စင်္ကာပူအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုပမာဏ ၂၀၁၉ တွင် ၃၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့
စင်္ကာပူအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုပမာဏ ၂၀၁၉ တွင် ၃၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ - Property News in Myanmar from iMyanmarHouse.com
7 Jan 2020 9:53 am တွင် တင်ခဲ့သည်
939 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက်ဖွံ့ဖြိုးမှုပိုမိုနှေးကွေခဲ့သည်နှင့်အမျှ စုစုပေါင်းအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒီဇင်ဘာ ၁၃ အထိ ၂၀၁၉ ခုနှစ်တစ်နှစ်တာနီးပါးအတွင်း စင်္ကာပူဒေါ်လာ ၂၂ ဒသမ ၈၃ ဘီလျံသာ ရှိခဲ့ပြီး ၃၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ၂၀၁၆၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တို့ထက်ပင် ရင်းနှီးမြှုပ်နှံမှုအနည်းဆုံးရရှိခဲ့သည့်နှစ်ဖြစ်ခဲ့ကြောင်း The Business Times သတင်းစာက CBRE အိမ်ခြံမြေကုမ္ပဏီ၏ ထုတ်ပြန်ချက်ကို ကိုကား၍ ဖော်ပြခဲ့သည်။
ထိုသို့ကျဆင်းခဲ့သော်လည်း ၂၀၁၉ ခုနှစ်၏ စွမ်းဆောင်ရည်သည် Mapletree Business City II ၊ Duo နှင့ 30 Raffles Place တို့ကဲ့သို့သော အရောင်းအဝယ်ကြီးများရှိခဲ့ခြင်းကြောင့် အထင်ကြီးဖွယ်ရာဖြစ်သည်ဟု CBRE က ယူဆထားသည်။
၂၀၁၉ ခုနှစ်၏ ရင်းနှီးမြှုပ်နှံမှုပမာဏတွင် လူနေအိမ်ခြံမြေကဏ္ဍက ၃၂ ဒသမ ၁ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ခဲ့သည်။ ယင်းမှာ အစိုးရမြေကွက်အရောင်းဝက်ဘ်ဆိုက်ကိုးခုမှ ရောင်းချခဲ့မှုများကြောင့် အဓိကဖြစ်သည်။
ရောင်းမထွက်သေးသော အိမ်ရာများစုပြုံနေသဖြင့် ထိုသို့မြေကွက်ရောင်းချမှုများ ဆက်ရှိတော့မည်မဟုတ်ဟုလည်း CBRE က ခန့်မှန်းထားသည်။ အစိုးရကလည်း ၂၀၂၀ ခုနှစ်အစိုးရမြေရောင်းချမှုအစီအစဉ်အရ လူနေအိမ်ခြံမြေဖော်ဆောင်မှုအတွက် မြေပံ့ပိုးမှုကို လျှော့ချလာသည်။
၂၀၁၉ ခုနှစ်၏ ရင်းနှီးမြှုပ်နှံမှုပမာဏတွင် ရုံးခန်းကဏ္ဍက ၃၁ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး ဟိုတယ်နှင့်ဧည့်ခံကြိုဆိုရေးကဏ္ဍက ၂၀၁၈ ထက် လေးဆမြင့်တက်ခဲ့ကာ ၂ ဒသမ ၁၅ ဘီလျံ ရှိခဲ့သည်။ ခရီးသွားဆွဲဆောင်မှုနေရာသစ်များ၊ အခမ်းအနားများ၊ အစည်းအဝေးများ၊ ပွဲလမ်းသဘင်များကဲ့သို့သော ဆွဲဆောင်မှုများကြောင့် စင်္ကာပူသို့ ခရီးသွားဝင်ရောက်မှုဖွံ့ဖြိုးခဲ့ခြင်းက ထိုသို့လေးဆမြင့်တက်ခဲ့ခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ်တွင်လည်း ရင်းနှီးမြှုပ်နှံမှုပမာဏသည် နိုင်ငံခြားငွေကြေးစီးဝင်မှုအား မြင့်တက်စေနိုင်သည့် စင်္ကာပူအိမ်ခြံမြေများအား ရင်းနှီးမြှုပ်နှံသူများမှစိတ်ဝင်စားနေကြခြင်းကြောင့် ဆက်လက်အခြေအနေကောင်းမွန်မည်ဟု CBRE ၏ ငွေကြေးဈေးကွက်များဆိုင်ရာအကြီးတန်းအမှုဆောင်ဒါရိုက်တာ မိုက်ကယ်တေးက ခန့်မှန်းခဲ့သည်။
မြို့အရွယ်အစားရှိ စင်္ကာပူနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် နိုင်ငံခြားငွေအချိုး ၄ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၃၁ ဒသမ ၁ ရာခိုင်နှုန်းသို့ တိုးမြင့်ရှိလာခဲ့သည်။
လျော့နည်းလာသောအတိုးနှုန်းများကလည်း အိမ်ခြံမြေသို့ ငွေကြေးစီးဆင်းမှုခိုင်မာစေရန် ပံ့ပိုးမည်ဟုလည်း တေးက ခန့်မှန်းခဲ့ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
INNO CITY
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service