အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ စံအိမ်နှင့် ပတ်သက်သည့် သိမှတ်ဖွယ် ၇ ချက်
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ စံအိမ်နှင့် ပတ်သက်သည့် သိမှတ်ဖွယ် ၇ ချက် - Property News in Myanmar from iMyanmarHouse.com
30 Jan 2020 11:18 am တွင် တင်ခဲ့သည်
12584 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
အိန္ဒိယနိုင်ငံ၏ ၁၅ ဆက်မြောက် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ စံအိမ်မှာ နယူးဒေလီမြို့၊ မြင်းပြိုင်ကွင်းလမ်း၊ အမှတ် ၇ တွင် တည်ရှိပြီး 7 RCR ဟုလည်း လူသိများသည်။
ယခင်ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန် ဆင်း ကဲ့သို့ပင် နာရန်ဒရာ မိုဒီက ယခုစံအိမ်ကို ကြီးမားသည့် အပြောင်းအလဲများ မပြုလုပ်ခဲ့ချေ။
သို့ရာတွင် ယခင်ဝန်ကြီးချုပ်များနှင့် မတူညီသည့်အချက်မှာ ယခင်ဝန်ကြီးချုပ်များသည် မြင်းပြိုင်ကွင်းလမ်း၊ ဘန်ဂလိုအမှတ် ၇ စံအိမ်တွင်သာ နေထိုင်လေ့ရှိကြပြီး မိုဒီကမူ အမှတ် ၅ ဘန်ဂလိုတွင်သာ နေထိုင်ရန် ရွေးချယ်ခဲ့ရာ ဝန်ကြီးချုပ်၏ နေအိမ်လိပ်စာမှာ 5 RCR ဖြစ်သည်။
ဝန်ကြီးချုပ်နေအိမ်နှင့် စပ်လျဉ်းသည့် သိမှတ်ဖွယ် ၇ ချက်
၁။ မြင်းပြိုင်ကွင်းလမ်း၊ အမှတ် ၇ စံအိမ် (7 RCR ) တွင် ပထမဆုံး နေထိုင်ခဲ့သည့် ဝန်ကြီးချုပ်မှာ ရာဂျစ်ဂန္ဒီဖြစ်ပြီး ၁၉၈၄ ခုနှစ်တွင် မိသားစုနှင့်အတူ နေထိုင်ခဲ့သည်။
ဝန်ကြီးချုပ်စံအိမ်ကို တရားဝင်ခေါ်ဆိုသည့်အမည်မှာ ပန်ချာဗာတီဖြစ်သည်။ နယူးဒေလီမြို့၊ မြင်းပြိုင်ကွင်းလမ်း၊ အမှတ် ၇ စံအိမ်ကို ၁၉၈၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
၂။ အမှတ် ၇ မြင်းပြိုင်ကွင်းလမ်း၊ ဝန်ကြီးချုပ်စံအိမ်ဝန်းအတွင်းရှိ ဘန်ဂလိုများကို ပထမဆုံး ဒီဇိုင်းရေးဆွဲပေးခဲ့သူမှာ ရောဘတ် တော ရပ်ဆယ်ဖြစ်သည်။ ရပ်ဆယ်သည် ၁၉၂၀ နှင့် ၁၉၃၀ ပြည့်လွန်ကာလများအတွင်း နယူးဒေလီမြို့ကြီးတွင် ဒီဇိုင်းရေးဆွဲပေးမှုများ ပြုလုပ်နေခဲ့သည်။ ၃။ 7 RCR စံအိမ်သည် ဝန်ကြီးချုပ် တရားဝင်စံအိမ်အဖြစ် သတ်မှတ်လိုက်သည်မှာ ဗွီ-ပီ ဆင်း၏ လက်ထက်တွင် ဖြစ်သည်။
ဗွီ-ပီ ဆင်းက အဆိုပါနေရာကို ဝန်ကြီးချုပ်စံအိမ်အဖြစ် အပြီးသတ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
၄။ 7 RCR စံအိမ်ဝန်းတွင် ဘန်ဂလို ၅ ခု ပါဝင်ပြီး ၁ ၊ ၃ ၊ ၅ ၊ ၇ နှင့် ၉ ဟု အမည်ပေးထားသည်။ လက်ရှိအားဖြင့် အမှတ် ၅ စံအိမ်မှာ ဝန်ကြီးချုပ်၏ သီးသန့်စံအိမ်ဖြစ်သည်။ အမှတ် ၉ စံအိမ်တွင် အထူးကာကွယ်ရေးအဖွဲ့ (SPG) က နေရာယူထားပြီး ဘန်ဂလို အမှတ် ၃ မှာ ဝန်ကြီးချုပ်၏ ဧည့်သည်တော်များ တည်းခိုရန် ဧည့်ဂေဟာအိမ်တော်အဖြစ် သတ်မှတ်ထားသည်။
၅။ ဝန်ကြီးချုပ် စံအိမ်ဝန်း၏ အကျယ်အဝန်းမှာ ၁၂ ဧကကျော် ရှိသည်။
အင်္ဂလန်ဝန်ကြီးချုပ်တို့၏ စံအိမ်ဖြစ်သော လန်ဒန်မြို့၊ ဒေါင်းနင်းလမ်း၊ အမှတ် ၁၀ နှင့် မတူသည့်အချက်မှာ ဝန်ကြီးချုပ်၏ ရုံးခန်း မပါဝင်သည့်အချက်ဖြစ်သည်။ သို့ရာတွင် တရားဝင်မဟုတ်သော အစည်းအဝေးများအတွက် ကွန်ဖရင့်ခန်းမတစ်ခုကား ပါဝင်သည်။ မိုဒီက ဘန်ဂလို အမှတ် ၇ ကို ရုံးအဖြစ် အသုံးပြုပြီး နေထိုင်သည်မှာ အမှတ် ၅ ဘန်ဂလိုတွင် ဖြစ်သည်။
၆။ မိုဒီသည် ဝန်ကြီးချုပ်စံအိမ်တွင် မိသားစုမပါဘဲ နေထိုင်သည့် ပထမဆုံးဝန်ကြီးချုပ် ဖြစ်သည်။
သို့ရာတွင် ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် သူ၏ စားတော်ကဲ “ဘာဒီ”မှာမူ ဝန်ကြီးချုပ်စံအိမ်တွင် အတူလိုက်ပါနေထိုင်လျက်ရှိသည်။
၇။ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီသည် လေကြောင်းခရီးများ သွားလာရန်ရှိပါက ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်လွှဲနိုင်ရန်အတွက် 7 RCR စံအိမ်တော်နှင့် Safardajung လေဆိပ်အကြား ဆက်သွယ်ထားသည့် ဥမင်လမ်းမှတဆင့် သွားလာလေ့ရှိသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mingalar Market
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service