မိန်းကလေးတစ်ဦး၏ ခြောက်ခြားဖွယ်အသံ၊ နာရီများအားလုံး ၃း ၀၇ တွင် ရပ်တန့်သွားခြင်း၊ မီးမရှိသော အခန်းတွင်းမှ မီးရောင်များ (သို့မဟုတ်) အာဖဂန်နစ္စတန်တွင် ၂ ကြိမ်သွားရောက် တာဝန်ထမ်းဆောင်ခဲ့သော အမေရိကန်စစ်မှုထမ်းဟောင်းတစ်ဦး၏ သရဲခြောက်သော နေအိမ်ကြီး

မိန်းကလေးတစ်ဦး၏ ခြောက်ခြားဖွယ်အသံ၊ နာရီများအားလုံး ၃း ၀၇ တွင် ရပ်တန့်သွားခြင်း၊ မီးမရှိသော အခန်းတွင်းမှ မီးရောင်များ (သို့မဟုတ်) အာဖဂန်နစ္စတန်တွင် ၂ ကြိမ်သွားရောက် တာဝန်ထမ်းဆောင်ခဲ့သော အမေရိကန်စစ်မှုထမ်းဟောင်းတစ်ဦး၏ သရဲခြောက်သော နေအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
14 Feb 2020 12:25 pm တွင် တင်ခဲ့သည်
12633 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ကိုရီ ဟိုင်းဇန်နှင့် ဂျနီဖာ ဟိုင်းဇန်တို့ စုံတွဲသည် နေအိမ်သစ်သို့ လွန်ခဲ့သော ၂ လခန့်က ပြောင်းရွှေ့ခဲ့ကြသည်။

ယင်းသို့ ပြောင်းရွှေ့ပြီးနောက်ပိုင်း အဆိုပါနေအိမ်တွင် လျှပ်စစ်မီး မရှိသော အခန်းတစ်ခု၌ တဖျတ်ဖျတ် မီးလင်းလာဟန် အလင်းရောင်များကို မကြာခဏ တွေ့ခဲ့ကြသည်။

မိန်းကလေးတစ်ဦး၏ ခြောက်ခြားဖွယ်အသံမျိုး ကြားရပြီး မည်သည့်နေရာက လာသည့်အသံမှန်းလည်း မသိ။

ခြေသံများ ၊ တံခါးခေါက်သံများလည်း မကြာခဏ ကြားရတတ်၏။

စံအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ရိုဒီအိုင်းလန်းပြည်နယ်တွင်တည်ရှိပြီး နှစ်ပေါင်း ၂၀၀ နီးပါး သက်တမ်းရှိသော ယာတောအိမ်ကြီးဖြစ်ကာ ကိုရီက သူ့အနေဖြင့် အိမ်ထဲတွင် မနေရဲတော့ကြောင်း ပြောကြားသည်။

ပရလောက သုတေသီများလည်းဖြစ်ကြသော ကိုရီတို့ စုံတွဲသည် နောက်ဆုံးတွင် သရဲခြောက်သော နေအိမ်ကြီးကို အိမ်ငှားဝက်ဘ်ဆိုက် တစ်ခုဖြစ်သော Airbnb တွင် အငှားဈေးကွက်တင်ကာ တည်းခိုနေထိုင်လိုသူများကို ဖိတ်ခေါ်ခဲ့သည်။

ထိုအတောအတွင်း ကိုရီတို့မောင်နှံသည် နေအိမ်အတွင်း သဘာဝလွန်ဖြစ်ရပ်ဆန်းများကို မှတ်တမ်းတင်နိုင်ရန်အတွက် စောင့်ကြည့် ကင်မရာများ တပ်ဆင်ခဲ့သည်။

“တော်တော်တုန်လှုပ်ဖို့ ကောင်းပါတယ်။ အသံတွေကြားရတယ်။ တံခါးမကြီးတွေက သူ့အလိုလို ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတယ်။ ဟိုမှာဒီမှာ အရိပ်မည်းကြီးတွေလည်း တွေ့ရတယ်” ဟု ကိုရီက ခြောက်ခြားစွာ ပြောကြားသည်။

အသက် ၄၀ ရှိပြီဖြစ်သော ကိုရီသည် ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး အာဖဂန်နစ္စတန်တွင် ၂ ကြိမ်တိုင် သွားရောက် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

မီးလုံးမရှိသော အခန်းတွင် ဖျတ်ကနဲ မီးလင်းခြင်းမျိုး မကြာခဏကြုံရသည်။

ကိုရီတို့မောင်နှံသည် အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်းပါဝင်သည့် အဆိုပါ စံအိမ်ကို ပြီးခဲ့သောနှစ် ဇွန်လအတွင်း ကန်ဒေါ်လာ ၄၃၉၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ရိုဒီအိုင်းလန်းပြည်နယ်၊ ဟာရစ်ဗီးလ်အရပ်တွင် တည်ရှိကာ ခြံဝန်းအကျယ် ၈ ဒသမ ၅ ဧကရှိပြီး နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၃၁၀၀ ရှိသော စံအိမ် ဖြစ်သည်။

ဆောက်လုပ်ခဲ့သည်မှာ ၁၈၃၆ ခုနှစ်ကဖြစ်ရာ ၁၈၄ နှစ် သက်တမ်းရှိပြီဖြစ်သည်။

“ဒီစံအိမ်မှာ လာရောက်တည်းခိုကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ ကမ္ဘာ့သရဲအခြောက်ဆုံးနေရာတွေထဲက တစ်ခုမှာ လက်တွေ့ လာရောက်စုံစမ်းနိုင်မယ့်၊ တစ်သက်မှာ တစ်ခါသာကြုံရတဲ့ အခွင့်အရေးဖြစ်ပါတယ်” ဟု ကိုရီက ဆိုသည်။

ယခုနေအိမ်ကို ကိုရီက ပရလောကဆိုင်ရာ ဖေ့စ်ဘုတ်ဂရုတစ်ခုထဲတွင် ကြော်ငြာတင်ထားသည်ကို တွေ့ခဲ့ကာ ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါနေအိမ်ကြီး၏ သရဲခြောက်သော ဇာတ်လမ်းများမှာ ၁၉၇၃ ခုနှစ်ကတည်း စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ကာရိုလင်းပီရွန်နှင့် ရိုဂျာပီရွန်တို့ ဇနီးမောင်နှံသည် သမီး ၅ ဦးနှင့်အတူ နေထိုင်ခဲ့ကြသည်။

ယင်းနောက် ခြောက်ခြားဖွယ် ပရလောကဖြစ်ရပ်ဆန်းများနှင့် ရင်ဆိုင်ရရာ ပရလောကသုတေသီများဖြစ်သည့် အက်ဒ်ဝါရင်နှင့် လော်ရင်း ဝါရန်တို့ကို ဖိတ်ခေါ်ခဲ့သည်။

ပီရွန်တို့ မိသားစု မွေးမြူထားသည့် ခွေးကလေးမှာ အိမ်ထဲသို့ ခေါ်မရဘဲ မည်သို့ခေါ်သည်ဖြစ်စေ အိမ်ထဲသို့ လုံးဝ မဝင်ချေ။

နေအိမ်အတွင်းရှိ နာရီများအားလုံးသည် မနက် ၃ နာရီ ၀၇ မိနစ်အချိန်တွင် ရပ်တန့်သွားသည်ကို တွေ့လိုက်ရပြီး ၎င်းတို့ မိသားစုမွေးထားသည့် ခွေးကလေးမှာ ခြံနောက်ဘက်တွင် သေဆုံးနေသည်ကို တွေ့ရသည်။

ယင်းနောက်ပိုင်း ပီရွန်တို့ မိသားစုလည်း အဆိုပါစံအိမ်ကြီးကို စွန့်ခွာခဲ့ကြရာ အချိန်မှာ ၁၉၈၀ ပြည့်နှစ် ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

မိန္းကေလးတစ္ဦး၏ ေျခာက္ျခားဖြယ္အသံ၊ နာရီမ်ားအားလံုး ၃း ၀၇ တြင္ ရပ္တန္႔သြားျခင္း၊ မီးမရွိေသာ အခန္းတြင္းမွ မီးေရာင္မ်ား (သို႔မဟုတ္) အာဖဂန္နစၥတန္တြင္ ၂ ၾကိမ္သြားေရာက္ တာဝန္ထမ္းေဆာင္ခဲ့ေသာ အေမရိကန္စစ္မႈထမ္းေဟာင္းတစ္ဦး၏ သရဲေျခာက္ေသာ ေနအိမ္ၾကီး

ကိုရီ ဟိုင္းဇန္ႏွင့္ ဂ်နီဖာ ဟိုင္းဇန္တို႔ စံုတြဲသည္ ေနအိမ္သစ္သို႔ လြန္ခဲ့ေသာ ၂ လခန္႔က ေျပာင္းေရႊ႕ခဲ့ၾကသည္။

ယင္းသို႔ ေျပာင္းေရႊ႕ျပီးေနာက္ပိုင္း အဆိုပါေနအိမ္တြင္ လွ်ပ္စစ္မီး မရွိေသာ အခန္းတစ္ခု၌ တဖ်တ္ဖ်တ္ မီးလင္းလာဟန္ အလင္းေရာင္မ်ားကို မၾကာခဏ ေတြ႔ခဲ့ၾကသည္။

မိန္းကေလးတစ္ဦး၏ ေျခာက္ျခားဖြယ္အသံမ်ဳိး ၾကားရျပီး မည္သည့္ေနရာက လာသည့္အသံမွန္းလည္း မသိ။

ေျခသံမ်ား ၊ တံခါးေခါက္သံမ်ားလည္း မၾကာခဏ ၾကားရတတ္၏။

စံအိမ္တည္ေနရာမွာ အေမရိကန္ျပည္ေထာင္စု၊ ရိုဒီအိုင္းလန္းျပည္နယ္တြင္တည္ရွိျပီး ႏွစ္ေပါင္း ၂၀၀ နီးပါး သက္တမ္းရွိေသာ ယာေတာအိမ္ၾကီးျဖစ္ကာ ကိုရီက သူ႔အေနျဖင့္ အိမ္ထဲတြင္ မေနရဲေတာ့ေၾကာင္း ေျပာၾကားသည္။

ပရေလာက သုေတသီမ်ားလည္းျဖစ္ၾကေသာ ကိုရီတို႔ စံုတြဲသည္ ေနာက္ဆံုးတြင္ သရဲေျခာက္ေသာ ေနအိမ္ၾကီးကို အိမ္ငွားဝက္ဘ္ဆိုက္ တစ္ခုျဖစ္ေသာ Airbnb တြင္ အငွားေစ်းကြက္တင္ကာ တည္းခိုေနထုိင္လိုသူမ်ားကို ဖိတ္ေခၚခဲ့သည္။

ထိုအေတာအတြင္း ကိုရီတို႔ေမာင္ႏွံသည္ ေနအိမ္အတြင္း သဘာဝလြန္ျဖစ္ရပ္ဆန္းမ်ားကို မွတ္တမ္းတင္ႏိုင္ရန္အတြက္ ေစာင့္ၾကည့္ ကင္မရာမ်ား တပ္ဆင္ခဲ့သည္။

“ေတာ္ေတာ္တုန္လႈပ္ဖို႔ ေကာင္းပါတယ္။ အသံေတြၾကားရတယ္။ တံခါးမၾကီးေတြက သူ႔အလိုလို ဖြင့္လိုက္ပိတ္လိုက္ျဖစ္ေနတယ္။ ဟိုမွာဒီမွာ အရိပ္မည္းၾကီးေတြလည္း ေတြ႔ရတယ္” ဟု ကိုရီက ေျခာက္ျခားစြာ ေျပာၾကားသည္။

အသက္ ၄၀ ရွိျပီျဖစ္ေသာ ကိုရီသည္ ေရတပ္တြင္ တာဝန္ထမ္းေဆာင္ခဲ့သူတစ္ဦးျဖစ္ျပီး အာဖဂန္နစၥတန္တြင္ ၂ ၾကိမ္တိုင္ သြားေရာက္ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

မီးလံုးမရွိေသာ အခန္းတြင္ ဖ်တ္ကနဲ မီးလင္းျခင္းမ်ဳိး မၾကာခဏၾကံဳရသည္။

ကိုရီတို႔ေမာင္ႏွံသည္ အိပ္ခန္း ၃ ခန္း၊ ေရခ်ဳိးခန္း ၂ ခန္းပါဝင္သည့္ အဆိုပါ စံအိမ္ကို ျပီးခဲ့ေသာႏွစ္ ဇြန္လအတြင္း ကန္ေဒၚလာ ၄၃၉၀၀၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ရိုဒီအိုင္းလန္းျပည္နယ္၊ ဟာရစ္ဗီးလ္အရပ္တြင္ တည္ရွိကာ ျခံဝန္းအက်ယ္ ၈ ဒသမ ၅ ဧကရွိျပီး ေနအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၃၁၀၀ ရွိေသာ စံအိမ္ ျဖစ္သည္။

ေဆာက္လုပ္ခဲ့သည္မွာ ၁၈၃၆ ခုႏွစ္ကျဖစ္ရာ ၁၈၄ ႏွစ္ သက္တမ္းရွိျပီျဖစ္သည္။

“ဒီစံအိမ္မွာ လာေရာက္တည္းခိုၾကဖို႔လည္း ဖိတ္ေခၚပါတယ္။ ကမၻာ့သရဲအေျခာက္ဆံုးေနရာေတြထဲက တစ္ခုမွာ လက္ေတြ႔ လာေရာက္စံုစမ္းႏိုင္မယ့္၊ တစ္သက္မွာ တစ္ခါသာၾကံဳရတဲ့ အခြင့္အေရးျဖစ္ပါတယ္” ဟု ကိုရီက ဆိုသည္။

ယခုေနအိမ္ကို ကိုရီက ပရေလာကဆိုင္ရာ ေဖ့စ္ဘုတ္ဂရုတစ္ခုထဲတြင္ ေၾကာ္ျငာတင္ထားသည္ကို ေတြ႔ခဲ့ကာ ဝယ္ယူခဲ့ျခင္းလည္း ျဖစ္သည္။

အဆိုပါေနအိမ္ၾကီး၏ သရဲေျခာက္ေသာ ဇာတ္လမ္းမ်ားမွာ ၁၉၇၃ ခုႏွစ္ကတည္း စတင္ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ထိုစဥ္က ကာရိုလင္းပီရြန္ႏွင့္ ရိုဂ်ာပီရြန္တို႔ ဇနီးေမာင္ႏွံသည္ သမီး ၅ ဦးႏွင့္အတူ ေနထိုင္ခဲ့ၾကသည္။

ယင္းေနာက္ ေျခာက္ျခားဖြယ္ ပရေလာကျဖစ္ရပ္ဆန္းမ်ားႏွင့္ ရင္ဆိုင္ရရာ ပရေလာကသုေတသီမ်ားျဖစ္သည့္ အက္ဒ္ဝါရင္ႏွင့္ ေလာ္ရင္း ဝါရန္တို႔ကို ဖိတ္ေခၚခဲ့သည္။

ပီရြန္တို႔ မိသားစု ေမြးျမဴထားသည့္ ေခြးကေလးမွာ အိမ္ထဲသို႔ ေခၚမရဘဲ မည္သို႔ေခၚသည္ျဖစ္ေစ အိမ္ထဲသို႔ လံုးဝ မဝင္ေခ်။

ေနအိမ္အတြင္းရွိ နာရီမ်ားအားလံုးသည္ မနက္ ၃ နာရီ ၀၇ မိနစ္အခ်ိန္တြင္ ရပ္တန္႔သြားသည္ကို ေတြ႔လိုက္ရျပီး ၎တို႔ မိသားစုေမြးထားသည့္ ေခြးကေလးမွာ ျခံေနာက္ဘက္တြင္ ေသဆံုးေနသည္ကို ေတြ႔ရသည္။

ယင္းေနာက္ပိုင္း ပီရြန္တို႔ မိသားစုလည္း အဆိုပါစံအိမ္ၾကီးကို စြန္႔ခြာခဲ့ၾကရာ အခ်ိန္မွာ ၁၉၈၀ ျပည့္ႏွစ္ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service