ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်က လော့စ်အိန်ဂျလိမြို့၏ ဈေးအကြီးဆုံးစံအိမ်ကြီးကို ဝယ်ယူ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်က လော့စ်အိန်ဂျလိမြို့၏ ဈေးအကြီးဆုံးစံအိမ်ကြီးကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
17 Feb 2020 12:24 pm တွင် တင်ခဲ့သည်
22521 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သော ဂျက်ဘ်ဘီဇော့စ်သည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့ရှိ ဈေးအကြီးဆုံး စံအိမ်ကြီးကို ဝယ်ယူလိုက်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။

Amazon.com တည်ထောင်သူ ဂျက်ဘ်ဘီဇော့စ်သည် ပြီးခဲ့သော ရက်ပိုင်းအတွင်း သူ၏ရှယ်ယာ ကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံဖိုး ထုတ်ရောင်းထားပြီး အိမ်ခြံမြေအတွက် ကန်ဒေါ်လာ သန်း ၁၇၀ ဝန်းကျင်သုံးစွဲခဲ့ခြင်းလည်း ဖြစ်သည်။

ယခုအိမ်ခြံမြေဝယ်ယူလိုက်သော တန်ဖိုးမှာ ရှယ်ယာရောင်းချရငွေ၏ အစွန်းထွက်မျှသာ ရှိနေသေးသည်။

လော့စ်အိန်ဂျလိရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၆၅ သန်းဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်ကာ လော့စ်အိန်ဂျလိသမိုင်းတွင် ဈေးအကြီးဆုံးအဖြစ် စံချိန်တင်သွားသည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဘ် ဘီဇော့စ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၃၁ ဘီလီယံ ဖြစ်သည်။

ဂျက်ဘီဇော့စ်သည် ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း နယူးယောက်မြို့ရှိ လူနေခန်း ၃ ခုကို ကန်ဒေါ်လာ သန်း ၈၀ ဖြင့် လည်းကောင်း၊ warner Estate စံအိမ်ကို ကန်ဒေါ်လာ ၁၆၅ သန်းဖြင့်လည်းကောင်း၊ လော့စ်အိန်ဂျလိရှိ မြေကွက်ရိုင်းတစ်ခုကို မိုက္ကရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ပေါလ် အယ်လင်ထံမှ ကန်ဒေါ်လာ သန်း ၉၀ ဖြင့်လည်းကောင်း ဝယ်ယူထားခဲ့သေးကြောင်း ဝေါစထရိဂျာနယ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဂျက်ဘ်ဘီဇော့စ်သည် ဝါရှင်တန် ဒီစီတွင်လည်း ကန်ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကြီးတစ်လုံး ပိုင်ဆိုင်ထားသေးပြီး အဆိုပါစံအိမ်ကို နှစ်ပေါင်းများစွာ အချိန်ယူကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် မစ္စတာ ဘီဇော့စ်သည် လော့စ်အိန်ဂျလိရှိ ကမ္ဘာကျော်များ အခြေချရာ ဘီဗာလီဟေးလ်အရပ်တွင်လည်း ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိသော နေအိမ် ၂ လုံး ပိုင်ဆိုင်ထားသေးသည်။

ဒေါ်လာ ဘီလျံရာနှင့်ချီကာ ချမ်းသာသော ဂျက်ဘ်ဘီဇော့စ်သည် နိုင်ငံတစ်ဝန်း စီးပွားရေး မညီမျှမှုများ ပေါ်ပေါက်နေစဉ်တွင် သူ၏ amazon.com မှာ အခွန်အနည်းငယ်သာ ပေးဆောင်မှုကြောင့် ဝေဖန်မှုများ ခံနေရချိန်အတွင်း ယခုစံအိမ်ကို ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။

ဂျက်ဘီဇော့စ် ယခုဝယ်ယူလိုက်သော စံအိမ်၏ ခြံဝန်းအကျယ်မှာ ၉ ဧကရှိပြီး ယခင်က တေးသံသွင်းလုပ်ငန်း သူဌေးကြီး ဒေးဗစ် ဂျက်ဖ်ဖန်းက ပိုင်ဆိုင်ခဲ့သည့် စံအိမ်ဖြစ်သည်။

ဒေးဗစ်က အဆိုပါစံအိမ်ကို ၁၉၉၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၄၇ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ထိုခေတ်ထိုကာလက စံချိန်တင် ဈေးနှုန်းဖြစ်ခဲ့သည်။

ဂျက်ဘီဇော့စ်သည် ပြီးခဲ့သော ဆောင်းတွင်းကလည်း လေလံပွဲများတွင် ပန်းချီကား ၂ ခုကို ကန်ဒေါ်လာ သန်း ၇၀ ကျော်သုံးစွဲကာ ဝယ်ယူခဲ့သေးသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္က ေလာ့စ္အိန္ဂ်လိျမိဳ ႔၏ ေစ်းအၾကီးဆံုးစံအိမ္ၾကီးကို ဝယ္ယူ

ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္ေသာ ဂ်က္ဘ္ဘီေဇာ့စ္သည္ အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ ႔ရွိ ေစ်းအၾကီးဆံုး စံအိမ္ၾကီးကို ဝယ္ယူလိုက္ေၾကာင္း ႏိုင္ငံတကာသတင္းမ်ားတြင္ ေဖာ္ျပသည္။

Amazon.com တည္ေထာင္သူ ဂ်က္ဘ္ဘီေဇာ့စ္သည္ ျပီးခဲ့ေသာ ရက္ပိုင္းအတြင္း သူ၏ရွယ္ယာ ကန္ေဒၚလာ ၄ ဒသမ ၁ ဘီလီယံဖိုး ထုတ္ေရာင္းထားျပီး အိမ္ျခံေျမအတြက္ ကန္ေဒၚလာ သန္း ၁၇၀ ဝန္းက်င္သံုးစြဲခဲ့ျခင္းလည္း ျဖစ္သည္။

ယခုအိမ္ျခံေျမဝယ္ယူလိုက္ေသာ တန္ဖိုးမွာ ရွယ္ယာေရာင္းခ်ရေငြ၏ အစြန္းထြက္မွ်သာ ရွိေနေသးသည္။

ေလာ့စ္အိန္ဂ်လိရွိ စံအိမ္ၾကီးကို ကန္ေဒၚလာ ၁၆၅ သန္းျဖင့္ ဝယ္ယူလိုက္ျခင္းျဖစ္ကာ ေလာ့စ္အိန္ဂ်လိသမိုင္းတြင္ ေစ်းအၾကီးဆံုးအျဖစ္ စံခ်ိန္တင္သြားသည္။

ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ ဂ်က္ဘ္ ဘီေဇာ့စ္၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၃၁ ဘီလီယံ ျဖစ္သည္။

ဂ်က္ဘီေဇာ့စ္သည္ ၂၀၁၉ ခုႏွစ္၊ ဇြန္လအတြင္း နယူးေယာက္ျမိဳ ႔ရွိ လူေနခန္း ၃ ခုကို ကန္ေဒၚလာ သန္း ၈၀ ျဖင့္ လည္းေကာင္း၊ warner Estate စံအိမ္ကို ကန္ေဒၚလာ ၁၆၅ သန္းျဖင့္လည္းေကာင္း၊ ေလာ့စ္အိန္ဂ်လိရွိ ေျမကြက္ရိုင္းတစ္ခုကို မိုကၠရိုေဆာ့ဖ္ ပူးတြဲတည္ေထာင္သူ ေပါလ္ အယ္လင္ထံမွ ကန္ေဒၚလာ သန္း ၉၀ ျဖင့္လည္းေကာင္း ဝယ္ယူထားခဲ့ေသးေၾကာင္း ေဝါစထရိဂ်ာနယ္ သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ဂ်က္ဘ္ဘီေဇာ့စ္သည္ ဝါရွင္တန္ ဒီစီတြင္လည္း ကန္ေဒၚလာ ၂၃ သန္းတန္ စံအိမ္ၾကီးတစ္လံုး ပိုင္ဆိုင္ထားေသးျပီး အဆိုပါစံအိမ္ကို ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူကာ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

ထို႔အျပင္ မစၥတာ ဘီေဇာ့စ္သည္ ေလာ့စ္အိန္ဂ်လိရွိ ကမၻာေက်ာ္မ်ား အေျခခ်ရာ ဘီဗာလီေဟးလ္အရပ္တြင္လည္း ေဒၚလာ သန္းေပါင္းမ်ားစြာ တန္ေၾကးရွိေသာ ေနအိမ္ ၂ လံုး ပိုင္ဆိုင္ထားေသးသည္။

ေဒၚလာ ဘီလ်ံရာႏွင့္ခ်ီကာ ခ်မ္းသာေသာ ဂ်က္ဘ္ဘီေဇာ့စ္သည္ ႏိုင္ငံတစ္ဝန္း စီးပြားေရး မညီမွ်မႈမ်ား ေပၚေပါက္ေနစဥ္တြင္ သူ၏ amazon.com မွာ အခြန္အနည္းငယ္သာ ေပးေဆာင္မႈေၾကာင့္ ေဝဖန္မႈမ်ား ခံေနရခ်ိန္အတြင္း ယခုစံအိမ္ကို ဝယ္ယူလုိက္ျခင္းလည္း ျဖစ္သည္။

ဂ်က္ဘီေဇာ့စ္ ယခုဝယ္ယူလိုက္ေသာ စံအိမ္၏ ျခံဝန္းအက်ယ္မွာ ၉ ဧကရွိျပီး ယခင္က ေတးသံသြင္းလုပ္ငန္း သူေဌးၾကီး ေဒးဗစ္ ဂ်က္ဖ္ဖန္းက ပိုင္ဆိုင္ခဲ့သည့္ စံအိမ္ျဖစ္သည္။

ေဒးဗစ္က အဆိုပါစံအိမ္ကို ၁၉၉၀ ျပည့္ႏွစ္တြင္ ကန္ေဒၚလာ ၄၇ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္ျပီး ထိုေခတ္ထိုကာလက စံခ်ိန္တင္ ေစ်းႏႈန္းျဖစ္ခဲ့သည္။

ဂ်က္ဘီေဇာ့စ္သည္ ျပီးခဲ့ေသာ ေဆာင္းတြင္းကလည္း ေလလံပြဲမ်ားတြင္ ပန္းခ်ီကား ၂ ခုကို ကန္ေဒၚလာ သန္း ၇၀ ေက်ာ္သံုးစြဲကာ ဝယ္ယူခဲ့ေသးသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service