တန္ဖိုးသင့္အိမ္ရာစီမံကိန္း သုံးႏွစ္ၾကာရပ္တန႔္ေနမႈေၾကာင့္ က်ပ္သိန္းေပါင္းရွစ္ေသာင္းေက်ာ္ နစ္နာေနသည္ဟုဆို

တန္ဖိုးသင့္အိမ္ရာစီမံကိန္း သုံးႏွစ္ၾကာရပ္တန႔္ေနမႈေၾကာင့္ က်ပ္သိန္းေပါင္းရွစ္ေသာင္းေက်ာ္ နစ္နာေနသည္ဟုဆို - Property News in Myanmar from iMyanmarHouse.com
31 Jan 2020 12:40 pm တွင် တင်ခဲ့သည်
1324 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တန္ဖိုးသင့္အိမ္ရာစီမံကိန္း သုံးႏွစ္ၾကာရပ္တန႔္ေနမႈေၾကာင့္ က်ပ္သိန္းေပါင္းရွစ္ေသာင္းေက်ာ္ နစ္နာေနသည္ဟုဆိုကာ ကုမၸဏီ ၂၃ ခုက ဇန္နဝါရီ ၂၉ ရက္က ရန္ကုန္ၿမိဳ႕ Orchid Hotel တြင္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

တန္ဖိုးသင့္ဝန္ထမ္း အိမ္ရာစီမံကိန္းကို ၂၀၁၆ ခုႏွစ္ ဇန္နဝါရီက Glory Heyday Services Co.,Ltd ႏွင့္ MICA အဖြဲ႕အစည္းတို႔ သေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုကာ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနပိုင္ ရြာသာႀကီး ေမြးျမဴေရးဇုန္ (D) ေနရာရွိ ေၿမ ၉၆ ဒသမ ၄၂ ဧကေပၚတြင္ လုပ္ငန္း အေကာင္ထည္ေဖာ္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ MICA အဖြဲ႕အစည္းကို မလိုအပ္ေတာ့သျဖင့္ လႊတ္ေတာ္တြင္ ဖ်က္သိမ္းၿပီးေနာက္ပိုင္း ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို သက္ဆိုင္ရာဝန္ႀကီးဌာနအေနျဖင့္ တာဝန္ယူေျဖရွင္းေပးရန္ နိုင္ငံေတာ္၏အတိုင္ပင္ခံက မွတ္ခ်က္ျပဳလမ္းညႊန္ခဲ့သည္ဟု အဆိုပါ သတင္းစာရွင္းလင္းပြဲ အရ သိရသည္။

တည္ေဆာက္ခြင့္ရေသာ Glory Heyday Services Co.,Lrd ေအာက္တြင္ စပ္ဆက္ကုမၸဏီခြဲေပါင္း ၂၃ ခုရွိၿပီး ေဆာက္လုပ္ေရးလုပ္ငန္းမ်ား၏ ၂၅ ရာခိုင္ႏႈန္းကို ယင္းကုမၸဏီငယ္မ်ားက လုပ္ေဆာင္လ်က္ရွိခဲ့သည္ဟု သိရသည္။

ေမြးေရဝန္ႀကီးဌာန၏ ခြင့္ျပဳမႈျဖင့္ Glory ကုမၸဏီက ကိုယ့္ပိုက္ဆံႏွင့္ကိုယ္ အရင္းစိုက္ ေဆာက္လုပ္ရမွာျဖစ္ၿပီး လုပ္ငန္းမ်ား ၿပီးစီးလွ်င္ ဝန္ႀကီးဌာနကို အခန္းမ်ားအပ္ရမွာျဖစ္ေၾကာင္း၊ယင္းအခန္းမ်ားကို ဝန္ႀကီးဌာနက အရစ္က်စနစ္ျဖင့္ ေရာင္းခ်ၿပီး ရသည့္ပိုက္ဆံမ်ားကို Glory ကုမၸဏီကို ျပန္ေပးရမွာျဖစ္ေၾကာင္း၊ Glory ကုမၸဏီက ေငြေၾကးနည္းသျဖင့္ တ႐ုတ္ေခ်းေငြ ေလၽွာက္ထားေၾကာင္း၊ ေခ်းေငြမရသ ျဖင့္ လုပ္ငန္းရပ္တန႔္သလို ျဖစ္သြားေၾကာင္း၊ ကုမၸဏီအေသးေတြအေနျဖင့္ Glory ကုမၸဏီကို စေပၚေငြတင္ၿပီး အခန္းမ်ားကို ေဆာက္လုပ္ေပးထားရေၾကာင္း၊ ယခုအေျခအေနတြင္ Glory ကုမၸဏီက စေပၚေငြျပန္မေပးေၾကာင္း၊ လုပ္ငန္းၿပီးစီးတာေတြ ျပန္မရဘဲလုပ္ငန္းရပ္တန႔္ေနတာ သုံးႏွစ္ေလာက္ရွိေနသည့္အတြက္ သတင္းစာရွင္းလင္းရတာျဖစ္ေၾကာင္း ရွင္းလင္းပြဲဦးေဆာင္သည့္ ၾကယ္စုံလင္းကုမၸဏီ၏ မန္ေနဂ်င္း ဒါရိုက္တာ ဦးသန္းျမင့္က ေျပာၾကားသည္။

Asia Ability ကုမၸဏီမွ ဒါရိုက္တာ ကိုၾကည္စိုးက ဝန္ႀကီးဌာနကလည္း လတ္တေလာအရ ေငြမရွိသည့္အတြက္ တင္ဒါေခၚမယ္လို႔ေျပာေၾကာင္း၊ နစ္နာဆုံးရႈံးမႈႏွင့္ပတ္သက္ၿပီး Glory ကုမၸဏီကို ဗိုလ္တေထာင္ရဲစခန္းႏွင့္ သဃၤန္းကၽြန္းရဲစခန္းတို႔တြင္ အမႈဖြင့္ထားေၾကာင္း ေျပာထားသည္။

ကုမၸဏီမ်ားအေနျဖင့္ စီမံကိန္းတစ္ခုလုံးကို ေဆာက္လုပ္ရန္ လ်ာထားအေဆာက္အအုံမွာ ၄၁၉ လုံးျဖစ္ၿပီး ေဆာက္လုပ္ရန္စာခ်ဳပ္ခ်ဳပ္ဆိုထားသည့္ အေရအတြက္မွာ ၂၉၃ လုံးျဖစ္ေၾကာင္း သတင္းစာရွင္းလင္းပြဲအရ သိရသည္။ ကုမၸဏီ ၂၃ခု အေနျဖင့္ ၂၀၁၆ ခုႏွစ္တြင္ တည္ေဆာက္ၿပီးစီးသည့္အေဆာက္အအုံမွာ ၇၂ လုံး ၿပီးစီးလုနီးပါးျဖစ္ေနၿပီး ခန႔္မွန္းကုန္က်ေငြက်ပ္ ၆၈၁၆၃ ဒသမ ၉၄ သိန္းျဖစ္ကာ စုစုေပါင္းနစ္နာဆုံးရႈံးမႈ တန္ဖိုးမွာ က်ပ္ ၈၇၃၁၇ ဒသမ ၃၄ သိန္း ျဖစ္ေၾကာင္း အဆိုပါသတင္းစာရွင္းလင္းပြဲတြင္ နစ္နာေနသည္ဟုဆိုသည့္ ကုမၸဏီမ်ားက ရွင္းလင္းေျပာၾကားသည္။

သတင္းစာရွင္းလင္းပြဲအရ ေဆာက္လုပ္ရန္ စာခ်ဳပ္ခ်ဳပ္ဆိုထားသည့္ အေရအတြက္မွာ ၂၉၃ လုံးျဖစ္ေၾကာင္း၊စီမံကိန္းတစ္ခုလုံးကို ေဆာက္လုပ္ရန္လ်ာထားအေဆာက္အအုံမွာ ၄၁၉ လုံးျဖစ္ေၾကာင္းသိရသည္။

၂၀၁၆ ခုႏွစ္တြင္ ကုမၸဏီ ၂၃ခု အေနျဖင့္ အေဆာက္အအုံမွာ ၇၂ လုံး တည္ေဆာက္ၿပီးစီးလုနီးပါးျဖစ္ေနၿပီး ခန႔္မွန္းကုန္က်ေငြက်ပ္ ၆၈၁၆၃ ဒသမ ၉၄ သိန္းျဖစ္ကာ စုစုေပါင္း နစ္နာဆုံးရႈံးမႈ တန္ဖိုးမွာ က်ပ္ ၈၇၃၁၇ ဒသမ ၃၄ သိန္း ျဖစ္ေၾကာင္း နစ္နာသည့္ ကုမၸဏီမ်ားက ရွင္းလင္းေျပာၾကားသည္။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

တန်ဖိုးသင့်အိမ်ရာစီမံကိန်း သုံးနှစ်ကြာရပ်တန့်နေမှုကြောင့် ကျပ်သိန်းပေါင်းရှစ်သောင်းကျော် နစ်နာနေသည်ဟု ဆိုကာ ကုမ္ပဏီ ၂၃ ခုက ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်မြို့ Orchid Hotel တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

တန်ဖိုးသင့်ဝန်ထမ်း အိမ်ရာစီမံကိန်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီက Glory Heyday Services Co.,Ltd နှင့် MICA အဖွဲ့အစည်းတို့ သဘောတူ စာချုပ်ချုပ်ဆိုကာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပိုင် ရွာသာကြီး မွေးမြူရေးဇုန် (D) နေရာရှိ မြေ ၉၆ ဒသမ ၄၂ ဧကပေါ်တွင် လုပ်ငန်း အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ MICA အဖွဲ့အစည်းကို မလိုအပ်တော့သဖြင့် လွှတ်တော်တွင် ဖျက်သိမ်းပြီးနောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် တာဝန်ယူဖြေရှင်းပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံက မှတ်ချက်ပြုလမ်းညွှန်ခဲ့သည်ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲ အရ သိရသည်။

တည်ဆောက်ခွင့်ရသော Glory Heyday Services Co.,Lrd အောက်တွင် စပ်ဆက်ကုမ္ပဏီခွဲပေါင်း ၂၃ ခုရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းများ၏ ၂၅ ရာခိုင်နှုန်းကို ယင်းကုမ္ပဏီငယ်များက လုပ်ဆောင်လျက်ရှိခဲ့သည်ဟု သိရသည်။

မွေးရေဝန်ကြီးဌာန၏ ခွင့်ပြုမှုဖြင့် Glory ကုမ္ပဏီက ကိုယ့်ပိုက်ဆံနှင့်ကိုယ် အရင်းစိုက် ဆောက်လုပ်ရမှာဖြစ်ပြီး လုပ်ငန်းများ ပြီးစီးလျှင် ဝန်ကြီးဌာနကို အခန်းများအပ်ရမှာဖြစ်ကြောင်း၊ယင်းအခန်းများကို ဝန်ကြီးဌာနက အရစ်ကျစနစ်ဖြင့် ရောင်းချပြီး ရသည့်ပိုက်ဆံများကို Glory ကုမ္ပဏီကို ပြန်ပေးရမှာဖြစ်ကြောင်း၊ Glory ကုမ္ပဏီက ငွေကြေးနည်းသဖြင့် တရုတ်ချေးငွေ လျှောက်ထားကြောင်း၊ ချေးငွေမရသ ဖြင့် လုပ်ငန်းရပ်တန့်သလို ဖြစ်သွားကြောင်း၊ ကုမ္ပဏီအသေးတွေအနေဖြင့် Glory ကုမ္ပဏီကို စပေါ်ငွေတင်ပြီး အခန်းများကို ဆောက်လုပ်ပေးထားရကြောင်း၊ ယခုအခြေအနေတွင် Glory ကုမ္ပဏီက စပေါ်ငွေပြန်မပေးကြောင်း၊ လုပ်ငန်းပြီးစီးတာတွေ ပြန်မရဘဲလုပ်ငန်းရပ်တန့် နေတာ သုံးနှစ်လောက်ရှိနေသည့်အတွက် သတင်းစာရှင်းလင်းရတာဖြစ်ကြောင်း ရှင်းလင်းပွဲဦးဆောင်သည့် ကြယ်စုံလင်းကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးသန်းမြင့်က ပြောကြားသည်။

Asia Ability ကုမ္ပဏီမှ ဒါရိုက်တာ ကိုကြည်စိုးက ဝန်ကြီးဌာနကလည်း လတ်တလောအရ ငွေမရှိသည့်အတွက် တင်ဒါခေါ်မယ်လို့ပြောကြောင်း၊ နစ်နာဆုံးရှုံးမှုနှင့်ပတ်သက်ပြီး Glory ကုမ္ပဏီကို ဗိုလ်တထောင်ရဲစခန်းနှင့် သင်္ဃန်းကျွန်းရဲစခန်းတို့တွင် အမှုဖွင့်ထားကြောင်း ပြောထားသည်။

ကုမ္ပဏီများအနေဖြင့် စီမံကိန်းတစ်ခုလုံးကို ဆောက်လုပ်ရန် လျာထားအဆောက်အအုံမှာ ၄၁၉ လုံးဖြစ်ပြီး ဆောက်လုပ်ရန် စာချုပ်ချုပ်ဆိုထားသည့် အရေအတွက်မှာ ၂၉၃ လုံးဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲအရ သိရသည်။ ကုမ္ပဏီ ၂၃ခု အနေဖြင့် ၂၀၁၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးသည့်အဆောက်အအုံမှာ ၇၂ လုံး ပြီးစီးလုနီးပါးဖြစ်နေပြီး ခန့်မှန်းကုန်ကျငွေကျပ် ၆၈၁၆၃ ဒသမ ၉၄ သိန်းဖြစ်ကာ စုစုပေါင်းနစ်နာဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ၈၇၃၁၇ ဒသမ ၃၄ သိန်း ဖြစ်ကြောင်း အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် နစ်နာနေသည်ဟုဆိုသည့် ကုမ္ပဏီများက ရှင်းလင်းပြောကြားသည်။

သတင်းစာရှင်းလင်းပွဲအရ ဆောက်လုပ်ရန် စာချုပ်ချုပ်ဆိုထားသည့် အရေအတွက်မှာ ၂၉၃ လုံးဖြစ်ကြောင်း၊စီမံကိန်းတစ်ခုလုံးကို ဆောက်လုပ်ရန်လျာထားအဆောက်အအုံမှာ ၄၁၉ လုံးဖြစ်ကြောင်းသိရသည်။

၂၀၁၆ ခုနှစ်တွင် ကုမ္ပဏီ ၂၃ခု အနေဖြင့် အဆောက်အအုံမှာ ၇၂ လုံး တည်ဆောက်ပြီးစီးလုနီးပါးဖြစ်နေပြီး ခန့်မှန်းကုန်ကျငွေကျပ် ၆၈၁၆၃ ဒသမ ၉၄ သိန်းဖြစ်ကာ စုစုပေါင်း နစ်နာဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ၈၇၃၁၇ ဒသမ ၃၄ သိန်း ဖြစ်ကြောင်း နစ်နာသည့် ကုမ္ပဏီများက ရှင်းလင်းပြောကြားသည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service