပီး ဥေရာပသမဂၢမွ ျဗိတိန္ႏႈတ္ထြက္မႈ ျပီးဆံုးသြားျပီးေနာက္ပိုင္း ေစ်းကြက္ယံုၾကည္မႈ ျပန္လည္အားေကာင္းလာျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

ျဗိတိန္ႏိုင္ငံျခားေရးဝန္ၾကီး ေဒါမနစ္ ရက္ဘ္က မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူသို႔ သြားေရာက္ကာ မေလးရွားဝန္ၾကီးခ်ဳပ္ မဟာသီႏွင့္ ေတြ႔ဆံုျပီး ျဗိတိန္ႏွင့္ မေလးရွားအၾကား ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ စီးပြားေရးဆက္ႏႊယ္ေရးမ်ားအေၾကာင္း ေဆြးေႏြးခဲ့ျပီးေနာက္ပိုင္း ယခုအေျခအေန ေပၚေပါက္လာျခင္းျဖစ္ေၾကာင္း အက္ရွ္ခေရာ့ဖ္က ဆိုသည္။

ျဗိတိန္ႏွင့္ မေလးရွားအၾကား စီးပြားေရးဆက္ႏႊယ္မႈမွာ တစ္ႏွစ္လွ်င္ ေပါင္ ၅ ဘီလီယံေက်ာ္ ရွိေနသည္။

ျဗိတိန္ရွိ အထင္ကရစီမံကိန္းၾကီးမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေသာ ဘတ္တာဆီး ဓာတ္အားေပးစက္ရံု ျပန္လည္မြမ္းမံေဆာက္လုပ္မႈ စီမံကိန္းမွာ ျဗိတိန္တြင္ မေလးရွား၏ ရင္းႏွီးျမွဳပ္ႏွံမႈကို ထင္ဟပ္ျပသေနမႈတစ္ခုလည္း ျဖစ္သည္။

ျဗိတိန္ကုမၸဏီၾကီးတစ္ခုျဖစ္ေသာ Smith+Nephew သည္ ေဆးဝါးပစၥည္းမ်ားထုတ္လုပ္သည့္ ကမၻာ့ထိပ္တန္း ကုမၸဏီၾကီးတစ္ခုျဖစ္ျပီး ယခုလကုန္ပိုင္းတြင္ မေလးရွားႏိုင္ငံ၊ ပီနန္၌ ေဆးဝါးပစၥည္းထုတ္လုပ္ေရးစက္ရံုတည္ေထာင္လာရာ အေရွ႕ေတာင္အာရွတြင္ ယင္းကုမၸဏီ၏ ပထမဆံုး စက္ရံုျဖစ္လာသည္။

အဆိုပါစက္ရံုတည္ေထာင္လုိက္မႈေၾကာင့္ လာမည့္ ၅ ႏွစ္တာ ကာလအတြင္းအလုပ္အကိုင္သစ္ေပါင္း ၈၀၀ ခန္႔ ဖန္တီးေပးႏိုင္မည္ျဖစ္ကာ ျဗိတိန္- မေလးရွား ကုန္သြယ္မႈကို တိုးျမင့္လာေစမည္ ျဖစ္သည္။

“ဆစ္ဒနီလမ္း၊ အမွတ္ ၁၀၀ က ေဆာက္လုပ္ေရးစီမံကိန္းအေပၚ ႏိုင္ငံတကာက စိတ္ဝင္စားမႈ ၾကီးမားခဲ့တဲ့အေပၚ ကၽြန္ေတာ္တို႔ စိတ္လႈပ္ရွားမိပါတယ္။ ဒီေနရာဟာ လန္ဒန္ရဲ႕ အခ်က္အျပဳတ္ဆိုင္ရာနဲ႔ လက္လီေစ်းေရာင္းခ်မႈက႑ကို စိတ္ဝင္စားသူေတြအတြက္ ေနရာေကာင္းပါ။ မေလးရွားေစ်းကြက္ကို ဆြဲေဆာင္ႏိုင္ခဲ့တာ သိပ္ကိုေကာင္းပါတယ္။ ဒီလားရာကေန ကၽြန္ေတာ္တို႔ရဲ႕ လူေနခန္းေတြကို ကမၻာက အာရံုစိုက္လာမယ္လို႔ ကၽြန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္” ဟု အက္ရွ္ခေရာ့ဖ္က ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service