နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ SHIN RAI INTERNATIONAL VOCATIONAL INSTITUTE ပႏၷက္တင္ မဂၤလာအခမ္းအနားတက္ေရာက္ခဲ့

နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ SHIN RAI INTERNATIONAL VOCATIONAL INSTITUTE ပႏၷက္တင္ မဂၤလာအခမ္းအနားတက္ေရာက္ခဲ့ - Property News in Myanmar from iMyanmarHouse.com
2 Jan 2020 11:28 am တွင် တင်ခဲ့သည်
2189 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ဒီဇင္ဘာ ၂၈ ရက္က ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ ေလးေထာင့္ကန္ (ေတာင္ပိုင္း) ရပ္ကြက္ရွိ စီမံကိန္းဝင္းအတြင္းက်င္းပသည့္ SHIN RAI INTERNATIONAL VOCATIONAL INSTITUTE ပႏၷက္တင္ မဂၤလာအခမ္းအနားကို တက္ေရာက္ခဲ့ေၾကာင္းသိရသည္။

SHIN RAI INTERNATIONAL VOCATIONAL INSTITUTE ကုိ ျမန္မာနိုင္ငံသားပိုင္ ဒဲလ္ကိုလီမိတက္ႏွင့္ ဂ်ပန္နိုင္ငံ၊ ယိုရွိအိုကုမၸဏီလီမိတက္တို႔ အက်ိဳးတူပူးေပါင္းဖြဲ႕စည္းတည္ေထာင္ျခင္းျဖစ္သည္။

အဆိုပါ အခမ္းအနားတြင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံက ဂ်ပန္ႏိုင္ငံအားေက်းဇူးတင္စကားဆိုထားရာတြင္ “ဂ်ပန္နိုင္ငံဟာလည္း နည္းပညာအသက္ေမြးဝမ္းေက်ာင္း ပညာစနစ္ကိုအားေပး တဲ့နိုင္ငံတစ္နိုင္ငံ ျဖစ္ပါတယ္။ အားလုံးသိတဲ့အတိုင္းပဲ ဂ်ပန္နိုင္ငံဟာကမၻာေပၚမွာ အဖြံ့ၿဖိဳးဆုံး နိုင္ငံတစ္ခုျဖစ္တယ္။ ကၽြန္မတို႔အာရွဘက္မွာ ဂ်ပန္ဟာ အဖြံ့ၿဖိဳးဆုံးလို႔ေျပာရင္ မမွားပါဘူး။ ဒါေၾကာင့္မို႔ ကၽြန္မတို႔ကဒီလို ပညာေရးစနစ္ေတြကို လက္ေတြ႕က်က်ဝိုင္းဝန္းၿပီး ကူညီအားေပး ပံ့ပိုးတဲ့ မိတ္ေဆြမ်ားအားလုံးကို ေက်းဇူးတင္ပါတယ္။ မိတ္ေဆြေကာင္း မိတ္ေဆြစစ္ ပီသစြာနဲ႔ ကၽြန္မတို႔ရဲ့လိုအပ္ခ်က္ေတြကို ေသေသခ်ာခ်ာေလ့လာၿပီးေတာ့ ျဖည့္ဆည္းေပးတာျဖစ္ပါတယ္။

ကၽြန္မတို႔နိုင္ငံမွာ ပဲျဖစ္ျဖစ္ တျခားနိုင္ငံမွာပဲျဖစ္ျဖစ္ ဒီလိုဝိုင္းဝန္းၿပီးေတာ့ ျပင္ပကေန ကူညီတဲ့အလႉရွင္ေတြ ရွိပါတယ္။ ဒါေပမယ့္တစ္ခ်ိဳ႕ က်ေတာ့ ကူညီတဲ့ေနရာမွာကိုယ့္အျမင္နဲ႔ကိုယ္ ကူညီသြားတာကို ေတြ႕ရပါတယ္။ တစ္ခ်ိဳ႕က်ေတာ့ ကိုယ့္အျမင္မဟုတ္ဘဲနဲ႔ တစ္ကယ့္ကို ကူညီခ်င္တဲ့နိုင္ငံရဲ့ လိုအပ္ခ်က္ေတြကို ေလ့လာတာကိုေတြ႕ရပါတယ္။ အဲဒါကသာ တစ္ကယ့္တန္ဖိုးရွိတာပါ။ ႏွစ္ခုစလုံးကေတာ့ ေစတနာေပါ့။ ဒါေပမဲ့ေစတနာရဲ့ တန္ဖိုးခ်င္းေတာင္မတူပါဘူး။ လိုအပ္တဲ့ ေနရာကိုျဖည့္ဆည္းေပးတဲ့ေစတနာဟာ မလိုအပ္တဲ့ေနရာမွာျဖည့္ဆည္းေပးတဲ့ ေစတနာနဲ႔ယွဥ္လို႔မရပါဘူး။ ဒါေၾကာင့္မို႔ အခု ကၽြန္မတို႔လိုအပ္တဲ့ေနရာမွာ ျဖည့္ဆည္းေပးတဲ့ မိတ္ေဆြေတြအားလုံးကို ေက်းဇူးတင္တယ္လို႔ ကၽြန္မတို႔ေျပာတာပါ။ ဒီလိုလုပ္ေပးျခင္းအားျဖင့္ ကၽြန္မတို႔နိုင္ငံရဲ႕အခု လက္ရွိလိုအပ္ခ်က္တင္မဟုတ္ဘူး။ အနာဂတ္ကိုပါ ဝိုင္းဝန္းၿပီးကူညီ ေဆာက္တည္ေပးရာေရာက္ပါတယ္”ဟု ေျပာၾကားထားသည္။

အဆိုပါစီမံကိန္းကို ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ ေလးေထာင့္ကန္ (ေတာင္ပိုင္း) ရပ္ကြက္ရွိ ကြင္းအမွတ္ ၁၁၀၂ ေအ၊ ခရားကြင္း ဦးပိုင္အမွတ္ (၃၃/၃၉+၄၀ ) ေျမဧရိယာ ၂၃ ဒသမ ၅ ဧကေပၚမွာ Phase-1၊ Phase-2 ၊ Phase-3 အပိုင္း(၃)ပိုင္း ခြဲကာအေကာင္အထည္ ေဖာ္တည္ေဆာက္သြားမွာျဖစ္ေၾကာင္း၊ စီမံကိန္းကို ကနဦးအေနျဖင့္ Phase-1 ကို ၂၀၂၀ ျပည့္ႏွစ္ ႏွစ္စပိုင္းမွစတင္ကာ အေကာင္အထည္ေဖာ္ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္းသိရသည္။

ပႏၷက္တင္မဂၤလာအခမ္းအနားသို႔ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ဂ်ပန္နိုင္ငံဝန္ႀကီးခ်ဳပ္၏ဇနီး၊ျပည္ေထာင္စုဝန္ႀကီး ျဖစ္ၾကေသာ ေဒါက္တာျမင့္ေထြး၊ေဒါက္တာမ်ိဳးသိမ္းႀကီး၊ဦမင္းသူ၊ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး၊လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္၊ျမန္မာနိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီး ႏွင့္ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လေးထောင့်ကန် (တောင်ပိုင်း) ရပ်ကွက်ရှိ စီမံကိန်းဝင်းအတွင်းကျင်းပသည့် SHIN RAI INTERNATIONAL VOCATIONAL INSTITUTE ပန္နက်တင် မင်္ဂလာအခမ်းအနားကို တက်ရောက်ခဲ့ကြောင်းသိရသည်။

SHIN RAI INTERNATIONAL VOCATIONAL INSTITUTE ကို မြန်မာနိုင်ငံသားပိုင် ဒဲလ်ကိုလီမိတက်နှင့် ဂျပန်နိုင်ငံ၊ ယိုရှိအိုကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဖွဲ့စည်းတည်ထောင်ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံက ဂျပန်နိုင်ငံအားကျေးဇူးတင်စကားဆိုထားရာတွင် “ဂျပန်နိုင်ငံဟာလည်း နည်းပညာအသက်မွေးဝမ်းကျောင်း ပညာစနစ်ကိုအားပေး တဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ဂျပန်နိုင်ငံဟာကမ္ဘာပေါ်မှာ အဖွံ့ဖြိုးဆုံး နိုင်ငံတစ်ခုဖြစ်တယ်။ ကျွန်မတို့အာရှဘက်မှာ ဂျပန်ဟာ အဖွံ့ဖြိုးဆုံးလို့ပြောရင် မမှားပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့ကဒီလို ပညာရေးစနစ်တွေကို လက်တွေ့ကျကျဝိုင်းဝန်းပြီး ကူညီအားပေး ပံ့ပိုးတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။ မိတ်ဆွေကောင်း မိတ်ဆွေစစ် ပီသစွာနဲ့ ကျွန်မတို့ရဲ့လိုအပ်ချက်တွေကို သေသေချာချာလေ့လာပြီးတော့ ဖြည့်ဆည်းပေးတာဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံမှာ ပဲဖြစ်ဖြစ် တခြားနိုင်ငံမှာပဲဖြစ်ဖြစ် ဒီလိုဝိုင်းဝန်းပြီးတော့ ပြင်ပကနေ ကူညီတဲ့အလှူရှင်တွေ ရှိပါတယ်။ ဒါပေမယ့်တစ်ချို့ ကျတော့ ကူညီတဲ့နေရာမှာကိုယ့်အမြင်နဲ့ကိုယ် ကူညီသွားတာကို တွေ့ရပါတယ်။ တစ်ချို့ကျတော့ ကိုယ့်အမြင်မဟုတ်ဘဲနဲ့ တစ်ကယ့်ကို ကူညီချင်တဲ့နိုင်ငံရဲ့ လိုအပ်ချက်တွေကို လေ့လာတာကိုတွေ့ရပါတယ်။ အဲဒါကသာ တစ်ကယ့်တန်ဖိုးရှိတာပါ။ နှစ်ခုစလုံးကတော့ စေတနာပေါ့။ ဒါပေမဲ့စေတနာရဲ့ တန်ဖိုးချင်းတောင်မတူပါဘူး။ လိုအပ်တဲ့ နေရာကိုဖြည့်ဆည်းပေးတဲ့စေတနာဟာ မလိုအပ်တဲ့နေရာမှာဖြည့်ဆည်းပေးတဲ့ စေတနာနဲ့ယှဉ်လို့မရပါဘူး။ ဒါကြောင့်မို့ အခု ကျွန်မတို့လိုအပ်တဲ့နေရာမှာ ဖြည့်ဆည်းပေးတဲ့ မိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ကျွန်မတို့ပြောတာပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကျွန်မတို့နိုင်ငံရဲ့အခု လက်ရှိလိုအပ်ချက်တင်မဟုတ်ဘူး။ အနာဂတ်ကိုပါ ဝိုင်းဝန်းပြီးကူညီ ဆောက်တည်ပေးရာရောက်ပါတယ်”ဟု ပြောကြားထားသည်။

အဆိုပါစီမံကိန်းကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လေးထောင့်ကန် (တောင်ပိုင်း) ရပ်ကွက်ရှိ ကွင်းအမှတ် ၁၁၀၂ အေ၊ ခရားကွင်း ဦးပိုင်အမှတ် (၃၃/၃၉+၄၀ ) မြေဧရိယာ ၂၃ ဒသမ ၅ ဧကပေါ်မှာ Phase-1၊ Phase-2 ၊ Phase-3 အပိုင်း(၃)ပိုင်း ခွဲကာအကောင်အထည် ဖော်တည်ဆောက်သွားမှာဖြစ်ကြောင်း၊ စီမံကိန်းကို ကနဦးအနေဖြင့် Phase-1 ကို ၂၀၂၀ ပြည့်နှစ် နှစ်စပိုင်းမှစတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရသည်။

ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ဇနီး၊ပြည်ထောင်စုဝန်ကြီး ဖြစ်ကြသော ဒေါက်တာမြင့်ထွေး၊ဒေါက်တာမျိုးသိမ်းကြီး၊ဦမင်းသူ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service