Phone4u ၏ ပိုင်ရှင်ဘီလျံနာသူဌေးကြီးက လန်ဒန်မြို့ရှိ စံအိမ်ကြီး ၂ လုံးကို တစ်လုံးတည်းအဖြစ် ပေါင်းစည်းလိုက်ရာ အင်္ဂလန်တွင် ဈေးအကြီးဆုံးအဖြစ် ပေါင် သန်း ၂၅၀ တန်ကြေးရှိလာ
Phone4u ၏ ပိုင်ရှင်ဘီလျံနာသူဌေးကြီးက လန်ဒန်မြို့ရှိ စံအိမ်ကြီး ၂ လုံးကို တစ်လုံးတည်းအဖြစ် ပေါင်းစည်းလိုက်ရာ အင်္ဂလန်တွင် ဈေးအကြီးဆုံးအဖြစ် ပေါင် သန်း ၂၅၀ တန်ကြေးရှိလာ - Property News in Myanmar from iMyanmarHouse.com
13 Feb 2020 12:17 pm တွင် တင်ခဲ့သည်
8519 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
ညစာစားခန်းတွင် အပူပိုင်းဒေသငါးများ ကူးခတ်နေသော စမ်းချောင်းတစ်ခု ဖြတ်သန်းစီးဆင်းနေပြီး ရွှေအစစ်သစ်ရွက်ပေါင်း ၂၀၀၀၀၀၊ တစ်ပင်လုံး ဝေဆာဖူးပွင့်နေသည့် ချယ်ရီပင် တစ်ပင်တို့ ပါဝင်သည်။
လန်ဒန်မြို့၏ လူကုံထံရပ်ကွက်ဖြစ်သော မေဖဲယားရပ်ကွက်ရှိ စံအိမ်ကြီး ၂ လုံးကို အိပ်ခန်းပေါင်း ၁၅ခန်းပါ စံအိမ်တစ်လုံးအဖြစ် ပေါင်းစည်းလိုက်ခြင်း ဖြစ်သည်။
Phone4u ၏ ပိုင်ရှင်ဘီလျံနာသူဌေးကြီး ဂျွန် ကော့ဒ်ဝဲလ်သည် အဆိုပါစံအိမ်ကြီးတွင် သူ၏ဇနီးဖြစ်သည့် လစ်သူယေးနီးယား အိုလံပစ် ပြိုင်ပွဲဝင် စက်ဘီးစီးမယ် မိုဒက်စ်တာ ဗွီဇက်စ်နီယာစကိတ် (အသက် ၃၆ နှစ်) နှင့်အတူ နေထိုင်လျက်ရှိသည်။
ညစာစားခန်းအတွင်း ပင်လုံးကျွတ် ဖူးပွင့်ဝေဆာနေသော ချယ်ရီပင် ပါဝင်သော်လည်း ညစာစားပွဲပေါ်သို့ ပန်းများကြွေကျလာမည့်ကို စိုးရိမ်ရန် မလိုချေ။ အဆိုပါ ချယ်ရီပင်မှာ အစစ်အတိုင်းတူအောင် ပြုလုပ်ထားသည့် ချယ်ရီပင်တုသာ ဖြစ်၏။ ပေါင်းစည်းဆောက်လုပ်လိုက်သည့် စံအိမ်ကြီး၏ ခန့်မှန်းတန်ဖိုးမှာ ပေါင် သန်း ၂၅၀တန်ကြေးရှိပြီး ဗြိတိန်၏ ဈေးအကြီးဆုံးစံအိမ် ဖြစ်လာဖွယ်ရှိသည်။
ဘီလျံနာ ကော့ဒ်ဝဲလ်သည် ဆန်းဒေးတိုင်းမ် သတင်းစာ၏ ဖော်ပြချက်အရ ဗြိတိန်တွင် ၉၇ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုသည်။
ကော့ဒ်ဝဲလ်သည် Phone4u ကို ၂၀၀၆ ခုနှစ်အတွင်း ပေါင် ၁ ဒသမ ၅ ဘီလီယံဖြင့် ရောင်းချခဲ့သည်။
မေဖဲယားရပ်ကွက်ရှိ စံအိမ် ၂ လုံးကို အိပ်ခန်း ၁၅ ခန်းပါ စံအိမ်တစ်လုံးအဖြစ်ပေါင်းစည်းခဲ့ရာတွင် စုစုပေါင်း အထပ် ၈ ထပ်တွင် ကြမ်းခင်းဧရိယာ ၄၃၀၀၀ စတုရန်းပေ ရှိလာပြီး ဝက်စ်မင်စတာကျောင်းတော် westminster abbey (စတုရန်းပေ ၃၂၀၀၀) နှင့် ဝက်စ်မင်စတာ ဘုရားကျောင်း westminster cathedral ( ၅၄၀၀၀ စတုရန်းပေ) တို့အကြား အကျယ်အဝန်းရှိနေသည်။
ကော့ဒ်ဝဲလ်သည် နေအိမ် ၂ လုံးကို ပေါင်းစည်းဆောက်လုပ်ရာတွင် ပေါင် ၆၅ သန်းခန့် ကုန်ကျခဲ့သည်ဟု ဆိုသည်။
မစ္စတာ ကော့ဒ်ဝဲလ်သည် ဗြိတိန်တွင် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ထားသူတစ်ဦးဖြစ်သည်ဟု သိရပြီး ၅ နှစ်တာ ကာလအတွင်း ဝင်ငွေခွန် ပေါင် သန်း ၂၀၀ အထိ ပေးဆောင်ထားသူ ဖြစ်သည်ဟု ဆိုသည်။
ကော့ဒ်ဝဲလ်သည် အသက် ၆၇ နှစ်ရှိပြီဖြစ်ပြီး သားသမီး ၅ ဦး၏ ဖခင်လည်း ဖြစ်သည်။
ကော့ဒ်ဝဲလ်သည် ငယ်စဉ်ကတည်းက ကျောင်းထွက်ကာ တာယာစက်ရုံတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
၁၉၈၇ ခုနှစ်တွင် မော်တော်ယာဉ်တစ်ခုပေါ် နေထိုင်ခဲ့ရပြီး ထိုကာလက လက်ကိုင်ဖုန်း ၂၆ လုံး ဝယ်ယူခဲ့၏။
အဆိုပါ ဖုန်းများကို ပြန်လည်ရောင်းချကာ အမြတ်အစွန်းရရန် ကြိုးစားခြင်းဖြစ်ပြီး ဖုန်းအားလုံးရောင်းထွက်ရန် တစ်နှစ်ခန့် ကြာမြင့်ခဲ့သည်။
ထိုသို့ လုပ်ဆောင်ရင်း အခွင့်အလမ်းကို မြင်လာကာ Phone4u ကို တည်ထောင်ခဲ့ခြင်းဖြစ်ကာ လျင်မြန်စွာပင် အောင်မြင်မှုရလာသည်။
ကော့ဒ်ဝဲလ်သည် ပရဟိတလုပ်ခြင်းများဖြင့်လည်း နာမည်ကျော်သူဖြစ်၏။
ကော့ဒ်ဝဲလ်က သူ၏ ပိုင်ဆိုင်မှုများမှ ၇၀ ရာခိုင်နှုန်းကို လှူဒါန်းခဲ့မည်ဟု ကတိပြုထားသည်။
သားသမီးများကို ဘီလျံနှင့်ချီသောငွေများ ပေးခဲ့ခြင်းမှာ ကောင်းမွန်သည့်လုပ်ဆောင်ချက်မဟုတ်ကြောင်း ကော့ဒ်ဝဲလ်က ဆိုသည်။
ကော့ဒ်ဝဲလ်သည် မသန်စွမ်းကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုများကို အထောက်အကူပေးရန်အတွက် Caudwell Children ကို လွန်ခဲ့သော နှစ် ၂၀ ခန့်ကတည်းက တည်ထောင်ထားခဲ့သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service