ေနအိမ္နံရံကို တူးေဖာ္ရာမွ ကမၻာ့အၾကီးမားဆံုး ေရွးေဟာင္းဥမင္လိႈဏ္ေခါင္းကြန္ရက္ၾကီးေတြ႔ရွိခဲ့မႈ

ေနအိမ္နံရံကို တူးေဖာ္ရာမွ ကမၻာ့အၾကီးမားဆံုး ေရွးေဟာင္းဥမင္လိႈဏ္ေခါင္းကြန္ရက္ၾကီးေတြ႔ရွိခဲ့မႈ - Property News in Myanmar from iMyanmarHouse.com
30 Jan 2020 1:13 pm တွင် တင်ခဲ့သည်
69909 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တူရကီႏိုင္ငံတြင္ ေနထုိင္ေသာ အမ်ဳိးသားတစ္ဦးသည္ ၎၏ ေနအိမ္နံရံေနာက္တြင္ ကမၻာ့အၾကီးမားဆံုး ေရွးေဟာင္းဥမင္လိႈဏ္ေခါင္း ကြန္ရက္ၾကီးေတြ႔ရွိခဲ့၏။

ေနအိမ္နံရံ၏ေနာက္တြင္ ေပ်ာက္ဆံုးေနေသာ ကမၻာၾကီးတစ္ခုကို ေတြ႔ရွိလိုက္သည္မွာ မယံုၾကည္ႏိုင္ဖြယ္ ရွာေဖြေတြ႔ရွိမႈတစ္ရပ္ပင္ ျဖစ္သည္။

တူရကီတြင္ အခ်ဳိ႕လူမ်ားသည္ ေတာင္နံရံမ်ားကို ဂူအျဖစ္ ထြင္းေဖာက္ကာ လူေနအိမ္အျဖစ္ ေနထိုင္ၾကသည္။

၁၉၆၃ ခုႏွစ္တြင္ တူရကီ၌ ေတာင္ေျခဂူတစ္ခုတြင္ ေနထိုင္ေသာ အမ်ဳိးသားတစ္ဦးသည္ သူ၏ ေနအိမ္ကို ခ်ဲ႕ထြင္ရန္အတြက္ ဂူနံရံကို ဆက္လက္တူးေဖာ္ခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ တူးေဖာ္ရာတြင္ နံရံေနာက္၌ အျခားေသာကမၻာတစ္ခုရွိေနသည္ကို အံ့အားသင့္ဖြယ္ ေတြ႔ရွိလိုက္ရသည္။

ေတြ႔ရွိလိုက္ရေသာ ေျမေအာက္ဥမင္ကြန္ရက္ၾကီး၏ စုစုေပါင္းအက်ယ္အဝန္းမွာ စတုရန္းေပ ၃ သိန္းေက်ာ္ ရွိသည္ဟု ဆိုသည္။

ယခုအခါ အဆိုပါေနရာကို ကမၻာ့အၾကီးမားဆံုး ေျမေအာက္ဥမင္ကြန္ရက္မ်ားတြင္ တစ္ခုအပါအဝင္အျဖစ္ သတ္မွတ္ျခင္းခံရသည္။

တူရကီႏိုင္ငံ၏ အလယ္ဗဟို ကာပါဒိုးစီးယားအရပ္၊ ဒီရင္ကူယူျမိဳ႕တြင္ တည္ရွိျခင္း ျဖစ္သည္။

ကာပါဒိုးစီးယားသည္ ယခင္ကတည္းကပင္ ေျမေအာက္ဥမင္မ်ားျဖင့္ နာမည္ေက်ာ္သည့္ ေဒသျဖစ္သည္။

ယင္းအရပ္တြင္ လူအမ်ားသိျပီးျဖစ္သည့္ ေျမေအာက္ေက်းရြာေပါင္း ၂၀၀ ေက်ာ္ ရွိျပီး ျဖစ္သည္။

အဆိုပါ ေျမေအာက္လိႈဏ္ေခါင္းမ်ားအနက္ ၄၀ ခန္႔မွာ အထပ္ ၃ ထပ္မွ ၄ ထပ္အထိရွိၾကသည္။

ေကမာကလီႏွင့္ ဒီရင္ကူယူ ဥမင္ျမိဳ႕ေတာ္မ်ားမွာမူ ၈ ထပ္ႏွင့္ ၁၈ ထပ္အသီးသီးရွိၾကသည္ဟု ဆိုသည္။

အဆိုပါဂူမ်ားသည္ ခရစ္ေတာ္မေပၚမီ ၇ ရာစုႏွင့္ ၈ ရာစုမ်ားတြင္ ေအဂ်ီယန္ႏွင့္ တူရကီႏိုင္ငံေနရာမ်ားသို႔ က်ဴးေက်ာ္ခဲ့ၾကသည့္ ဖရီဂ်ီယန္တို႔က စတင္ခဲ့ျခင္းျဖစ္ေၾကာင္း ေရွးေဟာင္းသုေတသနပညာရွင္ အမ်ားစုက ယူဆၾကသည္။

လိႈဏ္ဂူမ်ားအတြင္း ေနရျခင္းတြင္ အားသာခ်က္မ်ားရွိသည္။ ေလဒဏ္၊ မိုးဒဏ္၊ ႏွင္းဒဏ္တို႔မွ အကာအကြယ္ေပးသည့္အျပင္ ပူျပင္းလွေသာ ေျမထဲပင္လယ္ေဒသ၏ ေနအပူဒဏ္မွလည္း အကာအကြယ္ေပးႏိုင္၏။

အျခားေသာ အားသာခ်က္တစ္ခုမွာ လိႈဏ္ဂူကြန္ရက္အတြင္းတြင္ပင္ ေရရရွိေနျခင္းျဖစ္သည္။

ေရွးအခါက လူမ်ဳိးစုမ်ား၊ တိုင္းႏိုင္ငံမ်ားအၾကား စစ္ဆင္ႏႊဲၾကရာတြင္ ရန္သူကို ေအာင္ႏိုင္ေရးအတြက္ ေရႏွင့္ ရိကၡာေထာက္ပံ့ေရးကို ျဖတ္ေတာက္ေလ့ရွိၾကသည္။

သို႔ရာတြင္ ယခုလိႈဏ္ဂူတြင္ ေနထိုင္သူတို႔မွာမူ ေရအရင္းအျမစ္ေပၚတြင္ ေနထုိင္လ်က္ရွိျပီး အလိုရွိသေလာက္ေရကို ရရွိေနႏိုင္မည္ ျဖစ္သည္။

လိႈဏ္ဂူထဲအထိ အင္အားအလံုးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ရန္လည္း မလြယ္ေခ်။

ဥမင္မ်ားႏွင့္ ေလွကားေနရာမ်ားမွာ လူတစ္ဦးစာ သြားလာႏိုင္သည့္ အက်ယ္အဝန္းသာရွိရာ ရန္သူစစ္သည္ေတာ္မ်ားအေနျဖင့္ တစ္ဦးစီသာ ဝင္ေရာက္တိုက္ခိုက္ႏိုင္မည္ ျဖစ္သည္။

လိႈဏ္ဂူတြင္းရွိ ခန္းမမ်ား၊ ေလွကားမ်ားႏွင့္ လူေန ေနရာမ်ားတြင္ ဆီမီးတိုင္မ်ား ထြန္းညွိထားေလ့ရွိသည္။

အကယ္၍ စစ္ပြဲတြင္ အေရးနိမ့္ပါကလည္း ဆုတ္ခြာလာေသာ စစ္သည္မ်ားႏွင့္ မိသားစုမ်ားက အဆိုပါ မီးတိုင္မ်ားကို ျငိမ္းသတ္ျခင္းအားျဖင့္ ရန္သူတို႔ကုိ လမ္းေပ်ာက္ေစကာ ေျခာက္ျခားေတြေဝေစမည္ ျဖစ္သည္။

လိႈဏ္ဂူအတြင္းတြင္ ေနထိုင္ၾကသူတို႔ကသာ အႏၱရာယ္ရွိသည့္ လိႈဏ္ဂူလမ္းမ်ားကို သိရွိၾကသည္ျဖစ္သည္။

ၾကီးမားေသာ ေက်ာက္တံုးၾကီးမ်ားကိုလည္း ဥမင္လမ္းမ်ားသို႔ လွိမ့္ယူပိတ္ဆို႔ထားႏိုင္ေအာင္ စီစဥ္ထားရာ ရန္သူတို႔ ဆက္လက္မထိုးေဖာက္ႏိုင္ေစရန္ အကာအကြယ္ေပးႏိုင္မည္ ျဖစ္သည္။

၁၀ ရာစုအတြင္း ေအာ္တိုမင္ အင္ပါယာေခတ္၊ တူရကီတို႔၏ က်ဴးေက်ာ္တိုက္ခိုက္မႈမ်ား ေပၚေပါက္စဥ္ကာလအတြင္း ယခုလိႈဏ္ဂူမ်ားကို ေဘးအႏၱရာယ္မွ ခိုလံႈရန္ႏွင့္ ရန္သူကို ခုခံရန္ အသံုးျပဳခဲ့ၾကသည္။

ယေန႔ကာလတြင္ကား အဆိုပါ ေျမေအာက္ျမိဳ႕ေတာ္မ်ားစြာကို တူရကီႏိုင္ငံ၏ အမ်ဳိးသားရတနာမ်ားအျဖစ္ သတ္မွတ္ထားျပီး အမ်ားျပည္သူတို႔ ဝင္ေရာက္ေလ့လာခြင့္ရရန္ ဖြင့္လွစ္ေပးထားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

### Unicode Version ###

တူရကီနိုင်ငံတွင် နေထိုင်သော အမျိုးသားတစ်ဦးသည် ၎င်း၏ နေအိမ်နံရံနောက်တွင် ကမ္ဘာ့အကြီးမားဆုံး ရှေးဟောင်းဥမင်လှိုဏ်ခေါင်း ကွန်ရက်ကြီးတွေ့ရှိခဲ့၏။

နေအိမ်နံရံ၏နောက်တွင် ပျောက်ဆုံးနေသော ကမ္ဘာကြီးတစ်ခုကို တွေ့ရှိလိုက်သည်မှာ မယုံကြည်နိုင်ဖွယ် ရှာဖွေတွေ့ရှိမှုတစ်ရပ်ပင် ဖြစ်သည်။

တူရကီတွင် အချို့လူများသည် တောင်နံရံများကို ဂူအဖြစ် ထွင်းဖောက်ကာ လူနေအိမ်အဖြစ် နေထိုင်ကြသည်။

၁၉၆၃ ခုနှစ်တွင် တူရကီ၌ တောင်ခြေဂူတစ်ခုတွင် နေထိုင်သော အမျိုးသားတစ်ဦးသည် သူ၏ နေအိမ်ကို ချဲ့ထွင်ရန်အတွက် ဂူနံရံကို ဆက်လက်တူးဖော်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တူးဖော်ရာတွင် နံရံနောက်၌ အခြားသောကမ္ဘာတစ်ခုရှိနေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။

တွေ့ရှိလိုက်ရသော မြေအောက်ဥမင်ကွန်ရက်ကြီး၏ စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းပေ ၃ သိန်းကျော် ရှိသည်ဟု ဆိုသည်။

ယခုအခါ အဆိုပါနေရာကို ကမ္ဘာ့အကြီးမားဆုံး မြေအောက်ဥမင်ကွန်ရက်များတွင် တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခြင်းခံရသည်။

တူရကီနိုင်ငံ၏ အလယ်ဗဟို ကာပါဒိုးစီးယားအရပ်၊ ဒီရင်ကူယူမြို့တွင် တည်ရှိခြင်း ဖြစ်သည်။

ကာပါဒိုးစီးယားသည် ယခင်ကတည်းကပင် မြေအောက်ဥမင်များဖြင့် နာမည်ကျော်သည့် ဒေသဖြစ်သည်။

ယင်းအရပ်တွင် လူအများသိပြီးဖြစ်သည့် မြေအောက်ကျေးရွာပေါင်း ၂၀၀ ကျော် ရှိပြီး ဖြစ်သည်။

အဆိုပါ မြေအောက်လှိုဏ်ခေါင်းများအနက် ၄၀ ခန့်မှာ အထပ် ၃ ထပ်မှ ၄ ထပ်အထိရှိကြသည်။

ကေမာကလီနှင့် ဒီရင်ကူယူ ဥမင်မြို့တော်များမှာမူ ၈ ထပ်နှင့် ၁၈ ထပ်အသီးသီးရှိကြသည်ဟု ဆိုသည်။

အဆိုပါဂူများသည် ခရစ်တော်မပေါ်မီ ၇ ရာစုနှင့် ၈ ရာစုများတွင် အေဂျီယန်နှင့် တူရကီနိုင်ငံနေရာများသို့ ကျူးကျော်ခဲ့ကြသည့် ဖရီဂျီယန်တို့က စတင်ခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနပညာရှင် အများစုက ယူဆကြသည်။

လှိုဏ်ဂူများအတွင်း နေရခြင်းတွင် အားသာချက်များရှိသည်။ လေဒဏ်၊ မိုးဒဏ်၊ နှင်းဒဏ်တို့မှ အကာအကွယ်ပေးသည့်အပြင် ပူပြင်းလှသော မြေထဲပင်လယ်ဒေသ၏ နေအပူဒဏ်မှလည်း အကာအကွယ်ပေးနိုင်၏။

အခြားသော အားသာချက်တစ်ခုမှာ လှိုဏ်ဂူကွန်ရက်အတွင်းတွင်ပင် ရေရရှိနေခြင်းဖြစ်သည်။

ရှေးအခါက လူမျိုးစုများ၊ တိုင်းနိုင်ငံများအကြား စစ်ဆင်နွှဲကြရာတွင် ရန်သူကို အောင်နိုင်ရေးအတွက် ရေနှင့် ရိက္ခာထောက်ပံ့ရေးကို ဖြတ်တောက်လေ့ရှိကြသည်။

သို့ရာတွင် ယခုလှိုဏ်ဂူတွင် နေထိုင်သူတို့မှာမူ ရေအရင်းအမြစ်ပေါ်တွင် နေထိုင်လျက်ရှိပြီး အလိုရှိသလောက်ရေကို ရရှိနေနိုင်မည် ဖြစ်သည်။

လှိုဏ်ဂူထဲအထိ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ရန်လည်း မလွယ်ချေ။

ဥမင်များနှင့် လှေကားနေရာများမှာ လူတစ်ဦးစာ သွားလာနိုင်သည့် အကျယ်အဝန်းသာရှိရာ ရန်သူစစ်သည်တော်များအနေဖြင့် တစ်ဦးစီသာ ဝင်ရောက်တိုက်ခိုက်နိုင်မည် ဖြစ်သည်။

လှိုဏ်ဂူတွင်းရှိ ခန်းမများ၊ လှေကားများနှင့် လူနေ နေရာများတွင် ဆီမီးတိုင်များ ထွန်းညှိထားလေ့ရှိသည်။

အကယ်၍ စစ်ပွဲတွင် အရေးနိမ့်ပါကလည်း ဆုတ်ခွာလာသော စစ်သည်များနှင့် မိသားစုများက အဆိုပါ မီးတိုင်များကို ငြိမ်းသတ်ခြင်းအားဖြင့် ရန်သူတို့ကို လမ်းပျောက်စေကာ ခြောက်ခြားတွေဝေစေမည် ဖြစ်သည်။

လှိုဏ်ဂူအတွင်းတွင် နေထိုင်ကြသူတို့ကသာ အန္တရာယ်ရှိသည့် လှိုဏ်ဂူလမ်းများကို သိရှိကြသည်ဖြစ်သည်။

ကြီးမားသော ကျောက်တုံးကြီးများကိုလည်း ဥမင်လမ်းများသို့ လှိမ့်ယူပိတ်ဆို့ထားနိုင်အောင် စီစဉ်ထားရာ ရန်သူတို့ ဆက်လက်မထိုးဖောက်နိုင်စေရန် အကာအကွယ်ပေးနိုင်မည် ဖြစ်သည်။

၁၀ ရာစုအတွင်း အော်တိုမင် အင်ပါယာခေတ်၊ တူရကီတို့၏ ကျူးကျော်တိုက်ခိုက်မှုများ ပေါ်ပေါက်စဉ်ကာလအတွင်း ယခုလှိုဏ်ဂူများကို ဘေးအန္တရာယ်မှ ခိုလှုံရန်နှင့် ရန်သူကို ခုခံရန် အသုံးပြုခဲ့ကြသည်။

ယနေ့ကာလတွင်ကား အဆိုပါ မြေအောက်မြို့တော်များစွာကို တူရကီနိုင်ငံ၏ အမျိုးသားရတနာများအဖြစ် သတ်မှတ်ထားပြီး အများပြည်သူတို့ ဝင်ရောက်လေ့လာခွင့်ရရန် ဖွင့်လှစ်ပေးထားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service