အဂၤလန္တြင္ စုန္းမ်ား ေပါမ်ားခဲ့ေသာ ေက်းရြာကေလး၌ ဇနီးေမာင္ႏွံ ၂ ဦးက ပ်က္စီးယိုယြင္းေနေသာ ယာတဲအေဆာက္အအံုကို ျပန္လည္ျပဳျပင္ျပီး တစ္ႏွစ္လွ်င္ ေပါင္ ၅၀၀၀၀ ျဖင့္ ျပန္လည္အငွားခ်

အဂၤလန္တြင္ စုန္းမ်ား ေပါမ်ားခဲ့ေသာ ေက်းရြာကေလး၌ ဇနီးေမာင္ႏွံ ၂ ဦးက ပ်က္စီးယိုယြင္းေနေသာ ယာတဲအေဆာက္အအံုကို ျပန္လည္ျပဳျပင္ျပီး တစ္ႏွစ္လွ်င္ ေပါင္ ၅၀၀၀၀ ျဖင့္ ျပန္လည္အငွားခ် - Property News in Myanmar from iMyanmarHouse.com
23 Jan 2020 12:17 pm တွင် တင်ခဲ့သည်
1707 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အဂၤလန္ရွိ ဇနီးေမာင္ႏွံက အဂၤလန္အေနာက္ေျမာက္ပိုင္း အေရွ႕လန္ကက္ရႈိင္းယားျပည္နယ္၊ ရို႕ခ်္လီေက်းရြာရွိ ပ်က္စီးယိုယြင္းေနေသာ ယာတဲအေဆာက္အအံုကို ျပန္လည္ျပဳျပင္ျပီး တစ္ႏွစ္လွ်င္ ေပါင္ ၅၀၀၀၀ ျဖင့္ ျပန္လည္အငွားခ်ခဲ့ေၾကာင္း အဂၤလန္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

လက္သမားဆရာတစ္ဦးျဖစ္သူ ဘင္ႏွင့္ ၎၏ဇနီး ဒင္နီယယ္ ကုတ္စ္တို႔က ဘင့္ဖခင္၏ ၆ ဧက က်ယ္ဝန္းေသာ ယာေတာေျမကို ေပါင္ ၂၀၀၀၀၀ ျဖင့္ ဝယ္ယူခဲ့ရာ ပ်က္စီးယိုယြင္းေနေသာ ယာေတာအိမ္ၾကီးတစ္လံုးလည္း ပါဝင္သည္။

အဆိုပါ ယာေတာအိမ္ၾကီးကို ျပန္လည္မြမ္းမံလိုက္ျပီးေနာက္ ယခုအခါ ေပါင္ ၃၅၀၀၀၀ ခန္႔ တန္ေၾကးရွိေနျပီျဖစ္ျပီး အားလပ္ရက္ အပန္းေျဖအိမ္အျဖစ္ ျပန္လည္အငွားခ်ထားလ်က္ရွိရာ ႏွစ္စဥ္ဝင္ေငြ ေပါင္ ၅၀၀၀၀ ခန္႔ ရရွိလ်က္ရွိသည္။ မူလ အေဆာက္အအံုမွ ေက်ာက္တံုးမ်ားကို အသံုးျပဳျပီး အေဆာက္အအံုသစ္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ေနအိမ္တစ္ခုလံုးအတြက္ လိုအပ္ေသာ လွ်ပ္စစ္ဓာတ္ရရွိေစရန္ ဆိုလာျပားမ်ား တပ္ဆင္ေပးထားသည္။

ဘင္သည္ ဖက္ရွင္ စင္မ်ားျပဳလုပ္ရာတြင္ မူလေနအိမ္မွ သစ္ေဟာင္းမ်ားကိုသာ ျပန္လည္အသံုးျပဳခဲ့၏။

ထူးျခားခ်က္တစ္ခုမွာ ေနအိမ္ျပင္ပ ေရပူစိမ္ကန္တစ္ခုပါဝင္ကာ ရင္သပ္ရႈေမာဖြယ္ ေက်းလက္ေဒသျမင္ကြင္းမ်ားကို အတားအဆီးမရွိ ေရစိမ္ရင္း ခံစားႏိုင္မည္ ျဖစ္သည္။

“ကၽြန္မရဲ႕ ခင္ပြန္း ဘင္-က သူ႔အေမဆီကရတဲ့အေမြ ပိုက္ဆံေတြကို အသံုးျပဳျပီး သူ႔အေဖရဲ႕ ၆ ဧကက်ယ္တဲ့ ေျမေနရာကို ဝယ္ခဲ့တာပါ။ ဒီေျမကြက္ေပၚမွာ ႏွစ္ေပါင္းရာခ်ီ သက္တမ္းရွိတဲ့ ယာေတာအေဆာက္အအံုေဟာင္းတစ္လံုးလည္း ပါလာ ပါတယ္” ဟု ကေလး ၂ ေယာက္မိခင္၊ အသက္ ၃၃ ႏွစ္အရြယ္ရွိ မစၥက္ ကုတ္စ္က ေျပာၾကားသည္။

“ကၽြန္မတို႔ဟာ အစတုန္းက အိမ္သစ္တစ္လံုးေဆာက္ဖို႔ ခြင့္ျပဳခ်က္တင္ခဲ့ေပမယ့္ ျငင္းပယ္ခံလိုက္ရပါတယ္။ ဒါေပမယ့္ ျမိဳ႕ေကာင္စီက ခရီးသြားလုပ္ငန္းကို ျမွင့္တင္လိုတာေၾကာင့္ အားလပ္ရက္ အပန္းေျဖယာေတာအိမ္ေလးေဆာက္ဖို႔ေတာ့ ခြင့္ျပဳေပးခဲ့ပါတယ္”

“ကၽြန္မက အႏုပညာဆိုင္ရာ နည္းျပတစ္ဦးပါ။ ဒါမ်ဳိး ေနအိမ္ေဆာက္လုပ္တဲ့ အလုပ္မ်ဳိး တစ္ခါမွ မလုပ္ခဲ့ဖူးပါဘူး”

“ဒီယာေတာအိမ္ကို လက္သမားတစ္ဦးျဖစ္တဲ့ ကၽြန္မခင္ပြန္းကိုယ္တိုင္ ေဆာက္လုပ္ခဲ့တာပါ”

ေနအိမ္၏ လွ်ပ္စစ္အတြက္ ဆိုလာျပားမ်ား တပ္ဆင္ေပးထားျခင္းမွ အသံုးျပဳႏိုင္ကာ ေရပူကန္တစ္ခုသည္သာ ျပင္ပလွ်ပ္စစ္ဓာတ္အား လိုအပ္မည္ ျဖစ္သည္။

“ေျမကြက္အတြက္ ကၽြန္မတို႔ ေပါင္ ၂၀၀၀၀၀ သံုးစြဲခဲ့ရျပီး ယာေတာအိမ္ကို ေဆာက္လုပ္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ ေပါင္ ၃၅၀၀၀၀ ေလာက္ တန္ေၾကးရွိသြားပါျပီ”

“လာမယ့္ ဧျပီလအထိ အငွားစာရင္းေတြရထားပါတယ္။ သမားရိုးက် ေက်းလက္ယာေတာအိမ္မ်ဳိးနဲ႔ ကြဲျပားတဲ့ မြမ္းမံမႈကို ၾကိဳက္ႏွစ္သက္ၾကလို႔ ျဖစ္မယ္လို႔ ကၽြန္မထင္ပါတယ္။ ေရပူစိမ္ကန္ေနရာကလည္း ရင္သပ္ရႈေမာဖြယ္ရာ ရႈခင္းေတြ ပိုင္ဆိုင္ထားပါတယ္”

မစၥက္ကုတ္စ္တို႔ ဇနီးေမာင္ႏွံ၏ ယာေတာအိမ္ကေလးကို cottages.com တြင္ ငွားရမ္းႏိုင္ျပီး ၃ ညတာ တည္းခိုမႈအတြက္ ငွားရမ္းခမွာ ၄၉၅ ေပါင္ ျဖစ္သည္။

ေနအိမ္တည္ရွိရာေနရာသည္ ယခင္က အဂၤလန္တြင္ စုန္းမ်ား ေပါမ်ားသည္ဟု နာမည္ေက်ာ္ခဲ့ေသာေဒသျဖစ္သည္။

အဂၤလန္တြင္ ယခင္က စုန္းမ်ားကို ေသဒဏ္ေပးကာ ရက္ရက္စက္စက္ ကြပ္မ်က္သုတ္သင္ေလ့ရွိခဲ့သည္။

အဲလစ္ နတ္တာအမည္ရွိ မိန္းကေလးတစ္ဦးသည္ အဆိုပါေက်းရြာကေလးရွိ ခ်မ္းသာၾကြယ္ဝေသာ မိသားစုတြင္ ေမြးဖြားခဲ့သူျဖစ္ျပီး စုန္းဟု စြပ္စြဲခံရကာ ၁၆၁၂ ခုႏွစ္၊ ၾသဂုတ္လ ၂၀ ရက္တြင္ ၾကိဳးေပးကြပ္မ်က္ျခင္းခံခဲ့ရသည္။

အဆိုပါ ေက်းရြာကေလးတြင္ အဲလစ္ နတ္တာ၏ ရုပ္တုကို ယေန႔တိုင္ေတြ႔ျမင္ႏိုင္ေသးသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

### Unicode Version ###

အင်္ဂလန်ရှိ ဇနီးမောင်နှံက အင်္ဂလန်အနောက်မြောက်ပိုင်း အရှေ့လန်ကက်ရှိုင်းယားပြည်နယ်၊ ရို့ချ်လီကျေးရွာရှိ ပျက်စီးယိုယွင်းနေသော ယာတဲအဆောက်အအုံကို ပြန်လည်ပြုပြင်ပြီး တစ်နှစ်လျှင် ပေါင် ၅၀၀၀၀ ဖြင့် ပြန်လည်အငှားချခဲ့ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လက်သမားဆရာတစ်ဦးဖြစ်သူ ဘင်နှင့် ၎င်း၏ဇနီး ဒင်နီယယ် ကုတ်စ်တို့က ဘင့်ဖခင်၏ ၆ ဧက ကျယ်ဝန်းသော ယာတောမြေကို ပေါင် ၂၀၀၀၀၀ ဖြင့် ဝယ်ယူခဲ့ရာ ပျက်စီးယိုယွင်းနေသော ယာတောအိမ်ကြီးတစ်လုံးလည်း ပါဝင်သည်။

အဆိုပါ ယာတောအိမ်ကြီးကို ပြန်လည်မွမ်းမံလိုက်ပြီးနောက် ယခုအခါ ပေါင် ၃၅၀၀၀၀ ခန့် တန်ကြေးရှိနေပြီဖြစ်ပြီး အားလပ်ရက် အပန်းဖြေအိမ်အဖြစ် ပြန်လည်အငှားချထားလျက်ရှိရာ နှစ်စဉ်ဝင်ငွေ ပေါင် ၅၀၀၀၀ ခန့် ရရှိလျက်ရှိသည်။ မူလ အဆောက်အအုံမှ ကျောက်တုံးများကို အသုံးပြုပြီး အဆောက်အအုံသစ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

နေအိမ်တစ်ခုလုံးအတွက် လိုအပ်သော လျှပ်စစ်ဓာတ်ရရှိစေရန် ဆိုလာပြားများ တပ်ဆင်ပေးထားသည်။

ဘင်သည် ဖက်ရှင် စင်များပြုလုပ်ရာတွင် မူလနေအိမ်မှ သစ်ဟောင်းများကိုသာ ပြန်လည်အသုံးပြုခဲ့၏။

ထူးခြားချက်တစ်ခုမှာ နေအိမ်ပြင်ပ ရေပူစိမ်ကန်တစ်ခုပါဝင်ကာ ရင်သပ်ရှုမောဖွယ် ကျေးလက်ဒေသမြင်ကွင်းများကို အတားအဆီးမရှိ ရေစိမ်ရင်း ခံစားနိုင်မည် ဖြစ်သည်။

“ကျွန်မရဲ့ ခင်ပွန်း ဘင်-က သူ့အမေဆီကရတဲ့အမွေ ပိုက်ဆံတွေကို အသုံးပြုပြီး သူ့အဖေရဲ့ ၆ ဧကကျယ်တဲ့ မြေနေရာကို ဝယ်ခဲ့တာပါ။ ဒီမြေကွက်ပေါ်မှာ နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ ယာတောအဆောက်အအုံဟောင်းတစ်လုံးလည်း ပါလာ ပါတယ်” ဟု ကလေး ၂ ယောက်မိခင်၊ အသက် ၃၃ နှစ်အရွယ်ရှိ မစ္စက် ကုတ်စ်က ပြောကြားသည်။

“ကျွန်မတို့ဟာ အစတုန်းက အိမ်သစ်တစ်လုံးဆောက်ဖို့ ခွင့်ပြုချက်တင်ခဲ့ပေမယ့် ငြင်းပယ်ခံလိုက်ရပါတယ်။ ဒါပေမယ့် မြို့ကောင်စီက ခရီးသွားလုပ်ငန်းကို မြှင့်တင်လိုတာကြောင့် အားလပ်ရက် အပန်းဖြေယာတောအိမ်လေးဆောက်ဖို့တော့ ခွင့်ပြုပေးခဲ့ပါတယ်”

“ကျွန်မက အနုပညာဆိုင်ရာ နည်းပြတစ်ဦးပါ။ ဒါမျိုး နေအိမ်ဆောက်လုပ်တဲ့ အလုပ်မျိုး တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး”

“ဒီယာတောအိမ်ကို လက်သမားတစ်ဦးဖြစ်တဲ့ ကျွန်မခင်ပွန်းကိုယ်တိုင် ဆောက်လုပ်ခဲ့တာပါ”

နေအိမ်၏ လျှပ်စစ်အတွက် ဆိုလာပြားများ တပ်ဆင်ပေးထားခြင်းမှ အသုံးပြုနိုင်ကာ ရေပူကန်တစ်ခုသည်သာ ပြင်ပလျှပ်စစ်ဓာတ်အား လိုအပ်မည် ဖြစ်သည်။

“မြေကွက်အတွက် ကျွန်မတို့ ပေါင် ၂၀၀၀၀၀ သုံးစွဲခဲ့ရပြီး ယာတောအိမ်ကို ဆောက်လုပ်ခဲ့ပါတယ်။ အခုချိန်မှာတော့ ပေါင် ၃၅၀၀၀၀ လောက် တန်ကြေးရှိသွားပါပြီ”

“လာမယ့် ဧပြီလအထိ အငှားစာရင်းတွေရထားပါတယ်။ သမားရိုးကျ ကျေးလက်ယာတောအိမ်မျိုးနဲ့ ကွဲပြားတဲ့ မွမ်းမံမှုကို ကြိုက်နှစ်သက်ကြလို့ ဖြစ်မယ်လို့ ကျွန်မထင်ပါတယ်။ ရေပူစိမ်ကန်နေရာကလည်း ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းတွေ ပိုင်ဆိုင်ထားပါတယ်”

မစ္စက်ကုတ်စ်တို့ ဇနီးမောင်နှံ၏ ယာတောအိမ်ကလေးကို cottages.com တွင် ငှားရမ်းနိုင်ပြီး ၃ ညတာ တည်းခိုမှုအတွက် ငှားရမ်းခမှာ ၄၉၅ ပေါင် ဖြစ်သည်။

နေအိမ်တည်ရှိရာနေရာသည် ယခင်က အင်္ဂလန်တွင် စုန်းများ ပေါများသည်ဟု နာမည်ကျော်ခဲ့သောဒေသဖြစ်သည်။

အင်္ဂလန်တွင် ယခင်က စုန်းများကို သေဒဏ်ပေးကာ ရက်ရက်စက်စက် ကွပ်မျက်သုတ်သင်လေ့ရှိခဲ့သည်။

အဲလစ် နတ်တာအမည်ရှိ မိန်းကလေးတစ်ဦးသည် အဆိုပါကျေးရွာကလေးရှိ ချမ်းသာကြွယ်ဝသော မိသားစုတွင် မွေးဖွားခဲ့သူဖြစ်ပြီး စုန်းဟု စွပ်စွဲခံရကာ ၁၆၁၂ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်တွင် ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရသည်။

အဆိုပါ ကျေးရွာကလေးတွင် အဲလစ် နတ်တာ၏ ရုပ်တုကို ယနေ့တိုင်တွေ့မြင်နိုင်သေးသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service