နိုဘယ်ဆုရသောကြောင့် ဘီယာစက်ရုံမှ ပိုက်လိုင်းဖြင့် တိုက်ရိုက်ဆက်သွယ်ကာ ၂၄ နာရီပတ်လုံး ဘီယာရနိုင်သည့် နေအိမ်တစ်လုံး လက်ဆောင်ရခဲ့သည့် သိပ္ပံပညာရှင်

နိုဘယ်ဆုရသောကြောင့် ဘီယာစက်ရုံမှ ပိုက်လိုင်းဖြင့် တိုက်ရိုက်ဆက်သွယ်ကာ ၂၄ နာရီပတ်လုံး ဘီယာရနိုင်သည့် နေအိမ်တစ်လုံး လက်ဆောင်ရခဲ့သည့် သိပ္ပံပညာရှင် - Property News in Myanmar from iMyanmarHouse.com
21 Feb 2020 11:20 am တွင် တင်ခဲ့သည်
12470 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

နီးယယ်စ်ဘောသည် ၂၀ ရာစု၏ အရေးအပါဆုံး သိပ္ပံပညာရှင်များတွင် တစ်ဦးအဖြစ် ကမ္ဘာပေါ်တွင် ထင်ရှားသူဖြစ်ပြီး အက်တမ်တို့၏ ဖွဲ့စည်းပုံကို ရှာဖွေတွေ့ရှိခဲ့သူဖြစ်ကြောင်း လူအများသိရှိထားကြပြီး ဖြစ်သည်။

သို့ရာတွင် လူသိနည်းသည့်အချက်မှာ ၁၉၂၂ ခုနှစ်တွင် နိုဗယ်ဆုရရှိခဲ့မှုအပြင် သမားရိုးကျမဟုတ်သော လက်ဆောင်တစ်ခု ရရှိခဲ့မှု ဖြစ်သည်။

ကမ္ဘာကျော် Carlsberg ဘီယာစက်ရုံကြီးအနီးတွင် တည်ရှိသော နေအိမ်တစ်လုံး လက်ဆောင်ရခဲ့ခြင်း ဖြစ်၏။

အဆိုပါနေအိမ်၏ ထူးခြားချက်မှာ Carlsberg ဘီယာစက်ရုံကြီးနှင့် ပိုက်လိုင်းဖြင့် ဆက်သွယ်ထားပြီး ၂၄ နာရီလုံး ဘီယာကို မပြတ်တမ်း ရရှိနိုင်အောင် စီစဉ်ပေးထားခြင်း ဖြစ်သည်။

အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုတက္ကသိုလ်မှ ကျောင်းသားများ ပြုလုပ်ခဲ့သော သုတေသနတစ်ရပ်အရ ဘီယာသောက်ခြင်းနှင့် တီထွင်ဖန်တီးနိုင်မှု အားကောင်းခြင်းတို့အကြား ဆက်နွှယ်မှုရှိနေကြောင်း တွေ့ရှိခဲ့ကြသည်။

နီးယယ်စ်ဘော ကွယ်လွန်ခဲ့ပြီးနောက် ရာစုနှစ်တစ်ဝက်ခန့် ကြာမြင့်ချိန်အထိ ခန့်မှန်းချက်များ ထွက်ပေါ်နေသည်မှာ နီးယယ်စ်ဘောသည် ကွမ်တမ်ရူပဗေဒဆိုင်ရာ သီအိုရီများ ရှာဖွေတွေ့ရှိခြင်းမရှိသေးမီက အမြဲသောက်စားနေခဲ့သူ ဖြစ်သလောဟူသည့် ခန့်မှန်းချက်များ ဖြစ်သည်။

အဆိုပါလက်ဆောင်ကို Carlsberg ဘီယာကုမ္ပဏီက နီးယယ်စ်ဘောကို ပေးအပ်ခြင်းဖြစ်သည်။

ယင်းသို့ လက်ဆောင်ပေးသည်မှာ အဆက်အစပ်မရှိ ပေးအပ်ခြင်းမျိုးမဟုတ်ဘဲ ဘီယာကုမ္ပဏီနှင့် နီးယယ်စ်ဘောတို့အကြား နှစ်ပရိ စ္ဆေဒကြာမြင့်ခဲ့ပြီဖြစ်သော ဆက်ဆံရေးမျိုးရှိနေခဲ့ပြီး ဖြစ်သည်။

Carlsberg ဖောင်ဒေးရှင်းကို ၁၈၇၆ ခုနှစ်တါင် ဂျေ-စီ- ဂျက်ကော့ဘ်ဆင်က စတင်တည်ထောင်ခဲ့သည်။

ဖောင်ဒေးရှင်း၏ ကနဦးရည်ရွယ်ချက်မှာ သဘာဝသိပ္ပံဆိုင်ရာ သုတေသနများ ပြုလုပ်ရန် ဖြစ်သည်။

ဖောင်ဒေးရှင်းဘုတ်အဖွဲ့ကို အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ဒိန်းမတ်တော်ဝင်သိပ္ပံအကယ်ဒမီမှ တိုက်ရိုက်ရွေးချယ်သည်။

ယနေ့တိုင်အောင် အဆိုပါမူဖြင့် လည်ပတ်နေဆဲ ဖြစ်သည်။

နီးယယ်စ်ဘော၏ ဖခင် ခရစ္စတီယန်သည် ဇီဝကမ္မဗေဒပညာရှင်တစ်ဦးဖြစ်ပြီး ဒိန်းမတ်တော်ဝင်သိပ္ပံအကယ်ဒမီရှိ သိပ္ပံပညာရှင်များတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

နီးယယ်စ်ဘောတို့၏ နေအိမ်တွင် ညနေတိုင်းတွေ့ဆုံကြကာ ၎င်းတို့၏ သုတေသနနှင့် စပ်လျဉ်းသောအကြောင်းများ တိုင်ပင်ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ သိပ္ပံပညာရှင်များတွင် ခရစ္စတီယန် ခရစ္စတီယန်ဆန်းလည်း ပါဝင်ပြီး ၎င်းသည် နောက်ပိုင်းတွင် ကိုပင်ဟေဂင်တက္ကသိုလ်၌ ပညာဆည်းပူးနေသော နီးယယ်စ် ဘောကို ကြီးကြပ်ပေးသူဖြစ်လာခဲ့သည်။

ခရစ္စတီယန်ဆန်းသည် Carlsberg ဖောင်ဒေးရှင်း၏ အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး နီးယယ်စ်ဘောက အင်္ဂလန်တွင် ကိန်းဘရစ်နှင့် မန်ချက်စတာတို့၌ ပါရဂူဘွဲ့အတွက် ကြိုးပမ်းမှုများ ပြုလုပ်စဉ် အကူအညီပေးခဲ့သည်။

နီးယယ်စ်ဘော၏ သုတေသနများသည် ကြီးမားသည့် အလားအလာများရှိကြောင်း သိမြင်သောကြောင့် Carlsberg က ကူညီမှုများ ဆက်တိုက်ပေးအပ်ခဲ့သည်။

ဒိန်းမတ်နိုင်ငံရှိ အဆင့်မြင့်နည်းပညာကောလိပ်တွင် နီးယယ်စ်ဘောက သင်ကြားပို့ချမှုများ ပြုလုပ်စဉ်ကာလကလည်း ၎င်းရရှိသော လစာမှာ နည်းပါးလှရာ Carlsberg ဖောင်ဒေးရှင်းက ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့ပြန်သည်။

၁၉၁၆ ခုနှစ်တွင် နီးယယ်စ်ဘော ပါမောက္ခအဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်း Carlsberg ဖောင်ဒေးရှင်းက နှစ်စဉ်နှစ်တိုင်း ဘဏ္ဍာငွေ ပံ့ပိုး ကူညီမှုများ ပေးအပ်ခဲ့ကြောင်း၊ အထူးသုတေသနစီမံကိန်းများအတွက် ရန်ပုံငွေပေးအပ်ခြင်းအပြင် တစ်ကိုယ်ရေ နှစ်စဉ်အသုံးစရိတ် များလည်း ထောက်ပံ့ခဲ့ကြောင်း Carlsberg ဖောင်ဒေးရှင်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

အပြန်အလှန်အားဖြင့် နီးယယ်စ်ဘော၏ ရှာဖွေတွေ့ရှိချက်အချို့ကို Carlsberg က ၎င်းတို့၏ ဘီယာထုတ်လုပ်ရေးကဏ္ဍတွင် အသုံးပြုလိုသည်။

Carlsberg တွင် ဘီယာထုတ်လုပ်ရေးအတွက် သုတေသနများပြုလုပ်ရန် ရည်ရွယ်ထားသော အထူးဓာတ်ခွဲခန်းတစ်ခု ရှိထားပြီး အဆိုပါဓာတ်ခွဲခန်းမှ အရောင်ဖျော့ဘီယာများထုတ်လုပ်နိုင်သည့် တဆေးမျိုးစိတ်တစ်ခုဖြစ်သော Saccharomyces pastorianus ကို ပထမဆုံး စတင်တွေ့ရှိခဲ့သည်။

နီးယယ်စ်ဘော နိုဘယ်ဆုရပြီးနောက် လက်ဆောင်ရသည့် နေအိမ်သည် Carlsberg ဘီယာစက်ရုံနှင့် သုတေသန ဓာတ်ခွဲခန်းတို့ အနီးတွင် တည်ရှိသည်။

အဆိုပါနေအိမ်သို့ နီးယယ်စ်ဘောပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက်ပိုင်း သမိုင်းဝင် ကွမ်တမ်မက္ကနင်းနစ် သီအိုရီကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

ႏိုဘယ္ဆုရေသာေၾကာင့္ ဘီယာစက္ရံုမွ ပိုက္လိုင္းျဖင့္ တိုက္ရိုက္ဆက္သြယ္ကာ ၂၄ နာရီပတ္လံုး ဘီယာရႏိုင္သည့္ ေနအိမ္တစ္လံုး လက္ေဆာင္ရခဲ့သည့္ သိပၸံပညာရွင္

နီးယယ္စ္ေဘာသည္ ၂၀ ရာစု၏ အေရးအပါဆံုး သိပၸံပညာရွင္မ်ားတြင္ တစ္ဦးအျဖစ္ ကမၻာေပၚတြင္ ထင္ရွားသူျဖစ္ျပီး အက္တမ္တို႔၏ ဖြဲ႔စည္းပံုကို ရွာေဖြေတြ႔ရွိခဲ့သူျဖစ္ေၾကာင္း လူအမ်ားသိရွိထားၾကျပီး ျဖစ္သည္။

သို႔ရာတြင္ လူသိနည္းသည့္အခ်က္မွာ ၁၉၂၂ ခုႏွစ္တြင္ ႏိုဗယ္ဆုရရွိခဲ့မႈအျပင္ သမားရိုးက်မဟုတ္ေသာ လက္ေဆာင္တစ္ခု ရရွိခဲ့မႈ ျဖစ္သည္။

ကမၻာေက်ာ္ Carlsberg ဘီယာစက္ရံုၾကီးအနီးတြင္ တည္ရွိေသာ ေနအိမ္တစ္လံုး လက္ေဆာင္ရခဲ့ျခင္း ျဖစ္၏။

အဆိုပါေနအိမ္၏ ထူးျခားခ်က္မွာ Carlsberg ဘီယာစက္ရံုၾကီးႏွင့္ ပိုက္လိုင္းျဖင့္ ဆက္သြယ္ထားျပီး ၂၄ နာရီလံုး ဘီယာကို မျပတ္တမ္း ရရွိႏိုင္ေအာင္ စီစဥ္ေပးထားျခင္း ျဖစ္သည္။

အီလီႏြိဳက္စ္ျပည္နယ္၊ ခ်ီကာဂိုတကၠသိုလ္မွ ေက်ာင္းသားမ်ား ျပဳလုပ္ခဲ့ေသာ သုေတသနတစ္ရပ္အရ ဘီယာေသာက္ျခင္းႏွင့္ တီထြင္ဖန္တီးႏိုင္မႈ အားေကာင္းျခင္းတို႔အၾကား ဆက္ႏႊယ္မႈရွိေနေၾကာင္း ေတြ႔ရွိခဲ့ၾကသည္။

နီးယယ္စ္ေဘာ ကြယ္လြန္ခဲ့ျပီးေနာက္ ရာစုႏွစ္တစ္ဝက္ခန္႔ ၾကာျမင့္ခ်ိန္အထိ ခန္႔မွန္းခ်က္မ်ား ထြက္ေပၚေနသည္မွာ နီးယယ္စ္ေဘာသည္ ကြမ္တမ္ရူပေဗဒဆိုင္ရာ သီအိုရီမ်ား ရွာေဖြေတြ႔ရွိျခင္းမရွိေသးမီက အျမဲေသာက္စားေနခဲ့သူ ျဖစ္သေလာဟူသည့္ ခန္႔မွန္းခ်က္မ်ား ျဖစ္သည္။ အဆိုပါလက္ေဆာင္ကို Carlsberg ဘီယာကုမၸဏီက နီးယယ္စ္ေဘာကို ေပးအပ္ျခင္းျဖစ္သည္။

ယင္းသို႔ လက္ေဆာင္ေပးသည္မွာ အဆက္အစပ္မရွိ ေပးအပ္ျခင္းမ်ဳိးမဟုတ္ဘဲ ဘီယာကုမၸဏီႏွင့္ နီးယယ္စ္ေဘာတို႔အၾကား ႏွစ္ပရိ ေစၦဒၾကာျမင့္ခဲ့ျပီျဖစ္ေသာ ဆက္ဆံေရးမ်ဳိးရွိေနခဲ့ျပီး ျဖစ္သည္။

Carlsberg ေဖာင္ေဒးရွင္းကို ၁၈၇၆ ခုႏွစ္တါင္ ေဂ်-စီ- ဂ်က္ေကာ့ဘ္ဆင္က စတင္တည္ေထာင္ခဲ့သည္။

ေဖာင္ေဒးရွင္း၏ ကနဦးရည္ရြယ္ခ်က္မွာ သဘာဝသိပၸံဆိုင္ရာ သုေတသနမ်ား ျပဳလုပ္ရန္ ျဖစ္သည္။

ေဖာင္ေဒးရွင္းဘုတ္အဖြဲ႔ကို အဖြဲ႔ဝင္ ၅ ဦးျဖင့္ ဖြဲ႔စည္းထားျပီး ဒိန္းမတ္ေတာ္ဝင္သိပၸံအကယ္ဒမီမွ တိုက္ရိုက္ေရြးခ်ယ္သည္။

ယေန႔တိုင္ေအာင္ အဆိုပါမူျဖင့္ လည္ပတ္ေနဆဲ ျဖစ္သည္။

နီးယယ္စ္ေဘာ၏ ဖခင္ ခရစၥတီယန္သည္ ဇီဝကမၼေဗဒပညာရွင္တစ္ဦးျဖစ္ျပီး ဒိန္းမတ္ေတာ္ဝင္သိပၸံအကယ္ဒမီရွိ သိပၸံပညာရွင္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သည္။

နီးယယ္စ္ေဘာတို႔၏ ေနအိမ္တြင္ ညေနတိုင္းေတြ႔ဆံုၾကကာ ၎တို႔၏ သုေတသနႏွင့္ စပ္လ်ဥ္းေသာအေၾကာင္းမ်ား တိုင္ပင္ေဆြးေႏြး ခဲ့ၾကသည္။

အဆိုပါ သိပၸံပညာရွင္မ်ားတြင္ ခရစၥတီယန္ ခရစၥတီယန္ဆန္းလည္း ပါဝင္ျပီး ၎သည္ ေနာက္ပိုင္းတြင္ ကိုပင္ေဟဂင္တကၠသိုလ္၌ ပညာဆည္းပူးေနေသာ နီးယယ္စ္ ေဘာကို ၾကီးၾကပ္ေပးသူျဖစ္လာခဲ့သည္။

ခရစၥတီယန္ဆန္းသည္ Carlsberg ေဖာင္ေဒးရွင္း၏ အမႈေဆာင္ဘုတ္အဖြဲ႔ဝင္တစ္ဦးလည္းျဖစ္ျပီး နီးယယ္စ္ေဘာက အဂၤလန္တြင္ ကိန္းဘရစ္ႏွင့္ မန္ခ်က္စတာတို႔၌ ပါရဂူဘြဲ႔အတြက္ ၾကိဳးပမ္းမႈမ်ား ျပဳလုပ္စဥ္ အကူအညီေပးခဲ့သည္။

နီးယယ္စ္ေဘာ၏ သုေတသနမ်ားသည္ ၾကီးမားသည့္ အလားအလာမ်ားရွိေၾကာင္း သိျမင္ေသာေၾကာင့္ Carlsberg က ကူညီမႈမ်ား ဆက္တိုက္ေပးအပ္ခဲ့သည္။

ဒိန္းမတ္ႏိုင္ငံရွိ အဆင့္ျမင့္နည္းပညာေကာလိပ္တြင္ နီးယယ္စ္ေဘာက သင္ၾကားပို႔ခ်မႈမ်ား ျပဳလုပ္စဥ္ကာလကလည္း ၎ရရွိေသာ လစာမွာ နည္းပါးလွရာ Carlsberg ေဖာင္ေဒးရွင္းက ကူညီပံ့ပိုးမႈမ်ား ျပဳလုပ္ေပးခဲ့ျပန္သည္။

၁၉၁၆ ခုႏွစ္တြင္ နီးယယ္စ္ေဘာ ပါေမာကၡအျဖစ္ ခန္႔အပ္ခံရျပီးေနာက္ပိုင္း Carlsberg ေဖာင္ေဒးရွင္းက ႏွစ္စဥ္ႏွစ္တိုင္း ဘ႑ာေငြ ပံ့ပိုး ကူညီမႈမ်ား ေပးအပ္ခဲ့ေၾကာင္း၊ အထူးသုေတသနစီမံကိန္းမ်ားအတြက္ ရန္ပံုေငြေပးအပ္ျခင္းအျပင္ တစ္ကိုယ္ေရ ႏွစ္စဥ္အသံုးစရိတ္ မ်ားလည္း ေထာက္ပံ့ခဲ့ေၾကာင္း Carlsberg ေဖာင္ေဒးရွင္း၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပသည္။

အျပန္အလွန္အားျဖင့္ နီးယယ္စ္ေဘာ၏ ရွာေဖြေတြ႔ရွိခ်က္အခ်ဳိ႕ကို Carlsberg က ၎တို႔၏ ဘီယာထုတ္လုပ္ေရးက႑တြင္ အသံုးျပဳလုိသည္။

Carlsberg တြင္ ဘီယာထုတ္လုပ္ေရးအတြက္ သုေတသနမ်ားျပဳလုပ္ရန္ ရည္ရြယ္ထားေသာ အထူးဓာတ္ခြဲခန္းတစ္ခု ရွိထားျပီး အဆိုပါဓာတ္ခြဲခန္းမွ အေရာင္ေဖ်ာ့ဘီယာမ်ားထုတ္လုပ္ႏိုင္သည့္ တေဆးမ်ဳိးစိတ္တစ္ခုျဖစ္ေသာ Saccharomyces pastorianus ကို ပထမဆံုး စတင္ေတြ႔ရွိခဲ့သည္။

နီးယယ္စ္ေဘာ ႏိုဘယ္ဆုရျပီးေနာက္ လက္ေဆာင္ရသည့္ ေနအိမ္သည္ Carlsberg ဘီယာစက္ရံုႏွင့္ သုေတသန ဓာတ္ခြဲခန္းတို႔ အနီးတြင္ တည္ရွိသည္။

အဆိုပါေနအိမ္သို႔ နီးယယ္စ္ေဘာေျပာင္းေရႊ႕ေနထုိင္ခဲ့ျပီးေနာက္ပိုင္း သမိုင္းဝင္ ကြမ္တမ္မကၠနင္းနစ္ သီအိုရီကို ရွာေဖြေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service