စင်္ကာပူအစိုးရ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းက တရုတ်ပြည်တွင် တောင်ကိုရီးယား LG ကုမ္ပဏီက ပိုင်ဆိုင်ထားသော အမွှာမိုးမျှော်တိုက် ကြီးများကို ယွမ်ငွေ ၈ ဘီလီယံဖြင့် ဝယ်ယူ

စင်္ကာပူအစိုးရ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းက တရုတ်ပြည်တွင် တောင်ကိုရီးယား LG ကုမ္ပဏီက ပိုင်ဆိုင်ထားသော အမွှာမိုးမျှော်တိုက် ကြီးများကို ယွမ်ငွေ ၈ ဘီလီယံဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
19 Feb 2020 11:51 am တွင် တင်ခဲ့သည်
744 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

စင်္ကာပူအစိုးရ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (GIC ) သည် တရုတ်ပြည်တွင် ကမ္ဘာကျော် တောင်ကိုရီးယား LG ကုမ္ပဏီက ပိုင်ဆိုင်ထားသော အမွှာမိုးမျှော်တိုက် ကြီးများကို ယွမ်ငွေ ၈ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံ) ဖြင့် ဝယ်ယူလိုက်ရာ ပေကျင်းမြို့တော်တွင် ပြီးခဲ့သောနှစ်စပိုင်း နောက်ပိုင်း အကြီးမားဆုံး ရုံးခန်းအရောင်းအဝယ်တစ်ခုဖြစ်လာကြောင်း ရှန်ဟိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

စင်္ကာပူအစိုးရပိုင်ကုမ္ပဏီက ကြေညာခဲ့ရာတွင် ၎င်းတို့ကုမ္ပဏီသည် တရုတ်ပြည်၏ မြို့တော် ပေကျင်းမှ ကောမောက် စီးပွားရေး အချက်အခြာ ဒေသ၌ တည်ရှိသော LG ကုမ္ပဏီ၏ တရုတ်ပြည်ရုံးချုပ် အဆောက်အအုံ အမွှာမိုးမျှော်တိုက်ကြီးများကို ဝယ်ယူခဲ့ကြောင်း၊ LG သည် အဆိုပါ မိုးမျှော်တိုက်ကြီးများကို ပြီးခဲ့သောနှစ် သြဂုတ်လအတွင်းကတည်းက အရောင်းဈေးကွက်တင်ထားခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ယခုအရောင်းအဝယ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောကြားရာတွင် တောင်ကိုရီးယား အီလက်ထရောနစ်ကုမ္ပဏီကြီး၏ ပြည်မကြီး ရုံးချုပ်အဆောက်အအုံကို အရောင်းအဝယ်ပြုလုပ်ရေးအတွက် ယနေ့တွင် ကုမ္ပဏီ ၂ ခုအကြား သဘောတူစာချုပ်များ လဲလှယ်ခဲ့ကြ ကြောင်း၊ လာမည့်လအတွင်း အရောင်းအဝယ် အပြီးသတ်ဖွယ်ရာရှိကြောင်း ပြောကြားသည်။

တရုတ်ပြည်တွင် ငွေချေးငှားမှုဆိုင်ရာ မူဝါဒများ ပိုမိုတင်းကြပ်လာခြင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးစစ်ပွဲနှင့် စပ်လျဉ်းပြီး ရတက်မအေးဖြစ်မှုများရှိခြင်း၊ ဝူဟန်ဗိုင်းရပ်စ် ပျံ့နှံ့မှုကြီး ပေါ်ပေါက်ခြင်း အစရှိသည့်အချက်များကြောင့် တရုတ်ပြည်၏ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ဈေးကွက်မှာ နှေးကွေးမှုများရှိနေချိန်မျိုးတွင် GIC သည် တရုတ်ပြည်၏ ရုံးခန်းဈေးကွက်တွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုက်ခြင်းလည်း ဖြစ်သည်။

TikTok ကို ထုတ်လုပ်သည့် Bytedance ကုမ္ပဏီက ပြီးခဲ့သောနှစ် ဖေဖော်ဝါရီလအတွင်း ပေကျင်းရှိ Zhongkun ပလာဇာကို ယွမ်ငွေ ၉ ဘီလီယံဖြင့် ဝယ်ယူခဲ့မှုနောက်ပိုင်း ယခုအရောင်းအဝယ်မှာ ဒုတိယအကြီးမားဆုံးဖြစ်သည်။

“GIC ဟာ တရုတ်ပြည်မှာ ဆယ်စုနှစ် ၂ ခုကျော် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ တရုတ်ပြည်ဟာ ကျွန်တော်တို့အတွက် အဓိကဦးတည်ရာနေရာတစ်ခု ဖြစ်နေဆဲပါပဲ။ ဒီဈေးကွက်ထဲမှာ စွဲဆောင်မှုရှိမယ့် အခွင့်အလမ်းတွေ ဆက်လက် ရှာဖွေဖို့ ရည်ရွယ်ထားတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို အခုရင်းနှီးမြှုပ်နှံမှုက ပြသနေပါတယ်” ဟု GIC ၏ အိမ်ခြံမြေဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အကြီးအကဲ လီကော့ခ်ဆန်က ပြောကြားသည်။

ယခုအဆောက်အအုံကြီး ၂ ခု၏ စုစုပေါင်း ကြမ်းခင်းဧရိယာမှာ စတုရန်းမီတာ ၁၄၀၆၈၀ ( စတုရန်းပေ ၁ ဒသမ ၅ သန်း) ရှိရာ GIC သည် ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၅၆၈၆၇ ပေးကာ ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

ယခုအဆောက်အအုံကြီးများမှာ သက်တမ်း ၁၅ နှစ်ရှိပြီဖြစ်ပြီး LG Group က ကန်ဒေါ်လာ သန်း ၄၀၀ အကုန်အကျခံကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားမှ ယုံဟပ်သတင်းအေဂျင်စီက ဖော်ပြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

စကၤာပူအစိုးရ ရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္ပိုေရးရွင္းက တရုတ္ျပည္တြင္ ေတာင္ကိုရီးယား LG ကုမၸဏီက ပိုင္ဆိုင္ထားေသာ အမႊာမိုးေမွ်ာ္တိုက္ၾကီးမ်ားကို ယြမ္ေငြ ၈ ဘီလီယံျဖင့္ ဝယ္ယူ

စကၤာပူအစိုးရ ရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္ပိုေရးရွင္း (GIC ) သည္ တရုတ္ျပည္တြင္ ကမၻာေက်ာ္ ေတာင္ကိုရီးယား LG ကုမၸဏီက ပိုင္ဆိုင္ထားေသာ အမႊာမိုးေမွ်ာ္တိုက္ၾကီးမ်ားကို ယြမ္ေငြ ၈ ဘီလီယံ (ကန္ေဒၚလာ ၁ ဒသမ ၁၅ ဘီလီယံ) ျဖင့္ ဝယ္ယူလိုက္ရာ ေပက်င္းျမိဳ႕ေတာ္တြင္ ျပီးခဲ့ေသာႏွစ္စပိုင္း ေနာက္ပိုင္းအၾကီးမားဆံုး ရံုးခန္းအေရာင္းအဝယ္တစ္ခုျဖစ္လာေၾကာင္း ရွန္ဟိုင္းအေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

စကၤာပူအစိုးရပိုင္ကုမၸဏီက ေၾကညာခဲ့ရာတြင္၎တို႔ကုမၸဏီသည္ တရုတ္ျပည္၏ ျမိဳ႕ေတာ္ ေပက်င္းမွ ေကာေမာက္ စီးပြားေရးအခ်က္အျခာ ေဒသ၌တည္ရွိေသာ LG ကုမၸဏီ၏ တရုတ္ျပည္ရံုးခ်ဳပ္ အေဆာက္အအံုအမႊာမိုးေမွ်ာ္တိုက္ၾကီးမ်ားကိုဝယ္ယူခဲ့ေၾကာင္း၊ LG သည္ အဆိုပါ မိုးေမွ်ာ္တိုက္ၾကီးမ်ားကို ျပီးခဲ့ေသာႏွစ္ ၾသဂုတ္လအတြင္းကတည္းက အေရာင္းေစ်းကြက္တင္ထားျခင္းျဖစ္ေၾကာင္း ထုတ္ျပန္သည္။

ယခုအေရာင္းအဝယ္ႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္က ေျပာၾကားရာတြင္ ေတာင္ကိုရီးယား အီလက္ထေရာနစ္ကုမၸဏီၾကီး၏ ျပည္မၾကီး ရံုးခ်ဳပ္အေဆာက္အအံုကိုအေရာင္းအဝယ္ျပဳလုပ္ေရးအတြက္ ယေန႔တြင္ ကုမၸဏီ ၂ ခုအၾကား သေဘာတူစာခ်ဳပ္မ်ား လဲလွယ္ခဲ့ၾက ေၾကာင္း၊ လာမည့္လအတြင္း အေရာင္းအဝယ္အျပီးသတ္ဖြယ္ရာရွိေၾကာင္း ေျပာၾကားသည္။

တရုတ္ျပည္တြင္ ေငြေခ်းငွားမႈဆိုင္ရာ မူဝါဒမ်ား ပိုမိုတင္းၾကပ္လာျခင္း၊ အေမရိကန္ျပည္ေထာင္စုႏွင့္ ကုန္သြယ္ေရးစစ္ပြဲႏွင့္ စပ္လ်ဥ္းျပီး ရတက္မေအးျဖစ္မႈမ်ားရွိျခင္း၊ ဝူဟန္ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈၾကီး ေပၚေပါက္ျခင္းအစရွိသည့္အခ်က္မ်ားေၾကာင့္ တရုတ္ျပည္၏ အိမ္ျခံေျမ ရင္းႏွီးျမွဳပ္ႏွံမႈ ေစ်းကြက္မွာ ေႏွးေကြးမႈမ်ားရွိေနခ်ိန္မ်ဳိးတြင္ GIC သည္ တရုတ္ျပည္၏ ရံုးခန္းေစ်းကြက္တြင္ အၾကီးမားဆံုး ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္လုိက္ျခင္းလည္း ျဖစ္သည္။

TikTok ကို ထုတ္လုပ္သည့္ Bytedance ကုမၸဏီက ျပီးခဲ့ေသာႏွစ္ ေဖေဖာ္ဝါရီလအတြင္း ေပက်င္းရွိ Zhongkun ပလာဇာကို ယြမ္ေငြ ၉ ဘီလီယံျဖင့္ ဝယ္ယူခဲ့မႈေနာက္ပိုင္း ယခုအေရာင္းအဝယ္မွာ ဒုတိယအၾကီးမားဆံုးျဖစ္သည္။

“GIC ဟာ တရုတ္ျပည္မွာ ဆယ္စုႏွစ္ ၂ ခုေက်ာ္ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ျပဳလုပ္ေနတဲ့ ကုမၸဏီျဖစ္ပါတယ္။ တရုတ္ျပည္ဟာ ကၽြန္ေတာ္တို႔အတြက္ အဓိကဦးတည္ရာေနရာတစ္ခု ျဖစ္ေနဆဲပါပဲ။ ဒီေစ်းကြက္ထဲမွာ စြဲေဆာင္မႈရွိမယ့္ အခြင့္အလမ္းေတြ ဆက္လက္ ရွာေဖြဖို႔ ရည္ရြယ္ထားတဲ့ ကၽြန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ကို အခုရင္းႏွီးျမွဳပ္ႏွံမႈက ျပသေနပါတယ္” ဟု GIC ၏ အိမ္ျခံေျမဆိုင္ရာ ရင္းႏွီးျမွဳပ္ႏွံမႈအၾကီးအကဲ လီေကာ့ခ္ဆန္က ေျပာၾကားသည္။

ယခုအေဆာက္အအံုၾကီး ၂ ခု၏ စုစုေပါင္း ၾကမ္းခင္းဧရိယာမွာ စတုရန္းမီတာ ၁၄၀၆၈၀ ( စတုရန္းေပ ၁ ဒသမ ၅ သန္း) ရွိရာ GIC သည္ ၁ စတုရန္းမီတာလွ်င္ ယြမ္ေငြ ၅၆၈၆၇ ေပးကာ ဝယ္ယူခဲ့ျခင္းလည္း ျဖစ္သည္။

ယခုအေဆာက္အအံုၾကီးမ်ားမွာ သက္တမ္း ၁၅ ႏွစ္ရွိျပီျဖစ္ျပီး LG Group က ကန္ေဒၚလာ သန္း ၄၀၀ အကုန္အက်ခံကာ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း ေတာင္ကိုရီးယားမွ ယံုဟပ္သတင္းေအဂ်င္စီက ေဖာ္ျပသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service