ပြည်ပမှ ပြန်လာကာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အခြေအနေ စောင့်ကြည့်ရန် လိုအပ်သူတို့အား သီးခြားထားရှိနိုင်ရန်အတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အိမ်ရာနေရာအကူအညီပေးမည်
ပြည်ပမှ ပြန်လာကာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အခြေအနေ စောင့်ကြည့်ရန် လိုအပ်သူတို့အား သီးခြားထားရှိနိုင်ရန်အတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အိမ်ရာနေရာအကူအညီပေးမည် - Property News in Myanmar from iMyanmarHouse.com
4 Feb 2020 11:09 am တွင် တင်ခဲ့သည်
775 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
ပြည်ပမှ ပြန်လာကာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အခြေအနေ စောင့်ကြည့်ရန် လိုအပ်သူတို့အား သီးခြား ထားရှိနိုင်ရန်အတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန (DOD) က အိမ်ရာနေရာ အကူအညီပေးမည်ဖြစ်သည်။
စောင့်ကြည့်ရန် လိုအပ်သူ ၁၀၀၀ ခန့်ကို ထားရှိရန်အတွက် အိမ်ရာနေရာ အကူအညီပေးပါရန် ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုဌာန (HHS ) ၏ အကူအညီတောင်းခံမှုကို ကာကွယ်ရေးဝန်ကြီး ဒေါက်တာ မာ့ခ် တီ-အက်စ်ပါက လက်ခံခဲ့ကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် DOD က ထုတ်ပြန်သည်။
DOD က အိမ်ရာနေရာ အကူအညီပေးမည်ဖြစ်ပြီး ကျန်သည့်လုပ်ဆောင်ရန်အားလုံးကို HHS ကသာ အကောင်အထည်ဖော်ရမည် ဖြစ်ရာ စောင့်ရှောက်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ရွှေ့ပြောင်းနေရာချထားပေးမည့်သူများအတွက် လုံခြုံရေးတို့ အပါအဝင် ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ အမှုထမ်းများသည် ရွှေ့ပြောင်းပေးထားသူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ခံမည်မဟုတ်ဘဲ ရွှေ့ပြောင်းခံရသူများအနေဖြင့်လည်း ၎င်းတို့အတွက် သတ်မှတ်ထားသည့် အဆောက်အအုံနေရာမှတပါး ကာကွယ်ရေးဝန်ကြီးဌာန၏ အခြားနေရာများသို့ သွားလာခွင့် မရှိချေ။
ရောဂါထိန်းချုပ်ရေးဌာန (CDC) ၏ လမ်းညွှန်ချက်များနှင့်အညီ ၎င်းတို့ကို ၁၄ ရက်တာ စောင့်ကြည့်သွားမည် ဖြစ်သည်။
ထိုသို့ စောင့်ကြည့်နေသူများထဲမှ ဖျားနာသူရှိလာပါက ဒေသတွင်း အရပ်ဘက်ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ရန် HHS က လုပ်ထုံးလုပ်နည်းများ ရေးဆွဲထားသည်။
အိမ်ရာနေရာသို့ ရွှေ့ပြောင်းပေးစဉ် HHS အတွက် အကူအညီလိုအပ်ပါက DOD က အမှတ် ၁၆၈ တပ်ရင်း၊ နယ်မြေလေ့ကျင့်ရေးသိပ္ပံ၊ Fort Carson ၊ ကော်လိုရာဒို ထရာဗစ် လေတပ်အခြေစိုက်စခန်း၊ ကယ်လီဖိုးနီးယား လက်ခ်လန်း လေတပ်အခြေစိုက်စခန်း၊ တက္ကဆပ် ရေတပ်၏ လေကြောင်းအခြေစိုက်စခန်း၊ ကယ်လီဖိုးနီးယားမှ Miramar တို့မှ အကူအညီပေးသွားရန် စီစဉ်ထားသည်။
တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၄ ဦးအထိ ရှိလာကြောင်း တရုတ်အာဏာပိုင်တို့က တနင်္ဂနွေနေ့တွင် ကြေညာသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၂၀၀၀ ဦးခန့် ထပ်မံမြင့်တက်ခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာတွင် လူပေါင်း ၁၄၃၈၀ ဦးခန့် ကူးစက်ခံထားရကြောင်း တရုတ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးတို့က ထုတ်ပြန်သည်။
ကူးစက်ခံရမှု ဖြစ်ရပ်အများစုမှာ တရုတ်ပြည်တွင်းတွင်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၃ နိုင်ငံတွင် လူပေါင်း ၁၀၀ ကျော် ကူးစက်ခံထားရသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service