ဟောင်ကောင်တွင် မြေနေရာရှားပါးမှုကြောင့် နိုင်ငံတကာစာသင်ကျောင်းများမှာ အသုံးမပြုတော့သော ဈေးဝယ်စင်တာများကို စာသင်ကျောင်းအဖြစ် အသုံးပြုလာကြရ

ဟောင်ကောင်တွင် မြေနေရာရှားပါးမှုကြောင့် နိုင်ငံတကာစာသင်ကျောင်းများမှာ အသုံးမပြုတော့သော ဈေးဝယ်စင်တာများကို စာသင်ကျောင်းအဖြစ် အသုံးပြုလာကြရ - Property News in Myanmar from iMyanmarHouse.com
4 Feb 2020 11:34 am တွင် တင်ခဲ့သည်
826 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ဟောင်ကောင်တွင် ဈေးကွက်ချဲ့ထွင်လိုသော ပုဂ္ဂလိကပိုင် နိုင်ငံတကာကျောင်းများသည် မြေနေရာရှားပါးမှုကြောင့် ဈေးဝယ်စင်တာများကို ကျောင်းဝန်းအဖြစ် ပြောင်းလဲအသုံးပြုလာကြရကြောင်း ဟောင်ကောင်အိမ်ခြံမြေအကျိုးဆောင်တို့က ပြောကြားသည်။

JLL မှ ပညာရေးကဏ္ဍဆိုင်ရာ ဒါရိုက်တာ ဂျွန် မော်တန်ဆန်က ပြောကြားရာတွင် စာသင်ကျောင်းလုပ်ကိုင်သူများနှင့် ပညာရေးကဏ္ဍ ရင်းနှီးမြှုပ်နှံသူတို့သည် ဟောင်ကောင်တွင် နိုင်ငံရေးအကျပ်အတည်းများဖြစ်ပေါ်ကာ ဂုဏ်သတင်းထိခိုက်မှုများရှိနေသော်လည်း ဟောင်ကောင်သို့ လာရောက်လိုလျက်ရှိနေသေးကြောင်း ပြောကြားသည်။

ဟောင်ကောင်ဒေသခံမိသားစုများက ၎င်းတို့၏ ရင်သွေးများကို ဂုဏ်သတင်းကြီးသည့် နိုင်ငံခြားစာသင်ကျောင်းများမှ အရည်အသွေးမြင့် ပညာရေး ရစေလိုကြသည်။

ဈေးကွက်လေ့လာသူတို့၏ ပြောကြားချက်အရ ဟောင်ကောင်တွင် ကျောင်းဝန်းသစ်ဖွင့်လှစ်နိုင်ရန် နေရာရှာဖွေနေသည့် စာသင်ကျောင်း ၁၁ ခုခန့်ရှိနေသည်ဟု ဆိုသည်။

မော်တန်ဆန်က ပြောကြားရာတွင် JLL သို့ ဆက်သွယ်လာသည့် စာသင်ကျောင်း ၆ ခုခန့်ရှိသည်ဟု ဆိုသည်။

“ကျွန်တော်တို့ဆီမှာသာ စာသင်ကျောင်းတည်ထောင်ဖို့ နေရာတစ်ခုခုရမယ်ဆိုရင် ဒီအခွင့်အရေးကို ရယူလိုသူတွေ အများကြီး ရှိနေပါတယ်။ စာသင်ကျောင်း အများစုရဲ့ ထုံးစံကတော့ ကျောင်းသားပေါင်း ၁၀၀၀ ကနေ ၁၅၀၀ ကြား ထားနိုင်ဖို့အတွက် စတုန်းမီတာ ၃၀၀၀၀ ကနေ ၄၀၀၀၀ ကြား ကျယ်ဝန်းမယ့်နေရာမျိုး လိုချင်ကြပါတယ်” ဟု မော်တန်ဆန်က ပြောကြားသည်။

သို့ရာတွင် ဟောင်ကောင်တွင် ကျယ်ဝန်းသည့်မြေနေရာ ရနိုင်ရန်မှာ ခက်ခဲကြောင်း တွေ့ရှိကြပြီးနောက် ကျယ်ဝန်းသော ကစားကွင်းနှင့် ဂန္ထဝင်ဗိသုကာ လက်ရာ အစရှိသည့်အချက်များကို မျက်ကွယ်ပြုလိုက်ရပြီး ၎င်းတို့၏ မျှော်မှန်းချက်များကို နှိမ့်ချလိုက်ရသည်။

“ကူးသန်းရောင်းဝယ်ရေးအတွက် ရည်ရွယ်ထားတဲ့ ရှိရင်းစွဲ အဆောက်အအုံတွေကို ကျောင်းဝန်းအဖြစ် ပြောင်းလဲအသုံးပြုလာတဲ့ နိုင်ငံတကာစာသင်ကျောင်း အရေအတွက် မြင့်တက်လာတာ ကျွန်တော်တို့ တွေ့နေရပါတယ်” ဟု မော်တန်ဆန်က ဆက်လက်ပြောကြားသည်။

British Wycombe Abbey သည် တင်းဝမ်လမ်းရှိ Tin Wan ဈေးဝယ်စင်တာ အဆောက်အအုံဟောင်းကို စာသင်ကျောင်းအဖြစ် ယခင်နှစ် စက်တင်ဘာလအတွင်း ပြောင်းလဲအသုံးပြု ဖွင့်လှစ်ခဲ့သည်။

Invictus ISHK သည်လည်း တိုင်တမ်လမ်းရှိ ဈေးဝယ်စင်တာကို ၂၀၂၀ ပြည့်နှစ်၊ တတိယ ၃ လပတ်အတွင်း စာသင်ကျောင်းအဖြစ် ဖွင့်လှစ်သွားရန် စီစဉ်နေသည်။

CBRE မှ အကြံပေးကဏ္ဍနှင့် လက်လီအရောင်း ဝန်ဆောင်မှုဆိုင်ရာ ဒါရိုက်တာ လောရင့်စ် ဝမ်က ပြောကြားရာတွင် “ရင်သွေးတွေကို နိုင်ငံတကာနဲ့ ထိတွေ့နိုင်စေပြီး အရည်အသွေးမီ ပညာရေးမျိုး ပေးလိုနေတဲ့ မိဘတွေရဲ့လိုလားချက်တွေ အားကောင်းနေတာကြောင့် ပြည်ပ ပုဂ္ဂလိက စာသင်ကျောင်းတွေဟာ ဟောင်ကောင်ဈေးကွက်ကို ဝင်ရောက်ဖို့ အခွင့်အလမ်းရှာလာနေကြပါတယ်” ဟု ဆိုသည်။

“ဒါပေမယ့် စာသင်ကျောင်းတွေအတွက် နေရာရှာဖွေရတာဟာ စိန်ခေါ်မှုတစ်ခုပါပဲ။ စာသင်ကျောင်းတွေမှာက ကျယ်ဝန်းတဲ့ ကြမ်းခင်းနေရာ၊ အဆောက်အအုံအပြင်ဘက်နေရာနဲ့ အလင်းရောင် ဝင်ရောက်မှု ကောင်းမွန်တာတွေလိုအပ်ပါတယ်။ ဒါက ဟောင်ကောင်လို ငှားရမ်းမှု မြင့်မားတဲ့နေရာမျိုးမှာ စိန်ခေါ်မှုတစ်ခုပါ”

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

### Zawgyi Version ###

 

ေဟာင္ေကာင္တြင္ ေျမေနရာရွားပါးမႈေၾကာင့္ ႏိုင္ငံတကာစာသင္ေက်ာင္းမ်ားမွာ အသံုးမျပဳေတာ့ေသာ ေစ်းဝယ္စင္တာမ်ားကို စာသင္ေက်ာင္းအျဖစ္ အသံုးျပဳလာၾကရ

 

ေဟာင္ေကာင္တြင္ ေစ်းကြက္ခ်ဲ ႔ထြင္လိုေသာ ပုဂၢလိကပိုင္ ႏိုင္ငံတကာေက်ာင္းမ်ားသည္ ေျမေနရာရွားပါးမႈေၾကာင့္ ေစ်းဝယ္စင္တာမ်ားကို ေက်ာင္းဝန္းအျဖစ္ ေျပာင္းလဲအသံုးျပဳလာၾကရေၾကာင္း ေဟာင္ေကာင္အိမ္ျခံေျမအက်ဳိးေဆာင္တို႔က ေျပာၾကားသည္။

JLL မွ ပညာေရးက႑ဆိုင္ရာ ဒါရိုက္တာ ဂၽြန္ ေမာ္တန္ဆန္က ေျပာၾကားရာတြင္ စာသင္ေက်ာင္းလုပ္ကိုင္သူမ်ားႏွင့္ ပညာေရးက႑ ရင္းႏွီးျမွဳပ္ႏွံသူတုိ႔သည္ ေဟာင္ေကာင္တြင္ ႏိုင္ငံေရးအက်ပ္အတည္းမ်ားျဖစ္ေပၚကာ ဂုဏ္သတင္းထိခိုက္မႈမ်ားရွိေနေသာ္လည္း ေဟာင္ေကာင္သို႔ လာေရာက္လိုလ်က္ရွိေနေသးေၾကာင္း ေျပာၾကားသည္။

ေဟာင္ေကာင္ေဒသခံမိသားစုမ်ားက ၎တို႔၏ ရင္ေသြးမ်ားကို ဂုဏ္သတင္းၾကီးသည့္ ႏိုင္ငံျခားစာသင္ေက်ာင္းမ်ားမွ အရည္အေသြးျမင့္ ပညာေရး ရေစလိုၾကသည္။

ေစ်းကြက္ေလ့လာသူတို႔၏ ေျပာၾကားခ်က္အရ ေဟာင္ေကာင္တြင္ ေက်ာင္းဝန္းသစ္ဖြင့္လွစ္ႏိုင္ရန္ ေနရာရွာေဖြေနသည့္ စာသင္ေက်ာင္း ၁၁ ခုခန္႔ရွိေနသည္ဟု ဆိုသည္။

ေမာ္တန္ဆန္က ေျပာၾကားရာတြင္ JLL သို႔ ဆက္သြယ္လာသည့္ စာသင္ေက်ာင္း ၆ ခုခန္႔ရွိသည္ဟု ဆိုသည္။

“ကၽြန္ေတာ္တို႔ဆီမွာသာ စာသင္ေက်ာင္းတည္ေထာင္ဖို႔ ေနရာတစ္ခုခုရမယ္ဆိုရင္ ဒီအခြင့္အေရးကို ရယူလိုသူေတြ အမ်ားၾကီး ရွိေနပါတယ္။ စာသင္ေက်ာင္း အမ်ားစုရဲ ႔ ထံုးစံကေတာ့ ေက်ာင္းသားေပါင္း ၁၀၀၀ ကေန ၁၅၀၀ ၾကား ထားႏိုင္ဖို႔အတြက္ စတုန္းမီတာ ၃၀၀၀၀ ကေန ၄၀၀၀၀ ၾကား က်ယ္ဝန္းမယ့္ေနရာမ်ဳိး လိုခ်င္ၾကပါတယ္” ဟု ေမာ္တန္ဆန္က ေျပာၾကားသည္။

သုိ႔ရာတြင္ ေဟာင္ေကာင္တြင္ က်ယ္ဝန္းသည့္ေျမေနရာ ရႏိုင္ရန္မွာ ခက္ခဲေၾကာင္း ေတြ႔ရွိၾကျပီးေနာက္ က်ယ္ဝန္းေသာ ကစားကြင္းႏွင့္ ဂႏၳဝင္ဗိသုကာ လက္ရာ အစရွိသည့္အခ်က္မ်ားကို မ်က္ကြယ္ျပဳလုိက္ရျပီး ၎တို႔၏ ေမွ်ာ္မွန္းခ်က္မ်ားကို ႏွိမ့္ခ်လိုက္ရသည္။

“ကူးသန္းေရာင္းဝယ္ေရးအတြက္ ရည္ရြယ္ထားတဲ့ ရွိရင္းစြဲ အေဆာက္အအံုေတြကို ေက်ာင္းဝန္းအျဖစ္ ေျပာင္းလဲအသံုးျပဳလာတဲ့ ႏိုင္ငံတကာစာသင္ေက်ာင္း အေရအတြက္ ျမင့္တက္လာတာ ကၽြန္ေတာ္တို႔ ေတြ႔ေနရပါတယ္” ဟု ေမာ္တန္ဆန္က ဆက္လက္ေျပာၾကားသည္။

British Wycombe Abbey သည္ တင္းဝမ္လမ္းရွိ Tin Wan ေစ်းဝယ္စင္တာ အေဆာက္အအံုေဟာင္းကို စာသင္ေက်ာင္းအျဖစ္ ယခင္ႏွစ္ စက္တင္ဘာလအတြင္း ေျပာင္းလဲအသံုးျပဳ ဖြင့္လွစ္ခဲ့သည္။

Invictus ISHK သည္လည္း တိုင္တမ္လမ္းရွိ ေစ်းဝယ္စင္တာကို ၂၀၂၀ ျပည့္ႏွစ္၊ တတိယ ၃ လပတ္အတြင္း စာသင္ေက်ာင္းအျဖစ္ ဖြင့္လွစ္သြားရန္ စီစဥ္ေနသည္။

CBRE မွ အၾကံေပးက႑ႏွင့္ လက္လီအေရာင္း ဝန္ေဆာင္မႈဆိုင္ရာ ဒါရိုက္တာ ေလာရင့္စ္ ဝမ္က ေျပာၾကားရာတြင္ “ရင္ေသြးေတြကို ႏိုင္ငံတကာနဲ႔ ထိေတြ႔ႏိုင္ေစျပီး အရည္အေသြးမီ ပညာေရးမ်ဳိး ေပးလိုေနတဲ့ မိဘေတြရဲ ႔လိုလားခ်က္ေတြ အားေကာင္းေနတာေၾကာင့္ ျပည္ပ ပုဂၢလိက စာသင္ေက်ာင္းေတြဟာ ေဟာင္ေကာင္ေစ်းကြက္ကို ဝင္ေရာက္ဖို႔ အခြင့္အလမ္းရွာလာေနၾကပါတယ္” ဟု ဆိုသည္။

“ဒါေပမယ့္ စာသင္ေက်ာင္းေတြအတြက္ ေနရာရွာေဖြရတာဟာ စိန္ေခၚမႈတစ္ခုပါပဲ။ စာသင္ေက်ာင္းေတြမွာက က်ယ္ဝန္းတဲ့ ၾကမ္းခင္းေနရာ၊ အေဆာက္အအံုအျပင္ဘက္ေနရာနဲ႔ အလင္းေရာင္ ဝင္ေရာက္မႈ ေကာင္းမြန္တာေတြလိုအပ္ပါတယ္။ ဒါက ေဟာင္ေကာင္လို ငွားရမ္းမႈ ျမင့္မားတဲ့ေနရာမ်ဳိးမွာ စိန္ေခၚမႈတစ္ခုပါ”

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service