အိမ္နီးခ်င္းႏိုင္ငံမ်ားမွ အုတ္ခဲတင္သြင္းမႈ မ်ားျပားျခင္းေၾကာင့္ ျပည္တြင္းအုတ္ဖိုမ်ား အထိနာလ်က္ရွိေၾကာင္း ကေမၻာဒီးယားအုတ္ဖိုလုပ္ငန္းရွင္မ်ား ေျပာၾကား

အိမ္နီးခ်င္းႏိုင္ငံမ်ားမွ အုတ္ခဲတင္သြင္းမႈ မ်ားျပားျခင္းေၾကာင့္ ျပည္တြင္းအုတ္ဖိုမ်ား အထိနာလ်က္ရွိေၾကာင္း ကေမၻာဒီးယားအုတ္ဖိုလုပ္ငန္းရွင္မ်ား ေျပာၾကား - Property News in Myanmar from iMyanmarHouse.com
13 Jan 2020 12:32 pm တွင် တင်ခဲ့သည်
1647 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကေမၻာဒီးယားႏိုင္ငံတြင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား အားေကာင္းလာလ်က္ရွိေနရာတြင္ အိမ္နီးခ်င္းႏိုင္ငံမ်ားမွ အုတ္ခဲတင္သြင္းမႈ ျမင့္တက္လာျခင္းေၾကာင့္ ေစ်းႏႈန္းက်ဆင္းမႈမ်ားျဖစ္ေပၚကာ ျပည္တြင္းလုပ္ငန္းရွင္မ်ား အထိနာလ်က္ရွိေၾကာင္း ကေမၻာဒီးယား အုတ္ဖိုပိုင္ရွင္တို႔က ေျပာၾကားသည္ဟု ဖႏြမ္းပင္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ကန္ဒဲျပည္နယ္မွ အုတ္ဖိုလုပ္ငန္းရွင္တစ္ဦးျဖစ္သူ ပရိ ကြိဳင္က ေျပာၾကားရာတြင္ ျပီးခဲ့ေသာႏွစ္အတြင္း အုတ္ခဲ ၁၀၀၀၀ လွ်င္ ကန္ေဒၚလာ ၃၈၀ ေစ်းေပါက္ခဲ့ရာမွ ယခုအခါ ကန္ေဒၚလာ ၂၇၀ ခန္႔အထိ က်ဆင္းသြားေၾကာင္း ေျပာၾကားသည္။

ပရိ ကြိဳင္က ဆက္လက္ေျပာၾကားရာတြင္ သူ၏ အုတ္ဖိုသည္ တစ္ႏွစ္လွ်င္ အုတ္ ၅၀၀၀၀၀ မွ ၆၀၀၀၀၀ ၾကား ေရာင္းခ်ရေလ့ရွိသည္ဟု ဆိုသည္။

“ဗီယက္နမ္က တင္သြင္းမႈေတြေၾကာင့္ အုတ္ေစ်းႏႈန္း က်ဆင္းလာပါတယ္။ ကၽြန္ေတာ္တို႔ရဲ ႔ အုတ္ေစ်းကြက္ထိခိုက္လာျပီး တျဖည္းျဖည္း အရံႈးေပၚလာေနပါတယ္”

“ကၽြန္ေတာ့္ရဲ ႔ အလုပ္သမားေတြ အလုပ္ရွိေနဖို႔ပဲ ရည္ရြယ္ျပီး အုတ္ေတြကေတာ့ ေန႔တိုင္းဆက္ထုတ္ေနတယ္။ ျပည္တြင္း အုတ္လုပ္ငန္းသမားေတြအတြက္ အခြင့္အလမ္းေတြ ကူညီရွာေဖြေပးဖို႔၊ အုတ္ တင္သြင္းတာေတြ ေလွ်ာ့ခ်ေပးဖို႔လည္း ႏိုင္ငံအၾကီးအကဲေတြကို ေတာင္းဆိုပါတယ္။ဒီလိုမွမဟုတ္ရင္ ကၽြန္ေတာ္တို႔ ျပည္တြင္းကလူေတြ အလုပ္လက္မဲ့ျဖစ္ၾကရေတာ့မွာ ျဖစ္ပါတယ္”

ကန္ဒဲျပည္နယ္မွ အုတ္လုပ္ငန္းရွင္တစ္ဦးျဖစ္သူ တိဗ္ကရိုင္ကလည္း ျပီးခဲ့ေသာႏွစ္ ဇူလိုင္လကတည္းက အုတ္ေစ်းမ်ား က်ဆင္းေနေၾကာင္း ေျပာၾကားသည္။

အုတ္ ၁၀၀၀၀ လွ်င္ ကန္ေဒၚလာ ၁၇၀ ခန္႔မွ်ျဖင့္ ေရာင္းခ်ေနရျပီး ပံုမွန္ေစ်းေအာက္ ေဒၚလာ ၁၀၀ ေက်ာ္ နည္းပါးေနေၾကာင္း ၎က ဆကလက္ေျပာၾကားသည္။

တိဗ္ကရိုင္၏ အုတ္ဖိုသည္ တစ္လလွ်င္ အုတ္ ၁၀၀၀၀၀ မွ ၁၅၀၀၀၀ ၾကား ထုတ္လုပ္မႈရွိသည္။

“အုတ္ေစ်းက်ဆင္းရျခင္းရဲ ႔ အေၾကာင္းကေတာ့ သီဟာႏုဗီးလ္ျပည္နယ္မွာ တရုတ္ျပည္ကလာျပီး အေကာင္အထည္ေဖာ္ေနတဲ့ ေဆာက္လုပ္ေရးစီမံကိန္း အမ်ားၾကီးရွိျပီး ေနာက္ပိုင္းမွာ အစိုးရနဲ႔မူဝါဒ မကိုက္ညီမႈေတြေၾကာင့္ စီမံကိန္းေတြရပ္သြားတယ္။ အဲဒါေၾကာင့္ အုတ္ဝယ္လိုအား နည္းနည္းပဲ ရွိေတာ့တာေၾကာင့္ ျဖစ္ပါတယ္”

Advanve Real Estate ကုမၸဏီ၏ တည္ေထာင္သူ၊ အမႈေဆာင္အရာရွိခ်ဳပ္ ပို အိဗ္ေကာင္းက ေျပာၾကားရာတြင္မူ ျပည္တြင္းအုတ္ေစ်းႏႈန္းမ်ား က်ဆင္းရျခင္းမွာ ထိုင္းႏွင့္ဗီယက္နမ္တို႔မွ အုတ္တင္သြင္းမႈမ်ားေၾကာင့္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ျပည္တြင္းလုပ္ငန္းရွင္မ်ားသည္ ျပည္ပမွ အုတ္မ်ားႏွင့္ အရည္အေသြး၊ ေစ်းႏႈန္းပိုင္း ယွဥ္ျပိဳင္ႏိုင္စြမ္းမရွိၾကေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

စက္မူလက္မႈဝန္ၾကီးဌာနလက္ေအာက္ခံ အေသးစားႏွင့္အလတ္စားလုပ္ငန္းမ်ားဦးစီးဌာန ညႊန္ၾကားေရးမွဴး ခ်ဟီယာ ေလဟီက ေျပာၾကားရာတြင္ ဗီယက္နမ္မွ သြင္းကုန္မ်ားေၾကာင့္ ျပည္တြင္းအုတ္လုပ္ငန္းရွင္မ်ား ထိခိုက္မႈရင္ဆိုင္ရသည္ဟူေသာ တင္ျပခ်က္မ်ဳိး မရေသးေၾကာင္း ေျပာၾကားသည္။

“အုတ္တင္သြင္းမႈနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ ကၽြန္ေတာ္တို႔မရပါဘူး။ ေစ်းႏႈန္းက်ဆင္းတာက ၾကီးမားတဲ့ ျပႆနာ မဟုတ္ေသးဘူးလို႔ ကၽြန္ေတာ္ထင္ပါတယ္။ ကၽြန္ေတာ္တို႔ဟာ အဂၤေတအုတ္ေတြ ထုတ္လုပ္ျပီး ေစ်းႏႈန္းသက္သာစြာနဲ႔ ေရာင္းခ်ေနၾကပါတယ္။ ဒါကလည္း အုတ္ေစ်းက်ဆင္းေစတဲ့အခ်က္တစ္ခု ျဖစ္ႏိုင္ပါတယ္” ဟု ညႊန္ၾကားေရးမွဴးက ဆက္လက္ေျပာၾကားသည္။

ေျမယာစီမံခန္႔ခဲြေရး၊ ျမိဳ႕ျပစီမံကိန္းႏွင့္ ေဆာက္လုပ္ေရးဝန္ၾကီးဌာနမွ အခ်က္အလက္မ်ားအရ ၂၀၁၈ ခုႏွစ္အတြင္း ေဆာက္လုပ္ေရး စီမံကိန္း ၂၈၆၇ သာရွိခဲ့ျပီး ၂၀၁၉ ခုႏွစ္တြင္ ၄၄၄၆ ခုအထိ ခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

### Unicode Version ###

ကမ္ဘောဒီးယားနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အားကောင်းလာလျက်ရှိနေရာတွင် အိမ်နီးချင်းနိုင်ငံများမှ အုတ်ခဲတင်သွင်းမှု မြင့်တက်လာခြင်းကြောင့် ဈေးနှုန်းကျဆင်းမှုများဖြစ်ပေါ်ကာ ပြည်တွင်းလုပ်ငန်းရှင်များ အထိနာလျက်ရှိကြောင်း ကမ္ဘောဒီးယား အုတ်ဖိုပိုင်ရှင်တို့က ပြောကြားသည်ဟု ဖနွမ်းပင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကန်ဒဲပြည်နယ်မှ အုတ်ဖိုလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ပရိ ကွိုင်က ပြောကြားရာတွင် ပြီးခဲ့သောနှစ်အတွင်း အုတ်ခဲ ၁၀၀၀၀ လျှင် ကန်ဒေါ်လာ ၃၈၀ ဈေးပေါက်ခဲ့ရာမှ ယခုအခါ ကန်ဒေါ်လာ ၂၇၀ ခန့်အထိ ကျဆင်းသွားကြောင်း ပြောကြားသည်။

ပရိ ကွိုင်က ဆက်လက်ပြောကြားရာတွင် သူ၏ အုတ်ဖိုသည် တစ်နှစ်လျှင် အုတ် ၅၀၀၀၀၀ မှ ၆၀၀၀၀၀ ကြား ရောင်းချရလေ့ရှိသည်ဟု ဆိုသည်။

“ဗီယက်နမ်က တင်သွင်းမှုတွေကြောင့် အုတ်ဈေးနှုန်း ကျဆင်းလာပါတယ်။ ကျွန်တော်တို့ရဲ့ အုတ်ဈေးကွက်ထိခိုက်လာပြီး တဖြည်းဖြည်း အရှုံးပေါ်လာနေပါတယ်”

“ကျွန်တော့်ရဲ့ အလုပ်သမားတွေ အလုပ်ရှိနေဖို့ပဲ ရည်ရွယ်ပြီး အုတ်တွေကတော့ နေ့တိုင်းဆက်ထုတ်နေတယ်။ ပြည်တွင်း အုတ်လုပ်ငန်းသမားတွေအတွက် အခွင့်အလမ်းတွေ ကူညီရှာဖွေပေးဖို့၊ အုတ် တင်သွင်းတာတွေ လျှော့ချပေးဖို့လည်း နိုင်ငံအကြီးအကဲတွေကို တောင်းဆိုပါတယ်။ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ ပြည်တွင်းကလူတွေ အလုပ်လက်မဲ့ဖြစ်ကြရတော့မှာ ဖြစ်ပါတယ်”

ကန်ဒဲပြည်နယ်မှ အုတ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ တိဗ် ကရိုင်ကလည်း ပြီးခဲ့သောနှစ် ဇူလိုင်လကတည်းက အုတ်ဈေးများ ကျဆင်းနေကြောင်း ပြောကြားသည်။

အုတ် ၁၀၀၀၀ လျှင် ကန်ဒေါ်လာ ၁၇၀ ခန့်မျှဖြင့် ရောင်းချနေရပြီး ပုံမှန်ဈေးအောက် ဒေါ်လာ ၁၀၀ ကျော် နည်းပါးနေကြောင်း ၎င်းက ဆကလက်ပြောကြားသည်။

တိဗ်ကရိုင်၏ အုတ်ဖိုသည် တစ်လလျှင် အုတ် ၁၀၀၀၀၀ မှ ၁၅၀၀၀၀ ကြား ထုတ်လုပ်မှုရှိသည်။

“အုတ်ဈေးကျဆင်းရခြင်းရဲ့ အကြောင်းကတော့ သီဟာနုဗီးလ်ပြည်နယ်မှာ တရုတ်ပြည်ကလာပြီး အကောင်အထည်ဖော်နေတဲ့ ဆောက်လုပ်ရေးစီမံကိန်း အများကြီးရှိပြီး နောက်ပိုင်းမှာ အစိုးရနဲ့မူဝါဒ မကိုက်ညီမှုတွေကြောင့် စီမံကိန်းတွေရပ်သွားတယ်။ အဲဒါကြောင့် အုတ်ဝယ်လိုအား နည်းနည်းပဲ ရှိတော့တာကြောင့် ဖြစ်ပါတယ်”

Advanve Real Estate ကုမ္ပဏီ၏ တည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ် ပို အိဗ်ကောင်းက ပြောကြားရာတွင်မူ ပြည်တွင်းအုတ်ဈေးနှုန်းများ ကျဆင်းရခြင်းမှာ ထိုင်းနှင့်ဗီယက်နမ်တို့မှ အုတ်တင်သွင်းမှုများကြောင့်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်တွင်းလုပ်ငန်းရှင်များသည် ပြည်ပမှ အုတ်များနှင့် အရည်အသွေး၊ ဈေးနှုန်းပိုင်း ယှဉ်ပြိုင်နိုင်စွမ်းမရှိကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စက်မူလက်မှုဝန်ကြီးဌာနလက်အောက်ခံ အသေးစားနှင့်အလတ်စားလုပ်ငန်းများဦးစီးဌာန ညွှန်ကြားရေးမှူး ချဟီယာ လေဟီက ပြောကြားရာတွင် ဗီယက်နမ်မှ သွင်းကုန်များကြောင့် ပြည်တွင်းအုတ်လုပ်ငန်းရှင်များ ထိခိုက်မှုရင်ဆိုင်ရသည်ဟူသော တင်ပြချက်မျိုး မရသေးကြောင်း ပြောကြားသည်။

“အုတ်တင်သွင်းမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ကျွန်တော်တို့မရပါဘူး။ ဈေးနှုန်းကျဆင်းတာက ကြီးမားတဲ့ ပြဿနာ မဟုတ်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ဟာ အင်္ဂတေအုတ်တွေ ထုတ်လုပ်ပြီး ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချနေကြပါတယ်။ ဒါကလည်း အုတ်ဈေးကျဆင်းစေတဲ့အချက်တစ်ခု ဖြစ်နိုင်ပါတယ်” ဟု ညွှန်ကြားရေးမှူးက ဆက်လက်ပြောကြားသည်။

မြေယာစီမံခန့်ခွဲရေး၊ မြို့ပြစီမံကိန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အချက်အလက်များအရ ၂၀၁၈ ခုနှစ်အတွင်း ဆောက်လုပ်ရေး စီမံကိန်း ၂၈၆၇ သာရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၄၄၄၆ ခုအထိ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service