အနောက်တိုင်း ရှေးဟောင်းလောကီပညာ အစီအရင်နဲ့ အိမ်ခြံမြေရောင်းထွက်အောင် ဘယ်လိုလုပ်မလဲ
အနောက်တိုင်း ရှေးဟောင်းလောကီပညာ အစီအရင်နဲ့ အိမ်ခြံမြေရောင်းထွက်အောင် ဘယ်လိုလုပ်မလဲ - Property News in Myanmar from iMyanmarHouse.com
25 Feb 2020 11:35 am တွင် တင်ခဲ့သည်
5520 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
ကမ္ဘာ့နိုင်ငံများစွာတွင် လောကီပညာရပ် များစွာရှိသည်။ ယင်းအနက် ထင်ရှားသည်မှာ တားရော့ပညာ၊ အာဖရိကမှ ဗူးဒူးပညာနှင့် အိန္ဒိယနှင့် တရုတ်တို့မှ လောကီပညာရပ်များ ဖြစ်သည်။
အနောက်နိုင်ငံများတွင်လည်း ဂါထာမန္တန်များဖြင့် လောကီအစီအရင်များ ပြုလုပ်သည့် အတတ်ပညာများ၊ အောက်လမ်းပညာများ ရှိသည်။
အင်္ဂလန်နှင့် အမေရိကန်တို့တွင် ရှေးခေတ်က စုန်းပညာ လိုက်စားသူများကို ဖမ်းဆီးကာ ကွပ်မျက်ခဲ့ကြရာ မနာလိုသူများကို ကုန်းတိုက်ရန် အလွန်လွယ်ကူခဲ့ပြီး စုန်းဟု သမုတ်လိုက်ရုံဖြင့် အသတ်ခံရရန် သေချာနေသည်။ အင်္ဂလန်တွင် ဝီကန်ဟုခေါ်သော ပညာတစ်ရပ် ထွန်းကားခဲ့ဖူးသည်။
ယခုအစီအရင်မှာ ဝီကန်ပညာဖြင့် အိမ်ခြံမြေရောင်းထွက်အောင် ပြုလုပ်သည့် အစီအရင် ဖြစ်သည်။
အောက်တွင် ဖော်ပြသော ဝီကန်ပညာ ဂါထာမှာ အိမ်ခြံမြေ ပိုင်ရှင်များနှင့် အကျိုးဆောင်များ ရွတ်ဆိုရမည့် ဂါထာဖြစ်သည်။
ယခုဂါထာကို ရွတ်ဖတ်ပါက အိမ်ခြံမြေရောင်းထွက်မည့် အခွင့်အလမ်းများ အားကောင်းလာစေမည် ဖြစ်သည်။
ယခုအစီအရင်တွင် အပွင့်ဓာတ်ဖြစ်သော အဖြူနှင့် အဝါရောင်တို့ကို အသုံးပြုထားသည်။
အဆိုပါ အရောင်များသည် ပျော်ရွှင်မှုနှင့် သန့်ရှင်းစင်ကြယ်မှုတို့ကို ကိုယ်စားပြု၏။
အင်္ဂလန်နိုင်ငံမှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးသည် ယခုအစီအရင်ဖြင့် အိမ်ခြံမြေများစွာ ပွဲတွေ့ရောင်းထွက်ခဲ့ပြီးနောက် ၎င်း၏ အောင်မြင်ခဲ့မှုများကို နောင်အခါတွင် ပြန်လည်မျှဝေလာခြင်းလည်း ဖြစ်သည်။
(အိမ်ခြံမြေရောင်းချရန် ရွတ်ဆိုရမည့် ဂါထာ)
(လိုအပ်သော ပစ္စည်းများ)
၁။ အဖြူရောင် ဖယောင်းတိုင် ၃ တိုင်
၂။ အဝါရောင် ဖယောင်းတိုင် ၁ တိုင်
၃။ ခရေပန်းဆီ
၄။ စက္ကူဖြူ
၅။ ခရမ်းရောင် ဘောလ်ပင်တစ်ချောင်း
ဖယောင်းတိုင်များကို ခရေဆီဖြင့် ပွတ်ကာ လောကီအစီအရင်အတွက် ပြင်ဆင်ထားပါ။ ကောင်းသောတန်ခိုးစွမ်းအင်ဓာတ်များ မြှင့်ပေးရန် ဖြစ်သည်။
အဖြူရောင် ဖယောင်းတိုင်များကို တြိဂုံပုံသဏ္ဍာန် (သို့မဟုတ်) ဖိုခနောက်ဆိုင် ထားရှိကာ မီးထွန်းညှိပါ။
တြိဂံထိပ်နေရာတွင်ရှိနေသော အဖြူရောင်ဖယောင်းတိုင်မှ မီးဖြင့် အဝါရောင်ဖယောင်းတိုင်ကို မီးညှိကာ တြိဂံ၏ အလယ်ဗဟိုတွင် နေရာချထားပါ။
ယင်းနောက် ကိုယ်စိတ် သက်သာစွာဖြေလျော့ထားကာ အောက်ပါအတိုင်း ရွတ်ဆိုပါ
“May the Goddess bless me, be with me as I sell this house, someone out there come to me, make me an offer with your spouse. This house is perfect for you, lets make our dreams come true. Sell this house ‘O Goddess please, sell by (date--), if you please,By the powers of three by three, as I will so mote it be.”
(မှတ်ချက်။ အချို့က မေးမြန်းကြပါသည်။ မြန်မာလို ရွတ်ဆို၍ မရဘူးလားဟု။ မရပါ။ အထက်ပါ ရွတ်ဆိုရသော စကားလုံးများတွင် အနောက်တိုင်းလောကီပညာ၏ လောကီပညာခန်းဆိုင်ရာ စကားလုံးများ ပါဝင်နေသောကြောင့် ဖြစ်ပါသည်။ မြန်မာဘာသာဖြင့် ရွတ်ဆိုနိုင်သည့် အခြားသော ယတြာ အစီအရင်များကို နောင်အခါတွင် iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် တင်ပြပေးပါမည်။ အထက်တွင် date ဟုရေးသားထားသော ကွက်လပ်နေရာတွင် မိမိရောင်းချလိုသည့်၊ ခုနှစ်၊ လတို့ကို ထည့်သွင်း ရွတ်ဆိုရမည် ဖြစ်သည်)
ရွတ်ဖတ်နေစဉ်အတွင်း သင့်နေအိမ်ကို ဇနီးမောင်နှံစုံတွဲ တစ်တွဲထံ (သို့မဟုတ်) ဝယ်လက်တစ်ဦးဦးထံ ရောင်းချနေပုံကို ပုံဖော်မြင်ယောင်ကြည့်နေရမည် ဖြစ်သည်။ ဖြစ်နိုင်ပါက သင်ရောင်းချမည့် နေအိမ်တွင် သွားရောက်ကာ ရွတ်ဖတ်ခြင်းအမှုကို ပြုပါ။
ပိုမိုအစွမ်းထက်စေလိုပါက အထက်ပါ ဝီကန်အစီအရင်ကို လပြည့်နေ့နှင့် တနင်္ဂနွေဆုံသော နေ့တွင် ပြုလုပ်ပါက ၂၈ ရက်အတွင်း ရောင်းထွက်သည်ဟု ဆိုသည်။ (လာမည့် မတ်လ ၈ ရက်သည် တနင်္ဂနွေနှင့် လပြည့်နေ့ တိုက်ဆိုင်သောရက် ဖြစ်၏)
စာရွက်အဖြူတွင် အထက်ဖော်ပြပါ ဂါထာကို ဘောလ်ပင်ခရမ်းရောင်ဖြင့်ရေးကာ ရောင်းချမည့်နေအိမ်၏ အမြင့်တစ်နေရာတွင် ကပ်ထားပါ။
ဝီကန်အစီအရင်အပြင် အခြားပြုလုပ်ရမည်များမှာ သင်ရောင်းချမည့်နေအိမ်ကို အထူးသန့်ရှင်းရေးပြုလုပ်ပြီး လှပသည့် ဓာတ်ပုံများ ရိုက်ကူးပါ။
ပြီးလျှင် iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် အခမဲ့အကောင့်ဖွင့်ကာ သင်ရိုက်ကူးထားသည့်နေအိမ်ဓာတ်ပုံကို ဝက်ဘ်ဆိုက်တွင် အခမဲ့တင်ကာ ကြော်ငြာခြင်း ပြုလုပ်ပါ။
iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ကြော်ငြာတင်ရန်အတွက် https://www.imyanmarhouse.com/register-main  လင့်ခ်ကို နှိပ်ပါ။ ပြီးလျှင် “သာမန်အကောင့်” ကို နှိပ်ပါ။
ထို့နောက် သင်၏ အီးမေးလိပ်စာနှင့် အလိုရှိရာ စကားဝှက်ကို ဖြည့်သွင်းပြီး sign up ကို နှိပ်လိုက်ပါက အကောင့်တစ်ခု ရရှိသွားမည်ဖြစ်ပြီး သင်ရောင်းချမည့် အိမ်ခြံမြေကို အခမဲ့ကြော်ငြာတင်နိုင်မည် ဖြစ်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
၃။ ခရေပန်းဆီ
၎။ စက္ကူဖြူ
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Mingalar Market
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service