ကျိန်စာသင့်နေသော သရဲခြောက်သည့်နေအိမ်၊ အသေပိတ်ထားသော လှေကားကြီး၊ လျှို့ဝှက် ဒုတိယထပ်နှင့် အိမ်ခြံမြေအကျိုးဆောင်တို့၏ ပရလောကအတွေ့အကြုံများ

ကျိန်စာသင့်နေသော သရဲခြောက်သည့်နေအိမ်၊ အသေပိတ်ထားသော လှေကားကြီး၊ လျှို့ဝှက် ဒုတိယထပ်နှင့် အိမ်ခြံမြေအကျိုးဆောင်တို့၏ ပရလောကအတွေ့အကြုံများ - Property News in Myanmar from iMyanmarHouse.com
11 Feb 2020 11:24 am တွင် တင်ခဲ့သည်
34089 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ပရလောကသားတို့နှင့် အမှတ်မထင်တွေ့ဆုံကာ ကြက်သွေးမွေးညင်းထ ခြောက်ခြားဖူးသူတို့အနေဖြင့် အဆိုပါဖြစ်ရပ်မျိုးမှာ နေ့ည မရွေး ကြုံရနိုင်ကြောင်း သိကြသည်။

ပရလောကသားတို့ရှိသည့်နေရာများကို သိမည်ဆိုပါက အဆိုပါအကြောင်းရပ်များသည် တွေ့ရခဲသောကိစ္စမဟုတ်ကြောင်း ထင်ရှားမည် ဖြစ်၏။

အမေရိကန်ပြည်တွင်ကား သရဲခြောက်သည့်နေအိမ်များသို့ ဝယ်လက်များကို ပြရင်း ရောက်ဖူးကာ ပရလောကသားတို့နှင့် တွေ့ဆုံဖူးသည့် အိမ်ခြံမြေအကျိုးဆောင် များစွာရှိနေသည်။

ဖြစ်ရပ် (၁)

မူမမှန်ဟု ထင်ရသော အခန်းတစ်ခန်းအတွင်းသို့ သင်ဝင်ရောက်ဖူးပါသလား။ အမေရိကန်ပြည်မှ အိမ်ခြံမြေအကျိုးဆောင် ဘရက်ဒ် ပေါလီသည် တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့ရှိ ခြောက်ခြားဖွယ်နေအိမ်ကြီးတစ်လုံးထဲသို့ သူ၏ဝယ်လက်နှင့်အတူ ဝင်ရောက်သွားခဲ့ဖူးသည်။ “ရေတပ်ပြာရောင် နံရံတွေရှိတဲ့ အိပ်ခန်းထဲကို ကျွန်တော်ဝင်သွားတဲ့အချိန်မှာ ချမ်းစိမ့်စိမ့်ကြီးဖြစ်သွားပြီး ကြက်သီးမွေးညင်းတွေ ထလာပါတယ်။ ဘာလို့ ဒီလိုဖြစ်တာလဲ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် အိမ်ထဲကနေ ချက်ချင်းပြန်ထွက်လိုက်ရပြီး အသက်ရှုရပ်မတတ်ဖြစ်သွားခဲ့တယ်”

အိမ်ပြင်သို့ ပြေးထွက်ခဲ့ပြီး စိတ်ကို ပြန်လည်တည်ငြိမ်အောင်စုစည်းပြီးနောက် နေအိမ်ကြီးအတွင်း မည်သည့်အရာများ ဖြစ်ပျက်နေသနည်းဟူသည်ကို ဖော်ထုတ်ရန် ကြိုးပမ်းခဲ့၏။ “ပိုင်ရှင်က ဘာကြောင့်ရောင်းတာလဲလို့ စုံစမ်းကြည့်ပါတယ်။ ကျွန်တော်တို့ အဲ့ဒီအိမ်ကြီးကို ဝင်မကြည့်ခင် ရက်သတ္တ ၂ ပတ်လောက်တုန်းက ရေတပ်ပြာရောင် အိပ်ခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာ ဖြစ်ခဲ့တယ်လို့ သိလိုက်ရပါတယ်” ဟု ပေါလီက ပြန်လည်ပြောပြသည်။

လော့စ်အိန်ဂျလိမှ Aaron Kirman Group ၏ ဒါရိုက်တာ ယာဝါ ချာလီက “ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက ဘီဗာလီဟေးလ်မှာရှိတဲ့ အိမ်ရာဝန်းတစ်ခုထဲက နေအိမ်တစ်လုံးကို ဈေးကွက်တင်ပေးခဲ့ရတယ်။ တော်တော်ကြီးမားတဲ့ နေအိမ်ကြီးပါ။ စတုရန်းပေ ၁၅၀၀၀ လောက်ရှိတယ်။ အိမ်ပိုင်ရှင် ဇနီးမောင်နှံက ကွာရှင်းပြတ်စဲလိုက်ကြတဲ့အတွက် နေအိမ်ကို အရောင်းဈေးကွက်တင် ခဲ့တာပါ။” ဟု ပြောပြသည်။

အဆိုပါအိမ်ကို ခင်ပွန်းဖြစ်သူက ရောင်းချလိုသော်လည်း ဇနီးက မရောင်းချင်။

ဇနီးဖြစ်သူသည် အင်္ဂလန်တွင် ပေါ်ပေါက်ခဲ့သော စုန်းပညာတစ်မျိုးဖြစ်သည့် ဝီကန်ဟူသည့် ပညာရပ်ကို လိုက်စားသူတစ်ဦးဖြစ်သည်ဟု ဆိုသည်။

“အိမ်ကိုသွားတဲ့ လမ်းကွေ့တိုင်းမှာ သူမက လမ်းပိတ်တုံးတွေ ထားထားပါတယ်။ အဲဒီထဲက တစ်ခုက နေအိမ်ကို ကျိန်စာတိုက်ထားတာ လို့ သိရပါတယ်” ဟု ချာလီက ရှင်းပြသည်။

အဆိုပါ နေအိမ်ကြီးတွင် ခြောက်လှန့်မှုဖြစ်ရပ်များ ကြုံတွေ့ခဲ့ရရာ ရုတ်တရက် လျှပ်စစ်မီး ပြတ်တောက်သွားခြင်းမျိုးလည်း ပါဝင်နေသည်။

ချာလီက ထိုပြဿနာကို ကိုယ်တိုင်ကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့သည်။

“ကျွန်တော်လည်း အိမ်ထဲက အမှောင့်ပယောဂတွေကို ရှင်းလင်းဖို့အတွက် ဆရာတစ်ဦးကို ဒေါ်လာ ၅၀၀၀ ပေးပြီး ပင့်ခေါ်ခဲ့ပါတယ်။ အိမ်ရှင်ရဲ့ ဇနီးက ဝီကန်ပညာသည် ဆိုတာကလွဲပြီး အိမ်ရှင်တွေနဲ့ ပတ်သက်လို့ ဘာမှသိမထားခဲ့ပါဘူး ။ အိမ်ထဲရောက်ပြီးတော့ ဆရာတွေ ပြောပြတာကတော့ အခန်းတွေထဲမှာ တိုက်ခိုက်သံတွေ ကြားရတယ်လို့ ပြောပါတယ်” ……

ဖြစ်ရပ် (၂)

တစ်ခါက ကက်စဒီ မဲလ်ဟွန်းနှင့် သူ၏အကျိုးဆောင်တို့သည် အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၊ နော့ဇ်ဗီးလ်မြို့ရှိ ပြုပြင်မွမ်းမံရန် လိုအပ်သော နေအိမ်အိုဟောင်းတစ်လုံးကို သွားရောက်ကြည့်ရှုခဲ့ကြ၏။

“ကျွန်တော့်ရဲ့ အကျိုးဆောင်နဲ့အတူ ၁၉၄၀ ပြည့်လွန်ကာလတွေက ဆောက်လုပ်ခဲ့ပြီး ကြံ့ခိုင်မှုရှိပုံပေါ်ပေမယ့် မွမ်းမံဖို့လိုအပ်နေတဲ့ အိမ်တစ်လုံးကို ကြည့်ဖြစ်ခဲ့တယ်” ဟု မဲလ်ဟွန်းက ပြောကြားသည်။ မဲလ်ဟွန်းသည် Volhomes ကုမ္ပဏီကို တည်ထောင်သူလည်း ဖြစ်သည်။

နေအိမ်ထဲတွင် အတူလျှောက်ကြည့်နေရင်း နံရံတစ်ခု၏ ထူးခြားချက်ကို အင်ဂျင်နီယာတစ်ဦးလည်းဖြစ်သော မဲလ်ဟွန်းက သတိပြုမိပြီး အနီးကပ်သွားရောက်ကြည့်ရှုခဲ့၏။

မဲလ်ဟွန်းလည်း သူ၏ အကျိုးဆောင်ကို ခေါ်ယူပြသရင်း ဟောင်းနွမ်းယိုယွင်းနေသည့် နံရံကို ဖယ်ရှားကြည့်လိုက်ရာ နံရံနောက်တွင် လျှို့ဝှက်နေရာတစ်ခုကို တွေ့လိုက်ရသည်။

“နံရံနောက်ဘက်မှာ ဒုတိယထပ်ကို တက်တဲ့ လှေကားကို တွေ့လိုက်ရပါတယ်။ ဒီလှေကားကို အသေပိတ်ထားတဲ့သဘောပါပဲ။ ကျွန်တော့်ခေါင်းထဲ မေးခွန်းတွေ အများကြီးပေါ်လာတယ်။ ပထမအချက်က ဒုတိယထပ်နဲ့ လှေကားကို ဘာလို့ အသေပိတ်ထားရတာလဲဆိုတာပါ။ နောက်တစ်ချက်ကတော့ ဒီအိမ်မှာ ဒုတိယထပ်ရှိတာကို ကျွန်တော်ဘာလို့ မသိတာလဲဆိုတဲ့ မေးခွန်းပေါ်လာတယ်” ဟု မဲလ်ဟွန်းက ပြောပြသည်။

မဲလ်ဟွန်းလည်း နေအိမ်အပြင်ဘက်သို့ ပြေးထွက်ခဲ့ပြီး အပြင်မှ ကြည့်မိ၏။

သူ၏ အကျိုးဆောင်ကိုလည်း ဒုတိယထပ်ရှိတာ သိသလားဟု မေးကြည့်ရာ သူမကလည်း မသိကြောင်းပြော၏။

သို့နှင့် နေအိမ်ကြီးအတွင်း ပြန်လည်ဝင်ရောက်ကြည့်ရှုရာတွင်ကား ပိုမိုခြောက်ခြားဖွယ်နှုင့် တွေ့ကြုံရပြန်သည်။

“ညစာစားခန်းကိုသွားဖို့ မီးဖိုဆောင်ကနေ ဖြတ်သွားတော့ အဲဒါကို ကျွန်တော်တွေ့လိုက်တာပါ။ ညစာစားခန်းနဲ့ ဧည့်ခန်းကြားကနေရာမှာ ပိုးသားမင်္ဂလာသတို့သမီးဝတ်စုံကြီးတစ်ခု တွဲလောင်းဆွဲထားတာ တွေ့လိုက်ရပြီး နှစ်ကာလကြာမြင့်လို့ အဝါရောင်တောင် နည်းနည်းသန်းနေပါပြီ” ကျွန်တော်လည်း လည်ဆံမွေးတွေထောင်သွားပြီး ကျွန်တော့်ရဲ့ အကျိုးဆောင်ကို မေးလိုက်တယ် “ငါတို့ဒီကဖြတ်လာတုန်းက ဒါကြီးကို တွေ့မိလား”

ထူးဆန်းသည်မှာ ထိုနေရာကို ပထမအကြိမ်ဖြတ်လျှောက်စဉ်က ထိုဝတ်စုံကြီးကို မဲလ်ဟွန်းနှင့် အကျိုးဆောင်တို့ နှစ်ဦးလုံး မတွေ့ခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့လည်း အိမ်ကြီးထဲကနေ ချက်ခြင်း ခပ်သုတ်သုတ် ပြန်ပြေးလာခဲ့ကြတယ်”

“ဒီအိမ်ကြီးဟာ အငှားဈေးကွက်ကို အကြိမ်ကြိမ်တင်ခဲ့ပြီးပါပြီ။ လက်ရှိအထိတော့ နေတဲ့သူမရှိပါဘူး”

သင်တို့လည်း အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်ရင်း ပရလောကဖြစ်ရပ်များ ကြုံတွေ့ဖူးပါသလား။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

က်ိန္စာသင့္ေနေသာ သရဲေျခာက္သည့္ေနအိမ္၊ အေသပိတ္ထားေသာ ေလွကားၾကီး၊ လွ်ိဳ႕ဝွက္ ဒုတိယထပ္ႏွင့္ အိမ္ျခံေျမအက်ဳိးေဆာင္တို႔၏ ပရေလာကအေတြ႔အၾကံဳမ်ား

ပရေလာကသားတုိ႔ႏွင့္ အမွတ္မထင္ေတြ႔ဆံုကာ ၾကက္ေသြးေမြးညင္းထ ေျခာက္ျခားဖူးသူတို႔အေနျဖင့္ အဆိုပါျဖစ္ရပ္မ်ဳိးမွာ ေန႔ည မေရြး ၾကံဳရႏိုင္ေၾကာင္း သိၾကသည္။

ပရေလာကသားတို႔ရွိသည့္ေနရာမ်ားကို သိမည္ဆိုပါက အဆိုပါအေၾကာင္းရပ္မ်ားသည္ ေတြ႔ရခဲေသာကိစၥမဟုတ္ေၾကာင္း ထင္ရွားမည္ ျဖစ္၏။

အေမရိကန္ျပည္တြင္ကား သရဲေျခာက္သည့္ေနအိမ္မ်ားသို႔ ဝယ္လက္မ်ားကို ျပရင္း ေရာက္ဖူးကာ ပရေလာကသားတို႔ႏွင့္ ေတြ႔ဆံုဖူးသည့္ အိမ္ျခံေျမအက်ဳိးေဆာင္ မ်ားစြာရွိေနသည္။

ျဖစ္ရပ္ (၁)

မူမမွန္ဟု ထင္ရေသာ အခန္းတစ္ခန္းအတြင္းသို႔ သင္ဝင္ေရာက္ဖူးပါသလား။ အေမရိကန္ျပည္မွ အိမ္ျခံေျမအက်ဳိးေဆာင္ ဘရက္ဒ္ ေပါလီသည္ တကၠဆပ္ျပည္နယ္၊ ေအာ္စတင္ျမိဳ႕ရွိ ေျခာက္ျခားဖြယ္ေနအိမ္ၾကီးတစ္လံုးထဲသုိ႔ သူ၏ဝယ္လက္ႏွင့္အတူ ဝင္ေရာက္သြားခဲ့ဖူးသည္။ “ေရတပ္ျပာေရာင္ နံရံေတြရွိတဲ့ အိပ္ခန္းထဲကို ကၽြန္ေတာ္ဝင္သြားတဲ့အခ်ိန္မွာ ခ်မ္းစိမ့္စိမ့္ၾကီးျဖစ္သြားျပီး ၾကက္သီးေမြးညင္းေတြ ထလာပါတယ္။ ဘာလို႔ ဒီလိုျဖစ္တာလဲ ကၽြန္ေတာ္မသိပါဘူး။ ဒါေပမယ့္ အိမ္ထဲကေန ခ်က္ခ်င္းျပန္ထြက္လိုက္ရျပီး အသက္ရႈရပ္မတတ္ျဖစ္သြားခဲ့တယ္”

အိမ္ျပင္သို႔ ေျပးထြက္ခဲ့ျပီး စိတ္ကို ျပန္လည္တည္ျငိမ္ေအာင္စုစည္းျပီးေနာက္ ေနအိမ္ၾကီးအတြင္း မည္သည့္အရာမ်ား ျဖစ္ပ်က္ေနသနည္းဟူသည္ကို ေဖာ္ထုတ္ရန္ ၾကိဳးပမ္းခဲ့၏။ “ပိုင္ရွင္က ဘာေၾကာင့္ေရာင္းတာလဲလို႔ စံုစမ္းၾကည့္ပါတယ္။ ကၽြန္ေတာ္တို႔ အဲ့ဒီအိမ္ၾကီးကို ဝင္မၾကည့္ခင္ ရက္သတၱ ၂ ပတ္ေလာက္တုန္းက ေရတပ္ျပာေရာင္ အိပ္ခန္းထဲမွာ ကိုယ့္ကိုယ္ကိုယ္ အဆံုးစီရင္သြားတာ ျဖစ္ခဲ့တယ္လို႔ သိလိုက္ရပါတယ္” ဟု ေပါလီက ျပန္လည္ေျပာျပသည္။

ေလာ့စ္အိန္ဂ်လိမွ Aaron Kirman Group ၏ ဒါရိုက္တာ ယာဝါ ခ်ာလီက “ျပီးခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္တုန္းက ဘီဗာလီေဟးလ္မွာရွိတဲ့ အိမ္ရာဝန္းတစ္ခုထဲက ေနအိမ္တစ္လံုးကို ေစ်းကြက္တင္ေပးခဲ့ရတယ္။ ေတာ္ေတာ္ၾကီးမားတဲ့ ေနအိမ္ၾကီးပါ။ စတုရန္းေပ ၁၅၀၀၀ ေလာက္ရွိတယ္။ အိမ္ပိုင္ရွင္ ဇနီးေမာင္ႏွံက ကြာရွင္းျပတ္စဲလိုက္ၾကတဲ့အတြက္ ေနအိမ္ကို အေရာင္းေစ်းကြက္တင္ ခဲ့တာပါ။” ဟု ေျပာျပသည္။

အဆိုပါအိမ္ကို ခင္ပြန္းျဖစ္သူက ေရာင္းခ်လိုေသာ္လည္း ဇနီးက မေရာင္းခ်င္။

ဇနီးျဖစ္သူသည္ အဂၤလန္တြင္ ေပၚေပါက္ခဲ့ေသာ စုန္းပညာတစ္မ်ဳိးျဖစ္သည့္ ဝီကန္ဟူသည့္ ပညာရပ္ကို လိုက္စားသူတစ္ဦးျဖစ္သည္ဟု ဆိုသည္။

“အိမ္ကိုသြားတဲ့ လမ္းေကြ႔တိုင္းမွာ သူမက လမ္းပိတ္တံုးေတြ ထားထားပါတယ္။ အဲဒီထဲက တစ္ခုက ေနအိမ္ကို က်ိန္စာတိုက္ထားတာ လို႔ သိရပါတယ္” ဟု ခ်ာလီက ရွင္းျပသည္။

အဆိုပါ ေနအိမ္ၾကီးတြင္ ေျခာက္လွန္႔မႈျဖစ္ရပ္မ်ား ၾကံဳေတြ႔ခဲ့ရရာ ရုတ္တရက္ လွ်ပ္စစ္မီး ျပတ္ေတာက္သြားျခင္းမ်ဳိးလည္း ပါဝင္ေနသည္။

ခ်ာလီက ထိုျပႆနာကို ကိုယ္တိုင္ကိုင္တြယ္ရန္ ဆံုးျဖတ္ခဲ့သည္။

“ကၽြန္ေတာ္လည္း အိမ္ထဲက အေမွာင့္ပေယာဂေတြကို ရွင္းလင္းဖို႔အတြက္ ဆရာတစ္ဦးကို ေဒၚလာ ၅၀၀၀ ေပးျပီး ပင့္ေခၚခဲ့ပါတယ္။ အိမ္ရွင္ရဲ႕ ဇနီးက ဝီကန္ပညာသည္ ဆုိတာကလဲြျပီး အိမ္ရွင္ေတြနဲ႔ ပတ္သက္လို႔ ဘာမွသိမထားခဲ့ပါဘူး ။ အိမ္ထဲေရာက္ျပီးေတာ့ ဆရာေတြ ေျပာျပတာကေတာ့ အခန္းေတြထဲမွာ တိုက္ခိုက္သံေတြ ၾကားရတယ္လို႔ ေျပာပါတယ္” ……

ျဖစ္ရပ္ (၂)

တစ္ခါက ကက္စဒီ မဲလ္ဟြန္းႏွင့္ သူ၏အက်ဳိးေဆာင္တို႔သည္ အေမရိကန္ျပည္ေထာင္စု၊ တင္နက္ဆီျပည္နယ္၊ ေနာ့ဇ္ဗီးလ္ျမိဳ႕ရွိ ျပဳျပင္မြမ္းမံရန္ လိုအပ္ေသာ ေနအိမ္အိုေဟာင္းတစ္လံုးကို သြားေရာက္ၾကည့္ရႈခဲ့ၾက၏။

“ကၽြန္ေတာ့္ရဲ႕ အက်ဳိးေဆာင္နဲ႔အတူ ၁၉၄၀ ျပည့္လြန္ကာလေတြက ေဆာက္လုပ္ခဲ့ျပီး ၾကံ႕ခိုင္မႈရွိပံုေပၚေပမယ့္ မြမ္းမံဖို႔လိုအပ္ေနတဲ့ အိမ္တစ္လံုးကို ၾကည့္ျဖစ္ခဲ့တယ္” ဟု မဲလ္ဟြန္းက ေျပာၾကားသည္။ မဲလ္ဟြန္းသည္ Volhomes ကုမၸဏီကို တည္ေထာင္သူလည္း ျဖစ္သည္။

ေနအိမ္ထဲတြင္ အတူေလွ်ာက္ၾကည့္ေနရင္း နံရံတစ္ခု၏ ထူးျခားခ်က္ကို အင္ဂ်င္နီယာတစ္ဦးလည္းျဖစ္ေသာ မဲလ္ဟြန္းက သတိျပဳမိျပီး အနီးကပ္သြားေရာက္ၾကည့္ရႈခဲ့၏။

မဲလ္ဟြန္းလည္း သူ၏ အက်ဳိးေဆာင္ကို ေခၚယူျပသရင္း ေဟာင္းႏြမ္းယိုယြင္းေနသည့္ နံရံကို ဖယ္ရွားၾကည့္လိုက္ရာ နံရံေနာက္တြင္ လွ်ိဳ႕ဝွက္ေနရာတစ္ခုကို ေတြ႔လိုက္ရသည္။

“နံရံေနာက္ဘက္မွာ ဒုတိယထပ္ကို တက္တဲ့ ေလွကားကို ေတြ႔လိုက္ရပါတယ္။ ဒီေလွကားကို အေသပိတ္ထားတဲ့သေဘာပါပဲ။ ကၽြန္ေတာ့္ေခါင္းထဲ ေမးခြန္းေတြ အမ်ားၾကီးေပၚလာတယ္။ ပထမအခ်က္က ဒုတိယထပ္နဲ႔ ေလွကားကို ဘာလို႔ အေသပိတ္ထားရတာလဲဆိုတာပါ။ ေနာက္တစ္ခ်က္ကေတာ့ ဒီအိမ္မွာ ဒုတိယထပ္ရွိတာကို ကၽြန္ေတာ္ဘာလို႔ မသိတာလဲဆိုတဲ့ ေမးခြန္းေပၚလာတယ္” ဟု မဲလ္ဟြန္းက ေျပာျပသည္။

မဲလ္ဟြန္းလည္း ေနအိမ္အျပင္ဘက္သို႔ ေျပးထြက္ခဲ့ျပီး အျပင္မွ ၾကည့္မိ၏။

သူ၏ အက်ဳိးေဆာင္ကိုလည္း ဒုတိယထပ္ရွိတာ သိသလားဟု ေမးၾကည့္ရာ သူမကလည္း မသိေၾကာင္းေျပာ၏။

သို႔ႏွင့္ ေနအိမ္ၾကီးအတြင္း ျပန္လည္ဝင္ေရာက္ၾကည့္ရႈရာတြင္ကား ပိုမိုေျခာက္ျခားဖြယ္ႏွုင့္ ေတြ႔ၾကံဳရျပန္သည္။

“ညစာစားခန္းကိုသြားဖို႔ မီးဖိုေဆာင္ကေန ျဖတ္သြားေတာ့ အဲဒါကို ကၽြန္ေတာ္ေတြ႔လိုက္တာပါ။ ညစာစားခန္းနဲ႔ ဧည့္ခန္းၾကားကေနရာမွာ ပိုးသားမဂၤလာသတို႔သမီးဝတ္စံုၾကီးတစ္ခု တြဲေလာင္းဆြဲထားတာ ေတြ႔လိုက္ရျပီး ႏွစ္ကာလၾကာျမင့္လို႔ အဝါေရာင္ေတာင္ နည္းနည္းသန္းေနပါျပီ” ကၽြန္ေတာ္လည္း လည္ဆံေမြးေတြေထာင္သြားျပီး ကၽြန္ေတာ့္ရဲ႕ အက်ဳိးေဆာင္ကို ေမးလိုက္တယ္ “ငါတို႔ဒီကျဖတ္လာတုန္းက ဒါၾကီးကို ေတြ႔မိလား”

ထူးဆန္းသည္မွာ ထိုေနရာကို ပထမအၾကိမ္ျဖတ္ေလွ်ာက္စဥ္က ထိုဝတ္စံုၾကီးကို မဲလ္ဟြန္းႏွင့္ အက်ဳိးေဆာင္တို႔ ႏွစ္ဦးလံုး မေတြ႔ခဲ့ၾကျခင္း ျဖစ္သည္။

“ကၽြန္ေတာ္တို႔လည္း အိမ္ၾကီးထဲကေန ခ်က္ျခင္း ခပ္သုတ္သုတ္ ျပန္ေျပးလာခဲ့ၾကတယ္”

“ဒီအိမ္ၾကီးဟာ အငွားေစ်းကြက္ကို အၾကိမ္ၾကိမ္တင္ခဲ့ျပီးပါျပီ။ လက္ရွိအထိေတာ့ ေနတဲ့သူမရွိပါဘူး”

သင္တို႔လည္း အိမ္ျခံေျမအက်ဳိးေဆာင္လုပ္ကိုင္ရင္း ပရေလာကျဖစ္ရပ္မ်ား ၾကံဳေတြ႔ဖူးပါသလား။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
Central Shop House
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service