တရုတ္အိမ္ျခံေျမဘီလ်ံနာၾကီးက လန္ဒန္တြင္ ေဆာ္ဒီ အိမ္ေရွ႕မင္းသားႏွင့္ လက္ဘႏြန္ဝန္ၾကီးခ်ဳပ္တို႔ ပိုင္ဆိုင္ခဲ့ဖူးေသာ အခန္းေပါင္း ၄၅ ခန္းပါ စံအိမ္ၾကီးတစ္လံုးကို ျဗိတိန္တစ္ႏိုင္ငံလံုးတြင္ အျမင့္မားဆံုး ေစ်းႏႈန္းအျဖစ္ ေပါင္ သန္း ၂၀၀ ခန္႔ေပးကာ ဝယ္ယူရန္စီစဥ္

တရုတ္အိမ္ျခံေျမဘီလ်ံနာၾကီးက လန္ဒန္တြင္ ေဆာ္ဒီ အိမ္ေရွ႕မင္းသားႏွင့္ လက္ဘႏြန္ဝန္ၾကီးခ်ဳပ္တို႔ ပိုင္ဆိုင္ခဲ့ဖူးေသာ အခန္းေပါင္း ၄၅ ခန္းပါ စံအိမ္ၾကီးတစ္လံုးကို ျဗိတိန္တစ္ႏိုင္ငံလံုးတြင္ အျမင့္မားဆံုး ေစ်းႏႈန္းအျဖစ္ ေပါင္ သန္း ၂၀၀ ခန္႔ေပးကာ ဝယ္ယူရန္စီစဥ္ - Property News in Myanmar from iMyanmarHouse.com
13 Jan 2020 1:01 pm တွင် တင်ခဲ့သည်
1756 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တရုတ္အိမ္ျခံေျမဘီလ်ံနာၾကီးတစ္ဦးသည္ လန္ဒန္ျမိဳ႕တြင္ ဟိုက္ပါ့ခ္ပန္းျခံကို စီးမိုးေတြ႔ျမင္ေနရေသာ အခန္းေပါင္း ၄၅ ခန္းပါ စံအိမ္ၾကီးတစ္လံုးကို ေပါင္ သန္း ၂၀၀ ခန္႔ေပးကာ ဝယ္ယူရန္စီစဥ္ရွိျပီး အဆိုပါေစ်းႏႈန္းမွာ ျဗိတိန္တစ္ႏိုင္ငံလံုးတြင္ အေရာင္းအဝယ္ျဖစ္ခဲ့သမွ် အိမ္ျခံေျမမ်ားအနက္ အျမင့္မားဆံုး ေစ်းႏႈန္းအျဖစ္ စံခ်ိန္တင္သြားမည္ျဖစ္ေၾကာင္း အဂၤလန္အေျခစိုက္ သတင္းမီဒီယာမ်ားစြာတြင္ ေဖာ္ျပသည္။

တရုတ္ဘီလ်ံနာ က်န္းခ်ဳန္ခ်ဳိး (Cheung chung-kiu ) သည္ လန္ဒန္တြင္ ေပါင္ ၁ ဒသမ ၁၅ ဘီလီယံ တန္ေၾကးရွိေသာ Cheesegrater အမည္ရွိ မိုးေမွ်ာ္တိုက္ၾကီးတစ္လံုးကိုလည္း ပိုင္ဆိုင္ထားသူျဖစ္သည္။ ယခုအခါတြင္လည္း က်န္းခ်ဳံခ်ဳိးက 2-8a Rutland Gate အေဆာက္အအံုၾကီးကို ေပါင္ ၂၀၅ သန္းမွ ၂၁၀ သန္းၾကား ေစ်းေပးကာ ဝယ္ယူရန္ စီစဥ္လ်က္ရွိေနသည္။

အထပ္ ၇ ထပ္ အဆိုပါအေဆာက္အအံုၾကီးကို မူလက မိသားစု ၄ စုေနထိုင္မည့္ အေဆာက္အအံုၾကီးအျဖစ္ ရည္ရြယ္ေဆာက္လုပ္ခဲ့ျခင္း ျဖစ္ျပီး ၁၉၈၀ ျပည့္လြန္ကာလမ်ားတြင္ စံအိမ္တစ္လံုးတည္းအျဖစ္ ေပါင္းစည္းေျပာင္းလဲခဲ့သည္။ မူလပိုင္ရွင္မွာ ေဆာ္ဒီအာေရးဗီးယားမွ အိမ္ေရွ ႔မင္းသား ဆူလ္တန္ ဘင္ အဗၺဒူ အဇစ္ျဖစ္ျပီး ၂၀၁၁ ခုႏွစ္တြင္ ကြယ္လြန္သြားခဲ့သည္။

အဆိုပါ စံအိမ္ၾကီးသည္ လက္ဘႏြန္ဝန္ၾကီးခ်ဳပ္အျဖစ္ သက္တမ္း ၂ ၾကိမ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးေသာ ဘီလ်ံနာ စီးပြားေရးလုပ္ငန္းရွင္ ရာဖစ္ ဟာရီရီ၏ စံအိမ္လည္း ျဖစ္ခဲ့ဖူးသည္။

လာမည့္ ရက္သတၱပတ္အနည္းငယ္အတြင္း အေရာင္းအဝယ္အျပီးသတ္ျပီးစီးပါက ျဗိတိန္တြင္ ေစ်းအၾကီးဆံုးစံအိမ္အျဖစ္ စံခ်ိန္တင္သြားေတာ့မည္ ျဖစ္သည္။

လက္ရွိအားျဖင့္ ျဗိတိန္၏ ေစ်းအၾကီးဆံုးအျဖစ္ ရပ္တည္ထားသည္မွာ ဘာ့ခ္ရႈိင္းယားရွိ Park Place ျဖစ္ျပီး ရုရွားဘီလ်ံနာ အင္ဒေရ ဘိုရိုဒင္က ၂၀၁၁ ခုႏွစ္အတြင္း ေပါင္ သန္း ၁၄၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

သူေဌးၾကီး က်န္းခ်ံဳခ်ဳိးသည္ စတုရန္းေပ ၆၂၀၀၀ က်ယ္ဝန္းေသာ စံအိမ္ကို မိသားစုေနအိမ္အျဖစ္ အသံုးျပဳမည္ေလာ (သို႔မဟုတ္) လူေနခန္းမ်ားအျဖစ္ ေျပာင္းလဲဖြဲ႔စည္းမည္ေလာဆိုသည္ကိုမူ မသိရေသးေခ်။

အကယ္၍ လူေနခန္းမ်ားအျဖစ္ ေျပာင္းလဲမြမ္းမံေဆာက္လုပ္ခဲ့မည္ဆိုပါက အဆိုပါအေဆာက္အအံုၾကီး၏ တန္ေၾကးမွာ ေပါင္ သန္း ၇၀၀ ေက်ာ္အထိ ရွိလာဖြယ္ရွိသည္။

The Knightsbridge စံအိမ္ၾကီးကို ၁၈၃၀ ျပည့္လြန္ကာလမ်ားတြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး အခန္းေပါင္း ၄၅ ခန္း ပါဝင္ျပီး အခန္း ၂၀ မွာ အိပ္ခန္းမ်ားျဖစ္ၾကသည္။

ေဆာ္ဒီမင္းသား ေသဆံုးသြားျပီးကတည္းက ေနထိုင္သူမရွိေတာ့ဘဲ ေပါင္ သန္း ၃၀၀ ျဖင့္ အေရာင္းေစ်းကြက္သို႔ ေရာက္ရွိခဲ့ျခင္း ျဖစ္သည္။

တရုတ္သူေဌးၾကီး က်န္းခ်ံဳခ်ဳိးသည္ တရုတ္ျပည္အေနာက္ေတာင္ပိုင္း ခ်ံဳကင္းျမိဳ ႔မွျဖစ္ျပီး CC Land Holdings ကို တည္ေထာင္သူ၊ ဥကၠဌ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 ### Unicode Version ###

တရုတ်အိမ်ခြံမြေဘီလျံနာကြီးတစ်ဦးသည် လန်ဒန်မြို့တွင် ဟိုက်ပါ့ခ်ပန်းခြံကို စီးမိုးတွေ့မြင်နေရသော အခန်းပေါင်း ၄၅ ခန်းပါ စံအိမ်ကြီးတစ်လုံးကို ပေါင် သန်း ၂၀၀ ခန့်ပေးကာ ဝယ်ယူရန်စီစဉ်ရှိပြီး အဆိုပါဈေးနှုန်းမှာ ဗြိတိန်တစ်နိုင်ငံလုံးတွင် အရောင်းအဝယ်ဖြစ်ခဲ့သမျှ အိမ်ခြံမြေများအနက် အမြင့်မားဆုံး ဈေးနှုန်းအဖြစ် စံချိန်တင်သွားမည်ဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းမီဒီယာများစွာတွင် ဖော်ပြသည်။

တရုတ်ဘီလျံနာ ကျန်းချုန်ချိုး (Cheung chung-kiu ) သည် လန်ဒန်တွင် ပေါင် ၁ ဒသမ ၁၅ ဘီလီယံ တန်ကြေးရှိသော Cheesegrater အမည်ရှိ မိုးမျှော်တိုက်ကြီးတစ်လုံးကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။ ယခုအခါတွင်လည်း ကျန်းချုံချိုးက 2-8a Rutland Gate အဆောက်အအုံကြီးကို ပေါင် ၂၀၅ သန်းမှ ၂၁၀ သန်းကြား ဈေးပေးကာ ဝယ်ယူရန် စီစဉ်လျက်ရှိနေသည်။

အထပ် ၇ ထပ် အဆိုပါအဆောက်အအုံကြီးကို မူလက မိသားစု ၄ စုနေထိုင်မည့် အဆောက်အအုံကြီးအဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၁၉၈၀ ပြည့်လွန်ကာလများတွင် စံအိမ်တစ်လုံးတည်းအဖြစ် ပေါင်းစည်းပြောင်းလဲခဲ့သည်။ မူလပိုင်ရှင်မှာ ဆော်ဒီအာရေးဗီးယားမှ အိမ်ရှေ့မင်းသား ဆူလ်တန် ဘင် အဗ္ဗဒူ အဇစ်ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။

အဆိုပါ စံအိမ်ကြီးသည် လက်ဘနွန်ဝန်ကြီးချုပ်အဖြစ် သက်တမ်း ၂ ကြိမ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် ရာဖစ် ဟာရီရီ၏ စံအိမ်လည်း ဖြစ်ခဲ့ဖူးသည်။

လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း အရောင်းအဝယ်အပြီးသတ်ပြီးစီးပါက ဗြိတိန်တွင် ဈေးအကြီးဆုံးစံအိမ်အဖြစ် စံချိန်တင်သွားတော့မည် ဖြစ်သည်။

လက်ရှိအားဖြင့် ဗြိတိန်၏ ဈေးအကြီးဆုံးအဖြစ် ရပ်တည်ထားသည်မှာ ဘာ့ခ်ရှိုင်းယားရှိ Park Place ဖြစ်ပြီး ရုရှားဘီလျံနာ အင်ဒရေ ဘိုရိုဒင်က ၂၀၁၁ ခုနှစ်အတွင်း ပေါင် သန်း ၁၄၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

သူဌေးကြီး ကျန်းချုံချိုးသည် စတုရန်းပေ ၆၂၀၀၀ ကျယ်ဝန်းသော စံအိမ်ကို မိသားစုနေအိမ်အဖြစ် အသုံးပြုမည်လော (သို့မဟုတ်) လူနေခန်းများအဖြစ် ပြောင်းလဲဖွဲ့စည်းမည်လောဆိုသည်ကိုမူ မသိရသေးချေ။

အကယ်၍ လူနေခန်းများအဖြစ် ပြောင်းလဲမွမ်းမံဆောက်လုပ်ခဲ့မည်ဆိုပါက အဆိုပါအဆောက်အအုံကြီး၏ တန်ကြေးမှာ ပေါင် သန်း ၇၀၀ ကျော်အထိ ရှိလာဖွယ်ရှိသည်။

The Knightsbridge စံအိမ်ကြီးကို ၁၈၃၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အခန်းပေါင်း ၄၅ ခန်း ပါဝင်ပြီး အခန်း ၂၀ မှာ အိပ်ခန်းများဖြစ်ကြသည်။

ဆော်ဒီမင်းသား သေဆုံးသွားပြီးကတည်းက နေထိုင်သူမရှိတော့ဘဲ ပေါင် သန်း ၃၀၀ ဖြင့် အရောင်းဈေးကွက်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

တရုတ်သူဌေးကြီး ကျန်းချုံချိုးသည် တရုတ်ပြည်အနောက်တောင်ပိုင်း ချုံကင်းမြို့မှဖြစ်ပြီး CC Land Holdings ကို တည်ထောင်သူ၊ ဥက္ကဌ ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service