၂၀၁၉ ခုနှစ်၏ အကောင်းဆုံးအိမ်ပိစိ (၇) အိမ်
၂၀၁၉ ခုနှစ်၏ အကောင်းဆုံးအိမ်ပိစိ (၇) အိမ် - Property News in Myanmar from iMyanmarHouse.com
2 Jan 2020 10:48 am တွင် တင်ခဲ့သည်
2341 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
Heidi-Ho (ဟေဒီဟို)
Stephanie (စတက်ဖ်နီ)
The Acorn (သည်အေကွန်)
Noyer (နိုယာ)
 ### Unicode Version ###
၂၀၁၉ တစ်နှစ်တာအတွင်း ကမ္ဘာ့သတင်းစာမျက်နှာတွေ ဖော်ပြခံခဲ့ကြရတဲ့ အိမ်ငယ်လေးတွေထဲက အကောင်းဆုံးလို့ New Atlas သတင်းဝက်ဘ်ဆိုက်က စုစည်းခဲ့တဲ့ အိမ်ငယ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Heidi-Ho (ဟေဒီဟို)
- ဆိပ်ခံသမ္ဗာန်လှေပေါ်အခြေပြုထားတဲ့ ဘီးတွေအပေါ်က သင်္ဘောအခန်းငယ်လေးပဲဖြစ်ပါတယ်။ သူ့ကို နောက်တွဲယာဉ်ပေါ်တင်နိုင်သလို လမ်းပေါ်မှာကြိုးနဲ့လည်း ဆွဲသွားလို့ရတဲ့အပြင် သူ့ရဲ့ ၈၅ ကီလိုဝပ် ဆူဇူကီးအင်ဂျင်ကိုသုံးပြီး ရေလမ်းခရီးလည်းသွားလို့ရပါတယ်။ အတွင်းပိုင်းအကျယ်အဝန်းက ၁၈ ပေ x ၆ ပေခွဲ ဖြစ်ပါတယ်။ မီးဖိုချောင်ဧရိယာနဲ့ ဧည့်ခန်း+ထမင်းစားခန်းဧရိယာဆိုပြီး ခွဲထားပါတယ်။ ဧည့်ခန်းရှိ ထိုင်ခုံတွေကို ခေါက်လိုက်ရင် အိပ်ခန်းအဖြစ်လည်း သုံးလို့ရပါတယ်။ အိမ်သာငယ်လေးလည်း ပါဝင်ပြီး ရေချိုးခန်းကတော့ အပြင်ဘက်မှာဖြစ်ပါတယ်။
Stephanie (စတက်ဖ်နီ)
- Optinid အမည်ရ ပြင်သစ်ကုမ္ပဏီတစ်ခုက ဖန်တီးထားတာဖြစ်ပါတယ်။ အမိုးက ဆွဲအမိုး (ဆွဲတံခါးကဲ့သို့) ဖြစ်ခြင်းက အိပ်ခန်းထဲကနေ ကောင်းကင်အလှကို ပကတိအတိုင်းခံစားနိုင်စေမှာပါ။ ၂၂၀ စတုရန်းပေအကျယ်အဝန်းအတွင်းမှာ ဧည့်သည်တွေအတွက် ဆိုဖာထိုင်ခုံကုတင်တစ်လုံးရှိတဲ့ ဧည့်ခန်းနဲ့အတူ မီးဖိုခန်းငယ်နဲ့ သန့်စင်ခန်းတို့ကို ဖွဲ့စည်းထားပါတယ်။
Canada Goose (ကနေဒါဘဲငန်း)
- ကနေဒါကုမ္ပဏီ Mint Tiny House Company ရဲ့ Canada Goose အိမ်ငယ်လေးကတော့ ၄၃ ပေတောင် ရှည်လျားတဲ့ အိမ်ငယ်လေးပဲဖြစ်ပါတယ်။ စုစုပေါင်းကြမ်းခင်းဧရိယာကလည်း ၄၀၀ စတုရန်းပေရှိတာကြောင့် ယခုနှစ်ထဲ တွေ့မြင်ထားသမျှအနက် အကြီးဆုံးအိမ်ငယ်တစ်အိမ်လို့ ဆိုရမှာပါ။ ပိုကျယ်သွားတာကြောင့် သူ့မှာပိုပါသွားတာက ထပ်ခိုးနှစ်ခုပဲဖြစ်ပါတယ်။ တစ်ခုကို သိုလှောင်ခန်းအဖြစ်သုံးပြီး တစ်ခုကို အိပ်ခန်းအဖြစ်ထားရှိပါတယ်။ အောက်ခြေမြှင့်ထားတဲ့ ဘဲငန်းခေါင်းပိုင်းနေရာကတော့ ရေချိုးခန်းအိမ်သာတွဲလျက်ပါတဲ့မာစတာအိပ်ခန်းပဲဖြစ်ပါတယ်။ မြေညီထပ်မှာကတော့ မီးဖိုချောင်၊ ဧည့်ခန်းနဲ့ ပိုကြီးတဲ့သန့်စင်ခန်းတို့ ရှိပါတယ်။
The Acorn (သည်အေကွန်)
- Backcountry Tiny Homes ကုမ္ပဏီရဲ့ The Acorn ကတော့ စုစုပေါင်းအရှည် ၁၆ ပေရှိပြီး စတုရန်းပေ ၉၀ ကျယ်ဝန်းပါတယ်။ ဆိုဖာကုတင်နဲ့ ခေါက်စားပွဲတို့ ပါဝင်တဲ့ နေရာကတော့ ဧည့်ခန်း+အိပ်ခန်း+ထမင်းစားခန်းပဲ ဖြစ်ပါတယ်။ ၎င်းနေရာနဲ့ကပ်လျက်က မီးဖိုခန်းနဲ့သန့်စင်ခန်းတို့ပဲဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်ခရီးထွက်ချင်တဲ့သူတွေအတွက်လည်း The Acorn အိမ်က မောင်းနှင်လို့ရအောင်ဖန်တီးထားတယ်လို့ သိရပါတယ်။
Noyer (နိုယာ)
- ချမ်းအေးတဲ့ ကနေဒါတောင်တန်းဒေသမှာရှိတဲ့ နိုယာကို Minimaliste က ပြင်းထန်တဲ့ရာသီဥတုဒဏ်တွေကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတာဖြစ်ပါတယ်။ လိုအပ်တဲ့အပူချိန်မှန်မှန်အမြဲတမ်းရရှိပြီး လျှပ်စစ်မစီးအောင် သေချာကာကွယ်ထားတဲ့အပြင် လေလုံလုနီးပါးလည်း ဖြစ်ပါတယ်။ သိပ်သည်းတဲ့မီးဖိုချောင်၊ ကျယ်ဝန်းအောင် အောက်ခြေမြှင့်ထားတဲ့ဧည့်ခန်းနဲ့ အိမ်တွင်းရုံးခန်းဧရိယာငယ်၊ သန့်စင်ခန်းနဲ့ လှေကားနဲ့တက်ရတဲ့ထပ်ခိုးအိပ်ခန်းတို့ အတွင်းပိုင်းမှာပါပါတယ်။
ဒေါ်လာတစ်သောင်းခွဲတန်အမည်မရှိအိမ်ငယ်
- ကနေဒါအင်ဂျင်နီယာကျောင်းဆင်း တိုင်လာဘန်းနက်က အမေရိကန်ဒေါ်လာတစ်သောင်းခွဲတည်းနဲ့ မကြာသေးခင်ကပဲ ဖန်တီးပြီးစီးခဲ့တဲ့ သူ့ရဲ့ပထမဆုံးဘီးတပ်အိမ်ငယ်လေးပဲဖြစ်ပါတယ်။ လပေါင်းများစွာကြာ အချိန်ယူဖန်တီးခဲ့ပြီး မိသားစုမိတ်ဆွေသူငယ်ချင်းတွေရဲ့ အကူအညီကိုလည်း ယူခဲ့ရတယ်လို့ သိရပါတယ်။ ဧည့်ခန်းဆိုဖာရဲ့အပေါ်မှာ ဓာတ်လှေကားပုံစံနဲ့ အနိမ့်အမြင့်လိုသလိုပြုလုပ်လို့ရတဲ့ ကုတင်ကတော့ ဒီအိမ်ရဲ့ အဆန်းသစ်ဆုံးနေရာလို့ပြောရမှာပါ။ တစ်နေရာတည်းမှပဲ ဧည့်ခန်းရော အိပ်ခန်းရော အလှည့်ကျသုံးလို့ ရသွားစေတာပါ။ မီးဖိုခန်း၊ နည်းနည်းကျယ်တဲ့အိမ်တွင်းရုံးခန်းနဲ့ သန့်စင်ခန်းတို့လည်း အိမ်အတွင်းပါရှိပါသေးတယ်။
Koda Light Float (ကိုဒါလိုက်ဖလုတ်)
- ဆိပ်ခံဗောရဲ့ အပေါ်မှာ အခြေခံတည်ဆောက်ထားပေမဲ့လည်း လမ်းပေါ်မှာလည်း ရပ်တည်နိုင်အောင် ဆောက်လုပ်ထားတာဖြစ်ပါတယ်။ နာမည်ကြီး ကွန်ကရစ် Koda အိမ်ငယ်ရဲ့ အပေါ့စားဗားရှင်းဖြစ်ပြီး ရေပေါ်ပေါလာပေါ်တဲ့ ဆိပ်ခံဗောအောက်ခြေပါပါရှိတာကြောင့် Koda Light Float လို့ အမည်ပေးထားတာပဲဖြစ်ပါတယ်။ Koda Light Float ကိုတော့ ကွန်ကရစ်နဲ့မဟုတ်ဘဲ သစ်သားနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ အက်စ်တိုးနီးယားနိုင်ငံမှာ ဆောက်လုပ်တဲ့ ၎င်းအိမ်ငယ်လေးဟာ ၂၇၇ စတုရန်းပေ ကျယ်ဝန်းပြီး အောက်ထပ်မှာ ဧည့်ခန်း၊ မီးဖိုချောင်နဲ့ သန့်စင်ခန်းတို့ ပါဝင်ပါတယ်။ တစ်ယောက်အိပ်ခန်းကတော့ အပေါ်ထပ်မှာပဲဖြစ်ပါတယ်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
Central Shop House
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service