ဝူဟန္ျမိဳ႕တြင္ ကိုရိုနာဗိုင္းရပ္စ္ကုသေပးရန္ ေဆးရံုသစ္တစ္ခုကို ယြမ္ေငြ သန္း ၃၀၀ သံုးစြဲကာ ရက္သတၱပတ္အတြင္း အျပီးေဆာက္လုပ္မည္ဟူသည္မွာ ျဖစ္ႏိုင္ပါမည္လား

ဝူဟန္ျမိဳ႕တြင္ ကိုရိုနာဗိုင္းရပ္စ္ကုသေပးရန္ ေဆးရံုသစ္တစ္ခုကို ယြမ္ေငြ သန္း ၃၀၀ သံုးစြဲကာ ရက္သတၱပတ္အတြင္း အျပီးေဆာက္လုပ္မည္ဟူသည္မွာ ျဖစ္ႏိုင္ပါမည္လား - Property News in Myanmar from iMyanmarHouse.com
30 Jan 2020 11:27 am တွင် တင်ခဲ့သည်
991 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တရုတ္အမ်ဳိးသား ဖြံ႔ျဖိဳးေရးႏွင့္ ျပဳျပင္ေျပာင္းလဲေရး ေကာ္မရွင္ (NDRC) သည္ ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရသည့္ လူနာမ်ားကို ကုသမႈေပးရန္ ဝူဟန္ျမိဳ႕တြင္ ေဆးရံုေဆာက္လုပ္ေရးအတြက္ ယြမ္ေငြ သန္း ၃၀၀ (ကန္ေဒၚလာ ၄၃ ဒသမ ၅ သန္း) အသံုးျပဳသြားရန္ စီစဥ္လ်က္ရွိသည္။

ရက္သတၱပတ္အတြင္း ေဆးရံုသစ္တစ္ခု အျပီးသတ္ ေဆာက္လုပ္ႏိုင္မည္ဟူသည္မွာ ျဖစ္ႏိုင္ပါမည္ေလာဟူသည့္ ေမးခြန္းေပၚေပါက္လာသည္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ လူေသဆံုးမႈမ်ား ျမင့္တက္လာေနျပီး ရုပ္သံဖိုင္မ်ားတြင္ ေတြ႔ရွိရခ်က္မ်ားအရ လူနာမ်ားသည္ ေဆးရံုစၾကၤန္မ်ားတြင္ လဲေလ်ာင္းေနရသည္။

ရက္အနည္းငယ္မွ်ျဖင့္ ၾကီးမားလွေသာ ေဆးရံုၾကီးတစ္ခု ေဆာက္လုပ္ႏိုင္ပါမည္လားဟူသည္ကား စိတ္ဝင္စားဖြယ္ပင္။

သတင္းထုတ္ျပန္ခ်က္မ်ားအရ ေဆာက္လုပ္မည့္ေဆးရံုမွာ ကုတင္ ၁၃၀၀ ဆန္႔ေဆးရံုျဖစ္သည္ဟု သိရျပီး ႏိုင္ငံပိုင္မီဒီယာတို႔၏ ထုတ္ျပန္ခ်က္တြင္ လုပ္ငန္းစတင္ေနသည့္ ပံုရိပ္မ်ားေတြ႔ရသည္။ ေဆးရံုေဆာက္မည့္ ေျမေနရာတြင္ စက္ယႏၱရားၾကီးမ်ားစြာ တူးေဖာ္ေနပံုကိုလည္း ေတြ႔ရသည္။

သတင္းမ်ားအရ ေဆးရံုကို ကူးစက္ေရာဂါကာကြယ္ကုသေရးေနရာအျဖစ္ အသံုးျပဳမည္ျဖစ္ျပီး ကိုရိုနာဗိုင္းရပ္စ္ေဝဒနာရွင္မ်ားကို ကုသရန္အတြက္သာ အသံုးျပဳသြားမည္ဟု ဆိုသည္။

ေပက်င္းျမိဳ႕ေတာ္တြင္ရွိေသာ ဆားစ္ေရာဂါကုသေရးေဆးရံု (Xiaotangshan SARS) ကို နမူနာယူကာ ေဆာက္လုပ္သြားမည္ဟု ဝူဟန္အာဏာပိုင္တို႔က ေျပာၾကားသည္။

ေပက်င္းရွိ ဆားစ္ေရာဂါကုသေရးေဆးရံုကို ၂၀၀၃ ခုႏွစ္အတြင္း ဆားစ္ေရာဂါပ်ံ႕ႏွံ႔စဥ္က ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

အဆုိပါေဆးရံုတြင္ လူနာတစ္ဦးခ်င္းအတြက္ သီးသန္႔ အခန္းငယ္ကေလးမ်ားျဖင့္ ဖြဲ႔စည္းေပးထားသည္။

ႏိုင္ငံျခား ဆက္ဆံေရးေကာင္စီ၏ ကမၻာလံုးဆိုင္ရာ က်န္းမာေရးဌာနမွ အဆင့္ျမင့္အဖြဲ႔ဝင္တစ္ဦးျဖစ္သူ ယန္ရႈန္းဟြမ္က ဘီဘီစီသို႔ ေျပာၾကားရာတြင္ တရုတ္ျပည္သည္ ေဆးရံုကို ၆ ရက္အတြင္း အျပီးေဆာက္ႏိုင္မည္ကို ယံုၾကည္ေၾကာင္း ေျပာၾကားသည္။ “တရုတ္ျပည္ဟာ ဒီလိုမ်ဳိး အထင္ကရစီမံကိန္းေတြကို အျမန္ေဆာက္လုပ္ႏိုင္တဲ့ မွတ္တမ္းေတြ ရွိပါတယ္”ဟု ယန္ရႈန္းဟြမ္က ဆိုသည္။

၂၀၁၅ ခုႏွစ္အတြင္း တရုတ္အလုပ္သမားမ်ားသည္ ၅၇ ထပ္ျမင့္မားေသာ မိုးေမွ်ာ္တိုက္ၾကီးကို ၁၉ ရက္အတြင္း အျပီးေဆာက္လုပ္ခဲ့ျပီး ၂၀၁၈ ခုႏွစ္အတြင္းကလည္း အလုပ္သမား ၁၅၀၀ က တရုတ္ျပည္အေရွ႕ေတာင္ပိုင္းတြင္ ဘူတာရံုသစ္တစ္ခုကို ၉ နာရီအတြင္း အျပီးေဆာက္လုပ္ခဲ့ဖူးသည္။

ေဆးရံုေဆာက္လုပ္ေရးစီမံကိန္းမွ အင္ဂ်င္နီယာတစ္ဦးျဖစ္သူ ဝူခ်ဳိင္က်န္းက ေအပီသတင္းဌာနသို႔ ေျပာၾကားရာတြင္ ၎အေနျဖင့္ တစ္ရက္လွ်င္ ၅ နာရီသာ နားခ်ိန္ယူေၾကာင္း ေျပာၾကားသည္။

“ဝူဟန္ေဒသခံတစ္ဦးအေနနဲ႔ေရာ ေဆာက္လုပ္ေရးဝန္ထမ္းတစ္ဦးအေနနဲ႔ပါ ေျပာရရင္ ကၽြန္ေတာ္စြမ္းႏိုင္သမွ် အစြမ္းကုန္ လုပ္ေဆာင္ေပးဖို႔ တာဝန္ရွိပါတယ္” ဟု ဝူခ်ဳိင္က်န္းက ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

### Unicode Version ### 

တရုတ်အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) သည် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသည့် လူနာများကို ကုသမှု ပေးရန် ဝူဟန်မြို့တွင် ဆေးရုံဆောက်လုပ်ရေးအတွက် ယွမ်ငွေ သန်း ၃၀၀ (ကန်ဒေါ်လာ ၄၃ ဒသမ ၅ သန်း) အသုံးပြုသွားရန် စီစဉ်လျက်ရှိသည်။

ရက်သတ္တပတ်အတွင်း ဆေးရုံသစ်တစ်ခု အပြီးသတ် ဆောက်လုပ်နိုင်မည်ဟူသည်မှာ ဖြစ်နိုင်ပါမည်လောဟူသည့် မေးခွန်းပေါ်ပေါက်လာသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုများ မြင့်တက်လာနေပြီး ရုပ်သံဖိုင်များတွင် တွေ့ရှိရချက်များအရ လူနာများသည် ဆေးရုံစင်္ကြန်များတွင် လဲလျောင်းနေရသည်။

ရက်အနည်းငယ်မျှဖြင့် ကြီးမားလှသော ဆေးရုံကြီးတစ်ခု ဆောက်လုပ်နိုင်ပါမည်လားဟူသည်ကား စိတ်ဝင်စားဖွယ်ပင်။

သတင်းထုတ်ပြန်ချက်များအရ ဆောက်လုပ်မည့်ဆေးရုံမှာ ကုတင် ၁၃၀၀ ဆန့်ဆေးရုံဖြစ်သည်ဟု သိရပြီး နိုင်ငံပိုင်မီဒီယာတို့၏ ထုတ်ပြန်ချက်တွင် လုပ်ငန်းစတင်နေသည့် ပုံရိပ်များတွေ့ရသည်။ ဆေးရုံဆောက်မည့် မြေနေရာတွင် စက်ယန္တရားကြီးများစွာ တူးဖော်နေပုံကိုလည်း တွေ့ရသည်။

သတင်းများအရ ဆေးရုံကို ကူးစက်ရောဂါကာကွယ်ကုသရေးနေရာအဖြစ် အသုံးပြုမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ဝေဒနာရှင်များကို ကုသရန်အတွက်သာ အသုံးပြုသွားမည်ဟု ဆိုသည်။

ပေကျင်းမြို့တော်တွင်ရှိသော ဆားစ်ရောဂါကုသရေးဆေးရုံ (Xiaotangshan SARS) ကို နမူနာယူကာ ဆောက်လုပ်သွားမည်ဟု ဝူဟန်အာဏာပိုင်တို့က ပြောကြားသည်။

ပေကျင်းရှိ ဆားစ်ရောဂါကုသရေးဆေးရုံကို ၂၀၀၃ ခုနှစ်အတွင်း ဆားစ်ရောဂါပျံ့နှံ့စဉ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဆေးရုံတွင် လူနာတစ်ဦးချင်းအတွက် သီးသန့် အခန်းငယ်ကလေးများဖြင့် ဖွဲ့စည်းပေးထားသည်။

နိုင်ငံခြား ဆက်ဆံရေးကောင်စီ၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဌာနမှ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ယန်ရှုန်းဟွမ်က ဘီဘီစီသို့ ပြောကြားရာတွင် တရုတ်ပြည်သည် ဆေးရုံကို ၆ ရက်အတွင်း အပြီးဆောက်နိုင်မည်ကို ယုံကြည်ကြောင်း ပြောကြားသည်။ “တရုတ်ပြည်ဟာ ဒီလိုမျိုး အထင်ကရစီမံကိန်းတွေကို အမြန်ဆောက်လုပ်နိုင်တဲ့ မှတ်တမ်းတွေ ရှိပါတယ်”ဟု ယန်ရှုန်းဟွမ်က ဆိုသည်။

၂၀၁၅ ခုနှစ်အတွင်း တရုတ်အလုပ်သမားများသည် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း အပြီးဆောက်လုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်းကလည်း အလုပ်သမား ၁၅၀၀ က တရုတ်ပြည်အရှေ့တောင်ပိုင်းတွင် ဘူတာရုံသစ်တစ်ခုကို ၉ နာရီအတွင်း အပြီးဆောက်လုပ်ခဲ့ဖူးသည်။

ဆေးရုံဆောက်လုပ်ရေးစီမံကိန်းမှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဝူချိုင်ကျန်းက အေပီသတင်းဌာနသို့ ပြောကြားရာတွင် ၎င်းအနေဖြင့် တစ်ရက်လျှင် ၅ နာရီသာ နားချိန်ယူကြောင်း ပြောကြားသည်။

“ဝူဟန်ဒေသခံတစ်ဦးအနေနဲ့ရော ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦးအနေနဲ့ပါ ပြောရရင် ကျွန်တော်စွမ်းနိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ပေးဖို့ တာဝန်ရှိပါတယ်” ဟု ဝူချိုင်ကျန်းက ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service