မြေကြီးထဲသို့ တဖြည်းဖြည်းချင်းနစ်ဝင်နေသော ခေါင်းလောင်း မျှော်စင်ကြီး

မြေကြီးထဲသို့ တဖြည်းဖြည်းချင်းနစ်ဝင်နေသော ခေါင်းလောင်း မျှော်စင်ကြီး - Property News in Myanmar from iMyanmarHouse.com
27 Feb 2020 12:23 pm တွင် တင်ခဲ့သည်
8865 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း၊ အီလိုကော့စ် နော်တေးပြည်နယ်၏ မြို့တော်လိုအက်မြို့တွင် မြေကြီးထဲသို့ တဖြည်းဖြည်းချင်း နစ်မြှုပ်နေသော ခေါင်းလောင်းမျှော်စင်ကြီးတစ်ခု တည်ရှိနေသည်။

အဆိုပါမျှော်စင်ကြီးသည် တစ်နှစ်လျှင် တစ်လက်မနှုန်းဖြင့် မြေကြီးထဲသို့ နစ်မြုပ်နေပြီး အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို မည်သူမျှ မသိကြချေ။

အီလိုကော့စ်နော်တေးပြည်နယ်သို့ အလည်အပတ်သွားရောက်ကြသူများသည် လိုအက်မြို့မှ ခေါင်းလောင်းစင်ကြီး၏ အံ့ဘွယ်ဖြစ်ရပ်ကိုများစွာသိလိုကြသည်။

ယင်းခေါင်းလောင်းစင်ကြီး၏ အဖြစ်အပျက်မှာ စပိန်ကိုလိုနီလက်အောက်ဘဝမှ စတင်ခဲ့သည်။

ဖိလစ်ပိုင်မြောက်ပိုင်း အီလိုကော့စ် ကမ်းရိုးတန်းဒေသသည် ဒေသခံ အီလိုကာနိုမျိုးနွှယ်စုတို့ အခြေချရာဖြစ်ပြီး မလေးရှားနှင့် အင်ဒိုနီးရှားတို့၏ ကုန်သွယ်ရေးဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့သည်။

စပိန်တို့ ဖိလစ်ပိုင်တို့ စတင်ဝင်ရောက်လာခဲ့သည်မှာ ၁၅၂၁ ခုနှစ်တွင်ဖြစ်ပြီး ဖိလစ်ပိုင်အလယ်ပိုင်း ဗီဆာယန်ပင်လယ်အတွင်းတွင် တည်ရှိသော ဗီဆာယန်ကျွန်းစုများတွင် ဖြစ်သည်။

ဗီဆာယန်ကျွန်းစုများသည် မြောက်ပိုင်း အီလိုကော့စ်နော်တေးပြည်နယ်နှင့် ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးကွာသည်။

နောက်ပိုင်းတွင် မြောက်ပိုင်းအီလိုကော့စ်နော်တေး ဒေသသည် စပိန်တို့၏ အမာခံခြေကုပ်နေရာဖြစ်လာခဲ့သည်။

စပိန်သည် ဖိလစ်ပိုင်ကို နှစ်ပေါင်း ၃၃၃ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် စပိန်တို့၏ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်း များမှာ အီလိုကော့စ်နော်တေးတွင်သာမက ဖိလစ်ပိုင်နိုင်ငံတစ်ဝန်း နေရာများစွာတွင် ယနေ့တိုင်တွေ့မြင်နိုင်သေးသည်။

ယင်းသို့သော ပြောင်းလဲမှုမျိုးမှာ အချိန်ကာလ၏ စမ်းသပ်မှုအောက်တွင် ဖျက်ဆီး၍မရနိုင်သော ဖြစ်တည်မှုမျိုးဖြစ်ကြသည်။

ထိုအထဲတွင် လိုအက်မြို့၏ အမြင့်မားဆုံး သမိုင်းဝင်အဆောက်အအုံကြီးဖြစ်သည့် မြေကြီးထဲသို့ နစ်ဝင်နေသော ခေါင်းလောင်းစင်ကြီးလည်း ပါဝင်သည်။

လာရောက်လည်ပတ်သူတို့ ပထမဆုံးသတိထားမိမည့် ထူးခြားသောအချက်မှာ လိုအက်မြို့၏ အထင်ကရ ဘုရားကျောင်းကြီးဖြစ်သော စိန့်ဝီလျံ ဘုရားကျောင်းနှင့် ခေါင်းလောင်းစင်အကြား အကွာအဝေးဖြစ်သည်။

ခေါင်းလောင်းစင်များသည် ပုံမှန်အားဖြင့် ဘုရားကျောင်းများအနီး ကပ်လျက်သော်လည်းကောင်း၊ မီတာအနည်းငယ်သာ ဝေးကွာသည့်နေရာတွင်လည်းကောင်း ဆောက်လုပ်လေ့ရှိသော်လည်း စိန့်ဝီလျံဘုရားကျောင်းနှင့် ခေါင်းလောင်းစင်မှာမူ မီတာ ၈၀ ခန့်အထိ ဝေးကွာနေသည်။

၁၇၀၇ ခုနှစ် မြေငလျင်လှုပ်ခတ်မှုကြီး ပေါ်ပေါက်ပြီးနောက် ယခုခေါင်းလောင်းစင်ကြီးကို ဆောက်လုပ်ခဲ့သည်ဟု ယူဆရသည်။

အဆိုပါ ခေါင်းလောင်းမျှော်စင်ကြီးဆောက်လုပ်ပြီးနောက်ပိုင်းကတည်းက ငလျင်ငယ် လှုပ်ခတ်မှုများစွာ ကြုံခဲ့ရပြီး ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သည်။

ဒေသတွင်း အီလိုကာနို လက်မှုပညာသည်တို့က အုတ်များကို သကာရည်ဖြင့်ချုပ်ကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အောက်ခြေဖောင်ဒေးရှင်းမှာ ၂၉၅ ပေရှိပြီး အမြင့်မှာ ပေ ၁၅၀ နီးပါးရှိပြီး အီလိုကာနိုတို့အတွက် ရာစုနှစ်များစွာ ရပ်တည်ပေးခဲ့သည့် အဆောက်အအုံကြီး ဖြစ်သည်။

ယခုအခါ အဆိုပါ အဆောက်အအုံကြီး၏ သက်တမ်းမှာ များစွာမကျန်နိုင်တော့ချေ။

နှစ်စဉ်နှစ်တိုင်း မြေကြီးထဲသို့ တစ်လက်မနှုန်းဖြင့် နစ်ဝင်လာနေသည်။

အဘယ်ကြောင့် ထိုသို့နစ်ဝင်နေသည်ကို သိပ္ပံနည်းကျ ဖြေရှင်းချက်များ မထုတ်နိုင်သေးချေ။

သို့သော် အများလက်ခံထားသည့် အယူအဆတစ်ခုမှာ ခေါင်းလောင်းမျှော်စင်ကြီးကို သဲဆန်သည့်မြေနေရာတွင် ဆောက်လုပ်ခဲ့ ခြင်းကြောင့် မျှော်စင်၏ ကြီးမားသည့် ဖွဲ့စည်းပုံနှင့် အလေးချိန်တို့ကြောင့် မြေအတွင်းသို့ တဖြည်းဖြည်းချင်း နစ်မြုပ်လာနေခြင်း ဖြစ်သည်ဟူသော ယူဆချက် ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

ေျမၾကီးထဲသို႔ တျဖည္းျဖည္းခ်င္းနစ္ဝင္ေနေသာ ေခါင္းေလာင္း ေမွ်ာ္စင္ၾကီး

ဖိလစ္ပိုင္ႏိုင္ငံေျမာက္ပိုင္း၊ အီလိုေကာ့စ္ ေနာ္ေတးျပည္နယ္၏ ျမိဳ႕ေတာ္လိုအက္ျမိဳ႕တြင္ ေျမၾကီးထဲသို႔ တျဖည္းျဖည္းခ်င္း နစ္ျမွဳပ္ေနေသာ ေခါင္းေလာင္းေမွ်ာ္စင္ၾကီးတစ္ခု တည္ရွိေနသည္။

အဆိုပါေမွ်ာ္စင္ၾကီးသည္ တစ္ႏွစ္လွ်င္ တစ္လက္မႏႈန္းျဖင့္ ေျမၾကီးထဲသို႔ နစ္ျမဳပ္ေနျပီး အဘယ္ေၾကာင့္ ထိုသို႔ျဖစ္ရသည္ကို မည္သူမွ် မသိၾကေခ်။

အီလိုေကာ့စ္ေနာ္ေတးျပည္နယ္သို႔ အလည္အပတ္သြားေရာက္ၾကသူမ်ားသည္ လိုအက္ျမိဳ႕မွ ေခါင္းေလာင္းစင္ၾကီး၏ အံ့ဘြယ္ျဖစ္ရပ္ကိုမ်ားစြာသိလိုၾကသည္။

ယင္းေခါင္းေလာင္းစင္ၾကီး၏ အျဖစ္အပ်က္မွာ စပိန္ကိုလိုနီလက္ေအာက္ဘဝမွ စတင္ခဲ့သည္။

ဖိလစ္ပိုင္ေျမာက္ပိုင္း အီလိုေကာ့စ္ ကမ္းရိုးတန္းေဒသသည္ ေဒသခံ အီလိုကာႏိုမ်ဳိးႏႊယ္စုတို႔ အေျခခ်ရာျဖစ္ျပီး မေလးရွားႏွင့္ အင္ဒိုနီးရွားတို႔၏ ကုန္သြယ္ေရးဆိပ္ကမ္းတစ္ခု ျဖစ္ခဲ့သည္။

စပိန္တို႔ ဖိလစ္ပိုင္တို႔ စတင္ဝင္ေရာက္လာခဲ့သည္မွာ ၁၅၂၁ ခုႏွစ္တြင္ျဖစ္ျပီး ဖိလစ္ပိုင္အလယ္ပိုင္း ဗီဆာယန္ပင္လယ္အတြင္းတြင္ တည္ရွိေသာ ဗီဆာယန္ကၽြန္းစုမ်ားတြင္ ျဖစ္သည္။

ဗီဆာယန္ကၽြန္းစုမ်ားသည္ ေျမာက္ပိုင္း အီလိုေကာ့စ္ေနာ္ေတးျပည္နယ္ႏွင့္ ကီလိုမီတာ ေထာင္ေပါင္းမ်ားစြာ ေဝးကြာသည္။

ေနာက္ပိုင္းတြင္ ေျမာက္ပိုင္းအီလိုေကာ့စ္ေနာ္ေတး ေဒသသည္ စပိန္တို႔၏ အမာခံေျခကုပ္ေနရာျဖစ္လာခဲ့သည္။

စပိန္သည္ ဖိလစ္ပိုင္ကို ႏွစ္ေပါင္း ၃၃၃ ႏွစ္ၾကာ အုပ္ခ်ဳပ္ခဲ့ျပီးေနာက္ စပိန္တို႔၏ ယဥ္ေက်းမႈႏွင့္ ဘာသာေရးဆိုင္ရာ ဓေလ့ထံုးတမ္း မ်ားမွာ အီလိုေကာ့စ္ေနာ္ေတးတြင္သာမက ဖိလစ္ပိုင္ႏိုင္ငံတစ္ဝန္း ေနရာမ်ားစြာတြင္ ယေန႔တိုင္ေတြ႔ျမင္ႏိုင္ေသးသည္။

ယင္းသို႔ေသာ ေျပာင္းလဲမႈမ်ဳိးမွာ အခ်ိန္ကာလ၏ စမ္းသပ္မႈေအာက္တြင္ ဖ်က္ဆီး၍မရႏိုင္ေသာ ျဖစ္တည္မႈမ်ဳိးျဖစ္ၾကသည္။

ထိုအထဲတြင္ လိုအက္ျမိဳ႕၏ အျမင့္မားဆံုး သမိုင္းဝင္အေဆာက္အအံုၾကီးျဖစ္သည့္ ေျမၾကီးထဲသို႔ နစ္ဝင္ေနေသာ ေခါင္းေလာင္းစင္ၾကီးလည္း ပါဝင္သည္။

လာေရာက္လည္ပတ္သူတို႔ ပထမဆံုးသတိထားမိမည့္ ထူးျခားေသာအခ်က္မွာ လိုအက္ျမိဳ႕၏ အထင္ကရ ဘုရားေက်ာင္းၾကီးျဖစ္ေသာ စိန္႔ဝီလ်ံ ဘုရားေက်ာင္းႏွင့္ ေခါင္းေလာင္းစင္အၾကား အကြာအေဝးျဖစ္သည္။

ေခါင္းေလာင္းစင္မ်ားသည္ ပံုမွန္အားျဖင့္ ဘုရားေက်ာင္းမ်ားအနီး ကပ္လ်က္ေသာ္လည္းေကာင္း၊ မီတာအနည္းငယ္သာ ေဝးကြာသည့္ေနရာတြင္လည္းေကာင္း ေဆာက္လုပ္ေလ့ရွိေသာ္လည္း စိန္႔ဝီလ်ံဘုရားေက်ာင္းႏွင့္ ေခါင္းေလာင္းစင္မွာမူ မီတာ ၈၀ ခန္႔အထိ ေဝးကြာေနသည္။

၁၇၀၇ ခုႏွစ္ ေျမငလ်င္လႈပ္ခတ္မႈၾကီး ေပၚေပါက္ျပီးေနာက္ ယခုေခါင္းေလာင္းစင္ၾကီးကို ေဆာက္လုပ္ခဲ့သည္ဟု ယူဆရသည္။

အဆိုပါ ေခါင္းေလာင္းေမွ်ာ္စင္ၾကီးေဆာက္လုပ္ျပီးေနာက္ပိုင္းကတည္းက ငလ်င္ငယ္ လႈပ္ခတ္မႈမ်ားစြာ ၾကံဳခဲ့ရျပီး ၾကံ႕ၾကံ႕ခံ ရပ္တည္ႏိုင္ခဲ့သည္။

ေဒသတြင္း အီလိုကာႏို လက္မႈပညာသည္တို႔က အုတ္မ်ားကို သကာရည္ျဖင့္ခ်ဳပ္ကာ ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

ေအာက္ေျခေဖာင္ေဒးရွင္းမွာ ၂၉၅ ေပရွိျပီး အျမင့္မွာ ေပ ၁၅၀ နီးပါးရွိျပီး အီလိုကာႏိုတို႔အတြက္ ရာစုႏွစ္မ်ားစြာ ရပ္တည္ေပးခဲ့သည့္ အေဆာက္အအံုၾကီး ျဖစ္သည္။

ယခုအခါ အဆိုပါ အေဆာက္အအံုၾကီး၏ သက္တမ္းမွာ မ်ားစြာမက်န္ႏိုင္ေတာ့ေခ်။

ႏွစ္စဥ္ႏွစ္တိုင္း ေျမၾကီးထဲသုိ႔ တစ္လက္မႏႈန္းျဖင့္ နစ္ဝင္လာေနသည္။

အဘယ္ေၾကာင့္ ထိုသို႔နစ္ဝင္ေနသည္ကို သိပၸံနည္းက် ေျဖရွင္းခ်က္မ်ား မထုတ္ႏိုင္ေသးေခ်။

သို႔ေသာ္ အမ်ားလက္ခံထားသည့္ အယူအဆတစ္ခုမွာ ေခါင္းေလာင္းေမွ်ာ္စင္ၾကီးကို သဲဆန္သည့္ေျမေနရာတြင္ ေဆာက္လုပ္ခဲ့ ျခင္းေၾကာင့္ ေမွ်ာ္စင္၏ ၾကီးမားသည့္ ဖြဲ႔စည္းပံုႏွင့္ အေလးခ်ိန္တို႔ေၾကာင့္ ေျမအတြင္းသို႔ တျဖည္းျဖည္းခ်င္း နစ္ျမဳပ္လာေနျခင္း ျဖစ္သည္ဟူေသာ ယူဆခ်က္ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service