တော်ဝင်မင်းသားဘဝကို စွန့်လွှတ်ခဲ့သည့် ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော် အမေရိကန်ရုပ်ရှင်မင်းသမီး မီဂန်မာကယ်တို့ အင်္ဂလန်ကို ကျောခိုင်းကာ ကနေဒါရှိ ပေါင် ၁၄ သန်းတန် နေအိမ်သို့ ပြောင်းရွှေ့

တော်ဝင်မင်းသားဘဝကို စွန့်လွှတ်ခဲ့သည့် ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော် အမေရိကန်ရုပ်ရှင်မင်းသမီး မီဂန်မာကယ်တို့ အင်္ဂလန်ကို ကျောခိုင်းကာ ကနေဒါရှိ ပေါင် ၁၄ သန်းတန် နေအိမ်သို့ ပြောင်းရွှေ့ - Property News in Myanmar from iMyanmarHouse.com
14 Feb 2020 11:06 am တွင် တင်ခဲ့သည်
11903 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

သင်သည် ဗြိတိန်တော်ဝင်မိသားစု၏ သတင်းများကို မျက်ခြေမပြတ် စောင့်ကြည့်နေသူတစ်ဦး မဟုတ်သည့်တိုင် တော်ဝင်မင်းသား ဟယ်ရီနှင့် ကြင်ယာတော် အမေရိကန်သူ ရုပ်ရှင်မင်းသမီး မီဂန် မာကယ်လ်တို့သည် တော်ဝင်မိသားစုဘဝကို စွန့်လွှတ်လိုက်သည့် သတင်းများကိုမူ ဖတ်ပြီးကြားပြီး ဖြစ်ပေမည်။

ဟယ်ရီတို့ စုံတွဲသည် ယခုအခါ ကနေဒါနိုင်ငံရှိ ဒေါ်လာ ၁၄ သန်းတန် စံအိမ်ကြီးသို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်လျက်ရှိသည်။

Mirror သတင်းတစ်ရပ်တွင် ဖော်ပြချက်အရ ဟယ်ရီတို့စုံတွဲသည် ကနေဒါနိုင်ငံ၏ အနောက်ဘက်စွန်း ပြည်နယ်ဖြစ်သော British Columbia ရှိ Saanich ရေလက်ကြားဒေသတွင် တည်ရှိသော စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းသည့် စံအိမ်ကြီးတစ်လုံးတွင် အခြေချနေထိုင်နေသည်ဟု ဆိုသည်။

စံအိမ်အမည်မှာ Mille Fleurs (ပြင်သစ်ဘာသာအရ ပန်းပေါင်းတစ်ထောင်ဟု အဓိပ္ပာယ်ရ) ဟု အမည်ရပြီး ရုရှားနိုင်ငံမှ သူဌေးကြီးတစ်ဦးက ပိုင်ဆိုင်ထားသည့်စံအိမ်ဟု သိရသည်။

စံအိမ်ကြီးအတွင်း အိပ်ခန်း ၈ ခန်း၊ ဝိုင်သိုလှောင်ခန်း ၁ ခု၊ ပုံမှန်ထက် မြင့်မားသည့်မျက်နှာကြက်ရှိသော ဧည့်ခန်း၊ အိမ်တွင်းအရက်ဘား ပါဝင်သည့် ဂိမ်းကစားခန်းတို့ ပါဝင်သည်။

ညဉ့်နက်ပိုင်း သွားရေစာ စားလိုပါကလည်း နေအိမ်အတွင်း ပီဇာမုန့်ဖိုတစ်ခု တပ်ဆင်ပေးထားသည်။

တော်ဝင်စုံတွဲသည် ကနေဒါ၏ ချမ်းအေးသော ညများကို ပြင်သစ်နိုင်ငံမှ တင်သွင်းထားသည့် ၁၇ ရာစု မီးလင်းဖိုကြီးဘေးတွင် နွေးထွေးစွာ ဖြတ်သန်းနိုင်မည် ဖြစ်သည်။

ပင်မစံအိမ်အပြင် နွေရာသီ စံအိမ်တစ်လုံးနှင့် စတုရန်းပေ ၂၀၀၀ ကျယ်ဝန်းသော ဧည့်ဂေဟာအိမ်တစ်လုံးလည်း ပါဝင်သည်။

အဆိုပါနေအိမ်တွင် မီဂန်မာကယ်၏ မိခင် ဒိုရီယာ ရက်ဂ်လန်း လာရောက်လည်ပတ်ချိန်များတွင် တည်းခိုနိုင်ပြီး မြေးဖြစ်သူ အာချီအတွက် အကူအညီပေးနိုင်မည် ဖြစ်သည်။

(ဟယ်ရီနဲ့ မီဂန်က ကနေဒါမှာ နေဖို့ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ)

ကနဦးတွင် အများယူဆခဲ့ကြသည်မှာ နေသာသော ကယ်လီဖိုးနီးယားဒေသကို ရွေးချယ်လိမ့်မည်ဟု ခန့်မှန်းခဲ့သော်လည်း တော်ဝင်စုံတွဲက ကနေဒါကိုသာ ရွေးချယ်ခဲ့သည်။

ယခုစံအိမ်ကို ဟယ်ရီတို့ စုံတွဲက ဝယ်ယူမည်လား၊ ငှားရမ်းနေထိုင်ရုံသာဖြစ်မည်လားဟူသည်ကိုမူ မသိရသေးချေ။

ဟယ်ရီနှင့် မီဂန်တို့သည် ဗြိတိန်သို့ လာရောက်ချိန်များတွင် ဝင်ဆာရဲတိုက်ဝန်းအတွင်းရှိ Frogmore စံအိမ်တွင်သာ နေထိုင်ကြမည် ဖြစ်သည်။

ကနေဒါရှိ စံအိမ်သည် Frogmore စံအိမ်နှင့် နှိုင်းယှဉ်လျှင် အတော်သေးငယ်နေသော်လည်း Frogmore ထက်မူ နေထိုင်ရ ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း အိမ်ခြံမြေကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။

နေအိမ်ဝန်းကျင်တွင် တောင်တန်းများ၊ မိုင်ပေါင်းများစွာရှည်လျားသော တောင်တက်လမ်းများ၊ ရေကန်များ၊ ရေခဲမြစ်များနှင့် ရေတံခွန်များက ဝန်းပတ်နေသည်။

ဗန်ကူးဗားကျွန်းသည် ဝေလငါးများ၊ ပင်လယ်ဖျံများတို့ ကျက်စားရာနေရာဖြစ်ပြီး မျှတသော ရာသီဥတုရှိကာ ထိုအချက်မှာ အင်္ဂလန်ကို ကျောခိုင်းလာရန် လုံလောက်နေသည်။

“ဒီအိမ်ဟာ ဥရောပစံအိမ်ပုံစံမျိုး ဆောက်လုပ်ထားတာဖြစ်ပြီး သက်တမ်း ၁၀ နှစ်သာ ရှိပါသေးတယ်။ အဓိက လိုအပ်တဲ့ facility တွေ အားလုံး ပါဝင်မှာဖြစ်ပြီး ဟယ်ရီတို့စုံတွဲအနေနဲ့ ကိုယ့်အကြိုက်ကလွဲပြီး ထပ်အဆင့်မြှင့်တင်မွမ်းမံစရာ မလိုတဲ့စံအိမ်ပါပဲ” ဟု ဆီယက်တဲလ်မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ရီဘာ ဟာ့စ်က ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

ေတာ္ဝင္မင္းသားဘဝကို စြန႔္လႊတ္ခဲ့သည့္ ၿဗိတိန္ေတာ္ဝင္မင္းသားဟယ္ရီႏွင့္ ၾကင္ယာေတာ္ အေမရိကန္႐ုပ္ရွင္မင္းသမီး မီဂန္မာကယ္တို႔ အဂၤလန္ကို ေက်ာခိုင္းကာ ကေနဒါရွိ ေပါင္ ၁၄ သန္းတန္ ေနအိမ္သို႔ ေျပာင္းေ႐ႊ႕

သင္သည္ ၿဗိတိန္ေတာ္ဝင္မိသားစု၏ သတင္းမ်ားကို မ်က္ေျခမျပတ္ ေစာင့္ၾကည့္ေနသူတစ္ဦး မဟုတ္သည့္တိုင္ ေတာ္ဝင္မင္းသား ဟယ္ရီႏွင့္ ၾကင္ယာေတာ္ အေမရိကန္သူ႐ုပ္ရွင္မင္းသမီး မီဂန္မာကယ္လ္တို႔သည္ ေတာ္ဝင္မိသားစုဘဝကို စြန႔္လႊတ္လိုက္သည့္ သတင္းမ်ားကိုမူ ဖတ္ၿပီးၾကားၿပီး ျဖစ္ေပမည္။

ဟယ္ရီတို႔ စုံတြဲသည္ ယခုအခါ ကေနဒါႏိုင္ငံရွိ ေဒၚလာ ၁၄ သန္းတန္ စံအိမ္ႀကီးသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ရန္ စီစဥ္လ်က္ရွိသည္။

Mirror သတင္းတစ္ရပ္တြင္ ေဖာ္ျပခ်က္အရ ဟယ္ရီတို႔စုံတြဲသည္ ကေနဒါႏိုင္ငံ၏ အေနာက္ဘက္စြန္း ျပည္နယ္ျဖစ္ေသာ British Columbia ရွိ Saanich ေရလက္ၾကားေဒသတြင္ တည္ရွိေသာ စတုရန္းေပ ၁၀၀၀၀ က်ယ္ဝန္းသည့္ စံအိမ္ႀကီးတစ္လုံးတြင္ အေျခခ်ေနထိုင္ေနသည္ဟု ဆိုသည္။

စံအိမ္အမည္မွာ Mille Fleurs (ျပင္သစ္ဘာသာအရ ပန္းေပါင္းတစ္ေထာင္ဟု အဓိပၸာယ္ရ) ဟု အမည္ရၿပီး ႐ုရွားႏိုင္ငံမွ သူေဌးႀကီးတစ္ဦးက ပိုင္ဆိုင္ထားသည့္စံအိမ္ဟု သိရသည္။

စံအိမ္ႀကီးအတြင္း အိပ္ခန္း ၈ ခန္း၊ ဝိုင္သိုေလွာင္ခန္း ၁ ခု၊ ပုံမွန္ထက္ ျမင့္မားသည့္မ်က္ႏွာၾကက္ရွိေသာ ဧည့္ခန္း၊ အိမ္တြင္းအရက္ဘား ပါဝင္သည့္ ဂိမ္းကစားခန္းတို႔ ပါဝင္သည္။

ညဥ့္နက္ပိုင္း သြားေရစာ စားလိုပါကလည္း ေနအိမ္အတြင္း ပီဇာမုန႔္ဖိုတစ္ခု တပ္ဆင္ေပးထားသည္။

ေတာ္ဝင္စုံတြဲသည္ ကေနဒါ၏ ခ်မ္းေအးေသာ ညမ်ားကို ျပင္သစ္ႏိုင္ငံမွ တင္သြင္းထားသည့္ ၁၇ ရာစု မီးလင္းဖိုႀကီးေဘးတြင္ ေႏြးေထြးစြာ ျဖတ္သန္းႏိုင္မည္ ျဖစ္သည္။

ပင္မစံအိမ္အျပင္ ေႏြရာသီ စံအိမ္တစ္လုံးႏွင့္ စတုရန္းေပ ၂၀၀၀ က်ယ္ဝန္းေသာ ဧည့္ေဂဟာအိမ္တစ္လုံးလည္း ပါဝင္သည္။

အဆိုပါေနအိမ္တြင္ မီဂန္မာကယ္၏ မိခင္ ဒိုရီယာ ရက္ဂ္လန္း လာေရာက္လည္ပတ္ခ်ိန္မ်ားတြင္ တည္းခိုႏိုင္ၿပီး ေျမးျဖစ္သူ အာခ်ီအတြက္ အကူအညီေပးႏိုင္မည္ ျဖစ္သည္။

(ဟယ္ရီနဲ႔ မီဂန္က ကေနဒါမွာ ေနဖို႔ ဘာေၾကာင့္ေ႐ြးခ်ယ္ခဲ့တာလဲ)

ကနဦးတြင္ အမ်ားယူဆခဲ့ၾကသည္မွာ ေနသာေသာ ကယ္လီဖိုးနီးယားေဒသကို ေ႐ြးခ်ယ္လိမ့္မည္ဟု ခန႔္မွန္းခဲ့ေသာ္လည္း ေတာ္ဝင္စုံတြဲက ကေနဒါကိုသာ ေ႐ြးခ်ယ္ခဲ့သည္။

ယခုစံအိမ္ကို ဟယ္ရီတို႔ စုံတြဲက ဝယ္ယူမည္လား၊ ငွားရမ္းေနထိုင္႐ုံသာျဖစ္မည္လားဟူသည္ကိုမူ မသိရေသးေခ်။

ဟယ္ရီႏွင့္ မီဂန္တို႔သည္ ၿဗိတိန္သို႔ လာေရာက္ခ်ိန္မ်ားတြင္ ဝင္ဆာရဲတိုက္ဝန္းအတြင္းရွိ Frogmore စံအိမ္တြင္သာ ေနထိုင္ၾကမည္ ျဖစ္သည္။

ကေနဒါရွိ စံအိမ္သည္ Frogmore စံအိမ္ႏွင့္ ႏႈိင္းယွဥ္လွ်င္ အေတာ္ေသးငယ္ေနေသာ္လည္း Frogmore ထက္မူ ေနထိုင္ရ ပိုမိုေကာင္းမြန္မည္ျဖစ္ေၾကာင္း အိမ္ၿခံေျမကြၽမ္းက်င္ပညာရွင္မ်ားက ေျပာၾကားသည္။

ေနအိမ္ဝန္းက်င္တြင္ ေတာင္တန္းမ်ား၊ မိုင္ေပါင္းမ်ားစြာရွည္လ်ားေသာ ေတာင္တက္လမ္းမ်ား၊ ေရကန္မ်ား၊ ေရခဲျမစ္မ်ားႏွင့္ ေရတံခြန္မ်ားက ဝန္းပတ္ေနသည္။

ဗန္ကူးဗားကြၽန္းသည္ ေဝလငါးမ်ား၊ ပင္လယ္ဖ်ံမ်ားတို႔ က်က္စားရာေနရာျဖစ္ၿပီး မွ်တေသာ ရာသီဥတုရွိကာ ထိုအခ်က္မွာ အဂၤလန္ကို ေက်ာခိုင္းလာရန္ လုံေလာက္ေနသည္။

“ဒီအိမ္ဟာ ဥေရာပစံအိမ္ပုံစံမ်ိဳး ေဆာက္လုပ္ထားတာျဖစ္ၿပီး သက္တမ္း ၁၀ ႏွစ္သာ ရွိပါေသးတယ္။ အဓိက လိုအပ္တဲ့ facility ေတြ အားလုံး ပါဝင္မွာျဖစ္ၿပီး ဟယ္ရီတို႔စုံတြဲအေနနဲ႔ ကိုယ့္အႀကိဳက္ကလြဲၿပီး ထပ္အဆင့္ျမႇင့္တင္မြမ္းမံစရာ မလိုတဲ့စံအိမ္ပါပဲ” ဟု ဆီယက္တဲလ္မွ အိမ္ၿခံေျမအက်ိဳးေဆာင္တစ္ဦးျဖစ္သူ ရီဘာဟာ့စ္က ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service