ပြည်သူပိုင်ပြုလုပ်ခြင်း ဥပဒေအရ သိမ်းဆည်းခဲ့သည့် အခန်း၊ အဆောက်အအုံများ မူဝါဒနှင့် ကိုက်ညီမှုမရှိက လွှဲပြောင်းမပေး

ပြည်သူပိုင်ပြုလုပ်ခြင်း ဥပဒေအရ သိမ်းဆည်းခဲ့သည့် အခန်း၊ အဆောက်အအုံများ မူဝါဒနှင့် ကိုက်ညီမှုမရှိက လွှဲပြောင်းမပေး - Property News in Myanmar from iMyanmarHouse.com
14 Feb 2020 10:08 am တွင် တင်ခဲ့သည်
1205 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

၁၉၆၃ ခုနှစ်၊ လုပ်ငန်းများ ပြည်သူပိုင်ပြုလုပ်ခြင်း ဥပဒေအရ သိမ်းဆည်းခဲ့သည့် အခန်း၊ အဆောက်အအုံများကို မူလပိုင်ရှင်နှင့်ပိုင်ရှင်၏ ဆက်ခံသူများက ပြန်လည်လျှောက်ထားသည့် ကိစ္စနှင့်စပ်လျဉ်း၍ မည်ကဲ့သို့ဆောင်ရွက်နေမှုကိုသိရှိလိုကြောင်း ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစောက ဖေဖော်ဝါရီ ၁၁ ရက်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်နှင့်စပ်လျဉ်၍ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ်ဦးဝင်းမြင့်က ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ၊ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊စက်မှုဝန်ကြီးဌာန၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာန၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ၊ကုသရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ပြည်ထောင်စုရှေ့နေချုပ်ရုံး စသည့်ဌာနဆိုင်ရာများနှင့်ပတ်သက်သည့် အခန်း၊ အဆောက်အအုံများအား လွှဲပြောင်းပေးနိုင်ခြင်းရှိမရှိ ဖြေကြားခဲ့သည်။

ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် မူလပိုင်ရှင် နှင့်ပိုင်ရှင်၏ ဆက်ခံသူများက ပြန်လည်တောင်းခံလာသည့် ကိစ္စရပ် ၅ ခုရှိရာ မူဝါဒနှင့် ကိုက်ညီမှုမရှိသဖြင့် ပြန်လည်လွှဲပြောင်းပေးခြင်း မရှိပါကြောင်း၊ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၀၀ ပြည့်နှစ် ဇွန် ၃၀ ရက်တွင် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမြန်မာ့လယ်ယာထွက် ကုန်ပစ္စည်း ရောင်းဝယ်ရေးထံမှ လွှဲပြောင်း ရရှိထားသည့် အခန်း ၁ခန်း ကို မူလပိုင်ရှင်က လျှောက်ထားခြင်းအပေါ် သက် ဆိုင်ရာဌာနများနှင့် ဆက်သွယ်၍ ဆောင်ရွက်ဆဲဖြစ်ပါကြောင်းဖြေကြားထားသည်။

ထို့အပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ကိစ္စ ၄၆ ခုအနက် မူလပိုင်ရှင်မှ ပြန်လည်တောင်းခံ သည့် ကိစ္စ ၈ ခု ရှိရာ ၁ ခု ကို ပြန်လည်လွှဲအပ်ပေးပြီး ကျန် ၇ ခုမှာ စိစစ်ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် အဆောက်အအုံများ အနက် ၂၇ ခုတွင် ၂၆ ခုသည် မူဝါဒနှင့် ကိုက်ညိမှုမရှိသဖြင့် ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း မရှိပါ ကြောင်း၊ ကျန် ၁ ခု သည် ပြန်လည်တောင်းခံသူများအချင်းချင်း အငြင်းပွားနေကြပြီး သက်ဆိုင်ရာတရားရုံး၏ တရားဝင်ဆက်ခံခွင့် တင်ပြနိုင်ခြင်း မရှိသော ကြောင့် ဌာနမှ ဆက်လက်ထိန်းသိမ်း ထားရှိပါကြောင်း။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် မြေနှင့် အဆောက်အအုံ ၁ ခုကို ပိုင်ရှင်၏ ဆက်ခံသူ က ပြန်လည်လျှောက်ထားမှုအပေါ် စိစစ် ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနအနေဖြင့် အခန်း ၃ ခန်းအနက် ၁ ခန်းကို ပိုင်ရှင်က တောင်းခံခဲ့ရာ မူဝါဒနှင့် ကိုက်ညီမှု မရှိသဖြင့် ပြန်လည်လွှဲပြောင်းပေးခြင်း မရှိပါကြောင်း၊ စက်မှုဝန်ကြီး ဌာနအနေဖြင့် မူလပိုင်ရှင်များက ပြန်လည်လျှောက်ထားသည့် ကိစ္စရပ် ၅ ခုရှိရာ ဆောင်ရွက်ပြီးစီးမှု ၃ ခုနှင့် ဆောင်ရွက်ဆဲကိစ္စရပ် ၂ ခုရှိပါကြောင်း၊ ဆောင်ရွက်ပြီးစီးသည့် ကိစ္စရပ် ၃ ခုတွင် ၁ ခု သည် မူဝါဒနှင့် မညီသဖြင့် ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း မပြုသေးပါ ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အခန်း ၂ ခန်း၊ အဆောက်အအုံ ၁ လုံးနှင့် မြေကွက် ၁ကွက်တို့ ကို မူဝါဒနှင့် ကိုက်ညီမှု မရှိသဖြင့် ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း မရှိပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆောက်အအုံ ၁ ခုကို ပိုင်ရှင်၏ သမီးဖြစ်သူက အဆောက်အအုံနှင့် ပရိဘောဂတန်ဖိုးကို ကာလတန်ဖိုးနှင့်အညီ ပြန်လည်တောင်းခံမှု အပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနသို့တင်ပြခဲ့ပြီး ဆက်လက်စိစစ်ဆောင် ရွက်ဆဲဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန အနေဖြင့်အဆောက်အအုံ ၁ခုကို မူလပိုင် ရှင်များ လက်ဝယ်သို့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် လွှဲပြောင်း ပေးအပ်ခဲ့ပါကြောင်း နှင့် ကုသရေးဦးစီးဌာနအနေဖြင့် မြေနေ ရာ ၁ ခုကို စိစစ်ဆောင်ရွက်ဆဲဖြစ်ပါကြောင်း။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အခန်း၊ အဆောက်အအုံ ၂ ခုကို မူလပိုင်ရှင်က ပြန်လည် တောင်းခံရာ မူဝါဒနှင့် ကိုက်ညီမှုမရှိ သဖြင့် ပြန်လည် လွှဲပြောင်းပေးနိုင်ခြင်းမရှိပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မူလပိုင်ရှင်များက ပြန်လည်တောင်းခံသော အဆောက်အအုံ ၃ ခုကို စိစစ်ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အနေဖြင့် အခန်း ၂ ခန်းနှင့် အဆောက်အအုံ ၁ ခု တို့ကိုလည်း မူဝါဒနှင့် ကိုက်ညီမှုမရှိသဖြင့် ပြန်လည်လွှဲပြောင်းပေးခြင်းမရှိပါ ကြောင်း ရှင်းလင်းဖြေကြားခဲ့ကြောင်း ပြည်သူ့လွှတ်တော်မှသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###

ျပည္သူပိုင္ျပဳလုပ္ျခင္း ဥပေဒအရ သိမ္းဆည္းခဲ့သည့္ အခန္း၊ အေဆာက္အအုံမ်ား မူဝါဒႏွင့္ ကိုက္ညီမႈမရွိက လႊဲေျပာင္းမေပး

၁၉၆၃ ခုႏွစ္၊ လုပ္ငန္းမ်ား ျပည္သူပိုင္ျပဳလုပ္ျခင္း ဥပေဒအရ သိမ္းဆည္းခဲ့သည့္ အခန္း၊ အေဆာက္အအုံမ်ားကို မူလပိုင္ရွင္ႏွင့္ပိုင္ရွင္၏ ဆက္ခံသူမ်ားက ျပန္လည္ေလၽွာက္ထားသည့္ ကိစၥႏွင့္စပ္လ်ဥ္း၍ မည္ကဲ့သို႔ေဆာင္ရြက္ေနမႈကိုသိရွိလိုေၾကာင္း ေရႊက်င္မဲဆႏၵနယ္မွ ဦးေစာသေလးေစာက ေဖေဖာ္ဝါရီ ၁၁ ရက္က ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္(၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ဆ႒မေန႔ ျပည္သူ႔လႊတ္ေတာ္တြင္ ေမးျမန္းခဲ့သည္။

အဆိုပါေမးခြန္ႏွင့္စပ္လ်ဥ္၍ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္႐ုံး ဒုတိယေရွ႕ေနခ်ဳပ္ဦးဝင္းျမင့္က ကာကြယ္ေရးဝန္ႀကီးဌာန၊ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ လၽွပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ၊ေငြေရးေၾကးေရး ႀကီးၾကပ္စစ္ေဆးေရး ဦးစီးဌာန၊စက္မႈဝန္ႀကီးဌာန၊စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ပညာေရးဝန္ႀကီးဌာန၊က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန တိုင္းရင္းေဆးပညာဦးစီးဌာန ၊ကုသေရးဦးစီးဌာန၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံး စသည့္ဌာနဆိုင္ရာမ်ားႏွင့္ပတ္သက္သည့္ အခန္း၊ အေဆာက္အအုံမ်ားအား လႊဲေျပာင္းေပးႏိုင္ျခင္းရွိမရွိ ေျဖၾကားခဲ့သည္။

ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္႐ုံး ဒုတိယေရွ႕ေနခ်ဳပ္ ဦးဝင္းျမင့္က ကာကြယ္ေရး ဝန္ႀကီးဌာနအေနျဖင့္ မူလပိုင္ရွင္ ႏွင့္ပိုင္ရွင္၏ ဆက္ခံသူမ်ားက ျပန္လည္ေတာင္းခံလာသည့္ ကိစၥရပ္ ၅ ခုရွိရာ မူဝါဒႏွင့္ ကိုက္ညီမႈမရွိသျဖင့္ ျပန္လည္လႊဲေျပာင္းေပးျခင္း မရွိပါေၾကာင္း၊ပို႔ေဆာင္ ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနအေနျဖင့္ ၂၀၀၀ ျပည့္ႏွစ္ ဇြန္ ၃၀ ရက္တြင္ စီးပြား ေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနျမန္မာ့လယ္ယာထြက္ ကုန္ပစၥည္း ေရာင္းဝယ္ေရးထံမွ လႊဲေျပာင္းရရွိထားသည့္ အခန္း ၁ခန္း ကို မူလပိုင္ရွင္က ေလၽွာက္ထားျခင္းအေပၚ သက္ဆိုင္ရာဌာနမ်ားႏွင့္ ဆက္သြယ္၍ ေဆာင္ရြက္ဆဲျဖစ္ပါေၾကာင္းေျဖၾကားထားသည္။

ထို႔အျပင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနအေနျဖင့္ ကိစၥ ၄၆ ခုအနက္ မူလပိုင္ရွင္မွ ျပန္လည္ေတာင္းခံ သည့္ ကိစၥ ၈ ခု ရွိရာ ၁ ခု ကို ျပန္လည္လႊဲအပ္ေပးၿပီး က်န္ ၇ ခုမွာ စိစစ္ေဆာင္ရြက္ဆဲျဖစ္ပါေၾကာင္း၊ လၽွပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန အေနျဖင့္ အေဆာက္အအုံမ်ား အနက္ ၂၇ ခုတြင္ ၂၆ ခုသည္ မူဝါဒႏွင့္ ကိုက္ညိမႈမရွိသျဖင့္ ျပန္လည္လႊဲေျပာင္းေပးအပ္ျခင္း မရွိပါ ေၾကာင္း၊ က်န္ ၁ ခု သည္ ျပန္လည္ေတာင္းခံသူမ်ားအခ်င္းခ်င္း အျငင္းပြားေနၾကၿပီး သက္ဆိုင္ရာတရား႐ုံး၏ တရားဝင္ဆက္ခံခြင့္ တင္ျပနိုင္ျခင္းမရွိေသာေၾကာင့္ ဌာနမွ ဆက္လက္ထိန္းသိမ္းထားရွိပါေၾကာင္း။

စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ျပည္တြင္းအခြန္မ်ား ဦးစီးဌာနအေနျဖင့္ ေျမႏွင့္ အေဆာက္အအုံ ၁ ခုကို ပိုင္ရွင္၏ ဆက္ခံသူက ျပန္လည္ေလၽွာက္ထားမႈအေပၚ စိစစ္ ေဆာင္ရြက္ဆဲ ျဖစ္ပါေၾကာင္း၊ ေငြေရးေၾကးေရး ႀကီးၾကပ္စစ္ေဆးေရး ဦးစီးဌာနအေနျဖင့္ အခန္း ၃ ခန္းအနက္ ၁ ခန္းကို ပိုင္ရွင္က ေတာင္းခံခဲ့ရာ မူဝါဒႏွင့္ ကိုက္ညီမႈ မရွိသျဖင့္ ျပန္လည္လႊဲေျပာင္းေပးျခင္း မရွိပါေၾကာင္း၊ စက္မႈဝန္ႀကီး ဌာနအေနျဖင့္ မူလပိုင္ရွင္မ်ားက ျပန္လည္ေလၽွာက္ထားသည့္ ကိစၥရပ္ ၅ ခုရွိရာ ေဆာင္ရြက္ၿပီးစီးမႈ ၃ ခုႏွင့္ ေဆာင္ရြက္ဆဲကိစၥရပ္ ၂ ခုရွိပါေၾကာင္း၊ ေဆာင္ရြက္ၿပီးစီးသည့္ ကိစၥရပ္ ၃ ခုတြင္ ၁ ခု သည္ မူဝါဒႏွင့္ မညီသျဖင့္ ျပန္လည္လႊဲေျပာင္းေပးအပ္ျခင္း မျပဳေသးပါ ေၾကာင္း၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနအေနျဖင့္ အခန္း ၂ ခန္း၊ အေဆာက္အအုံ ၁ လုံးႏွင့္ ေျမကြက္ ၁ကြက္တို႔ ကို မူဝါဒႏွင့္ကိုက္ညီမႈမရွိသျဖင့္ ျပန္လည္လႊဲေျပာင္းေပးအပ္ျခင္း မရွိပါေၾကာင္း။

ပညာေရးဝန္ႀကီးဌာနအေနျဖင့္ အေဆာက္အအုံ ၁ ခုကို ပိုင္ရွင္၏ သမီးျဖစ္သူက အေဆာက္အအုံႏွင့္ ပရိေဘာဂတန္ဖိုးကို ကာလတန္ဖိုးႏွင့္အညီ ျပန္လည္ေတာင္းခံမႈ အေပၚ ပဲခူးတိုင္းေဒသႀကီးအစိုးရ အဖြဲ႕ႏွင့္ အေျခခံပညာဦးစီးဌာနသို႔တင္ျပခဲ့ၿပီး ဆက္လက္စိစစ္ေဆာင္ ရြက္ဆဲျဖစ္ပါေၾကာင္း၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန တိုင္းရင္းေဆးပညာဦးစီးဌာန အေနျဖင့္အေဆာက္အအုံ ၁ခုကို မူလပိုင္ရွင္မ်ား လက္ဝယ္သို႔ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာ ၂၃ ရက္တြင္ လႊဲေျပာင္း ေပးအပ္ခဲ့ပါေၾကာင္း ႏွင့္ ကုသေရးဦးစီးဌာနအေနျဖင့္ ေျမေန ရာ ၁ ခုကို စိစစ္ေဆာင္ရြက္ဆဲျဖစ္ပါေၾကာင္း။

ေဆာက္လုပ္ေရးဝန္ႀကီးဌာနအေနျဖင့္ အခန္း၊ အေဆာက္အအုံ ၂ ခုကို မူလပိုင္ရွင္က ျပန္လည္ ေတာင္းခံရာ မူဝါဒႏွင့္ကိုက္ညီမႈမရွိသျဖင့္ ျပန္လည္လႊဲေျပာင္းေပးနိုင္ျခင္းမရွိပါေၾကာင္း၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနအေနျဖင့္ မူလပိုင္ရွင္မ်ားက ျပန္လည္ေတာင္းခံေသာ အေဆာက္အအုံ ၃ ခုကို စိစစ္ေဆာင္ရြက္ဆဲ ျဖစ္ပါေၾကာင္း၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံး အေနျဖင့္ အခန္း ၂ ခန္းႏွင့္ အေဆာက္အအုံ ၁ ခု တို႔ကိုလည္း မူဝါဒႏွင့္ ကိုက္ညီမႈမရွိသျဖင့္ ျပန္လည္လႊဲေျပာင္းေပးျခင္းမရွိပါေၾကာင္း ရွင္းလင္းေျဖၾကားခဲ့ေၾကာင္း ျပည္သူ႔လႊတ္ေတာ္မွသိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service