ေနအိမ္ေရာင္းခ်၊ အလုပ္မွ ထြက္ကာ ရရွိလာေသာေငြ ေပါင္ ၆၅၀၀၀ ခန္႔ျဖင့္ ႏိုင္ငံေပါင္း ၁၃ ႏိုင္ငံသို႔ ၁၈ လၾကာ ကမၻာပတ္ခဲ့သည့္ ဇနီးေမာင္ႏွံ

ေနအိမ္ေရာင္းခ်၊ အလုပ္မွ ထြက္ကာ ရရွိလာေသာေငြ ေပါင္ ၆၅၀၀၀ ခန္႔ျဖင့္ ႏိုင္ငံေပါင္း ၁၃ ႏိုင္ငံသို႔ ၁၈ လၾကာ ကမၻာပတ္ခဲ့သည့္ ဇနီးေမာင္ႏွံ - Property News in Myanmar from iMyanmarHouse.com
3 Jan 2020 11:45 am တွင် တင်ခဲ့သည်
1272 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

စေတာ့ရွယ္ယာေစ်းကြက္တြင္ အေရာင္းအဝယ္ျပဳလုပ္သူ အင္ဒေရ ဘယ္လ္ဒီယိုသည္ အသက္ ၄၅ ႏွစ္ရွိျပီျဖစ္ကာ ဝင္ေငြေကာင္းမြန္ျပီး ဘဝကို ေပ်ာ္ရႊင္သူဟု မိမိကိုယ္ကို မွတ္ယူထားသူတစ္ဦး ျဖစ္သည္။

သို႔ရာတြင္ ေနာက္ပိုင္း၌ ေန႔စဥ္ျပဳလုပ္ေနရေသာ နိစၥဒူဝ သံသရာထဲတြင္ နစ္ျမဳပ္ေနေၾကာင္း သံုးသပ္လာမိခဲ့ျပီးေနာက္ မိသားစုတစ္ခုလံုးကို အဆိုပါဘဝအတြင္းမွ ဆြဲထုတ္ကာ ကမၻာတစ္ဝန္း ခရီးဆန္႔ခဲ့ေတာ့သည္။

ဘဝတြင္ ျမိဳ႕ျပ၏ ဆင္ေျခဖံုးေဒသတြင္ နစ္ျမွဳပ္ေနျခင္း၏ ပိုမိုသည့္ ဘဝပံုစံရွိေသးေၾကာင္း ဇနီးျဖစ္သူ ဘက္ကီကို ေျပာၾကားကာ အလုပ္မ်ားမွ ႏႈတ္ထြက္ရန္ႏွင့္ ေနအိမ္ကို ေရာင္းခ်ရန္ ေျပာၾကားခဲ့သည္။

ကေလးငယ္မ်ားမွာ ရီကို (အသက္ ၁၂ ႏွစ္) ႏွင့္ တီယာနာ မဲ့ (၁၀ ႏွစ္) တို႔ ျဖစ္ၾကသည္။

ဘယ္လ္ဒီယိုတို႔ ဇနီးေမာင္ႏွံသည္ ပိုင္ဆိုင္သမွ်ကို ေရာင္းခ်ကာ ကမၻာတစ္ပတ္ ၁၈ လၾကာ ခရီးထြက္ခဲ့ၾကသည္။

ေတာင္အေမရိကႏွင့္ အာရွတုိက္တို႔ရွိ ႏိုင္ငံေပါင္း ၁၃ ႏိုင္ငံသို႔ ခရီးထြက္ခဲ့ၾကသည္။

ခရီးမိုင္ေပါင္း ၅၁၀၀၀ ေက်ာ္ ခရီးသြားခဲ့ျပီး ျမိဳ႕ၾကီးေပါင္း ၄၈ ျမိဳ႕သို႔ ေရာက္ရွိခဲ့ကာ ဟိုတယ္မ်ား၊ ေတာအုပ္မ်ားအတြင္းမွ သစ္လံုးအိမ္မ်ားတြင္ တည္းခိုေနထိုင္ခဲ့ၾကသည္။

ခရီးစဥ္အတြင္း အခ်ဳိ႕ေသာ ေန႔မ်ားတြင္ စာသင္ေက်ာင္းမ်ားတြင္ လုပ္ကိုင္ျခင္း၊ ရွားပါးပင္လယ္လိပ္မ်ား ထိန္းသိမ္းေစာင့္ေရွာက္ရသည့္အလုပ္ ဝင္ေရာက္လုပ္ကိုင္ျခင္း၊ ယာေတာမ်ားတြင္ လုပ္ကိုင္ျခင္း၊ ေဘာလံုးနည္းျပအျဖစ္ လုပ္ကိုင္ျခင္း၊ ခရီးစဥ္တစ္ေလွ်ာက္ ေတြ႔ၾကံဳရသည့္ ကေလးငယ္မ်ားကို စာသင္ေပးျခင္းမ်ား ျပဳလုပ္ခဲ့သည္။ အင္ဒေရသည္ အဂၤလန္ႏိုင္ငံ၊ လန္ဒန္ေျမာက္ပိုင္း အန္းဖီးေဒသခံတစ္ဦး ျဖစ္၏။

“ေမာ္နီတာ ဖန္သားျပင္ ၆ ခုရဲ႕ေရွ႕မွာထိုင္ျပီး အလုပ္ခ်ိန္မ်ားစြာအတြင္း ဂရပ္ေတြေလ့လာ၊ သတင္းေတြၾကည့္ေနရတာ သိပ္ကို အထီးက်န္လာတယ္။ ေတာ္ေတာ္စိတ္ပ်က္လာတယ္။ အသက္ရွဴက်ပ္သလို ျဖစ္လာတယ္”

“ဒီ ကမၻာပတ္ခရီးစဥ္ဟာ လံုးဝဘဝကို ေျပာင္းလဲေပးလိုက္တာျဖစ္ျပီး မယံုႏိုင္ေလာက္ လံႈ႔ေဆာ္မႈေတြေပးႏိုင္တဲ့အရာမ်ဳိးျဖစ္ပါတယ္။ ဒါေပမယ့္ ဒါက ကၽြန္ေတာ္လုပ္ခဲ့သမွ်ေတြမွာ ေျခာက္ျခားစရာအေကာင္းဆံုးပါ။” ဟု အင္ဒေရက ဆိုသည္။

အင္ဒေရက ယခုလုပ္ေဆာင္ခဲ့မႈအေပၚ ဂုဏ္ယူေနမိေၾကာင္းႏွင့္ သံုးစြဲခဲ့သမွ်တြင္ ေနအိမ္ေရာင္းခ်ကာ ကမၻာပတ္ခဲ့သည့္ ေပါင္ ၆၅၀၀၀ မွာ အေကာင္းဆံုးအသံုးခ်မႈျဖစ္ေၾကာင္း အင္ဒေရက ဆိုသည္။

“အခုဆိုရင္ ကၽြန္ေတာ္တို႔မွာ ထာဝရသိမ္းဆည္းထားႏိုင္မယ့္ အံ့အားသင့္စရာ အေကာင္းဆံုး အမွတ္ရဖြယ္ေတြ ရွိေနပါျပီ။ မိသားစု ေနအိမ္ကို ကၽြန္ေတာ္စြန္႔လႊတ္ခဲ့တယ္။ ဒီအတြက္ တစ္စကၠန္႔ေလးေတာင္ ေနာင္တမရပါဘူး”

“ကၽြန္ေတာ့္ဘဝရဲ႕ ေနာက္ဆံုးအခ်ိန္ကို ေရာက္လာရင္ ေခါင္းထဲမွာ ဒီလိုအံ့ၾသဖြယ္အေတြ႔အၾကံဳေတြ၊ အမွတ္ရစရာေတြနဲ႔ ျပည့္ေနလိမ့္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီလိုအမွတ္ရစရာေတြအတြက္ စေတးခဲ့ရတာေတြအေပၚ ဘယ္လိုေနာင္တမွ ရေနမွာ မဟုတ္ပါဘူး” အင္ဒေရႏွင့္ ဘက္ကီတို႔သည္ လန္ဒန္တြင္ ဆံုစည္းခဲ့ၾကျခင္းျဖစ္ျပီး ေနာင္အခါတြင္ ေတာင္အာဖရိကႏိုင္ငံ၊ ကိတ္ပ္ေတာင္းျမိဳ႕သို႔ ေျပာင္းေရႊ႕အေျခခ်ခဲ့ၾကသည္။

အင္ဒေရ၏ ဝင္ေငြမွာ တစ္ႏွစ္လွ်င္ ေပါင္ ၃၅၀၀၀ ဝန္းက်င္ရွိ၏။

အတန္ၾကာေသာအခါ အင္ဒေရသည္ ေန႔စဥ္ျဖတ္သန္းေနရသည့္ဘဝကို ျငီးေငြ႔လာျပီး ေျပာင္းလဲမႈတစ္ခုလုပ္ရန္ ဆံုးျဖတ္ခဲ့ျခင္းျဖစ္သည္။

၁၈ လခန္႔ ၾကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ျပီးေနာက္ပိုင္း ကိတ္ပ္ေတာင္းျမိဳ႕ရွိ ေနအိမ္ကို ေရာင္းခ်လိုက္ေတာ့သည္။

၂၀၁၈ ခုႏွစ္၊ ဧျပီလသို႔ေရာက္ေသာအခါ ကမၻာပတ္ခရီးစတင္ခဲ့ျပီး မေလးရွားႏိုင္ငံ၊ ဆာရာဝက္ခ္သို႔ စတင္ထြက္ခြာခဲ့သည္။

ယင္းေနာက္ ဆက္လက္ထြက္ခြာခဲ့ရာတြင္ ထိုင္း၊ ဗီယက္နမ္ႏွင့္ ဂ်ပန္ႏိုင္ငံတို႔သို႔လည္း ေရာက္ရွိခဲ့သည္။

ဂ်ပန္တြင္ ေဘာလံုးအကယ္ဒမီတစ္ခု၌ နည္းျပအျဖစ္ ဝင္ေရာက္ကူညီခဲ့ေသးသည္။

ဂ်ပန္တြင္ ကေလးငယ္ ၃ ဦးရွိေသာ ေနအိမ္တစ္အိမ္တြင္ အတူေနထိုင္ခဲ့ၾက၏။

အင္ဒေရက ေဘာလံုးနည္းျပလုပ္ျပီး ဘက္ကီက ေနအိမ္တြင္ ဝိုင္းဝန္းကူညီမႈ ျပဳလုပ္ခဲ့ျပီး အျပန္အလွန္အားျဖင့္ စားေသာက္ေနထိုင္မႈ အခမဲ့ရရွိခဲ့သည္။

ယင္းေနာက္ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္းတြင္ ကိုလံဘီယာႏိုင္ငံသို႔ ဆက္လက္ထြက္ခြာခဲ့ၾကကာ ေဒသတြင္းကေလးငယ္မ်ားအတြက္ ရည္ရြယ္သည့္ ေဖာင္ေဒးရွင္းတစ္ခုတြင္ ရက္သတၱ ၅ ပတ္ၾကာ ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။

ႏွစ္လခန္႔ၾကာျမင့္ေသာအခါ အီေကြေဒါႏိုင္ငံသို႔ ဆက္လက္သြားေရာက္ခဲ့ၾကျပီး မီးေတာင္မ်ားတြင္ လမ္းေလွ်ာက္ျခင္း၊ အေမဇုန္ေတာနက္ၾကီးအတြင္း စူးစမ္းေလ့လာျခင္း၊ အင္ဒီးစ္ေတာင္တန္းၾကီးေပၚတြင္ ေတာင္တက္ခရီးသြားျခင္းမ်ား ရက္သတၱ ၃ ပတ္ခန္႔ ျပဳလုပ္ခဲ့သည္။

ေနာက္ဆံုးအားျဖင့္ ခရီးစဥ္၏ ေနာက္ဆံုးက႑အျဖစ္ ေတာင္အေမရိကတိုက္မွ ပီရူး၊ ဘိုလိဗီးယားႏွင့္ ခ်ီလီႏိုင္ငံမ်ားသို႔ သြားေရာက္လည္ပတ္ခဲ့ကာ ေနာက္ဆံုးလည္ပတ္ခဲ့သည့္ေနရာမွာ ေကာ့စ္တာရီကာႏိုင္ငံ၊ ဆန္ဂ်ဳိ႕စ္ျဖစ္သည္။

၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလတြင္ ဆန္ဂ်ဳိ႕စ္မွတဆင့္ မူလေနထိုင္ရာ ကိတ္ပ္ေတာင္းျမိဳ႕သို႔ ျပန္လာခဲ့ျပီး ေအာက္တိုဘာ ၂၉ ရက္တြင္ ျပန္လည္ေရာက္ရွိသည္။

ယခုအခါတြင္ အင္ဒေရတို႔ မိသားစုသည္ ဇာတိေျမသို႔ ျပန္လည္ေရာက္ရွိလာျပီျဖစ္ျပီး အလုပ္လက္မဲ့ျဖစ္ေနၾကကာ ငွားရမ္းထားေသာ ေနအိမ္တစ္လံုးတြင္ ေနထုိင္လ်က္ရွိၾကသည္။

သို႔ရာတြင္ ေပါင္ ၆၅၀၀၀ ကုန္က်ခဲ့ေသာ ခရီးစဥ္မွာ ေငြတစ္ျပားတစ္ခ်ပ္တိုင္းအတြက္ ထိုက္တန္မႈမ်ား ရခဲ့ေၾကာင္း အင္ဒေရက ေျပာၾကားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

 စတော့ရှယ်ယာဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်သူ အင်ဒရေ ဘယ်လ်ဒီယိုသည် အသက် ၄၅ နှစ်ရှိပြီဖြစ်ကာ ဝင်ငွေကောင်းမွန်ပြီး ဘဝကို ပျော်ရွှင်သူဟု မိမိကိုယ်ကို မှတ်ယူထားသူတစ်ဦး ဖြစ်သည်။

သို့ရာတွင် နောက်ပိုင်း၌ နေ့စဉ်ပြုလုပ်နေရသော နိစ္စဒူဝ သံသရာထဲတွင် နစ်မြုပ်နေကြောင်း သုံးသပ်လာမိခဲ့ပြီးနောက် မိသားစုတစ်ခုလုံးကို အဆိုပါဘဝအတွင်းမှ ဆွဲထုတ်ကာ ကမ္ဘာတစ်ဝန်း ခရီးဆန့်ခဲ့တော့သည်။

ဘဝတွင် မြို့ပြ၏ ဆင်ခြေဖုံးဒေသတွင် နစ်မြှုပ်နေခြင်း၏ ပိုမိုသည့် ဘဝပုံစံရှိသေးကြောင်း ဇနီးဖြစ်သူ ဘက်ကီကို ပြောကြားကာ အလုပ်များမှ နှုတ်ထွက်ရန်နှင့် နေအိမ်ကို ရောင်းချရန် ပြောကြားခဲ့သည်။

ကလေးငယ်များမှာ ရီကို (အသက် ၁၂ နှစ်) နှင့် တီယာနာ မဲ့ (၁၀ နှစ်) တို့ ဖြစ်ကြသည်။

ဘယ်လ်ဒီယိုတို့ ဇနီးမောင်နှံသည် ပိုင်ဆိုင်သမျှကို ရောင်းချကာ ကမ္ဘာတစ်ပတ် ၁၈ လကြာ ခရီးထွက်ခဲ့ကြသည်။

တောင်အမေရိကနှင့် အာရှတိုက်တို့ရှိ နိုင်ငံပေါင်း ၁၃ နိုင်ငံသို့ ခရီးထွက်ခဲ့ကြသည်။

ခရီးမိုင်ပေါင်း ၅၁၀၀၀ ကျော် ခရီးသွားခဲ့ပြီး မြို့ကြီးပေါင်း ၄၈ မြို့သို့ ရောက်ရှိခဲ့ကာ ဟိုတယ်များ၊ တောအုပ်များအတွင်းမှ သစ်လုံးအိမ်များတွင် တည်းခိုနေထိုင်ခဲ့ကြသည်။

ခရီးစဉ်အတွင်း အချို့သော နေ့များတွင် စာသင်ကျောင်းများတွင် လုပ်ကိုင်ခြင်း၊ ရှားပါးပင်လယ်လိပ်များ ထိန်းသိမ်းစောင့်ရှောက်ရသည့်အလုပ် ဝင်ရောက်လုပ်ကိုင်ခြင်း၊ ယာတောများတွင် လုပ်ကိုင်ခြင်း၊ ဘောလုံးနည်းပြအဖြစ် လုပ်ကိုင်ခြင်း၊ ခရီးစဉ်တစ်လျှောက် တွေ့ကြုံရသည့် ကလေးငယ်များကို စာသင်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ အင်ဒရေသည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြောက်ပိုင်း အန်းဖီးဒေသခံတစ်ဦး ဖြစ်၏။

“မော်နီတာ ဖန်သားပြင် ၆ ခုရဲ့ရှေ့မှာထိုင်ပြီး အလုပ်ချိန်များစွာအတွင်း ဂရပ်တွေလေ့လာ၊ သတင်းတွေကြည့်နေရတာ သိပ်ကို အထီးကျန်လာတယ်။ တော်တော်စိတ်ပျက်လာတယ်။ အသက်ရှူကျပ်သလို ဖြစ်လာတယ်” “ဒီ ကမ္ဘာပတ်ခရီးစဉ်ဟာ လုံးဝဘဝကို ပြောင်းလဲပေးလိုက်တာဖြစ်ပြီး မယုံနိုင်လောက် လှုံ့ဆော်မှုတွေပေးနိုင်တဲ့အရာမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော်လုပ်ခဲ့သမျှတွေမှာ ခြောက်ခြားစရာအကောင်းဆုံးပါ။” ဟု အင်ဒရေက ဆိုသည်။

အင်ဒရေက ယခုလုပ်ဆောင်ခဲ့မှုအပေါ် ဂုဏ်ယူနေမိကြောင်းနှင့် သုံးစွဲခဲ့သမျှတွင် နေအိမ်ရောင်းချကာ ကမ္ဘာပတ်ခဲ့သည့် ပေါင် ၆၅၀၀၀ မှာ အကောင်းဆုံးအသုံးချမှုဖြစ်ကြောင်း အင်ဒရေက ဆိုသည်။

“အခုဆိုရင် ကျွန်တော်တို့မှာ ထာဝရသိမ်းဆည်းထားနိုင်မယ့် အံ့အားသင့်စရာ အကောင်းဆုံး အမှတ်ရဖွယ်တွေ ရှိနေပါပြီ။ မိသားစု နေအိမ်ကို ကျွန်တော်စွန့်လွှတ်ခဲ့တယ်။ ဒီအတွက် တစ်စက္ကန့်လေးတောင် နောင်တမရပါဘူး” “ကျွန်တော့်ဘဝရဲ့ နောက်ဆုံးအချိန်ကို ရောက်လာရင် ခေါင်းထဲမှာ ဒီလိုအံ့သြဖွယ်အတွေ့အကြုံတွေ၊ အမှတ်ရစရာတွေနဲ့ ပြည့်နေလိမ့်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအမှတ်ရစရာတွေအတွက် စတေးခဲ့ရတာတွေအပေါ် ဘယ်လိုနောင်တမှ ရနေမှာ မဟုတ်ပါဘူး” အင်ဒရေနှင့် ဘက်ကီတို့သည် လန်ဒန်တွင် ဆုံစည်းခဲ့ကြခြင်းဖြစ်ပြီး နောင်အခါတွင် တောင်အာဖရိကနိုင်ငံ၊ ကိတ်ပ်တောင်းမြို့သို့ ပြောင်းရွှေ့အခြေချခဲ့ကြသည်။

အင်ဒရေ၏ ဝင်ငွေမှာ တစ်နှစ်လျှင် ပေါင် ၃၅၀၀၀ ဝန်းကျင်ရှိ၏။

အတန်ကြာသောအခါ အင်ဒရေသည် နေ့စဉ်ဖြတ်သန်းနေရသည့်ဘဝကို ငြီးငွေ့လာပြီး ပြောင်းလဲမှုတစ်ခုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

၁၈ လခန့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက်ပိုင်း ကိတ်ပ်တောင်းမြို့ရှိ နေအိမ်ကို ရောင်းချလိုက်တော့သည်။

၂၀၁၈ ခုနှစ်၊ ဧပြီလသို့ရောက်သောအခါ ကမ္ဘာပတ်ခရီးစတင်ခဲ့ပြီး မလေးရှားနိုင်ငံ၊ ဆာရာဝက်ခ်သို့ စတင်ထွက်ခွာခဲ့သည်။

ယင်းနောက် ဆက်လက်ထွက်ခွာခဲ့ရာတွင် ထိုင်း၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့သို့လည်း ရောက်ရှိခဲ့သည်။

ဂျပန်တွင် ဘောလုံးအကယ်ဒမီတစ်ခု၌ နည်းပြအဖြစ် ဝင်ရောက်ကူညီခဲ့သေးသည်။

ဂျပန်တွင် ကလေးငယ် ၃ ဦးရှိသော နေအိမ်တစ်အိမ်တွင် အတူနေထိုင်ခဲ့ကြ၏။

အင်ဒရေက ဘောလုံးနည်းပြလုပ်ပြီး ဘက်ကီက နေအိမ်တွင် ဝိုင်းဝန်းကူညီမှု ပြုလုပ်ခဲ့ပြီး အပြန်အလှန်အားဖြင့် စားသောက်နေထိုင်မှု အခမဲ့ရရှိခဲ့သည်။

ယင်းနောက် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းတွင် ကိုလံဘီယာနိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ကြကာ ဒေသတွင်းကလေးငယ်များအတွက် ရည်ရွယ်သည့် ဖောင်ဒေးရှင်းတစ်ခုတွင် ရက်သတ္တ ၅ ပတ်ကြာ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

နှစ်လခန့်ကြာမြင့်သောအခါ အီကွေဒေါနိုင်ငံသို့ ဆက်လက်သွားရောက်ခဲ့ကြပြီး မီးတောင်များတွင် လမ်းလျှောက်ခြင်း၊ အမေဇုန်တောနက်ကြီးအတွင်း စူးစမ်းလေ့လာခြင်း၊ အင်ဒီးစ်တောင်တန်းကြီးပေါ်တွင် တောင်တက်ခရီးသွားခြင်းများ ရက်သတ္တ ၃ ပတ်ခန့် ပြုလုပ်ခဲ့သည်။

နောက်ဆုံးအားဖြင့် ခရီးစဉ်၏ နောက်ဆုံးကဏ္ဍအဖြစ် တောင်အမေရိကတိုက်မှ ပီရူး၊ ဘိုလိဗီးယားနှင့် ချီလီနိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ကာ နောက်ဆုံးလည်ပတ်ခဲ့သည့်နေရာမှာ ကော့စ်တာရီကာနိုင်ငံ၊ ဆန်ဂျို့စ်ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ဆန်ဂျို့စ်မှတဆင့် မူလနေထိုင်ရာ ကိတ်ပ်တောင်းမြို့သို့ ပြန်လာခဲ့ပြီး အောက်တိုဘာ ၂၉ ရက်တွင် ပြန်လည်ရောက်ရှိသည်။

ယခုအခါတွင် အင်ဒရေတို့ မိသားစုသည် ဇာတိမြေသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အလုပ်လက်မဲ့ဖြစ်နေကြကာ ငှားရမ်းထားသော နေအိမ်တစ်လုံးတွင် နေထိုင်လျက်ရှိကြသည်။

သို့ရာတွင် ပေါင် ၆၅၀၀၀ ကုန်ကျခဲ့သော ခရီးစဉ်မှာ ငွေတစ်ပြားတစ်ချပ်တိုင်းအတွက် ထိုက်တန်မှုများ ရခဲ့ကြောင်း အင်ဒရေက ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service