ကမ္ဘောဒီးယား ဝန်ကြီးချုပ်မိသားစုက နယူးယောက်က နေအိမ်ကို ဘယ်လိုများ ဝယ်နိုင်သလဲ

ကမ္ဘောဒီးယား ဝန်ကြီးချုပ်မိသားစုက နယူးယောက်က နေအိမ်ကို ဘယ်လိုများ ဝယ်နိုင်သလဲ - Property News in Myanmar from iMyanmarHouse.com
11 Feb 2020 12:06 pm တွင် တင်ခဲ့သည်
14478 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ မိသားစုက ၂၀၀၀ ပြည့်နှစ်အတွင်း နယူးယောက်မြို့တွင် အိပ်ခန်း ၄ ခန်းပါ လုံးချင်းအိမ်တစ်လုံး ကို ဝယ်ယူခဲ့ကြောင်း မြေယာမှတ်တမ်းများကို အာရ်အက်ဖ်အေ သတင်းဌာနက ရရှိခဲ့သည်။

ဟြန္ဆန္မိသားစုသည် ၎င်းတို့၏ အတိုင်းမသိမ်ားျပားလွေသာ ဓနမ်ားကို ျပည္ပသို့ ေျပာင်းရွှေ့ထားရန် ကြိုးပမ်းနေခဲ့သည္မွာ ဆယ္စုနွစ် ၂ ခန့်ရွိခဲ့ပြျီဖစ်ပြီး ယခုစံအိမ်ကြီးမွာ ပထမဆုံးေျခလွမ်းျဖစ္ခဲ့ဟန်ရသည်။

ယခုစံအိမ်ကို ဝန်ကြီးချုပ်၏ သားသမီး ၄ ဦးဖြစ်သော ဟွန် မာနက် (ယခု ကမ္ဘောဒီးယားတော်ဝင်တပ်မတော်၏ ကြယ် ၄ ပွင့် ဗိုလ်ချုပ်ကြီး)၊ မာနာ (၂၀ နှစ်)၊ မာနစ် (၁၉ နှစ်) နှင့် မာနီ (၁၈ နှစ်) တို့မှ ကန်ဒေါ်လာ ၅၅၀၀၀၀ ဖြင့် ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။ ဟွန် မာနက်သည် နယူးယောက်တက္ကသိုလ်တွင် စီးပွားရေးမဟာဘွဲ့ ဒုတိယနှစ် တက်ရောက်နေစဉ်ကာလအတွင်း ယခုစံအိမ်ကို ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

ဟွန် မာနက်သည် ကမ္ဘာကျော် စစ်တက္ကသိုလ်ကြီးဖြစ်သော ဝက်စ်ပွိုင့် စစ်တက္ကသိုလ်မှ ၁၉၉၉ ခုနှစ်တွင် ကျောင်းဆင်းခဲ့သူဖြစ်ပြီး အဆိုပါစစ်တက္ကသိုလ်တွင် တက်ရောက်ခဲ့ရသည့် ပထမဆုံးကမ္ဘောဒီးယားနိုင်ငံသားလည်း ဖြစ်သည်။

အဆိုပါ စံအိမ်ကို ဝယ်ယူခဲ့ချိန်က ဟွန်ဆန်၏ သားသမီး ၄ ဦးလုံးမှာ အချိန်ပြည့် ပညာသင်ယူနေကြသူများဖြစ်ပြီး ဖခင်၏ တရားဝင် လစာမှာလည်း တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၂၀၀၀ ခန့်သာရှိရာ ယခုစံအိမ်အရောင်းအဝယ်ပြုလုပ်ခဲ့ခြင်းမှာ မည်သည့်နေရာမှ ငွေရခဲ့သနည်းဟူသော မေးခွန်းပေါ်ပေါက်သည်။

ဝယ်ယူမှုမှတ်တမ်းများတွင် ဟွန်ဆန်သည် ယခုစံအိမ်ကို အိမ်ခြံမြေချေးငွေဖြင့် ဝယ်ယူခဲ့သည်ဟူသော မှတ်တမ်းမရှိချေ။

ဟွန်ဆန်၏ သားသမီး ၄ ဦးလုံးကို အထက်ပါအချက်နှင့် စပ်လျဉ်းပြီး သတင်းဌာနများမှ မေးမြန်းခဲ့သော်လည်း မည်သူတစ်ဦးကမျှ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

ဟွန်ဆန်အပေါ် ဝေဖန်သူတို့က သံသယရှိကြသည်မှာ နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်မှ တစ်နာရီကျော်ခရီးသာ ကွာဝေးသော လောင်းအိုင်းလန်းအရပ်၊ Syosset ဒေသရှိ စံအိမ်ကို ဝယ်ယူရာတွင် နောက်ကွယ်မှ ငွေကြေးပံ့ပိုးမှုများရှိခဲ့သည်ဟု သံသယရှိကြသည်။

ပြည်ပသို့ ထွက်ပြေးနေသော ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ဆမ် ရိန်ဆီက ပြောကြားရာတွင် “တကယ်တော့ အကျင့်ပျက်ခြစားမှုပါပဲ။ အစိုးရရဲ့ အကျင့်ပျက်ခြစားမှု၊ စနစ်တကျ ခြစားမှု၊ ခေါင်းပုံဖြတ်ခြစားမှုတွေပါ”ဟု ဆိုသည်။ ရိုက်တာသတင်းဌာန၏ စုံစမ်းချက်များအရ ဟွမ်ဆန်မိသားစုသည် ကမ္ဘာတစ်ဝန်းတွင် ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးှရှိသော အိမ်ခြံမြေ များစွာပိုင်ဆိုင်ထားသည်ဟု ဆိုသည်။

သို့သော် နယူးယောက်နေအိမ်မှာမူ ရိုက်တာသတင်းဌာနက စုံစမ်းခဲ့သော ပြည်ပအိမ်ခြံမြေဝယ်ယူမှုများ မပေါ်ပေါက်မီ ဆယ်စုနှစ် တစ်ခုနီးပါးက ဝယ်ယူထားခဲ့ခြင်းဖြစ်ကာ ဝန်ကြီးချုပ်ဟွန်ဆန်မိသားစုသည် ယခင်က ခန့်မှန်းထားသည်ထက် ပိုမိုကြွယ်ဝပုံရသည်ဟု ယူဆရကြောင်း သြစတေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ် ဂရစ်ဖစ်တက္ကသိုလ်မှ ဒေါက်တာ လီ မော်ဂန် ဘက်ဆာက ပြောကြားသည်။

“၂၀၀၀ ပြည့်နှစ်ထဲမှာ သူတို့ဟာ ပြည်ပမှာ တန်ဖိုးကြီးတဲ့ အိမ်ခြံမြေတွေကို ဝယ်နေခဲ့တယ်ဆိုရင် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ အများသိထားတာထက် ပိုမိုများပြားပါတယ်။ ကျွန်တော့်အနေနဲ့ ယူဆတာကလည်း သူတို့ရဲ့ အိမ်ခြံမြေ ပိုင်ဆိုင်မှုဟာ လက်ရှိ သတင်းတွေမှာ ဖော်ပြနေကြတာထက် ပိုမိုများပြားတယ်လို့ ယူဆပါတယ်” ဟု မော်ဂန်ဘက်ဆာက ဆက်လက်ပြောကြားသည်။

မော်ဂန်ဘက်ဆာသည် ကမ္ဘောဒီးယားနိုင်ငံအကြောင်းကို လေ့လာနေသည့်ပညာရှင်တစ်ဦးလည်း ဖြစ်သည်။

အတိုက်အခံခေါင်းဆောင် ဆမ် ရိန်စီသည် ၁၉၉၃ ခုနှစ်မှ ၁၉၉၄ ခုနှစ်အကြား ကမ္ဘောဒီးယား ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခေတ္တ တာဝန်ထမ်းဆောင်ခဲ့ရချိန်က ဖြစ်ရပ်များကို ပြန်လည်ပြောပြဖူးသည်။

ထိုစဉ်က ဝန်ကြီးချုပ် ဟွန်ဆန်သည် သူ့မိသားစုနှင့် အပေါင်းအဖော်များ၏ ကျွန်းသစ်လုပ်ငန်းတွင် အကျင့်ပျက်ခြစားနေမှုများကို ကြီးမားစွာ အကာအကွယ်ပေးခဲ့ကြောင်း၊ သစ်တောထွက် နိုင်ငံခြားပို့ကုန်များကို ဘဏ္ဍာရေးဝန်ကြီးဌာနက ကြီးကြပ်ကွပ်ကဲခွင့် ပိတ်ပင်ခဲ့ကြောင်း ဆမ်ရိန်စီက ထုတ်ဖော်ပြောကြားသည်။

ဆမ်ရိန်စီ၏ ပြောကြားချက်များအပေါ် Global Witness ကဲ့သို့သော NGOs အဖွဲ့အစည်းများက စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ ကမ္ဘောဒီးယား၏ တရားမဝင်သစ်ထုတ်လုပ်ရေးကဏ္ဍသည် မှောင်ခိုသမားများမှသည် ခရိုနီသူဌေးကြီးများ၊ ထိုမှတဆင့် အစိုးရထိပ်တန်းခေါင်းဆောင်များ ဆီသို့ တရားမဝင်အကျိုးအမြတ်များ ရရှိနေစေကြောင်း တွေ့ရှိခဲ့ကြသည်။

ကမ္ဘောဒီးယားသည် Transparency International ကထုတ်ပြန်သော အကျင့်ပျက်ခြစားမှုညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် အောက်ဆုံးနေရာ ၁၆၁ နေရာတွင် ရပ်တည်နေသည်။

အကျင့်ပျက်ခြစားမှုညွှန်းကိန်းတွင် အမှတ် ၁၀၀ သည် အကျင့်ပျက်ခြစားမှု အနည်းဆုံးဖြစ်ပြီး ရမှတ် 0 သည် အကျင့်ပျက်ခြစားမှု အလွန်မြင့်မားသော နိုင်ငံဖြစ်သည်။

၂၀၁၉ ခုနှစ်ညွှန်းကိန်းအရ နယူးဇီလန်၊ ဒိန်းမတ်နှင့် ဖင်လန်နိုင်ငံတို့သည် အမှတ် ၈၀ ကျော်ရရှိပြီး အကျင့်ပျက်ခြစားမှု အနည်းဆုံး နိုင်ငံများအဖြစ် ရပ်တည်နေသည်။

(မှတ်ချက် ။ နိုင်ငံပေါင်း ၁၈၃ နိုင်ငံအနက် မြန်မာနိုင်ငံမှာ ရမှတ် ၂၉ မှတ်ဖြင့် အဆင့် ၁၃၀ တွင် ရပ်တည်နေသည်။ အကျင့်ပျက်ခြစားမှု ဆိုးဝါးခြင်း သတ်မှတ်ပုံမှာ ရမှတ် ၀ မှ ၉ မှတ်အတွင်းမှာ အဆိုးရွားဆုံးအဆင့်၊ ရမှတ် ၁၀ မှ ၁၉ မှာ ဒုတိယမြောက် အဆိုးရွားဆုံးနှင့် ရမှတ် ၂၀ မှ ၂၉ ကြားမှာ တတိယမြောက်အဆိုးရွားဆုံးအဖြစ် သတ်မှတ်ထားသည်။ မြန်မာမှာ တတိယအဆိုးရွားဆုံးစာရင်းတွင် ပါဝင်နေခြင်း ဖြစ်သည်)

ဟွန်ဆန်သည် ၁၉၈၅ ခုနှစ်မှစပြီး ယနေ့တိုင် ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ဟွန်ဆန်၏ သားသမီးများက နယူးယောက်နေအိမ်ကို ဝယ်ယူလိုက်ချိန်တွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော ကမ္ဘောဒီးယားနိုင်ငံသား တစ်ဦးချင်း၏ တစ်နှစ်တာဝင်ငွေမှာ ကန်ဒေါ်လာ ၃၀၀ သာရှိနေသည်။

အကယ်၍ ကမ္ဘောဒီးယားနိုင်ငံသားများသည် ၎င်းတို့ရရှိသောဝင်ငွေ ကန်ဒေါ်လာ ၃၀၀ လုံးကို လုံးဝမသုံးစွဲဘဲ စုဆောင်းထားမည် ဆိုလျှင်ပင် နယူးယောက်လူနေအိမ်ကို ကန်ဒေါ်လာ ၅၀၀၀၀၀ ပေးကာ ဝယ်ယူနိုင်ရန် နှစ်ပေါင်း ၁၆၀၀ ကျော် စုဆောင်းရမည် ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 ### Zawgyi Version ###

ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္မိသားစုက နယူးေယာက္က ေနအိမ္ကို ဘယ္လိုမ်ား ဝယ္ႏိုင္သလဲ

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္၏ မိသားစုက ၂၀၀၀ ျပည့္ႏွစ္အတြင္း နယူးေယာက္ၿမိဳ႕တြင္ အိပ္ခန္း ၄ ခန္းပါ လုံးခ်င္းအိမ္တစ္လုံး ကို ဝယ္ယူခဲ့ေၾကာင္း ေျမယာမွတ္တမ္းမ်ားကို အာရ္အက္ဖ္ေအ သတင္းဌာနက ရရွိခဲ့သည္။

ဟြန္ဆန္မိသားစုသည္ ၎တို႔၏ အတိုင္းမသိမ်ားျပားလွေသာ ဓနမ်ားကို ျပည္ပသို႔ ေျပာင္းေ႐ႊ႕ထားရန္ ႀကိဳးပမ္းေနခဲ့သည္မွာ ဆယ္စုႏွစ္ ၂ ခု ခန႔္ရွိခဲ့ၿပီျဖစ္ၿပီး ယခုစံအိမ္ႀကီးမွာ ပထမဆုံးေျခလွမ္းျဖစ္ခဲ့ဟန္ရသည္။

ယခုစံအိမ္ကို ဝန္ႀကီးခ်ဳပ္၏ သားသမီး ၄ ဦးျဖစ္ေသာ ဟြန္ မာနက္ (ယခု ကေမာၻဒီးယားေတာ္ဝင္တပ္မေတာ္၏ ၾကယ္ ၄ ပြင့္ ဗိုလ္ခ်ဳပ္ႀကီး)၊ မာနာ (၂၀ ႏွစ္)၊ မာနစ္ (၁၉ ႏွစ္) ႏွင့္ မာနီ (၁၈ ႏွစ္) တို႔မွ ကန္ေဒၚလာ ၅၅၀၀၀၀ ျဖင့္ ဝယ္ယူခဲ့ၾကျခင္း ျဖစ္သည္။ ဟြန္ မာနက္သည္ နယူးေယာက္တကၠသိုလ္တြင္ စီးပြားေရးမဟာဘြဲ႕ ဒုတိယႏွစ္ တက္ေရာက္ေနစဥ္ကာလအတြင္း ယခုစံအိမ္ကို ဝယ္ယူခဲ့ျခင္းလည္း ျဖစ္သည္။

ဟြန္ မာနက္သည္ ကမာၻေက်ာ္ စစ္တကၠသိုလ္ႀကီးျဖစ္ေသာ ဝက္စ္ပြိဳင့္ စစ္တကၠသိုလ္မွ ၁၉၉၉ ခုႏွစ္တြင္ ေက်ာင္းဆင္းခဲ့သူျဖစ္ၿပီး အဆိုပါစစ္တကၠသိုလ္တြင္ တက္ေရာက္ခဲ့ရသည့္ ပထမဆုံးကေမာၻဒီးယားႏိုင္ငံသားလည္း ျဖစ္သည္။

အဆိုပါ စံအိမ္ကို ဝယ္ယူခဲ့ခ်ိန္က ဟြန္ဆန္၏ သားသမီး ၄ ဦးလုံးမွာ အခ်ိန္ျပည့္ ပညာသင္ယူေနၾကသူမ်ားျဖစ္ၿပီး ဖခင္၏ တရားဝင္ လစာမွာလည္း တစ္ႏွစ္လွ်င္ ကန္ေဒၚလာ ၁၂၀၀၀ ခန႔္သာရွိရာ ယခုစံအိမ္အေရာင္းအဝယ္ျပဳလုပ္ခဲ့ျခင္းမွာ မည္သည့္ေနရာမွ ေငြရခဲ့သနည္းဟူေသာ ေမးခြန္းေပၚေပါက္သည္။

ဝယ္ယူမႈမွတ္တမ္းမ်ားတြင္ ဟြန္ဆန္သည္ ယခုစံအိမ္ကို အိမ္ၿခံေျမေခ်းေငြျဖင့္ ဝယ္ယူခဲ့သည္ဟူေသာ မွတ္တမ္းမရွိေခ်။

ဟြန္ဆန္၏ သားသမီး ၄ ဦးလုံးကို အထက္ပါအခ်က္ႏွင့္ စပ္လ်ဥ္းၿပီး သတင္းဌာနမ်ားမွ ေမးျမန္းခဲ့ေသာ္လည္း မည္သူတစ္ဦးကမွ် ျပန္လည္ေျဖၾကားခဲ့ျခင္းမရွိေပ။

ဟြန္ဆန္အေပၚ ေဝဖန္သူတို႔က သံသယရွိၾကသည္မွာ နယူးေယာက္ၿမိဳ႕လယ္ မန္ဟက္တန္အရပ္မွ တစ္နာရီေက်ာ္ခရီးသာ ကြာေဝးေသာ ေလာင္းအိုင္းလန္းအရပ္၊ Syosset ေဒသရွိ စံအိမ္ကို ဝယ္ယူရာတြင္ ေနာက္ကြယ္မွ ေငြေၾကးပံ့ပိုးမႈမ်ားရွိခဲ့သည္ဟု သံသယရွိၾကသည္။

ျပည္ပသို႔ ထြက္ေျပးေနေသာ ကေမာၻဒီးယား အတိုက္အခံေခါင္းေဆာင္ ဆမ္ ရိန္ဆီက ေျပာၾကားရာတြင္ “တကယ္ေတာ့ အက်င့္ပ်က္ျခစားမႈပါပဲ။ အစိုးရရဲ႕ အက်င့္ပ်က္ျခစားမႈ၊ စနစ္တက် ျခစားမႈ၊ ေခါင္းပုံျဖတ္ျခစားမႈေတြပါ”ဟု ဆိုသည္။ ႐ိုက္တာသတင္းဌာန၏ စုံစမ္းခ်က္မ်ားအရ ဟြမ္ဆန္မိသားစုသည္ ကမာၻတစ္ဝန္းတြင္ ေဒၚလာ သန္းေပါင္းမ်ားစြာ တန္ေၾကးွရွိေသာ အိမ္ၿခံေျမ မ်ားစြာပိုင္ဆိုင္ထားသည္ဟု ဆိုသည္။

သို႔ေသာ္ နယူးေယာက္ေနအိမ္မွာမူ ႐ိုက္တာသတင္းဌာနက စုံစမ္းခဲ့ေသာ ျပည္ပအိမ္ၿခံေျမဝယ္ယူမႈမ်ား မေပၚေပါက္မီ ဆယ္စုႏွစ္ တစ္ခုနီးပါးက ဝယ္ယူထားခဲ့ျခင္းျဖစ္ကာ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္မိသားစုသည္ ယခင္က ခန႔္မွန္းထားသည္ထက္ ပိုမိုႂကြယ္ဝပုံရသည္ဟု ယူဆရေၾကာင္း ၾသစေတးလ်ႏိုင္ငံ၊ ကြင္းစလန္ျပည္နယ္ ဂရစ္ဖစ္တကၠသိုလ္မွ ေဒါက္တာ လီ ေမာ္ဂန္ ဘက္ဆာက ေျပာၾကားသည္။

“၂၀၀၀ ျပည့္ႏွစ္ထဲမွာ သူတို႔ဟာ ျပည္ပမွာ တန္ဖိုးႀကီးတဲ့ အိမ္ၿခံေျမေတြကို ဝယ္ေနခဲ့တယ္ဆိုရင္ သူတို႔ရဲ႕ ပိုင္ဆိုင္မႈေတြဟာ အမ်ားသိထားတာထက္ ပိုမိုမ်ားျပားပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ယူဆတာကလည္း သူတို႔ရဲ႕ အိမ္ၿခံေျမ ပိုင္ဆိုင္မႈဟာ လက္ရွိ သတင္းေတြမွာ ေဖာ္ျပေနၾကတာထက္ ပိုမိုမ်ားျပားတယ္လို႔ ယူဆပါတယ္” ဟု ေမာ္ဂန္ဘက္ဆာက ဆက္လက္ေျပာၾကားသည္။

ေမာ္ဂန္ဘက္ဆာသည္ ကေမာၻဒီးယားႏိုင္ငံအေၾကာင္းကို ေလ့လာေနသည့္ပညာရွင္တစ္ဦးလည္း ျဖစ္သည္။

အတိုက္အခံေခါင္းေဆာင္ ဆမ္ ရိန္စီသည္ ၁၉၉၃ ခုႏွစ္မွ ၁၉၉၄ ခုႏွစ္အၾကား ကေမာၻဒီးယား ဘ႑ာေရးဝန္ႀကီးအျဖစ္ ေခတၱ တာဝန္ထမ္းေဆာင္ခဲ့ရခ်ိန္က ျဖစ္ရပ္မ်ားကို ျပန္လည္ေျပာျပဖူးသည္။

ထိုစဥ္က ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္သည္ သူ႔မိသားစုႏွင့္ အေပါင္းအေဖာ္မ်ား၏ ကြၽန္းသစ္လုပ္ငန္းတြင္ အက်င့္ပ်က္ျခစားေနမႈမ်ားကို ႀကီးမားစြာ အကာအကြယ္ေပးခဲ့ေၾကာင္း၊ သစ္ေတာထြက္ ႏိုင္ငံျခားပို႔ကုန္မ်ားကို ဘ႑ာေရးဝန္ႀကီးဌာနက ႀကီးၾကပ္ကြပ္ကဲခြင့္ ပိတ္ပင္ခဲ့ေၾကာင္း ဆမ္ရိန္စီက ထုတ္ေဖာ္ေျပာၾကားသည္။

ဆမ္ရိန္စီ၏ ေျပာၾကားခ်က္မ်ားအေပၚ Global Witness ကဲ့သို႔ေသာ NGOs အဖြဲ႕အစည္းမ်ားက စုံစမ္းမႈမ်ား ျပဳလုပ္ခဲ့ရာ ကေမာၻဒီးယား၏ တရားမဝင္သစ္ထုတ္လုပ္ေရးက႑သည္ ေမွာင္ခိုသမားမ်ားမွသည္ ခ႐ိုနီသူေဌးႀကီးမ်ား၊ ထိုမွတဆင့္ အစိုးရထိပ္တန္းေခါင္းေဆာင္မ်ား ဆီသို႔ တရားမဝင္အက်ိဳးအျမတ္မ်ား ရရွိေနေစေၾကာင္း ေတြ႕ရွိခဲ့ၾကသည္။

ကေမာၻဒီးယားသည္ Transparency International ကထုတ္ျပန္ေသာ အက်င့္ပ်က္ျခစားမႈၫႊန္းကိန္းတြင္ ႏိုင္ငံေပါင္း ၁၈၀ အနက္ ေအာက္ဆုံးေနရာ ၁၆၁ ေနရာတြင္ ရပ္တည္ေနသည္။

အက်င့္ပ်က္ျခစားမႈၫႊန္းကိန္းတြင္ အမွတ္ ၁၀၀ သည္ အက်င့္ပ်က္ျခစားမႈ အနည္းဆုံးျဖစ္ၿပီး ရမွတ္ 0 သည္ အက်င့္ပ်က္ျခစားမႈ အလြန္ျမင့္မားေသာ ႏိုင္ငံျဖစ္သည္။

၂၀၁၉ ခုႏွစ္ၫႊန္းကိန္းအရ နယူးဇီလန္၊ ဒိန္းမတ္ႏွင့္ ဖင္လန္ႏိုင္ငံတို႔သည္ အမွတ္ ၈၀ ေက်ာ္ရရွိၿပီး အက်င့္ပ်က္ျခစားမႈ အနည္းဆုံး ႏိုင္ငံမ်ားအျဖစ္ ရပ္တည္ေနသည္။

(မွတ္ခ်က္ ။ ႏိုင္ငံေပါင္း ၁၈၃ ႏိုင္ငံအနက္ ျမန္မာႏိုင္ငံမွာ ရမွတ္ ၂၉ မွတ္ျဖင့္ အဆင့္ ၁၃၀ တြင္ ရပ္တည္ေနသည္။ အက်င့္ပ်က္ျခစားမႈ ဆိုးဝါးျခင္း သတ္မွတ္ပုံမွာ ရမွတ္ ၀ မွ ၉ မွတ္အတြင္းမွာ အဆိုး႐ြားဆုံးအဆင့္၊ ရမွတ္ ၁၀ မွ ၁၉ မွာ ဒုတိယေျမာက္ အဆိုး႐ြားဆုံးႏွင့္ ရမွတ္ ၂၀ မွ ၂၉ ၾကားမွာ တတိယေျမာက္အဆိုး႐ြားဆုံးအျဖစ္ သတ္မွတ္ထားသည္။ ျမန္မာမွာ တတိယအဆိုး႐ြားဆုံးစာရင္းတြင္ ပါဝင္ေနျခင္း ျဖစ္သည္)

ဟြန္ဆန္သည္ ၁၉၈၅ ခုႏွစ္မွစၿပီး ယေန႔တိုင္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ေနသူ ျဖစ္သည္။

ဟြန္ဆန္၏ သားသမီးမ်ားက နယူးေယာက္ေနအိမ္ကို ဝယ္ယူလိုက္ခ်ိန္တြင္ ကမာၻ႔ဘဏ္က ထုတ္ျပန္ေသာ ကေမာၻဒီးယားႏိုင္ငံသား တစ္ဦးခ်င္း၏ တစ္ႏွစ္တာဝင္ေငြမွာ ကန္ေဒၚလာ ၃၀၀ သာရွိေနသည္။

အကယ္၍ ကေမာၻဒီးယားႏိုင္ငံသားမ်ားသည္ ၎တို႔ရရွိေသာဝင္ေငြ ကန္ေဒၚလာ ၃၀၀ လုံးကို လုံးဝမသုံးစြဲဘဲ စုေဆာင္းထားမည္ ဆိုလွ်င္ပင္ နယူးေယာက္လူေနအိမ္ကို ကန္ေဒၚလာ ၅၀၀၀၀၀ ေပးကာ ဝယ္ယူႏိုင္ရန္ ႏွစ္ေပါင္း ၁၆၀၀ ေက်ာ္ စုေဆာင္းရမည္ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service