နှစ်ပေါင်း ၂၀၀ သက်တမ်းရှိ စံအိမ်ကြီးကို ယူကရိန်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်က ယူရို သန်း ၂၀၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
31 Jan 2020 11:53 am တွင် တင်ခဲ့သည်
880 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ပြင်သစ်နိုင်ငံတောင်ပိုင်း စိန့်ရွှန်းကက်ဖိရာ့ဒ် (Saint-Jean-Cap-Ferrat) အရပ်တွင် တည်ရှိသော နှစ်ပေါင်း ၂၀၀ သက်တမ်းရှိ စံအိမ်ကြီးကို ယူကရိန်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်က ယူရို သန်း ၂၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါ စံအိမ်ကြီးကို ယူရို သန်း ၂၀၀ (ကန်ဒေါ်လာ ၂၂၀ ဒသမ ၃ သန်း) ဖြင့် ပြီးခဲ့သောနှစ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ခြင်းပြီး ဝယ်ယူသွားသူမှာ ယူကရိန်းဘီလျံနာ ရီနာ့ဒ် အာ့မက်တစ်ဖြစ်ကြောင်း ယခုအခါ ပေါ်ပေါက်လာသည်။
မစ္စတာ အာ့မက်တစ်၏ ကုမ္ပဏီဖြစ်သော SCM Holdings Limited က Villa Les Cèdres အမည်ရှိ အဆိုပါစံအိမ်ကြီးကို ရေရှည် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီက အတည်ပြုထုတ်ပြန်ခဲ့သည်။
နှစ်ပေါင်း ၂၀၀ သက်တမ်းရှိ စံအိမ်ကြီးကို SCM Holdings Limited ထံ ရောင်းချခဲ့သည်မှာ အဖျော်ယမကာ ကုမ္ပဏီတစ်ခုဖြစ်သော Campari Group မှ ဖြစ်သည်။
Campari Group သည် ယခုစံအိမ်ကို ၂၀၁၆ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
Campari ကုမ္ပဏီမတိုင်မီက ပိုင်ဆိုင်ခဲ့သည်မှာ လိမ္မော်အရက်ထုတ်လုပ်သည့် Grand Marnier ကုမ္ပဏီမှ ဖြစ်သည်။
Marnier မိသားစုသည် နန်းတော်တမျှ ခမ်းနားထည်ဝါသော အိပ်ခန်း ၁၄ ခန်းပါဝင်သည့် စံအိမ်ကြီးကို ၁၉၂၀ ပြည့်လွန် ကာလများကတည်းက ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ ပိုင်ဆိုင်ထားစဉ်ကာလအတွင်း စိမ်းလန်းစိုပြေအောင် မွမ်းမံမှုများပြုလုပ်ခဲ့ရာ ၃၅ ဧက ကျယ်ဝန်းသော ရုက္ခဗေဒဥယျာဉ်တစ်ခု ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ Campari က ၂၀၁၆ ခုနှစ်တွင် ဝယ်ယူခဲ့ပြီးနောက် များမကြာမီတွင် စတုရန်းပေ ၁၈၀၀၀ ကျယ်ဝန်းသော စံအိမ်ပါ ခြံဝန်းကြီးကို ခေါင်ခိုက်လှသည့် ဈေးနှုန်းတစ်ရပ်ဖြင့် ပြန်လည်အရောင်းဈေးကွက်တင်ခဲ့သည်။
ထိုစဉ်က ခေါ်ဈေးမှာ ယူရို သန်း ၃၅၀ ဖြစ်ပြီး ထိုခေတ်ထိုကာလက ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးစံအိမ်အဖြစ် ရပ်တည်ခဲ့သည်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ အစောပိုင်းတွင်ကား ယူရို သန်း ၂၀၀ ဖြင့် အရောင်းအဝယ်ဖြစ်သွားကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီး ဝယ်လက်မည်သူဖြစ်သည်ကိုမူ မသိခဲ့ရချေ။
ယခုအခါတွင်ကား ဝယ်ယူသွားသူမှာ ယူကရိန်း ဘီလျံနာဖြစ်ကြောင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဖော့ဘ်မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ အသက် ၅၃ နှစ်အရွယ်ရှိ မစ္စတာ အာ့မက်တစ်သည် ယူကရိန်းတွင် အချမ်းသာဆုံးဖြစ်ပြီး ကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံခန့် ကြွယ်ဝကြောင်း ခန့်မှန်းထားသည်။
သူ၏ ကုမ္ပဏီ SCM Holdings Limited သည် သတ္တုတွင်း၊ ဘဏ်၊ တယ်လီဖုန်းဆက်သွယ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service