ဒလမြို့သစ် Master Plan တွင် အံ့ကြီးအနောက်ရပ်ကွက်အား မြို့ကွက်အဆင့်မြှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအားလုံးပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးပြော

ဒလမြို့သစ် Master Plan တွင် အံ့ကြီးအနောက်ရပ်ကွက်အား မြို့ကွက်အဆင့်မြှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအားလုံးပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
28 Jan 2020 12:12 pm တွင် တင်ခဲ့သည်
1414 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###











 

 ### Unicode Version ###

 

ဒလမြို့သစ် Master Plan တွင် အံ့ကြီးအနောက်ရပ်ကွက်အား မြို့ကွက်အဆင့်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အားလုံးပူးပေါင်းညှိနှိုင်းဆောင် ရွက်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့၌ ပြောကြားသည်။

ဒလ မဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေး၏ ဒလမြို့နယ် အံ့ကြီးအနောက်ရပ်ကွက်၊ (၆) ရပ်ကွက်၊ ၁၁/၁၄ ရပ်ကွက်များအား မြို့ကွက်အဆင့် မြှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး Plan ရေးဆွဲနိုင်ရန်နှင့် ပြန်လည်နေရာချထားရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ မည်သည့်အချိန်တွင် မူဝါဒဆိုင်ရာ အတည်ပြုချက်များ ရယူခြင်းကိစ္စ ဆောင်ရွက်မည်ကိုသိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက ဒလမြို့သစ် Master Plan တွင် အံ့ကြီး အနောက် ရပ်ကွက်၊ (၆) ရပ်ကွက်နှင့် (၁၁/၁၄) ရပ်ကွက်များအား မြို့ကွက်အဆင့်မြှင့်တင် အကောင်အထည်ဖော်ဆောင်ရန် ရပ် ကွက်သုံးခု၏ မြေပြင်အခြေအနေ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ မြို့ကွက်အဆင့်မြှင့်တင်ရေး စီမံကိန်းပုံစံရေးဆွဲခြင်း၊ရပ် ကွက် သုံးခုနေထိုင်သူများအား Upgrading Plan ရေးဆွဲထားမှုအခြေအနေအပေါ် ညှိနှိုင်းဆွေးနွေးခြင်း၊ အကောင်အထည်ဖော်ဆောင် ရွက်ခြင်းတို့ကို ဦးစီးကော်မတီနှင့် ဆက်စပ်ကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းစဉ်များအတိုင်း စီမံဆောင်ရွက်သွားရန် ၂၀-၁၁-၂၀၁၉ ရက် နေ့တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၄၇/၂၀၁၉) ဆုံးဖြတ်ချက်အရ မူအားဖြင့် သဘောတူထားပြီး ဖြစ်ပါကြောင်း။

ဦးစီးကော်မတီ၊ စာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့နှင့် မြို့ကွက်အဆင့်မြှင့်တင်ရေး စီမံကိန်း ပုံစံရေးဆွဲရေး လုပ်ငန်းအဖွဲ့များ ဦးစွာဖွဲ့စည်း ပြီး မြေပြင်အခြေအနေ၊ အိမ်ထောင်စု၊ အိမ်ခြေ စသည့် အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းနှင့် မြို့ကွက်အဆင့်မြှင့်တင်ရေး စီမံ ကိန်းပုံစံ ရေးဆွဲခြင်းတို့ကို ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် Land Readjustment နည်းလမ်းဖြင့် ဆောင်ရွက်ရာ လမ်းနှင့်မလွတ်ကင်းသည့်အိမ်ခြေများကို ရွှေ့ပြောင်း၍ နေရာအစားပေးခြင်း၊ ရွှေ့ပြောင်းရန် မလိုသည့်အိမ်ခြေများကို မူလနေရာတွင် ပြန်လည်နေရာချထားပေးနိုင်ရေး အတွက်စနစ်တကျ အကွက်ချပုံစံရေးဆွဲ၍ Community Land အနေဖြင့်ဖြစ်စေ၊ ပိုင်ဆိုင်မှုပေးသောဂရန်အမည်ပေါက်ဖြင့်ဖြစ်စေ ပြန်လည်ပေးအပ်ခြင်း၊ အခြားနည်းလမ်းတစ်ခုမှာ အချို့သော နေအိမ်များအားတဲပေါ်မှ တိုက်ပေါ်သို့တင်ခြင်းကဲ့သို့သောနည်းလမ်းများဖြင့် ဆောင်ရွက်ရန်လျာထားလျက်ရှိပါကြောင်း။

ဒလမြို့သစ်ဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကိုရီးယားသမ္မတနိုင်ငံ Land and Housing Cooperation (LH) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒလမြို့သစ်စီမံကိန်း၏ Comprehensive Master Plan ကို မြေအသုံးချမှု၊ အခြေခံအဆောက်အဦဖွံ့ဖြိုးမှုနှင့် ရပ်ကွက်သုံးခုအတွက် အဆင့်မြှင့်တင်ရေး Upgrading အစီအစဉ်များပါဝင်သော Integrated Development ပုံစံဖြစ်စေရန် ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ဒလမြို့သစ် Master Plan သည် အံ့ကြီးအနောက် ရပ်ကွက်၊ (၆)ရပ်ကွက်နှင့် (၁၁/၁၄) ရပ်ကွက်တို့၏ မြို့ကွက်အဆင့်မြှင့်တင်ရေးပုံစံများ နှင့် ချိတ်ဆက်ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေး၊ ပြန်လည်နေရာချထားရေး စသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးတို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအပါအဝင် Stakeholder အားလုံး ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များနှင့် ပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ဒလ မဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေး က ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်၊ (၆) ရပ်ကွက်၊ ၁၁/၁၄ ရပ်ကွက်များအား မြို့ကွက်အဆင့်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး Plan ရေးဆွဲနိုင်ရန်နှင့် ပြန်လည်နေရာချထားရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ မည်သည့်အချိန်တွင် မူဝါဒဆိုင်ရာအတည်ပြုချက်များရယူခြင်းကိစ္စဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ကဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်၊ (၆)ရပ်ကွက်၊ (၁၁/၁၄) ရပ်ကွက်များအား မြို့ကွက်အဆင့်မြှင့်တင် အကောင်အထည်ဖော်ဆောင်ရန်ရပ်ကွက်သုံးခု ၏ မြေပြင်အခြေအနေ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ မြို့ကွက်အဆင့်မြှင့်တင်ရေး စီမံကိန်းပုံစံရေးဆွဲခြင်း၊ ရပ်ကွက်သုံးခုနေထိုင်သူများအား Upgrading Plan ရေးဆွဲထားမှုအခြေအနေအပေါ် ညှိနှိုင်းဆွေးနွေးခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို ဦးစီးကော်မတီနှင့် ဆက်စပ်ကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းစဉ်များအတိုင်း စီမံဆောင်ရွက်သွားရန် ၂၀-၁၁-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၄၇/၂၀၁၉) ဆုံးဖြတ်ချက်အရ မူအားဖြင့် သဘောတူထားပြီး ဖြစ်ပါကြောင်း။ ဦးစီးကော်မတီ၊ စာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့နှင့် မြို့ကွက်အဆင့်မြှင့်တင်ရေး စီမံကိန်း ပုံစံရေးဆွဲရေး လုပ်ငန်းအဖွဲ့များ ဦးစွာဖွဲ့စည်းပြီး မြေပြင်အခြေအနေ၊ အိမ်ထောင်စု၊ အိမ်ခြေ စသည့် အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းနှင့် မြို့ကွက်အဆင့်မြှင့်တင်ရေး စီမံကိန်းပုံစံ ရေးဆွဲခြင်းတို့ကို ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် Land Readjustment နည်းလမ်းဖြင့် ဆောင်ရွက်ရာ လမ်းနှင့်မလွတ်ကင်းသည့်အိမ်ခြေများကို ရွှေ့ပြောင်း၍ နေရာအစားပေးခြင်း၊ ရွှေ့ပြောင်းရန် မလိုသည့်အိမ်ခြေများကို မူလနေရာတွင် ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် စနစ်တကျအကွက်ချပုံစံရေးဆွဲ၍ Community Land အနေဖြင့်ဖြစ်စေ၊ ပိုင်ဆိုင်မှုပေးသော ဂရန်အမည်ပေါက်ဖြင့်ဖြစ်စေ ပြန်လည်ပေးအပ်ခြင်း၊ အခြား နည်းလမ်းတစ်ခုမှာ အချို့သော နေအိမ်များအား တဲပေါ်မှ တိုက်ပေါ်သို့ တင်ခြင်းကဲ့သို့သော နည်းလမ်း များဖြင့် ဆောင်ရွက်ရန် လျာထားလျက်ရှိပါကြောင်း။ဒလမြို့သစ်ဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကိုရီးယားသမ္မတနိုင်ငံ Land and Housing Cooperation (LH) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒလမြို့သစ်စီမံကိန်း၏ Comprehensive Master Plan ကို မြေအသုံးချမှု၊ အခြေခံအဆောက်အဦဖွံ့ဖြိုးမှုနှင့် ရပ်ကွက်သုံးခုအတွက် အဆင့်မြှင့်တင်ရေး Upgrading အစီအစဉ်များပါဝင်သော Integrated Development ပုံစံဖြစ်စေရန် ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ ဒလမြို့သစ် Master Plan သည် အံ့ကြီးအနောက် ရပ်ကွက်၊ (၆)ရပ်ကွက်နှင့် (၁၁/၁၄) ရပ်ကွက်တို့၏ မြို့ကွက်အဆင့်မြှင့်တင်ရေးပုံစံများနှင့် ချိတ်ဆက်ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေး၊ ပြန်လည်နေရာချထားရေး စသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးတို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများအပါအဝင် Stakeholder အားလုံး ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များနှင့်ပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့သည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service