လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်ရန် ရန်ကုန်တိုင်းအတွက် မြို့နယ်တစ်မြို့နယ် ထပ်မံရရှိထား

လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်ရန် ရန်ကုန်တိုင်းအတွက် မြို့နယ်တစ်မြို့နယ် ထပ်မံရရှိထား - Property News in Myanmar from iMyanmarHouse.com
26 Feb 2020 12:53 pm တွင် တင်ခဲ့သည်
747 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်ရန် ရန်ကုန်တိုင်းအတွက် မြို့နယ်တစ်မြို့နယ် ထပ်မံရရှိထားကြောင်း ဖေဖေါ်ဝါရီ ၂၅ ရက်ကပြုလုပ်သော အဆိုပါ စီမံကိန်းအတွက်မြို့နယ် ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးမှသိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ် အဆိုပါအစည်းအဝေးတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းအတွင်း လူထုဗဟိုပြုစီမံကိန်းကို ပြီးခဲ့သည့် နှစ်များတွင် ထန်းတပင်၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ကျောက်တန်းမြို့နယ်များကို ရွေးချယ်ပြီးဆောင်ရွက် ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့သည့် မြို့နယ်များမှာ အောင်မြင်မှုရလဒ်များ ရခဲ့သလို ဆက်လက်ဆောင်ရွက်နေဆဲ လုပ်ငန်းများလည်း ရှိကြောင်း၊ ယခုတစ်ကြိမ် ရန်ကုန်တိုင်းအတွက် တစ်မြို့နယ် ထပ်မံရရှိထားပြီး ဖြစ်ကြောင်း၊ဆောင်ရွက်ခဲ့သည့် မြို့နယ် ၄ မြို့နယ် အတွင်း ကျေးရွာအုပ်စုပေါင်း ၁၉၇ အုပ်စုရှိပြီး ကျေးရွာပေါင်း ၆၀၀ ခန့် ရှိကြောင်း၊ ယင်းကျေးရွာများတွင် လုပ်ငန်းပေါင်း နှစ်ထောင့်ငါးရာ သုံးခု လောက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်းပြောကြားသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်က ပြည်သူလူထုကြားမှာ ချပြဆွေးနွေးပြီး ပြည်သူလူထု၏ အကြံပြုချက်၊ လူထု၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် မိမိတို့ ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း ကြိုးပမ်းဆောင်ရွက်မှုသည် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလအတွက် အရေးကြီးသည့်ကူးပြောင်းဆောင်ရွက်မှု တစ်ခုဖြစ်ကြောင်း၊ ဘာကြောင့်လဲဆို မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်မှုများကို နှိုင်းယှဉ်ကြည့်လျှင် မြို့ပြများသည် ဖွံ့ဖြိုးတိုးတက်ပြီး ကျေးလက်များသည် နောက်ကျကျန်ခဲ့ကြောင်း၊ ဒါကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုကိုဗဟိုပြုပြီး ပြည်သူလူထုက ၎င်းတို့ဒေသအတွက် လိုအပ်သည့်လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် တာဝန်ရှိသည့် ပုဂ္ဂိုလ်များကနေ ပေါင်းစပ် ဆောင်ရွက်ပေးသည့် ပုံသဏ္ဌာန်မျိုးနှင့် ဆောင်ရွက်ဖို့ ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ ဒါကြောင့် မြို့နယ် ကို စတင်ရွေးချယ်သည့် နေရာတွင် ပြည်သူလူထုကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင် အကြံဉာဏ်ရယူပြီး ဘယ်မြို့နယ် ကို သတ်မှတ်ရွေးချယ် မလဲဆိုတာကို ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။

လူထုဗဟိုပြုစီမံကိန်းအား ဆင်းရဲနွမ်းပါးသော ကျေးလက်လူထုအနေဖြင့် အခြေခံလူမှုစီးပွား အဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို လူထုဗဟိုပြုစနစ် ကျင့်သုံး၍ ရယူသုံးစွဲနိုင်စေရန်၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျေးလက်ပြည်သူလူထု၏ စွမ်းဆောင်ရည်နှင့် အရည် အသွေးများကို မြှင့်တင်ပေးရန်၊ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများတွင် ထိရောက်လျှင်မြန်စွာတုံ့ပြန် နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

လူထုဗဟိုပြုစီမံကိန်းသည် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူထုကိုယ်တိုင်ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ ကြီးကြပ်ကွပ်ကဲ အကဲဖြတ်ခြင်းဖြင့် ရရှိလာသော ဖွံ့ဖြိုးမှုအသီးအပွင့်များကို တိုက်ရိုက်အကျိုးခံစားခွင့်ရစေမည့် ဖွံ့ဖြိုးရေး ချဉ်းကပ်မှု နည်းလမ်းဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း(၈၀)၊ ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၄၀၀)၊ အီတလီထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ(၃) သန်း၊ အီတလီချေးငွေ အမေရိကန်ဒေါ်လာ(၂)သန်း၊ DFID ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ(၃)သန်းနှင့် ပြည်ထောင်စုအစိုး ရ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ(၄၁)သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၅၄၉)သန်းဖြင့် မြန်မာနိုင်ငံရှိ (၆၃)မြို့နယ်တွင် အကောင် အထည် ဖော်လျက်ရှိပြီး ရန်ပုံငွေပိုလျှံမှုနှင့် ထပ်မံရရှိလာမှုကြောင့် နောက်ထပ်(၁၃)မြို့နယ်အား တိုးချဲ့အကောင်အထည်ဖော်ရန် ရွေးချယ်လျက်ရှိကြောင်း သိရသည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###









နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service