ကမ္ဘာကျော် ဂီတကြယ်ပွင့်စုံတွဲဖြစ်သော ဘီယွန်းစေးနှင့် ဂျေးဇက်တို့ အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားသည့်အနက် လော့စ်အိန်ဂျလိ စံအိမ်တစ်လုံးတည်းအတွက်ပင် တစ်နှစ်လျှင် ဒေါ်လာ ၁ သန်းကျော် အိမ်ခြံမြေအခွန် ပေးဆောင်ရ

ကမ္ဘာကျော် ဂီတကြယ်ပွင့်စုံတွဲဖြစ်သော ဘီယွန်းစေးနှင့် ဂျေးဇက်တို့ အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားသည့်အနက် လော့စ်အိန်ဂျလိ စံအိမ်တစ်လုံးတည်းအတွက်ပင် တစ်နှစ်လျှင် ဒေါ်လာ ၁ သန်းကျော် အိမ်ခြံမြေအခွန် ပေးဆောင်ရ - Property News in Myanmar from iMyanmarHouse.com
14 Feb 2020 11:52 am တွင် တင်ခဲ့သည်
1051 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာကြီး၏ ဖော်ပြချက်အရ ဘီယွန်းစေးနှင့် ဂျေးဇက်တို့စုံတွဲသည် လော့စ်အိန်ဂျလိမြို့၊ ဘဲလ်အဲရ်အရပ်ရှိ စံအိမ်ကြီးတစ်လုံးတည်းအတွက်ပင်လျှင် တစ်နှစ်လျှင် အိမ်ခြံမြေအခွန် ကန်ဒေါ်လာ ၁ ဒသမ ၀၅ သန်းခန့် ပေးဆောင်နေရကြောင်း ဖော်ပြသည်။

ဂီတကြယ်ပွင့်စုံတွဲသည် စတုရန်းပေ ၃၀၀၀၀ ကျယ်ဝန်းပြီး အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၁ ခန်းပါဝင်ကာ ခြံအကျယ်အဝန်း ၂ ဧကရှိသော အဆိုပါ စံအိမ်ကြီးကို ၂၀၁၇ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၈၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဝယ်ယူသည့် ဈေးနှုန်းမြင့်မားမှုနှင့်အတူ အိမ်ခြံမြေအခွန်အခ ဒေါ်လာ ၁ သန်းဟူသည်မှာ တုန်လှုပ်ဖွယ်ပင်။

လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာ၏ ဆောင်းပါးတွင် လော့စ်အိန်ဂျလိရှိ အိမ်ခြံမြေအခွန် ဒေါ်လာ ၁ သန်းနှင့်အထက် ပေးဆောင်ရသော နေအိမ် ၁၁ လုံးကို ဖော်ပြခဲ့ရာ ဘီယွန်းစေးတို့မှာ နံပါတ် ၈ နေရာတွင် ဖော်ပြခြင်း ခံခဲ့ရသည်။

အနီးရှိ စတုရန်းပေ ၂၀၀၀၀ ကျယ်ဝန်းသော နာမည်ကျော် Playboy စံအိမ်ကြီး၏ အိမ်ခြံမြေအခွန်ကား ပို၍ပင် မြင့်မားကာ ကန်ဒေါ်လာ ၁ ဒသမ ၂၂ သန်း နှစ်စဉ်ပေးဆောင်ရသည်ဟု ဆိုသည်။

အိမ်ခြံမြေအခွန် အများဆုံးပေးဆောင်ရသည်ကား အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဘရုစ် မာကော့စကီးပိုင်ဆိုင်သည့် စတုရန်းပေ ၃၈၀၀၀ ကျယ်ဝန်းကာ အိပ်ခန်း ၁၂ ခန်းနှင့် ရေချိုးခန်း ၂၁ ခန်းပါဝင်သော စံအိမ်ကြီးဖြစ်ကာ တစ်နှစ်လျှင် အခွန် ကန်ဒေါ်လာ ၁ ဒသမ ၃၆ သန်း ပေးဆောင်ရသည်ဟု ဆိုသည်။

ကယ်လီဖိုးနီးယားတွင် ပျှမ်းမျှအားဖြင့် နေအိမ်ပိုင်ရှင်တို့ ပေးဆောင်ရသည်မှာ ကန်ဒေါ်လာ ၁၄၅၀ ခန့်သာဖြစ်သည်။

နေအိမ်ဝယ်လက်အများစုသည် အိမ်အတွက်ပေးရမည့် ဈေးနှုန်းကိုသာ အာရုံစိုက်လေ့ရှိပြီး အိမ်ခြံမြေအခွန်ကို မေ့နေလေ့ရှိကြသည်။

အိမ်ခြံမြေအခွန်ကို အိမ်ခြံမြေချေးငွေ ပြန်လည်ပေးသွင်းရာတွင် ထည့်ပေါင်းလေ့ရှိရာ အကြွေးမည်မျှတင်နေသည် (သို့မဟုတ်) အိမ်ခြံမြေ အခွန် မည်သို့တွက်ချက်သည်ကို အများစုက ရှင်းရှင်းလင်းလင်း မသိကြချေ။

သာဓကအားဖြင့် အများစု ယူဆသည်မှာ အိမ်ခြံမြေအခွန်ကို နေအိမ်၏ ဈေးကွက်ပေါက်ဈေးဖြင့် တွက်ချက်သည်ဟု ယူဆနေကြသည်။

စင်စစ်ကား မဟုတ်ချေ။ အဆိုပါအိမ်ကို အရောင်းအဝယ်လုပ်ခဲ့သည့် ဈေးနှုန်းဖြင့်သာ တွက်ချက်ခြင်း ဖြစ်သည်။

“အရောင်းအဝယ်လုပ်တဲ့ ဈေးနှုန်းအပေါ် အခွန်တွက်ချက်တယ်ဆိုတာဟာ ဈေးကွက်တန်ဖိုးအပေါ် တွက်ချက်တာနဲ့ မတူဘူးဆိုတာ လူအများစုက မသိကြပါဘူး။ အရောင်းအဝယ်လုပ်တဲ့ ဈေးနှုန်းက ပေါက်ဈေးအောက် နည်းတယ်ဆိုရင်တော့ ပိုင်ရှင်အတွက် ကောင်းပါတယ်။ ဒါပေမယ့် ဘီယွန်းစေးနဲ့ ဂျေးဇက်တို့ ဖြစ်ရပ်က ဒါမျိုးမဟုတ်ဘူး။ ဘီယွန်းစေးတို့ဟာ လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၈၉ ဒသမ ၈ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ဈေးကွက်ပေါက်ဈေးထက် ၂ ရာခိုင်နှုန်း ကျော်နေပါတယ်။ အပြင်မှာ ပြောနေကြတာက ဘီယွန်းစေးနဲ့ ဂျေးဇက်ဟာ ဒီစံအိမ်ကို ၈၈ သန်းနဲ့ ဝယ်ခဲ့တယ်လို့ ပြောကြတယ်။ ဒါပေမယ့် သူတို့ အခွန်ဆောင်ရတာက ၈၉ ဒသမ ၉ သန်းအပေါ်မှာ တွက်ချက်ပြီး အခွန်ဆောင်နေရတာ ဖြစ်ပါတယ်” ဟု Supermoney.com မှ စီမံအယ်ဒီတာဖြစ်သော အင်ဒရူး လာသမ်က ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

  ### Zawgyi Version ###

ကမၻာေက်ာ္ ဂီတၾကယ္ပြင့္စံုတြဲျဖစ္ေသာ ဘီယြန္းေစးႏွင့္ ေဂ်းဇက္တို႔ အိမ္ျခံေျမမ်ားစြာ ပိုင္ဆိုင္ထားသည့္အနက္ ေလာ့စ္အိန္ဂ်လိ စံအိမ္တစ္လံုးတည္းအတြက္ပင္ တစ္ႏွစ္လွ်င္ ေဒၚလာ ၁ သန္းေက်ာ္ အိမ္ျခံေျမအခြန္ ေပးေဆာင္ရ

ေလာ့စ္အိန္ဂ်လိတိုင္းမ္သတင္းစာၾကီး၏ ေဖာ္ျပခ်က္အရ ဘီယြန္းေစးႏွင့္ ေဂ်းဇက္တို႔စံုတြဲသည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘဲလ္အဲရ္အရပ္ရွိ စံအိမ္ၾကီးတစ္လံုးတည္းအတြက္ပင္လွ်င္ တစ္ႏွစ္လွ်င္ အိမ္ျခံေျမအခြန္ ကန္ေဒၚလာ ၁ ဒသမ ၀၅ သန္းခန္႔ ေပးေဆာင္ေနရေၾကာင္း ေဖာ္ျပသည္။

ဂီတၾကယ္ပြင့္စံုတြဲသည္ စတုရန္းေပ ၃၀၀၀၀ က်ယ္ဝန္းျပီး အိပ္ခန္း ၈ ခန္း၊ ေရခ်ဳိးခန္း ၁၁ ခန္းပါဝင္ကာ ျခံအက်ယ္အဝန္း ၂ ဧကရွိေသာ အဆိုပါ စံအိမ္ၾကီးကို ၂၀၁၇ ခုႏွစ္အတြင္းက ကန္ေဒၚလာ ၈၈ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ဝယ္ယူသည့္ ေစ်းႏႈန္းျမင့္မားမႈႏွင့္အတူ အိမ္ျခံေျမအခြန္အခ ေဒၚလာ ၁ သန္းဟူသည္မွာ တုန္လႈပ္ဖြယ္ပင္။

ေလာ့စ္အိန္ဂ်လိတိုင္းမ္သတင္းစာ၏ ေဆာင္းပါးတြင္ ေလာ့စ္အိန္ဂ်လိရွိ အိမ္ျခံေျမအခြန္ ေဒၚလာ ၁ သန္းႏွင့္အထက္ ေပးေဆာင္ရေသာ ေနအိမ္ ၁၁ လံုးကို ေဖာ္ျပခဲ့ရာ ဘီယြန္းေစးတို႔မွာ နံပါတ္ ၈ ေနရာတြင္ ေဖာ္ျပျခင္း ခံခဲ့ရသည္။

အနီးရွိ စတုရန္းေပ ၂၀၀၀၀ က်ယ္ဝန္းေသာ နာမည္ေက်ာ္ Playboy စံအိမ္ၾကီး၏ အိမ္ျခံေျမအခြန္ကား ပို၍ပင္ ျမင့္မားကာ ကန္ေဒၚလာ ၁ ဒသမ ၂၂ သန္း ႏွစ္စဥ္ေပးေဆာင္ရသည္ဟု ဆိုသည္။

အိမ္ျခံေျမအခြန္ အမ်ားဆံုးေပးေဆာင္ရသည္ကား အိမ္ျခံေျမလုပ္ငန္းရွင္ၾကီး ဘရုစ္ မာေကာ့စကီးပိုင္ဆိုင္သည့္ စတုရန္းေပ ၃၈၀၀၀ က်ယ္ဝန္းကာ အိပ္ခန္း ၁၂ ခန္းႏွင့္ ေရခ်ဳိးခန္း ၂၁ ခန္းပါဝင္ေသာ စံအိမ္ၾကီးျဖစ္ကာ တစ္ႏွစ္လွ်င္ အခြန္ ကန္ေဒၚလာ ၁ ဒသမ ၃၆ သန္း ေပးေဆာင္ရသည္ဟု ဆိုသည္။

ကယ္လီဖုိးနီးယားတြင္ ပွ်မ္းမွ်အားျဖင့္ ေနအိမ္ပိုင္ရွင္တို႔ ေပးေဆာင္ရသည္မွာ ကန္ေဒၚလာ ၁၄၅၀ ခန္႔သာျဖစ္သည္။

ေနအိမ္ဝယ္လက္အမ်ားစုသည္ အိမ္အတြက္ေပးရမည့္ ေစ်းႏႈန္းကိုသာ အာရံုစိုက္ေလ့ရွိျပီး အိမ္ျခံေျမအခြန္ကို ေမ့ေနေလ့ရွိၾကသည္။

အိမ္ျခံေျမအခြန္ကို အိမ္ျခံေျမေခ်းေငြ ျပန္လည္ေပးသြင္းရာတြင္ ထည့္ေပါင္းေလ့ရွိရာ အေၾကြးမည္မွ်တင္ေနသည္ (သို႔မဟုတ္) အိမ္ျခံေျမ အခြန္ မည္သို႔တြက္ခ်က္သည္ကို အမ်ားစုက ရွင္းရွင္းလင္းလင္း မသိၾကေခ်။

သာဓကအားျဖင့္ အမ်ားစု ယူဆသည္မွာ အိမ္ျခံေျမအခြန္ကို ေနအိမ္၏ ေစ်းကြက္ေပါက္ေစ်းျဖင့္ တြက္ခ်က္သည္ဟု ယူဆေနၾကသည္။

စင္စစ္ကား မဟုတ္ေခ်။ အဆိုပါအိမ္ကို အေရာင္းအဝယ္လုပ္ခဲ့သည့္ ေစ်းႏႈန္းျဖင့္သာ တြက္ခ်က္ျခင္း ျဖစ္သည္။

“အေရာင္းအဝယ္လုပ္တဲ့ ေစ်းႏႈန္းအေပၚ အခြန္တြက္ခ်က္တယ္ဆိုတာဟာ ေစ်းကြက္တန္ဖိုးအေပၚ တြက္ခ်က္တာနဲ႔ မတူဘူးဆိုတာ လူအမ်ားစုက မသိၾကပါဘူး။ အေရာင္းအဝယ္လုပ္တဲ့ ေစ်းႏႈန္းက ေပါက္ေစ်းေအာက္ နည္းတယ္ဆိုရင္ေတာ့ ပိုင္ရွင္အတြက္ ေကာင္းပါတယ္။ ဒါေပမယ့္ ဘီယြန္းေစးနဲ႔ ေဂ်းဇက္တို႔ ျဖစ္ရပ္က ဒါမ်ဳိးမဟုတ္ဘူး။ ဘီယြန္းေစးတို႔ဟာ ေလာ့စ္အိန္ဂ်လိစံအိမ္ကို ကန္ေဒၚလာ ၈၉ ဒသမ ၈ သန္းနဲ႔ ဝယ္ယူခဲ့တာျဖစ္ျပီး ေစ်းကြက္ေပါက္ေစ်းထက္ ၂ ရာခိုင္ႏႈန္း ေက်ာ္ေနပါတယ္။ အျပင္မွာ ေျပာေနၾကတာက ဘီယြန္းေစးနဲ႔ ေဂ်းဇက္ဟာ ဒီစံအိမ္ကို ၈၈ သန္းနဲ႔ ဝယ္ခဲ့တယ္လို႔ ေျပာၾကတယ္။ ဒါေပမယ့္ သူတို႔ အခြန္ေဆာင္ရတာက ၈၉ ဒသမ ၉ သန္းအေပၚမွာ တြက္ခ်က္ျပီး အခြန္ေဆာင္ေနရတာ ျဖစ္ပါတယ္” ဟု Supermoney.com မွ စီမံအယ္ဒီတာျဖစ္ေသာ အင္ဒရူး လာသမ္က ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service